Avokado’ OutfiTravel

Avokado’ OutfiTravel Avokado’ OutfiTravel, デザイン・ファッション, Minamitsuru-gunの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

💵 အဝတ်စားတေဝယ်လိုက် ခရီးတွေသွားလိုက်ဆိုတော့ကျမကိုသူများတေလို Facebookတွေ TikTok တွေကDollarတေရနေပီထင်နေကြတာ😬 💵 🫡လက်စနဲ့ဒါ...
10/08/2026

💵 အဝတ်စားတေဝယ်လိုက် ခရီးတွေသွားလိုက်ဆိုတော့
ကျမကိုသူများတေလို Facebookတွေ TikTok တွေကDollarတေရနေပီထင်နေကြတာ😬 💵

🫡လက်စနဲ့ဒါကTikTok accပါ

https://www.tiktok.com/?_r=1&_t=ZS-98lP3iNjUqf🫡

Dollar နေနေသာသာ

😜တို့က Followerကအယောက်၂၀၀ဆို တို့တင်ထားတဲ့postက ၄၀၀ကျော်လောက်ရှိ😂

😉အလုပ်လုပ်ပီး သွားနေရတာပါလို့
အလုပ်ကလဲလစာကပံုမှန်လစာပဲရတာဆိုတော့ လက်ထဲပိုက်ဆံတခါမှမရှိ🥹
ယန်း၁၀သောင်းလောက်လေးရှိတာနဲ့ကို ဘာလုပ်လို့ရလဲ အဝတ်စားဝယ်ဖို့ ဘယ်သွားရမလဲတွေးနေသူမို့ ဘာပိုက်ဆံအပိုမှမရှိပါဘူး🥹
ပိုက်ဆံရှိလို့သွားနေတာမဟုတ်ဘဲ သွားရတာကြိုက်လို့ပိုက်ဆံရှာတာပါ🫡

📍 ခုလက်ရှိပိုင်ဆိုင်မှုတွေ ဘဏ် accountတွေချပြလိုက်
ရင် ကျမfollowerတွေ ငွေတောင်လွှဲပေးချင်စိတ်တေဖြစ်လာမှာစိုးလို့မပြတော့ဘူးနော်😂😂

🥰လက်ရှိအချိန်ထိ ချပြစရာဆိုလို့ memoriesတွေပဲရှိ🥰

🇬🇪 What I ate in Georgia 🇬🇪

✅Visa Freeနဲ့ Europeကိုအလည်သွားကြမယ်✅ဒီတခေါက်မှာတော့ Eastern Europeနဲ့Western Asiaရဲ့အစပ်မှာရှိတဲ့Caucasus Regionနိုင်ငံ...
09/08/2026

✅Visa Freeနဲ့ Europeကိုအလည်သွားကြမယ်✅
ဒီတခေါက်မှာတော့ Eastern Europeနဲ့Western Asiaရဲ့အစပ်မှာရှိတဲ့
Caucasus Regionနိုင်ငံဖြစ်တဲ့Georgiaကို အလည်ခေါ်သွားပေးမှာဖြစ်ပါတယ်။

ဘာတွေအဓိကလိုလဲဆိုရင်
①Passport 📌
②Japan Resident Card 📌 (visa အတွက် အသက်ပါ)
ဂျပန်မှာနေတဲ့သူများအတွက်
③Travel Insurance 📌 (websiteတေမှာဝယ်တာကောင်းတယ်ဆိုလို့ ဝယ်သွားတာပါ/ ဟိုဘက်မှာစစ်တော့မစစ်ပါဘူး)

📍 Edited:Myanmar Passportကိုင်ထားသော်လဲ ကိုယ်နေတဲ့နိုင်ငံလိုက်ပီး Visa Freeသွားခွင့်ရတဲ့ နိုင်ငံတွေကိုပြန်ပြင်ရေးထားပါတယ်🥺
Website+သံရံုးကိုပါdouble Checkedလုပ်တာ စိတ်အချရဆံုးပါ။Myanmar Passportကိုင်ထားပြီး ဒီနိုင်ငံ၅၀မှာနေထိုင်တဲ့သူတွေဆို visa freeသွားလို့ရပါတယ်။cmtမှာ နိုင်ငံ၅၀ linkကိုချပေးထားပါတယ်ရှင့်။ 📍

✅Myanmar Passportကိုင်ထားသော်လည်း ကျမတို့နဲ့အနီးစပ်ဆံုးဖြစ်တဲ့ Japan,Korea,Oman,Qatar, Saudi Arabia , United Arab Emirates ,Israelစတဲ့နိုင်ငံမှာနေတဲ့မြန်မာတွေအတွက်ဆို Visa Freeပါ။
Visa Freeရတဲ့နေရာတွေကိုကြည့်လို့ရတဲ့Linkပါ။
https://www.geoconsul.gov.ge/en/HtmlPage/html/View?id=956

✅Japanမှလွဲ၍အခြားနိုင်ငံမှာနေတဲ့မြန်မာနိုင်ငံသားတွေက ဘယ်visaမဆိုသွားခွင့်ရှိတယ်မရှိကတော့ကျမမပြောပြတတ်ပါဘူး။ အဲ့နိုင်ငံကvisas အမျိုးအစားတွေကိုဘနှခုရှိလဲ အသေးစိတ်မသိလို့ပါရှင့်။
ဒါပေမယ့်Japanမှာနေတဲ့မြန်မာတွေကတော့ ဂျပန်မှာတရားဝင်နေထိုင်ခွင့်ကဒ်ပြားရှိတာနဲ့ ဘယ်visaအမျိုးအစားမဆို Georgiaကိုvisa freeနဲ့သွားလည်လို့ရပါတယ်။

✅အောက်ပါlinkကနေဆို မိမိကိုင်ထားတဲ့Myanmar
Passport→အမျိုးအစားရွေး→Short Stayကိုရွေး→လက်ရှိနေတဲ့နိုင်ငံကိုရွေး ရင်Visa Freeရမရစစ်လို့ရပါတယ်။ websiteမှာရော သံရံုးကိုရောဖုန်းဆက်ပြီးမေးတာ ပိုကောင်းပါတယ်။informationတွေကအမြဲupdateဖြစ်နေတာမို့ပါ။
https://geoconsul.gov.ge/en/entering-georgia-visa

✅Travel Insuranceဝယ်ခဲ့တဲ့linkပါ။မဖြစ်မနေဝယ်ရမယ်တော့မဟုတ်ပေမယ့် လိုရမယ်ရဝယ်ထားတာပါ။
https://online.irao.ge/en/insurance/localtravel

✅အသံုးစရိတ်(Credit Cardဖြစ်ဖြစ်Debit Cardဖြစ်ဖြစ် cardနဲ့အကုန်ငွေရှင်းလို့ရတဲ့အတွက် အရမ်းကိုအဆင်ပြေပါတယ်)
ဂျပန်နဲ့ယှဉ်ရင်တော့သက်သာပါတယ်။အစားအသောက်ကတော့ဂျပန်နဲ့စျေးတူတူနီးပါးလောက်ရှိပါတယ်။
တပတ်နေခဲ့တာ နေစရိတ်၊စားစရိတ်၊ခရီးစရိတ်၊လုပ်ခဲ့တဲ့activitiesတေအတွက် ယန်း၁၀သောင်းလောက်ပဲကုန်ခဲ့ပါတယ်။ ဒါကချွေချွေတာတာမဟုတ်ဘဲ ပံုမှန်ပဲသံုးခဲ့တာပါ။
Japan to TibilisiအထိAir Ticketအသွားအပြန်ကတော့:သောင်း20ကျော် (Flight Ticketကတော့budgetလို့မရဘူးပေါ့နော်)
💴 Total Expense:ယန်းသောင်း30လောက်ပါ ရှင့်💴

✅Transportation
Bus,train,Bolt(Taxi)အားလံုးသီးသန်ကဒ်ဝယ်စရာမလိုဘဲ Credit or Debit Cardနဲ့ချေလို့ရတော့ အရမ်းကိုပြေ။
Metroကတော့စီးရတာခက်ပါတယ်။(ကျမစီးခဲ့တဲ့metroကတော့မှတ်တိုင်တွေကိုannounceပဲလုပ်တာ စာမပေါ်ပါဘူး)
Busတေက၂စီးဆက်ထားတာ အကြီးကြီးတွေ စီးရလဲတအားအဆင်ပြေပါတယ်။(announceရော စာရောထ်ုးပါတယ်) busခကဂျပန်ယန်း၁၀၀တောင်မပြည့်ပါဘူးတခါစီးရင်။

Bolt(Taxi)စီးရတာလဲအရမ်းတန်ပါတယ်။အပြန်Tibilisi မြို့ကနေ လေဆိပ်ထိကိုယန်း၂၀၀၀ကျော်ပဲပေးရ။မြို့ထဲစီးမယ်ဆို ယန်း၄/၅ရာလောက်ပဲကျ။

✅ကျမသွားခဲ့တာတော့Old Tiblisiမြို့နဲ့သူနားကတနာရီကြာလောက်ဝေးတဲ့နေရာတွေပဲပတ်သွားခဲ့တာပါ။Black Seaနားက Batumiကိုမရောက်ခဲ့ပါဘူး။Batumiကတော့Old Tibilisiကနေဆို၅နာရီလောက်ဝေးပါတယ်😭😭 မြို့နှစ်ခုကvibeလံုးဝကွဲပါတယ်။
Georgiaကိုသွားဖြစ်ရင်Old TibilisiရောBatumiကိုရောသွားဖို့ကတော့Highly recommendပါရှင့်✅

09/08/2026

Visaမလိုဘဲ Europeဘက်ခြမ်းကို မြန်မာpassportနဲ့
အလည်သွားကြည့်မယ်

Edit ✍️ စကားပြောတာမြန်တယ်ခံစားရရင် cmtမှာပံုမှန်နှုန်းနဲ့ပြောထားတဲ့videoလေး pinဆထာက်ပေးထားပါတယ်ရှင့်😍

09/08/2026

🏞️6N7DAccomodation in Tibilisi🏞️
Long Vlog⑦

Apartment(3N4D):12889¥
Old Terrace Hotel(3N4D):15330¥
Total For 6N7D:28219¥😱

08/08/2026

Random Dayout Long Vlog⑥

07/08/2026

Diamond Bridge, Dashbashi Long Vlog⑤

Tour:3832¥

Diamond Bridge Entrance Fee:4492¥
Skybike:8220¥(it’s super worth)
Go Pro(video service):2000¥
ATV:9000¥(expensive😭)

04/08/2026

😜သားသမီးဆိုတော့လဲ မိဘကိုပံုတေပို့တာနဲ့တင်မျိုမကျနိုင်ဘူး
video callနဲ့ပါပြပေးရတယ်🤭🤭

😂တို့အိမ်ကလဲ စိတ်ပူတတ်တာလွန်ရော တပတ်ခရီးသွားတာ ၂ခါပဲဖုန်းပြောဖြစ် ဒါတောင်သူတို့ကိုပြဖို့ တို့ခေါ်လိုက်လို့🤣

😊ငယ်ငယ်ထဲကကျောင်းလဲကိုယ့်ဘာသာသွား အကြွေးတောင်းသွားခိုင်းလဲသွားရတော့ တို့ကလဲတခုခုဆို ကြောက်ဖို့ မေ့ချင်ချင်🙃လကုန်ပီဆိုရင် စက်ဘီးလေးနဲ့ရွာ၃ရွာကို လျှပ်စစ်မီးကြေးပတ်တောင်းရတာတောင်သတိရ🙃

🙃တို့အဖေကတော့တနေရာသွားမယ်ပြောလိုက်ရင် အဲ့နိုင်ငံအကြောင်းသူရှာပီးသားပဲ
ဖီလပိုင်သွားတုန်းကပဲ ကျွန်းနိုင်ငံမို့ ရာသီဥတုသေချာကြည့်သွားဖို့မှာဖူးတယ်😊သမီး ဂျပန်မှာရောဘယ်တေရောက်ပီးပီလဲ ထိုင်ဝမ်ရောမသွားဘူးလား ဘယ်ရောမသွားဖူးလားဆိုတာချည်း မေးနေလို့ တို့အမေက မျက်စောင်းတခဲခဲ😜

😬တို့အမေမြန်းတော့ နဂိုတုန်းကခရီးသွားရင်စိတ်ဆိုးတာ ပိုက်ဆံစုဖို့မစဉ်းစားဘဲသံုးပဲနေလို့ဆိုပြီး🤭သူကခရီးသွားရင်ပင်ပန်းတတ်တော့ မခံစားတတ်ဘူး🤭
ခုတော့သူလဲလက်ခံနေပါပီ မနိုင်တော့လို့
တို့ကလဲဖုန်းပြောတိုင်း ဘယ်ကိုသွားချင်တာခရီးသွားမှာချည်းပြောနေလို့ သူမဆူနိုင်တော့ဘူး🤭

အမေနဲ့တွေ့တုန်းကတရုတ်သွားချင်တယ်ပြောထားတော့ တို့အမေက တို့ကိုတရုတ်ရောက်တယ်ထင်နေတာ😂ကိုယ်ကအခြားနေရာရောက်

03/08/2026

🏙️Old Tibilisi Night Out Long Vlog ④ 🌃

02/08/2026

🌿Public Sulphur Bath DayLong Volg ③🌿
🥑Avokado>Solo Travel Diaries🥑

住所

Minamitsuru-gun, Yamanashi

ウェブサイト

アラート

Avokado’ OutfiTravelがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する