SEOUL HYPE

SEOUL HYPE Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SEOUL HYPE, Clothing Store, 광진구, Seoul.

Sale ရှိတုန်းဝယ်ထားနော်
12/03/2026

Sale ရှိတုန်းဝယ်ထားနော်

ဒီခေါက်sale ထဲမှာ ဒါလေးပါပါတယ်ရှင်🙂‍↔️🙂‍↔️
06/02/2026

ဒီခေါက်sale ထဲမှာ ဒါလေးပါပါတယ်ရှင်🙂‍↔️🙂‍↔️

Page နဲ့ မဆိုင်ပေမဲ့ Clinic မလိုအပ်တော့တဲ့ Medicube အကြောင်းလေး ပြောချင်လို့။

2021-23 ကတည်းက medicube က ကိုရီးယားမှာ တအား ထိုးပေါက်ခဲ့တာ အပြာ pad ကနေစခဲ့တာပဲ ဝက်ခြံပျောက်တယ်ဆိုပြီးတော့လေ။ နောက်ပိုင်းအနီရောင်ထွက်လာတော့ ပိုတောင် နာမည်ကြီးသွားသေးတာ။

အဲ့အချိန်ကတော့ ခေါင်းထဲမရှိဘူး ဘာသုံးရမှန်း မသိ နားလည်း မလည်တော့လေ။

အခု breakout ဖြစ်ပြီး skincare လောက ကို ဝင်လေ့လာတာရယ် ဆေးခန်းတနှစ်လောက် ပြပြီး သူတို့လုပ်နေတဲ့ step တွေမှတ်ထားတာရယ်နဲ့ လုံးဝ သိလိုက်ရတာက medicube ရှိရင် ဝက်ခြံ/အမာရွတ်/အသားခြောက်/အဆီပြန် လောက်က ဆေးခန်းလုံးဝ လိုမနေဘူးဆိုတာပါပဲ။

သုံးတဲ့သူက မိမိမျက်နှာအကြောင်းရော ဘာဖြစ်ရင် ဘာသုံးရမယ်ဆိုတာရော နားလည်နေပြီဆိုရင် ကိုယ်နဲ့သင့်တဲ့ series ကို ဝယ်ပြီး ၂လလောက်သုံးလိုက်ရင် တကယ်ကို ထိရောက်နေတာ အမှန်ပါ။

ဒါကြောင့် ကျွန်တော်လည်း ဆေးခန်းကို ဆက်မသွားတော့ပဲ ဖြတ်ချပစ်လိုက်တာ။ ကိုယ့်ဟာကို တတ်ကျွမ်းနေပြီဆိုတော့လေ၊ ငွေအရမ်းမသုံးပဲ စိတ်ကြိုက်လုပ်တယ်။

အောက်က ပြထားတဲ့ပုံမှာ Medicube က ထုတ်တဲ့ Exosome shot 7500 ဖြစ်တယ်။ပန်းရောင်နဲ့ အပြာရှိတယ်။ ဒါမျိုးက Reedle shot ကလည်း ထုတ်တယ်။ သူက ဘာလည်းဆိုတော့ အပ်လိုမျိုး ဆူးဆူးလေးတွေပါတဲ့ဟာမျိုး ။ မျက်နှာ အသားအရည်အတွက် အရမ်းထိရောက်စေတဲ့ အရာပေါ့။ 2000/7500/10000 စသဖြင့် spicule အဆူးလေးတွေ များတဲ့ပမာဏနဲ့ အစာစား ထုတ်ကြတယ်။အဆူးများလေ တကြိမ်နဲ့ တကြိမ် ဝေးဝေး သုံးရလေပဲ။

ပြောချင်တာက အခုမှ လာတာ -
ဝက်ခြံကုတဲ့ clinic တွေမှာ ကျွန်တော် ကုခဲ့စဉ်က ဟော်ဒီအောက်က shot spicule ကို 15000 လောက်သုံးပြီး ကုတယ် တလမှ တကြိမ်ပဲ သူတို့ထည့်ကုတာ ။ သူတို့အဲ့လိုကုသနည်းကို ဘာလို့ ခေါ်သလဲဆိုရင် 스피큘 /Spicule လို့ပဲ ခေါ်သတဲ့လေ။ ဘယ်တံဆိပ်သုံးလည်း မသိရပေမဲ့ ထိုအချိန်ကတော့ ကို့အတွက် အထူးအဆန်းပေါ့။ ဆေးခန်းမှ ကိုင်ခွင့်ရတဲ့ ပစ္စည်းလားပေါ့။
ဝက်ခြံ အလုံးကြီး ၊အဖြူဆံ ၊အနက်ဆံ ၊အပုန်း ၊အဆီဖု အစုံထွက်နေသူအတွက် ဒီကုသမှုကသာ အရေးကြီးဆုံးလို့ပြောတယ်။ တကယ်လည်း ဟုတ်တယ် အဲ့တာလုပ်ပြီးရင် အဖြူဆံတွေ အပုန်းတွေ အဆီဖုတွေ သက်သာသွားတယ်။ လုပ်နေစဉ်မှာ မျက်နှာကို ကော်ဖတ် တိုက်နေသလို တော်တော် နာတာ။ လုပ်ပြီးရင် ရဲပြီး ရောင်နေရော ၄ရက်လောက်နေရင် တော်တော်ကြည်လင်ပြီး အဖုတွေလျော့သွားရော။ အဲ့ဒီကုသ မှုကို ဝမ် 150000-250000 ထိ ဆေးခန်းတွေက အစားစား ယူကြတယ်။
အခုလည်းကျရော သာမာန်ကို့ဟာကိုယ် နေ့စဉ်/အပတ်စဉ် သုံးလို့ရအောင် Medicube ကထုတ်ချလိုက်တာမို့ ဝယ်သုံးကြည့်တဲ့အခါ clinic တွေက အတိုင်း တထပ်တည်း ခံစားချက်ရတယ်။ ဟိုမှာ တကြိမ်နဲ့ တသိန်းခွဲ ကုန်တာက medicube 8ပုလင်းလောက် ဝယ်လို့ရတယ်။ Skincare နည်းကို သေချာ သိပြီဆိုရင် clinic မှာ package တခါယူ 10 သိန်းသွင်းမယ့် ငွေကို အဲ့မှာသုံးတဲ့ စက်တွေ ဝယ်ချ၊ cosmetic တွေဝယ်ချလိုက် ။အဲ့တာ အတန်ဆုံးပဲ။
ကျွန်တော်တခြားဟာတွေ medicube ကမသုံးသေးပေမဲ့ ဒါလေးကနေ စသုံးကြည့်နေတာပါ။ တကယ်မိုက်တယ်။ တလ 150000 won (4သိန်းကျပ်) နည်းပါး ကုန်စရာကို မလိုတော့ဘူး။ ကျွန်တော်အသားအရည်က dry+oily ဖြစ်နေတဲ့ combination skin ပါ။ ခြောက်လိုက် စိုလိုက်ပေါ့ လူလိုတော့ အမြဲခြောက်မနေဘူး။ ဒီ အပြာက AHA+BHA+PHA ပါတာမို့ ချွေးပေါက်အတွင်းထိ သေချာ သန့်စင်ပြီး ဝက်ခြံတွေမထွက်အောင် ထိန်းပေးသလို ဝက်ခြံ အဆီဖုအတွက် သိပ်ကိုကောင်းတာလေ။ ကျွန်တော်က Some By Mi AHA+BHA+PHA series သုံးနေပြီး သူနဲ့ပဲ မျက်နှာ ပုံမှန်အခြေနေ နီးပါး ၂လနဲ့ ပြန်ရလာတာဆိုတော့လေ။

ဒါလေးသုံးချင်ရင်တော့ 7500 shot မို့ သူက ၃ရက်တခါလို့ ပြောပေမဲ့ ၁ပတ်တခါမှ လုပ်ပါ။ ညဘက်မှာလုပ်ပါ။ Clinic မှာ သူတို့ကုတဲ့ နည်းအတိုင်း ကျွန်တော် လုပ်နေတာပါ။ လိုက်လုပ်ကြည့်နိုင်ပါတယ်။

Steps
- ည Double cleansing လုပ်
- Shot (2000/7500) အသားထဲစိမ့်အောင်လိမ်း
- ရေဓာတ်ပဲပါတဲ့ mask ကပ်(ကျော်လို့ရ)
- ရေဓာတ်များတဲ့ cream လိမ်း
- အိပ်
- မနက်ကို Double cleansing မသစ်ပါနဲ့ (အပြင်မထွက်ရဘူးဆိုရင် cleanser တွေမသုံးပဲ ရိုးရိုးရေနဲ့ပဲ သစ်ရင်ရ။
- လုပ်ပြီးနောက်နေ့ မှာ ရေဓာတ်ပါတဲ့ mask ကပ်သင့်
- လုပ်ပြီးနောက်နေ့ အပြင်ထွက်ရင် sunscreen များများလိမ်း/အဆောင်းပါသင့် (နေတိုက်ရိုက်မထိပါစေနဲ့)။

အားလုံး အဆင်ပြေပါစေ။

05/02/2026

💢💥Skincareအပေါ်အရမ်းမှီခိုနေရင်း ပိုဆိုးလာတဲ့ဝက်ခြံများ Knowledge Review 🦝💭

ဝယ်ထားတဲ့ Suncream တစ်ဘူးကမကုန်သေးဘူး... Serum 12 မျိုးလောက်ဝယ်ထားတာမျိုး... ခဏဏလည်းပြောပါတယ် Skinbarriers ကောင်းဖို့ပဲ ကြိုးစားပါ... အသားလည်း မကြည်ချင်နဲ့ အမဲစက်လည်းမပျောက်ချင်နဲ့ ဝက်ခြံမပျောက်ပဲနဲ့လည်း Glow မဖြစ်ချင်နဲ့... Skinbarriers မကောင်းဘဲ ဇွတ်လိမ်းနေရင် ပိုဆိုးလာတာပဲအဖတ်တင်မှာ....🤧

Basic skincareနိုင်မှ serum ထည့်သုံးပါ...နေ့တိုင်းညတိုင်း ထည့်သုံးစရာလည်းမလ်ိုပါ...နောက်တစ်ခုက Skincareဆိုတာ ထပ်ဖြစ်လာမဲ့ ပြသနာကို လျော့ချပေးနိုင်အောင်ထိန်းပေး လုပ်ပေးတာမျိုးပဲ...ဥပမာ ဝက်ခြံ တင်းတိတ် အရေးအကြောင်း အကုန်လုံးက. Skincare Product မကောင်းလို့ ထွက်လာတာ ဖြစ်လာတာတွေမဟုတ်ပါဘူး...ကိုယ်အရွေးမတတ်လို့ Skin Type နဲ့ Product မကိုက်ရင်မကိုက်ဖို့ပဲ...အဲ့ ပြသနာတွေကို Skincareတွေကို ပျောက်အောင်လုပ်ကိုလုပ်ပေးဆိုတာကကြ တစ်ခုခုမှားနေပြီ...

Skincareတွေကို Skin Type နဲ့တွဲ ပြီးတော့တောင်မှန်ကန်အောင်မသုံးနိုင်ဘဲ သူ့ကိုအပြစ်ပုံချလို့မရဘူး... နောက်တစ်ခုက Lifestyle... Life style လေးရောအနည်းငယ်ပြောင်းကြည့်ခိုင်းရင် တစ်ချို့မှာ ပြောပြနေရင်းမကြားသလို မသိသလိုနေကြတယ်...Productအကြောင်းရောက်မှပဲ စာပြန်ကြတယ်... ဆိုတော့
ပြောချင်တာက Skincareကို စလုပ်မယ်ဆိုရင် စာသာဖတ်ကြပါလို့...Video Knowledge တွေနားထောင်ရင်လည်း မှတ်မိအောင်အကြိမ်ကြိမ်နားထောင်ပါ...သောင်းလည်းအဲ့လိုတွေစခဲ့ရတာ

Skincareတွေလုပ်နေရက်နဲ့ ဝက်ခြံမပျောက်ခဲ့ဘူး ဆို ဒါတွေအကြမ်းဖျင်းစစ်ကြည့်ပေးပါ
ဝက်ခြံရှိရင် Lifestyle ပြောင်းကြည့်ပါ

📍ခေါင်းအုန်းစွတ် 2ရက်တစ်ခါလဲပေးပါ
📍ဆံပင်မျက်နှာကိုမိပါစေနဲ့
📍ရေများများသောက်ပေးပါ
📍ဝမ်းချုပ်နေရင် Youtube ကနေ Detox water လိုမျိုးလုပ်သောက်ကြည့်ပါ
📍လက်နဲ့မထိပါနဲ့
📍Retinol တို့ Vitamins C တို့လိုမျိုး Active Ingeridents တွေမသုံးပါနဲ့
📍Hormones ance ဆိုမေးရိုးမှာများသောအားဖြင့်ပေါက်တတ်ပါတယ်... များတယ်ဆို Clinic မှာဆရာဝန်နဲ့ ပြပြီး Hormones ဆေးခဏ သောက်ပေးပါ

📍Skincareဆိုတာskin အပေါ်ယံ barrier ကို ပြုပြင်တာမို့လို့ မနိုင်ဘူးထင်ရင်ဆေးခန်းပြပေးပါ

နောက်တစ်ခုကတော့ ဆွေးနွေးရင် အစအဆုံးပြီးမှ Skincareကို Budgetလေးရွေးပေးပါတို့မလုပ်ပါနဲ့...နဂိုထဲက Skincareကို budgetနိုင်မှစလုပ်ပါ...ငွေနိုင်လိုက် လုပ်လိုက်... ငွေမနိုင်လိုက်မလုပ်လိုက်က skinကိုပိုဆိုးစေပါတယ်..အရင်ကတော့ korean skincareတစ်ဘူး 2သောင်းခွဲလောက်အချိန် မှာတောင်၅မျိုးလောက်သုံးရတယ်...ခုချိန် တစ်ဘူး ၅သောင်း၆သောင်း၇သောင်းကတော့ ပတ်လည်ပဲဆိုတော့ သုံးရမဲ့ကာလနဲ့ တန်တယ်ထင်မှ ပဲ Skincareကို စလုပ်ကြပါနော်

Skincareအကြောင်းအသေးစိတ်ဆွေးနွေးချင်ရင်cb မှာမေးထားပေးပါနော်💌

04/02/2026

💙Oily skin နဲ့ အသားအရေ ကြမ်းတဲ့သူ / ချွေးပေါက်ကျယ်တဲ့သူတွေအတွက် Medicube Zero Pore Pad Review ...🔍🐳

Medicube Zero Pore Pad က pore care အတွက် နာမည်ကြီးတဲ့ toner pad လို့လည်းသိထားတယ်...ဒါပေမဲ့ ဒီ Product ကဘယ်လို Skinအတွက် အကျိုးရှိတာလည်း ဘယ်သူတွေမသုံးသင့်ဘူးလည်း အောက်မှာဆက်ဖတ်ကြည့်ပေးနော်💟

Pad ရဲ့ Cotton ကိုကြိုက်တဲ့အချက်က တစ်ဖက်မှာ exfoliation အတွက်ကောင်းတဲ့ မျက်နှာပြင်နဲ့ ရှိပြီး တစ်ဖက်မှာတော့ smooth side ဖြစ်လို့ wiping + soothing နှစ်မျိုးလုံး လုပ်လို့ရပါတယ်။ဒါလေးကတော့သဘောကျရတယ်...ဘာပဲပြောပြောသုံးတဲ့သူကိုစိတ်ကျေနပ်စေတယ်လေ

🌿 Main Ingredients အနေနဲ့AHA (Alpha Hydroxy Acid)
အရေပြားပေါ်က dead skin cells ဖယ်ရှားပေးပြီး Skin texture ကို smooth ဖြစ်စေတယ်

BHA (Beta Hydroxy Acid)Pore အတွင်းထဲက အဆီ၊ အညစ်အကြေးတွေကို သန့်စင်ပေးပြီး blackhead / whitehead လျော့စေတယ်💫
Panthenol (Vitamin B5)Exfoliation လုပ်ပြီးနောက် skin ကို calm ဖြစ်စေပြီး moisture ပြန်ဖြည့်ပေးတယ်💫
Allantoin( Skin irritation )ကို လျော့စေပြီး sensitive skin ကိုပါ သက်သာစေတယ်💫
Sodium Hyaluronate ကSkin ကို ရေဓာတ်ပြည့်စေပြီး exfoliating pad ဖြစ်ပေမယ့် မခြောက်သွေ့အောင် ကာကွယ်ပေးတယ်💫

🧪 သုံးတဲ့အချိန်မှာကိုယ့် Skinက Cleansing မနိုင်ဘူးဆိုရင် မျက်နှာပေါ်က အညစ်အကြေးတွေ pad ပေါ်မှာ ထင်ထင်ရှားရှား မြင်ရတယ်...
မျက်နှာသစ်ပြီးချင်း mini mask လ်ု 15mins လောက် သုံးရင် skin texture ပိုပြီး smooth ဖြစ်သလို ခံစားရတယ်...AHA/BHA ပါပေမယ့် မပြင်းဘူး၊ sting ဖြစ်တာမရှိဘူး

အပတ် 2–3 ကြိမ် သုံးပြီးနောက်Nose area, cheek pore တွေ သန့်ရှင်းလာတယ်ခံစားရတယ် Makeup လိမ်းတဲ့အခါ foundation က ပိုညီပြီးကပ်တယ် Closed comedone လေးတွေ တဖြည်းဖြည်း လျော့လာတာ သိသာတယ် ချွေးပေါက်ကျယ်တာလေးတွေသက်သာလာတယ် 💞

Daily exfoliation မဟုတ်ဘဲ gentle pore care အတွက် သင့်တော်တဲ့ pad လို့ ခံစားရပါတယ်။နေ့တိုင်းသုံးဖို့တော့အကြံမပေးချင်ဘူး

👩‍⚕️ Oily skin / Combination skin/ Pore ကျယ်၊ blackhead / whitehead ရှိသူ/skin texture မညီသူ/Exfoliation ကို ပြင်းပြင်းမလုပ်ချင်တဲ့ beginner တွေဆိုသုံးပေးသင့်ပါတယ်

⚠️ Sensitive skin အရမ်းထိခိုက်လွယ်သူနဲ့ Skin barrier ပျက်နေတဲ့အချိန် (over-exfoliation ဖြစ်ထားသူ)နဲ့​Open wound / acne ပေါက်နေတဲ့နေရာမှာ မသုံးရပါဘူး

❌ Retinol, strong Vitamin C နဲ့ တစ်ညတည်း တွဲမသုံးသင့်
ပါဘူးနော်...

📝 Final Thoughts အနေနဲ့ကတော့Medicube Zero Pore Pad က Pore care + gentle exfoliation + hydration ကို balanceလုပ်ပေးနိုင်တဲ့ toner pad ဖြစ်ပါတယ်။

Beginner လည်း သုံးလို့ရ၊ Oily/Combination skin အတွက် ပိုအဆင်ပြေပါတယ်...အသားခြောက်သူမှာအဆင်မပြေဖြစ်ကောင်းဖြစ်နိုင်ပါတယ်...

ဝယ်တာကတော့ဝယ်ချင်တဲ့နေရာကဝယ်ပါ🦧

Skincareအကြောင်းအသေးစိတ်ဆွေးနွေးချင်ရင်တော့ cb မှာမေးထားပေးနော် 💌

Capsule ရော mask ရော sale ရှိပါတယ်ချစ်တို့🙂‍↔️🤟
27/01/2026

Capsule ရော mask ရော sale ရှိပါတယ်ချစ်တို့🙂‍↔️🤟

အရေးတကြီး မျက်နှာအမြန်ဖြူဖို့လိုနေရင် ညမအိပ်ခင် ဒီနှစ်ခုသာတွဲသုံးပြီးအိပ်လိုက် မနက်ဆိုရင် ဖြူဝင်းနေတာ တအားသိသာတယ်။ ဘယ်လိုသုံးရလဲဆိုရင် ပုံမှန် skincare လုပ်နေကြလိုပဲ ကိုယ်သုံးနေတဲ့ skincare တွေ အဆင့်ဆင့်လိမ်းပြီး capsule cream ကို moisturizer နေရာမှာလိမ်း capsule cream လိမ်းပြီးရင် ခဏစောင့်ပြီး wrapping mask ကို မျက်နှာအနှံ့မထူမပါးလေးလိမ်း ပြီးရင် ခြောက်အောင်ခဏစောင့်ပြီး အိပ်ရုံပဲ မနက်မိုးလင်းလို့နိုးရင် လိမ်းထားတာကိုခွါလိုက်ရုံပဲ ခွါပြီးတာနဲ့ လုံးဝ အမေးဇင်းဖြစ်နေလိမ့်မယ်။ ဒီ capsule cream ကို retinol နဲ့တွဲသုံးလို့မရဘူး ပြီးရင် exfoliate လုပ်ထားရင်လည်း မသုံးသင့်သေးဘူး နောက်ရက်ညမှသုံး။ ဒီ kojic wrapping mask မှာလည်း retinol ပါပေမယ့် သူ့မှာပါတာက အရမ်းမပြင်းလို့ နှစ်ခုက တွဲသုံးလို့ရတာပါ။ ဒီအတွဲကလေ မျက်နှာဖြူစေရုံတင်မဟုတ်ဘူး မျက်နှာအသားအရေကို ရေဓာတ်အပြည့်အဝပေးပြီး စိုကြည်ပြောင်တင်းစေတဲ့အပြင်ကိုမှ ဖြိုးဖြိုးဖျက်ဖျက်နဲ့ Glow Glass ပါဖြစ်စေတာ။ ပြီးတော့ အာနိသင်ပြဖို့လည်း အကြာကြီးစောင့်စရာမလိုဘူး တစ်ညထဲပဲ တကယ်အတည်ပြောတာ တစ်ညထဲပဲ။ capsule cream ကို တစ်မျက်နှာလုံးစာအတွက် တစ်လုံးပဲ လိမ်းပါ wrapping mask ကိုလည်း မထူမပါးလေးပဲလိမ်းပါ အရမ်းထူထူကြီး လိမ်းစရာမလိုပါဘူး Medicube တွေကပေးရတဲ့ဈေးလည်း မနည်းတာမို့ ခြွေတာပြီးတော့သုံးပါ လိမ်းပါ။

မင်မင်တို့ page က official website official showroom က ဝယ်တာမလို့ 100% စိတ်ချလို့ရပါတယ်နော်
23/01/2026

မင်မင်တို့ page က official website
official showroom က ဝယ်တာမလို့ 100% စိတ်ချလို့ရပါတယ်နော်

နှစ်မျိုးလုံးမှာလို့ရ🙂‍↔️
22/01/2026

နှစ်မျိုးလုံးမှာလို့ရ🙂‍↔️

အားလုံးမျှော်နေတဲ့ Discount Coupon   လေးလာပါပီ🤭First Order round ကိုဒီလောက်လာအားပေးမယ်မှန်းမသိလို့ အစက ပထမဆုံးလာဝယ်တဲ့ C...
21/01/2026

အားလုံးမျှော်နေတဲ့ Discount Coupon လေးလာပါပီ🤭

First Order round ကိုဒီလောက်လာအားပေးမယ်မှန်းမသိလို့ အစက ပထမဆုံးလာဝယ်တဲ့ Cus 5 ယောက်ကိုပဲ ပေးဖို့စီစဉ်ထားပေမဲ့ ခု စုစုပေါင်း 15 ယောက်ကိုပေးသွားမှာမယ်

ပထမဆုံး 5 ယောက်ကို 50000 Discount Coupon တစ်ခုစီပေးသွားမှာဖြစ်ပီး

နောက်ထပ် 10 ယောက်ကို 10000 တန် Discount Coupon တစ်ခုစီပေးသွားမှာဖြစ်ပါတယ်ရှင်

ဒီ Coupon က ဘယ်အချိန်မှာ ထပ်ပီးလာဝယ်ဝယ်သုံးလို့ရနေမှာဖြစ်ပါတယ်နော် 🤭

မင်မင်ဆီ ပထမအသုတ်လာဝယ်တဲ့သူထဲက ပထမဆုံး 15 ယောက်ကိုပေးမှာဖြစ်ပီး medicube sale ပိတ်တာနဲ့ ဘယ်သူတွေရလဲဆိုတာ ကြေညာပေးမှာဖြစ်လို့

ပီးတော့ အားလုံးသိချင်နေကြတဲ့ မေခွန်းဖြစ်တဲ့ မင်မင်တို့က ဘာတွေဝယ်ပေးတာလဲ? Korea မှာရှိတဲ့ ပစ္စည်းအကုန်လုံးကို ဝယ်ပေးပါတယ် ဒါပေမဲ့ မင်မင်တို့က
order round တိုင်းကို လူဦးရေကန့်သတ်ပီးဝယ်ပေးဖို့စီစဉ်ထားပါတယ် မင်မင်တို့နှစ်ယောက်လုံးက အချိန်ပိုင်းအလုပ်ရောရှိသေးတာမလို့ လူများရင်မနိုင်မှာစိုးလို့ပါ ~~

so~ ခုလာဝယ်ရင်တောင် 15 ယောက်ထဲပါအုန်းမယ်ထင်တာမလို့ မြန်မြန်လာဝယ်လိုက်တော့နော်🤭

Address

광진구
Seoul

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when SEOUL HYPE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category