Skills Stream Myanmar

Skills Stream Myanmar Focus -> language (English) | Career | Productivity

Empowering women & youth across Myanmar with practical skills for career & professional build-up, confidence and community support through accessible online learning and mentorship opportunities.

(NGO, INGO) social impact နဲ့ Non-profit sector တွေမှာ ကိုယ်ရဲ့ လုပ်ဆောင်ချက်၊ အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ နဲ့ ရည်ရွယ်ချက်...
09/09/2026

(NGO, INGO) social impact နဲ့ Non-profit sector တွေမှာ ကိုယ်ရဲ့ လုပ်ဆောင်ချက်၊ အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ နဲ့ ရည်ရွယ်ချက်တွေကို လူထုနဲ့ donor တွေရဲ့ စိတ်ထဲအထိ ထိထိမိမိရောက်အောင် ပြောပြနိုင်ဖို့ဆိုတာ အရေးကြီးတဲ့ အချက်တစ်ခုပါ ...

အဲ့လိုမှမဟုတ်ရင် ဒီလူ / ဒီအဖွဲ့က လုပ်တော့လုပ်နေတာဘဲ ... ဘာတွေလုပ်နေမှန်းတော့ မသိဘူး။ budget တွေတော့ သုံးနေတာဘဲ ရလဒ် နဲ့ ရည်ရွယ်ချက်တွေက ရှင်းမနေဘူး ဆိုတဲ့ အကျိုးဆက်တွေ ဖြစ်လာတတ်တာမို့လို့ ...

storytelling skill ကလဲ အရေးကြီးတဲ့ အရာတစ်ခုပါရှင့်။

ဒီနေ့ Storytelling နဲ့ ပတ်သတ်ပြီး လေ့လာနိုင်မယ့် online course လေး (၃) ခုကို မျှဝေပါရစေ။

1) Storytelling for Change by Acumen Academy
https://acumenacademy.org/course/storytelling-change/

2) Storytelling and influencing: communicate with impact by Coursera (Macquaire University)
https://www.coursera.org/learn/communicate-with-impact

3) Business storytelling Training by HubSpot Academy
https://academy.hubspot.com/lessons/the-power-of-storytelling

အခမဲ့ (free) online self-paced course လေးတွေမို့လို့ အင်တာနက်၊ ဖုန်း (သို့) computer ရှိရင် ကြိုက်တဲ့နေရာ ၊ ကြိုက်တဲ့ အချိန် ကိုယ့်ဘာသာကိုယ် လေ့လာနိုင်ပါတယ်ရှင်။

Try ကြည့်ကြပါနော်။ အဆင်ပြေကြပါစေရှင်။

08/09/2026

ပြောင်းဖူးမွှေး၊ ပြောင်းဖူးရိုး ၊ ပြောင်းခွံတွေကို English လို အခေါ်အဝေါ်လေးတွေ ပြောကြမယ်နော် ..

ပြောင်းစေ့တွေ၊ အစေ့ချ စိုက်တာနဲ့ ပတ်သတ်တဲ့ English Vocabulary လေးတွေကို ဒီ link ထဲက video ထဲမှာ လေ့လာလို့ရပါတယ်ရှင် ...

07/09/2026

မာနမကြီးတဲ့သူ ၊ ရိုးရိုးဖြောင့်ဖြောင့် အေးဆေး နေတတ်တဲ့သူတွေကို English လို ပြောလို့ရတဲ့ idiom လေး အကြောင်းပြောကြမယ်နော် ...

M&E / MEAL free online courses (MEAL resource sharing - Ep  # 2)NGO . INGO, UN တွေမှာဖြစ်ဖြစ်၊ CSO တွေ Social Enterprise...
05/09/2026

M&E / MEAL free online courses (MEAL resource sharing - Ep # 2)
NGO . INGO, UN တွေမှာဖြစ်ဖြစ်၊ CSO တွေ Social Enterprise တွေမှာဘဲ ဖြစ်စေ .. social impact sector ထဲမှာ M&E / MEAL နဲ့ပတ်သတ်ပြီး လုပ်ချင်ကြသူတွေ၊ လေ့လာချင်ကြသူတွေအတွက် Free online course လေးတွေ sharing လုပ်ပါရစေ... (အခုမှ စပြီး non-profit sector/ social impact sector ကို လေ့လာ၊ စိတ်ဝင်စားကြတဲ့ လူငယ်တွေအတွက်ပါ) ။

M&E နဲ့ ပတ်သတ်တာတွေ၊ ဘယ်လို လုပ်ငန်းစဥ်တွေလဲ၊ ဘာတွေ သိထးဖို့လိုလဲ?

MEAL ဆိုတာ ဘာလဲ? ဘာတွေ လုပ်ရတာလဲ?

ဆိုတာတွေကို အခြေခံကနေ စပြီး အခမဲ့ (free) လေ့လာလို့ရတဲ့ resource လေးတွေပါရှင်။

1) Monitoring, Evaluation, Accountability and Learning (MEAL) by Save the Children
https://www.open.edu/openlearncreate/course/view.php?id=1641

2) Evaluation, Humanitarian Essential
https://kayaconnect.org/enrol/index.php?id=2806

3) Impact Evaluation 101
https://kayaconnect.org/enrol/index.php?id=5144

4) Monitoring & Evaluation (M&E) during project implementation by Operations Academy
https://www.ifad.org/e-learning/OPAC/pillar-iii-during/module1/ #/

Free course လေးတွေပါ၊ certificate လဲ ရပါတယ်ရှင်။ သက်ဆိုင်ရာ learning website လေးတွေမှာ အကောင့်လေးတွေ create လုပ်ပြီး အင်တာနက်၊ ဖုန်း (သို့) laptop ရှိတာနဲ့ ကြိုက်တဲ့ နေရာမှာ လေ့လာနိုင်တဲ့ self paced course လေးတွေပါ။

try ကြည့်ကြပါနော်။

SSMR ရဲ့ skills streamer လေးတွေအတွက် အရမ်းအကျိုးရှိမယ့် online program လေးတစ်ခုကို မျှဝေ ပေးချင်လို့ပါ။ remote job, free...
05/09/2026

SSMR ရဲ့ skills streamer လေးတွေအတွက် အရမ်းအကျိုးရှိမယ့် online program လေးတစ်ခုကို မျှဝေ ပေးချင်လို့ပါ။

remote job, freelance job တွေ စိတ်ဝင်စားကြတဲ့သူတွေအတွက် အဲ့ဒါတွေနဲ့ ပတ်သတ်ပြီး လေ့လာသင့်တာလေးတွေ၊ ရှိထားသင့်တဲ့ skills အကြောင်းလေးတွေကို မျှဝေသွားမယ့် program ‌ေလးပါ။

အခမဲ့ (free) တက်ရမှာဖြစ်ပြီး online ကနေ join ရမှာမို့လို့ စိတ်ဝင်စားကြရင် စက်တင်ဘာ ၁၂ ရက်နေ့ မတိုင်ခင်မှာ ဒီအောက်က ပိုစ့်မှာ ပါတဲ့ link or QR scan လေးကနေ အမြန်လျှောက်ကြပါလို့ ...

💻🌏Remote job လေးတွေ share ပေးလိုက်ပါတယ်ရှင့် .... Myanmar based လုပ်ရမယ့် WFH job တွေရော ၊ Work from Anywhere Job တွေရော...
04/09/2026

💻🌏Remote job လေးတွေ share ပေးလိုက်ပါတယ်ရှင့် ....
Myanmar based လုပ်ရမယ့် WFH job တွေရော ၊ Work from Anywhere Job တွေရော ပါပါတယ်နော် ... (INGO job တွေက No. 7 ကနေ စလို့ ပုံလေးတွေကို အဆုံးထိ ကြည့်ကြည့်ပါနော်ရှင့် 👈😊)

အပတ်စဉ် သောကြာနေ့တိုင်း (every Friday) မှာ " The Open Door Weekly Newsletter by SSMR " လေး တင်ပေးပါတယ်ရှင့် 💌

👉မြန်မာလူငယ်တွေအတွက် ကောင်းမယ်၊ သင့်တော်မယ် ယူဆရတဲ့ အလုပ်လေးတွေကို ရှာဖွေ၊ စုစည်းပြီး မျှဝေတာပါရှင့် .. global trending job type တွေ၊ အခွင့်အလမ်းတွေ၊ ဘယ်လိုနေရာမှာ global remote အလုပ်ကောင်းတွေ ရှာလို့ရနိုင်လဲ ဆိုတာတွေကို မျှဝေချင်တဲ့ ရည်ရွယ်ချက်လေးနဲ့ပါ ။

👉မိမိတို့ လုပ်ချင်တဲ့ career မျိုးတွေက ဘယ်လို requirement တွေ တောင်းလေ့ရှိကြလဲ၊ ဘယ်လို skills တွေ ရှိဖို့လိုအပ်မလဲ ဆိုတာတွေကိုပါ လေ့လာ ပြင်ဆင်ထားနိုင်ကြဖို့ အတွက်ကိုလဲ ရည်ရွယ်ပြီး အပတ်စဥ် မျှဝေ
ခြင်းပါရှင် .. (remote job ကို အခုမှ စချင်ကြတဲ့ သူတွေ အတွက်ပါ)

📌SSMR က တိုက်ရိုက်ခေါ်တဲ့ အလုပ်တွေ မဟုတ်လို့ post တစ်ခုချင်းစီရဲ့ အောက်က comment တွေမှာ ချပေးထားတဲ့ link တွေကနေ တဆင့် သက်ဆိုင်ရာ company (သို့မဟုတ်) organization များကို တိုက်ရိုက် အလုပ်လျှောက်ရပါမယ်နော်ရှင့် ☺️

Skills Stream Myanmar -SSMR page လေးကို follow & see first လေး လုပ်ထားမယ်ဆိုရင် Update လေးတွေကို အမြန်ဆုံး သိရပြီး deadline မကျော်ခင် vacancies လေးတွေ အစောဆုံး try ကြည့်လို့ရတယ်ရယ် 🫶

⛔ အလုပ်လျှောက်လွှာတင်တဲ့ အခါမှာ payment တောင်းတာမျိုးတွေ၊ bank account information တွေ တောင်းလာတာမျိုးတွေ ရှိလာခဲ့ရင်တော့ scammer (အတုအလိမ်အညာ‌) တွေဖြစ်တတ်ပါတယ်နော်။ တကယ့် company အစစ်အမှန်တွေက တောင်းလေ့မရှိတတ်ပါဘူးရှင့်။ အတတ်နိုင်ဆုံး အထပ်ထပ် ဖတ်ပြီး စိတ်ချရမယ်ထင်တာလေးတွေကို ရွေးထားပေးပေမယ့် Global remote job လောကမှာ scammer တွေလဲ ရှိတတ်တာမို့လို့ အပေါ်က ပြောထားသလိုမျိုး တောင်းလာတာမျိုးတွေ မတော်တဆ ကြုံလာခဲ့ရရင် ရှောင်နိုင်ကြဖို့ကိုလဲ အကြံပေးပါရစေရှင့် 🙏

အခွင့်အလမ်းအသစ်တွေကို မြင်ရဖို့ ၊ ရယူပိုင်ဆိုင်နိုင်ဖို့ တံခါးတွေ ဖွင့်ကြရအောင်နော် 🤜🤛

အားလုံးဘဲ ဘေးကင်းလုံခြုံတဲ့ weekend လေး ဖြစ်ကြပါစေ ... Good luck & happy Friday ! 🍀

English A1 နဲ့ A2 level မှာ မသိမဖြစ်၊ လုံးဝကို သေသေချာချာ လေ့ကျင့်ထားသင့်တဲ့ topic များ ❗️English language ကို ကျွမ်းကျင...
27/08/2026

English A1 နဲ့ A2 level မှာ မသိမဖြစ်၊ လုံးဝကို သေသေချာချာ လေ့ကျင့်ထားသင့်တဲ့ topic များ ❗️

English language ကို ကျွမ်းကျင်ချင်တယ်၊ ဘယ်က စရမလဲ? ???

Topic based approach နဲ့ လုပ်ကြည့်ဖူးလားရှင်?? မလုပ်ဖူးရင် လုပ်ကြည့်၊ လေ့ကျင့်ကြည့်ကြည့်ပါ။ Topic based approach က vocabulary ကိုပါ တခါထဲ improve လုပ်ပြီးသားလဲ ဖြစ်တယ်ရယ်။

Grammar ‌ကတော့ မပါမဖြစ်ပေါ့နော်။ grammar အခြေမခိုင်ရင်တော့ လမ်းခုလတ်မှာ တစ်သွားမှာဆိုတော့လေ။

👉အဲ့လိုဆိုရင် Topic based approach ဆိုတာက ဘာကြီးလဲ? ဘယ်လိုလုပ်ရမှာလဲကို ပြောပြပါမယ်ရှင့်။ reading, writing, listening & speaking practice တွေကို ကြုံရာကျပန်း အကြောင်းအရာ (topic) တွေ လိုက်နားထောင်မယ့်အစား CEFR Standard နဲ့အညီ ဒီ level မှာတော့ ဒီအကြောင်းအရာ (topic) တွေကို သိထား၊ လေ့ကျင့်ထား၊ ပြောနိုင် ဆိုနိုင်၊ ကောင်းကောင်း communicate လုပ်နိုင်ရမယ်ဆိုတဲ့ လေ့ကျင့်ပုံ (practice) လုပ်နည်းပါ။

CEFR (Common European Framework of Reference for Languages) ဆိုတာ အင်္ဂလိပ်စာ အရည်အသွေးကို တစ်ကမ္ဘာလုံး အသိအမှတ်ပြု တိုင်းတာတဲ့ စံနှုန်းတစ်ပါ။ A1 to C2 Level အထိကို ဆိုလိုတာပါရှင့်။ English language တစ်ခုထဲကိုဘဲ မဟုတ်ဘဲ European language တော်တော်များများကို ဒီစံနှုန်းနဲ့ သတ်မှတ်ကြပါတယ်။

ဒီ ပိုစ့်မှာ Basic Level (A1 & A2 Level) တွေမှာ သေချာလေးလေ့လာသင့်တဲ့ topic လေးတွေကို sharing လုပ်ပါရစေ။ ကျွန်မကိုယ်တိုင်လဲ topic based approach နဲ့ English အပြင် အခြား European language (၂) ခုကိုပါ လေ့လာခဲ့ပြီး (တစ်ခုက လေ့လာနေဆဲ) တကယ်လဲ အကျိုးရှိခဲ့လို့ပါရှင့်။

📍A1 Level မှာ ဆိုရင် -

Personal Details → ကိုယ့်အကြောင်း၊ ကိုယ့်မိသားစု အကြောင်း၊ အသက်အရွယ်၊ မွေးနေ့နဲ့ သက်ဆိုင်တာတွေ၊ ဘာလူမျိုး ၊ ဘယ်နိုင်ငံက လာတယ်ဆိုတာတွေ၊ အလုပ်အကိုင် အကြောင်း စတာတွေ။

Daily life → ပုံမှန်သွားလာ တွေ့ဆုံ နှုတ်ဆက်ကြတဲ့ (formal & informal greeting) everyday expression တွေ၊ မိတ်ဆက်တဲ့ အကြောင်းအရာမျိုးတွေ စတာတွေ။

Numbers & Time → နံပါတ်တွေကို English လို 1 to 1,000,000 အထိ ဘယ်လို ခေါ်တယ်၊ ဘယ်လို ပြောရတယ်ဆိုတာမျိုးတွေ။ အချိန်တွေကိုဆိုရင်လဲ ဘယ်လို ပြောရလဲ (e.g o’clock or PM, AM and etc.,) ဆိုတာတွေ၊ အချိန်နဲ့ ပတ်သတ်ပြီး မေးတာ ဖြေတာမျိုးတွေ စတာတွေပါ။

Days & Months → နေ့ရက်တွေနဲ့ ပတ်သတ်တာ၊ လတွေ၊ နှစ်တွေ၊ ရာသီ (season) တွေ၊ မနက်ဖြန် … သဘက်ခါ ဆိုတာမျိုးတွေကို English လို အသုံးအနှုန်းတွေ စတာတွေ။

Home & Furniture → အိမ်နဲ့ ပတ်သတ်ပြီး ပြောပြ ရှင်းပြတဲ့ အကြောင်းအရာမျိုးတွေ၊ အိမ်အသုံးအဆောင်တွေရဲ့ English လို အ‌ခေါ်အဝေါ်တွေ (Vocabulary) - ဥပမာ - မီးဖိုချောင်သုံး၊ အိပ်ခန်း၊ ဧည့်ခန်း၊ ရေချိုးခန်း၊ သန့်စင်ခန်း စတာတွေပါ။

Food & Drinks → ပုံမှန် စားသုံးနေကျ အစားအစာတွေ ကြောင်းကို ပြောပြတာမျိုးတွေ၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေရဲ့ အခေါ်အဝေါ်တွေ၊ စားသောက်ဆိုင်မှာ မှာယူ ပြောဆိုတာမျိုးတွေ၊ ကြိုက်တဲ့ အစားအစာတွေနဲ့ မကြိုက်တဲ့ အစားအစာတွေ (like & dislike) အစရှိတာတွေပါရှင့်။

Clothes → ပုံမှန် ဝတ်လေ့ဝတ်ထ အသုံးများကြတဲ့ အဝတ်အစားတွေကြောင်း၊ အပေါ်က အစားအစာလိုမျိုးဘဲ likes & dislikes တွေ၊ အ‌ရောင်တွေ (color) စတာတွေပါ။

Place & Shopping → ပုံမှန် စျေး မှာ စျေးဝယ်တဲ့ အကြောင်းတွေ၊ supermarket မှာ စျေးဝယ်တာတွေ၊ ပေါင်မုန့် ကိတ်မုန့်ဆိုင်မှာ စျေးဝယ်တာတွေ၊ ဆေးဆိုင်မှာ ဆေးဝယ်တာတွေ (အခြေခံအဆင့်)၊ စျေးနှုန်းတွေ၊ တစ်ခုခုကို စျေးမေးတာမျိုးတွေ၊ ကိုယ်ကြိုက်တဲ့ size or color ကို ရှာပေးဖို့ ပြောတာတွေ စတာတွေကို လေ့လာ practice လုပ်တာပါရှင့်။

City & Town → မြို့ထဲမှာရှိတဲ့ အကြောင်းအရာတွေ အကြောင်းကို ပြောပြတာ ရှင်းပြတာမျိုးတွေ၊ မြို့ထဲက အရာတွေ၊ နေရာတွေရဲ့ အခေါ်အဝေါ်တွေ (ဥပမာ - ဆေးရုံ၊ စာကြည့်တိုက် စသည်) ၊ တည်နေရာတွေ (အရှေ့ဘက်၊ ဘေးဘက် စသည်) တို့တွေပါ။

📍A2 Level မှာ ဆိုရင် -

Life & Routines တွေ → ကိုယ့်ရဲ့ daily routine တွေ အကြောင်းတွေ၊ တခြားသူရဲ့ routine တွေ စတာတွေ။

Hobbies တွေ → အားလပ်ချိန်နဲ့ ဆိုင်တဲ့ အကြောင်းအရာတွေ၊ ဝါသနာတွေ အကြောင်းတွေ စတာတွေပါ။

Hopes & Plans → ကိုယ့်ရဲ့ အနာဂတ် အစီအစဥ်တွေ၊ ကိုယ်ဖြစ်ချင်တာ လုပ်ချင်တဲ့ အကြောင်းအရာတွေ၊ မျှော်လင့်ချက်တွေ စတာတွေကို ပြောပြ ရှင်းပြနိုင်တဲ့ grammar pattern (အသုံးပြုပုံတွေ) နဲ့ vocabulary တွေ။

Travel & Transportation နဲ့ ဆိုင်တာတွေ → ကားနဲ့ ခရီးသွားတာ၊ ရထား၊ လေယာဥ် အစရှိသည် … အဲ့ဒါတွေနဲ့ ဆိုင်တဲ့ vocabulary တွေ။

Events & Holidays → ပွဲလမ်းသဘင်တွေ၊ အားလပ်ရက်နဲ့ ပတ်သတ် စပ်ဆိုင်တဲ့ အကြောင်းအရာတွေ။

Health & Body parts → ကိုယ်လက်အစိတ်အပိုင်းတွေရဲ့ အခေါ်အဝေါ်တွေ၊ အခြေခံ ကျန်းမာရေး ပြဿနာတွေ၊ ရောဂါတွေ အကြောင်းတွေ၊ ဆေးရုံ ဆေးခန်းသွားတဲ့အခါ ပြောဆိုဆက်ဆံကြရတဲ့ အသုံးအနှုန်း အပြောအဆိုတွေ စတာတွေပါ။

Weather → ရာသီဥတု အခြေအနေနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ၊ vocabulary တွေပါ။

👉အဲ့တော့ self-study သမားတွေ အနေနဲ့ ဒီ topic တွေနဲ့တွဲပြီး ချိတ်ဆက်ပြီး လေ့လာသွားရင် Vocabulary ဆိုတာ တခါထဲ လေ့ကျင့်ပြီးသား ဖြစ်သွားပြီး လက်တွေ့ဘဝ (daily life) မှာလဲ အသုံးဝင် အသုံးချလို့ အရမ်းအဆင်ပြေ ခရီးပေါက်ပါတယ်ရှင်။

📚တကယ်လို့ self-study လုပ်ရတာ အဆင်မပြေလို့ စနစ်တကျနဲ့ သေချာ အနီးကပ် coach လုပ်ပြီး လေ့ကျင့်ပေးမယ့်သူလိုအပ်ရင်တော့ SSMR ရဲ့ English A1 နဲ့ A2 zoom အတန်းလေးတွေမှာ join လို့ရပါတယ်ရှင်။ ဒီလာမယ့် September လမှာ A1 level အတန်း (group class) နဲ့ A2 level (group class) အတန်းလေးတွေ စဖွင့်ဖို့ရှိပါတယ်။ အပေါ်က ပြောထားတဲ့ topic တွေအကုန်လုံးနဲ့ Text book English နဲ့ Real-life English (၂) ခုကြားက connection (ချိတ်ဆက်မိအောင်) မိအောင်လို့ Grammar စည်းမျဥ်းတွေကို သဘောတရား (concept) ကို မိအောင်ဘဲ လုပ်ပြီး practice ကို topic based ပုံစံနဲ့ လေ့ကျင့်ပေးပါတယ်ရှင်။

Learning approach :
Grammar ==> 30 %
Speaking ==> 40 %
Listening & Reading ==> 20%
Writing ==> 10%

ဒီလိုပုံစံနဲ့ 4 Skills လုံး cover ဖြစ်ပြီး speaking ပိုသွက်အောင် သွားပေးပါတယ်။

🍀English A1 Level (group class) → Mon & Tue (7 pm - 8 : 30 pm), 3 months

သင်တန်းကြေး - 75,000 MMK (အပြီးအစီး ၃လစာ), September 7 ရက်နေ့စပါမယ်။

🍀English A2 Level (group class) → Sat & Sun (10: 30 am - 12 : 00 pm), 3 months

သင်တန်းကြေး - 75,000 MMK (အပြီးအစီး ၃လစာ) September ၁၂ ရက်နေ့စပါမယ်။

🧡class တစ်ခုကို (၁၀) ယောက်အထိဘဲ သတ်မှတ်ထားပါတယ်ရှင်။ သေသေချာချာ အချိန်ပေးပြီး လုပ်ပေးနိုင်အောင်လို့ပါ။

သင်တန်းကြေးကို လုံးဝမျှတတဲ့ amount တစ်ခုနဲ့ လူတိုင်းနီးပါး အဆင်ပြေအောင်လို့ရယ်၊ SSMR ကနေ လာမယ့် 2026 last quarter မှာ community development အစီအစဥ်လေးတွေ လုပ်ဖို့ရှိလို့ Fund raise လုပ်တာရယ်၊ ဒီ (၂) ချက်အတွက် fair & proper fees စီစဥ်ထားတာပါရှင်။ သင်တန်းကြေး မများပေမယ့် quality မနဲဘူးဆိုတာကို အာမခံပါတယ် 🫶

သင်တန်းအကြောင်းအသေးစိတ်နဲ့ စာရင်းပေးဖို့ဆိုရင် page messenger (chat box) မှာ လာပြောပေးပါနော်ရှင့်။

NGO . INGO, UN တွေမှာဖြစ်ဖြစ်၊ CSO တွေ Social Enterprise တွေမှာဘဲ ဖြစ်စေ .. social impact sector ထဲက ဘယ်လုပ်ငန်းတွေမှာမဆ...
26/08/2026

NGO . INGO, UN တွေမှာဖြစ်ဖြစ်၊ CSO တွေ Social Enterprise တွေမှာဘဲ ဖြစ်စေ .. social impact sector ထဲက ဘယ်လုပ်ငန်းတွေမှာမဆို Financial Management ကလဲ အဓိက အရေးကြီးတဲ့ category တစ်ခုဖြစ်ပြီး မရှိမဖြစ်လိုအပ်ပါတယ်။

Cooperate Finance နဲ့ non-profit finance မှာ ကွာခြားချက်တွေ ရှိတာကတော့ finance professional တိုင်း သိပြီးသားမို့လို့ အကျယ်တဝင့် မပြောတော့ပါဘူးနော်။ Non-profit finance အတွက် အခြေခံ ကနေစပြီး လေ့လာလို့ရနိုင်မယ့် free course လေးတွေ မျှဝေလိုက်ပါတယ်ရှင်. ... (အခုမှ စပြီး non-profit sector/ social impact sector ကို လေ့လာ၊ စိတ်ဝင်စားကြတဲ့ လူငယ်တွေအတွက်ပါ) ။

non-profit finance နဲ့ ပတ်သတ်တာတွေ၊ ဘယ်လို လုပ်ငန်းစဥ်တွေလဲ၊ ဘာတွေ သိထးဖို့လိုလဲ?

non-profit finance ဆိုတာ ဘာလဲ? ဘာတွေ လုပ်ရတာလဲ?

ဆိုတာတွေကို အခြေခံကနေ စပြီး အခမဲ့ (free) လေ့လာလို့ရတဲ့ beginner level and experience level တွေအတွက်

1) Fundamentals of Financial Management
https://kayaconnect.org/enrol/index.php?id=2201

2) Finance for Non-Financial Managers
https://kayaconnect.org/enrol/index.php?id=384

3) Nonprofit Financial Management Webinars
https://nff.org/resource/nonprofit-financial-management-webinars/ -budgeting

No.3 ကတော့ webinar ပါ။ certificate မရနိုင်ပေမယ့် learning လုပ်ရမယ့် အချက်တွေ အများကြီးပါပါတယ်နော်။

Learning မှာ certificate က အ‌ရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပေမယ့်၊ certificate မရပေမယ့် ကိုယ့်အတွက် knowledge & skills တွေကို level-up စေမယ့် learning method တွေကလဲ အရမ်းကို အရေးကြီးပါတယ်ရှင်။ အဲ့ဒါကြောင့်မို့လို့ certificate focus သီးသန့်မဟုတ်ဘဲ skillful & qualify approach နဲ့ မျှပြီး သွားကြဖို့ အကြံပေးပါရစေရှင့် 🙏

Free course လေးတွေပါ၊ certificate လဲ ရပါတယ်ရှင်။ သက်ဆိုင်ရာ learning website လေးတွေမှာ အကောင့်လေးတွေ create လုပ်ပြီး အင်တာနက်၊ ဖုန်း (သို့) laptop ရှိတာနဲ့ ကြိုက်တဲ့ နေရာမှာ လေ့လာနိုင်တဲ့ self paced course လေးတွေပါ။
try ကြည့်ကြပါနော်။

24/08/2026

နေ့စဉ်သုံး English စကားပြောမှာ " အဆင်ပြေလား " ဆိုတာကို အခြေအနေပေါ်မူတည်ပြီး ပုံစံ အမျိုးမျိုးနဲ့ ပြောလို့ / မေးလို့ ရပါတယ်ရှင့်

အများဆုံး အသုံးများတဲ့ ပုံစံ (၅) မျိုးကို လေ့ကျင့် ကြည့်ကြမယ်နော် 😊

English language အသုံးအနှုန်များ၊ vocabulary များနှင့် grammar knowledge sharing short videoလေးတွေကို Monday , Tuesday and Thursday နေ့တွေမှာ ပုံမှန်လေး တင်သွားပါမယ်ရှင် 🥰

🌐💻Remote job လေးတွေ share ပေးလိုက်ပါတယ်ရှင့် .... Myanmar based လုပ်ရမယ့် WFH job တွေရော ၊ Work from Anywhere Job တွေရော...
21/08/2026

🌐💻Remote job လေးတွေ share ပေးလိုက်ပါတယ်ရှင့် ....

Myanmar based လုပ်ရမယ့် WFH job တွေရော ၊ Work from Anywhere Job တွေရော ပါပါတယ်နော် ... (INGO job တွေက No. 7 ကနေ စလို့ ပုံလေးတွေကို အဆုံးထိ ကြည့်ကြည့်ပါနော်ရှင့် 👈😊)

အပတ်စဉ် သောကြာနေ့တိုင်း (every Friday) မှာ " The Open Door Weekly Newsletter by SSMR " လေး တင်ပေးပါတယ်ရှင့် 💌

👉မြန်မာလူငယ်တွေအတွက် ကောင်းမယ်၊ သင့်တော်မယ် ယူဆရတဲ့ အလုပ်လေးတွေကို ရှာဖွေ၊ စုစည်းပြီး မျှဝေတာပါရှင့် .. global trending job type တွေ၊ အခွင့်အလမ်းတွေ၊ ဘယ်လိုနေရာမှာ global remote အလုပ်ကောင်းတွေ ရှာလို့ရနိုင်လဲ ဆိုတာတွေကို မျှဝေချင်တဲ့ ရည်ရွယ်ချက်လေးနဲ့ပါ ။

👉မိမိတို့ လုပ်ချင်တဲ့ career မျိုးတွေက ဘယ်လို requirement တွေ တောင်းလေ့ရှိကြလဲ၊ ဘယ်လို skills တွေ ရှိဖို့လိုအပ်မလဲ ဆိုတာတွေကိုပါ လေ့လာ ပြင်ဆင်ထားနိုင်ကြဖို့ အတွက်ကိုလဲ ရည်ရွယ်ပြီး အပတ်စဥ် မျှဝေခြင်းပါရှင် .. (remote job ကို အခုမှ စချင်ကြတဲ့ သူတွေ အတွက်ပါ)

📌SSMR က တိုက်ရိုက်ခေါ်တဲ့ အလုပ်တွေ မဟုတ်လို့ post တစ်ခုချင်းစီရဲ့ အောက်က comment တွေမှာ ချပေးထားတဲ့ link တွေကနေ တဆင့် သက်ဆိုင်ရာ company (သို့မဟုတ်) organization များကို တိုက်ရိုက် အလုပ်လျှောက်ရပါမယ်နော်ရှင့် ☺️

Skills Stream Myanmar -SSMR page လေးကို follow & see first လေး လုပ်ထားမယ်ဆိုရင် Update လေးတွေကို အမြန်ဆုံး သိရပြီး deadline မကျော်ခင် vacancies လေးတွေ အစောဆုံး try ကြည့်လို့ရတယ်ရယ် 🫶

⛔ အလုပ်လျှောက်လွှာတင်တဲ့ အခါမှာ payment တောင်းတာမျိုးတွေ၊ bank account information တွေ တောင်းလာတာမျိုးတွေ ရှိလာခဲ့ရင်တော့ scammer (အတုအလိမ်အညာ‌) တွေဖြစ်တတ်ပါတယ်နော်။ တကယ့် company အစစ်အမှန်တွေက တောင်းလေ့မရှိတတ်ပါဘူးရှင့်။ အတတ်နိုင်ဆုံး အထပ်ထပ် ဖတ်ပြီး စိတ်ချရမယ်ထင်တာလေးတွေကို ရွေးထားပေးပေမယ့် Global remote job လောကမှာ scammer တွေလဲ ရှိတတ်တာမို့လို့ အပေါ်က ပြောထားသလိုမျိုး တောင်းလာတာမျိုးတွေ မတော်တဆ ကြုံလာခဲ့ရရင် ရှောင်နိုင်ကြဖို့ကိုလဲ အကြံပေးပါရစေရှင့် 🙏

အခွင့်အလမ်းအသစ်တွေကို မြင်ရဖို့ ၊ ရယူပိုင်ဆိုင်နိုင်ဖို့ တံခါးတွေ ဖွင့်ကြရအောင်နော် 🤜🤛

အားလုံးဘဲ ဘေးကင်းလုံခြုံတဲ့ weekend လေး ဖြစ်ကြပါစေ ... Good luck & happy Friday ! 🍀

Address

Vilnius

Alerts

Be the first to know and let us send you an email when Skills Stream Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share