Hteik Htar Bagan Cotton Fabric

Hteik Htar Bagan Cotton Fabric Welcome to official page of HTEIK HTAR Cotton Fabric, Wholesale & Retail Shop.

🙏❤️ Warmly Welcome To BAGAN ❤️🙏လွန်ခဲ့သော 7 နှစ်‌က ဒီလိုအချိန် မြင်ကွင်းလေးထိုစဉ်ကတော့ " ရွှေဆံတော်၊ ပြဿဒ်ကြီး၊ ရွှေဂူကြ...
03/09/2023

🙏❤️ Warmly Welcome To BAGAN ❤️🙏

လွန်ခဲ့သော 7 နှစ်‌က ဒီလိုအချိန် မြင်ကွင်းလေး

ထိုစဉ်ကတော့ " ရွှေဆံတော်၊ ပြဿဒ်ကြီး၊ ရွှေဂူကြီး၊ ရွှေလိပ်တူး၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ သစ္စာဝတီ၊ မင်္ဂလာစေတီ၊ ဗူးလည်သီး " အစရှိသည့် ဘုရားများပေါ်မှာ တက်ရောက်၍ ကမ္ဘာကျော် အလှတရားများ တွေ့ြမင်ခံစားနိူင်တဲ့ ပုဂံရဲ့နေဝင်ဆည်းဆာချိန်နဲ့ နေထွက်ချိန်‌ေတွကို ပြည်တွင်း/ပြည်ပ ခရီးသွားများက ကြည့်ရှု့ခဲ့ကြပါတယ် ..

၂၀၁၆ ခုနှစ်၊ ဩဂုတ်လ၊ ၂၄ ရက်၊ ညနေ ၅ နာရီဝန်းကျင်မှာ ြပင်းအား ၆.၈ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပုဂံရှိ သမိုင်းဝင် အဆောက်အအုံ ၄၀၀ ခန့် ပျက်စီးခဲ့ချိန်မှစ၍ ပုဂံဘုရားများပေါ်မှာ တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့သည်မှာ ယနေ့ချိန်ထိတိုင်ပါပဲ ...

ထိပ်ထား - Bagan Cotton Fabric

#ထိပ်ထားချည်ထည်

Restock | Henley Neck Cotton Shirt ပုဂံမှာ "ကြယ်သီးသုံးလုံး ချည်သားရှပ်အင်္ကျီ" ဟူ၍ လူသိများ‌‌သော မင်မင်တို့ရဲ့significa...
27/08/2023

Restock | Henley Neck Cotton Shirt

ပုဂံမှာ "ကြယ်သီးသုံးလုံး ချည်သားရှပ်အင်္ကျီ" ဟူ၍ လူသိများ‌‌သော မင်မင်တို့ရဲ့significant အဖြစ်ဆုံးချည်နဲ့ ချုပ်လုပ်ထားတဲ့ Henley ရှပ်အင်္ကျီ ပြန်လည်ရရှိေနပါပြီ။

Henley ရှပ်အင်္ကျီဟာ ချည်နှင့်လီနင် အချိုးကျစွာပါဝင်မှုကြောင့် ဝတ်ဆင်တဲ့အခါမှာ ပေါ့ပေါ့ပါးပါးနှင့် သက်‌ေတာင့်သက်သာရှိပြီး အစိုဓာတ်ကိုလဲထိန်း‌ေပးပါတယ်။

ပေါ့ပါးေအးမြမှုကြောင့် အိမ်၊ အလုပ်၊ ကျောင်း၊ ပါတီ နှင့် ကမ်းေြခ အစရှိသဖြင့် နေရာတော်တော်များများမှာ ဝတ်ဆင်ရန်အတွက် ပြီးပြည့်စံုပါတယ်။

"Henley Neck Cotton Shirt" ကြယ်သီးသုံးလုံးရှပ်အင်္ကျီ

Sizes : Small, Medium, Large, Extra large
Materials : HteikHtar Origin Cotton
Color : White
Contact Us : 09402571105


#ထိပ်ထားချည်ထည်

ညောင်ရမ်းခေတ်က Textileလွန်ခဲ့တဲ့ အနှစ်လေးရာကျော်ခန့် မြန်မာ‌ေပြညောင်ရမ်းခေတ်က အဝတ်အထည်/ အစတစ်စကို မြင်ရရင်၊ ကိုင်ကြည့်ရရ...
08/08/2023

ညောင်ရမ်းခေတ်က Textile

လွန်ခဲ့တဲ့ အနှစ်လေးရာကျော်ခန့် မြန်မာ‌ေပြညောင်ရမ်းခေတ်က အဝတ်အထည်/ အစတစ်စကို မြင်ရရင်၊ ကိုင်ကြည့်ရရင် စိတ်ထဲဘယ်လိုများခံစားရမလဲ?
ညောင်ရမ်းခေတ်ကို ပြန်ရောက်သွားသလိုမျိုးလား?

ဟုတ်တယ်၊ စိတ်ဝင်စားဖို့ကောင်းတယ်။
ဒီ Textile Design က ညောင်ရမ်းခေတ် နံရံပန်းချီတွေထဲက အတိုင်းပါပဲ။

အမရပူရနဲ့ ရတနာပုံခေတ်တွေမှ ခေတ်စားလာမည့် လွန်းရာကျ ပိုးအချိတ်တွေဖြစ်လာမယ့် ကနဦးပြောင်းလဲမှုဖြစ်စဥ်ထဲက အနုပညာပစ္စည်းတွေဖြစ်ပါတယ်။

အရွက်အခက်ကြီးကြီးတွေကို လက်နဲ့ရေးထားတယ်။
တနည်းအားြဖင့် ပန်းချီကား‌ေတွလိုပါပဲ၊ ပိတ်စပေါ်မှာ ရေးထားတာဆိုတော့ မြန်မာတွေမညံ့ဘူးဆိုတာမျိူးပေါ့လေ။ သူ့ခေတ်နဲ့သူ သူဒီဇိုင်းနဲ့သူ ခေတ်အလိုက်ရှိနေခဲ့ကြတာ။

ဆရာကြီးဦးဝင်းမောင်(တမ္ပဝတီ)၏ စုဆောင်းမှုကြောင့် အနှစ်လေးရာကျော်က Textile ကိုကြည့်ခွင့်ရခဲ့ပါတယ်။

ညောင်ရမ်းခေတ်လောက္မပြောနဲ့ အနီးစပ်ဆုံး သီပေါမင်းခေတ်လောက်က Textile မျိုးတောင် နမူနာကြည့်စရာက ယနေ့အချိန်မှာ မြင်ရဖို့ခက်ခဲသွားပြီ။ နေ့စဥ်သုံးပစ္စည်းဖြစ်တာ၊ စုတ်လွယ်ပြဲလွယ်တာနဲ့ အဝတ်အထည်ကို တန်ဖိုးထားရကောင်းမှန်းမသိတာလည်းပါတာပေါ့လေ။

အခုပုံထဲက ညောင်ရမ်းခေတ် Textile ကတော့
အလွန်ကို တွေ့ဖို့ခက်ခဲတဲ့ ရှားပါးပစ္စည်းမျိူးပါပဲ။

Hteik Htar-ထိပ်ထား ပုဂံချည်ထည်ပင်ရင်း


#ထိပ်ထား_ပုဂံလက်ဆောင်ချည်ထည်ပင်ရင်း
#ညောင်ရမ်းခေတ်ကTextile

ရက်ကန်းသံတွေနဲ့ တစ်ချိန်ကအညာနွေရက်ကန်းရက်ရတယ်ဆိုတာ "ကျူပင်ကြို ကျူပင်ကြား၊ လောင်းကလေးနဲ့သွား" ဆိုသလိုပဲ၊ ရှုပ်ထွေးတဲ့ချည...
04/08/2023

ရက်ကန်းသံတွေနဲ့ တစ်ချိန်ကအညာနွေ

ရက်ကန်းရက်ရတယ်ဆိုတာ "ကျူပင်ကြို ကျူပင်ကြား၊ လောင်းကလေးနဲ့သွား" ဆိုသလိုပဲ၊ ရှုပ်ထွေးတဲ့ချည်တွေကြားမှာ လွန်းကလေးကို ဘယ်ညာပြန် သွားရတာ မလွယ်လှပါဘူး။ လွန်ခဲ့တဲ့ဆယ်စုနစ် သုံးစုတွေဆီ ပြန်ကြည့်လိုက်တော့ ယနေ့‌ေခတ်လို အဝတ်အထည်တွေ မပေါများလှပေဘူး။ အညာမှာဆို ကိုယ်တိုင်ဝတ်ဖို့ ဝါကိုကိုယ်တိုင်စိုက် ရက်ကန်းကို ကိုယ်တိုင်ရက်ရတာပါ။ ဝါကိုသီးညုပ်အနေနဲ့ တခြားအပင်တွေကြားမှာ စိုက်ပျိုးကြပါတယ်။ဆောင်းကုန်လက်ကျန် နှင်းငွေ့နဲ့အတူ ဝါပင်တွေ ဖြိုင်ဖြိုင်ပွင့်ချိန် အစိမ်းရောင် ဝါရွက်တွေကြား ဖြူဖွေးဖွေးဝါပွင့်တွေက အညာနွေပူကိုအံတုကာ ဖွေးဖွေးလှုပ်ပွင့်‌ေနကြပါတယ်။

ဟိုတချိန်က အညာရဲ့အစဉ်လာတစ်ခုလို အညာမှာတော့ ဒီအချိန်ရောက်ရင်တစ်နှစ်တာအလုပ်တွေ သိမ်းပြီကြကုန်ပြီ။ နွေဦးရောက်တာနဲ့ အဝတ်အထည်တွေ ရက်ဖို့ပြင်ကြပြီ။ မနက်လင်းတာနဲ့ ဝါကောက်ထွက်ကြ နေမပူခင်ပြန်လာ၊ ကောက်လာတဲ့ဝါတွေ နေပူလှန်းအစေ့ထုတ် ဗိုင်းထောင့်လုပ် ချည်ငင်၊ ဆေးဆို ကိုယ်တိုင်ဘဲ လုပ်ကြတာလေ၊ နေ့လည်နေ့ခင်းဆို ရက်ကန်းသံ တညံညံ၊ ယောထဘီ၊ ပုဆိုး၊ စောင်၊ ဖျင်စ ရက်ကြတာကအိမ်တိုင်းလိုလို၊ မိုးမကျခင်အထိ နေပူခံ၊ အပြင်းပြေအနေနဲ့ ရက်ကန်းရက်ကြတာ အညာရဲ့အစဉ်အလာ ဓလေ့တစ်ခုလိုပါပဲ၊ ပခုက္ကူ စောင်၊ချည်ထည် ဆိုတာတွေက အညာဒေသရဲ့အမှတ်သားတစ်ခုပါ။ ပခုက္ကူမြို့ပေါ်မှာဆိုလည်း ရက်ကန်းရုံ၊ ရက်ကန်းအသင်းအဖွဲအစည်း‌ေတွစည်စည်ကားကားပေါ့။ အိမ်တိုင်းလိုလို အိမ်ရှေ့မှာ ချည်တွေ လှန်းထားတက်ကြသလို ရက်ကန်းစင်တစ်စင်တော့ အိမ်တိုင်းလိုလိုရှိတတ်ကြပါတယ်။

ခေတ်စနစ်ကြပ်တည်းမူ၊ ဖိနှိပ်မူတွေကြားမှာ စားဝတ်နေရေးအတွက် ရက်ကန်းလုပ်ငန်းက တစ်ထောင့်တစ်နေရာက ကူညီပေးတာ ကြာခဲ့ပါပြီ၊ ဆယ်စုနှစ်နှစ်စု သုံးစု အကြာက အညာနွေနေ့ခင်းတွေဟာ ယခုနဲ့တော့ မတူညီတော့ပြီလေ၊ အဟောင်းတွေ ပျက်ပြီး အသစ်တွေဖြစ်လာတာ လောကသဘာဝမို့ ဓလေ့၊ ထုံးတမ်းစဉ်လာတွေ ပြောက်ကွယ်သွားကြတာလည်း အမှန်ပါဘဲ။

Hteik Htar-ထိပ်ထား ပုဂံချည်ထည်ပင်ရင်း


#ထိပ်ထား_ပုဂံလက်ဆောင်ချည်ထည်ပင်ရင်း
#ရက်ကန်းသံတွေနဲ့တစ်ချိန်ကအညာနွေ

🙏Happy Full Moon Day of Waso! "သန္ဓေ ၊ တောထွက် ၊ ဓမ္မစက် မိန့်မြွက်သံချို လဝါဆို"   မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဩဂုတ်လ (၁...
01/08/2023

🙏Happy Full Moon Day of Waso!

"သန္ဓေ ၊ တောထွက် ၊ ဓမ္မစက်
မိန့်မြွက်သံချို လဝါဆို"

မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဩဂုတ်လ (၁)ရက် အင်္ဂါနေ့တွင်ကျရောက်သော ဗုဒ္ဓဘာသာဝင်တို့ အထွဋ်မြတ်ထားရာ ဓမ္မစကြာအခါတော်နေ့ (ဝါဆိုလပြည့်နေ့)တွင် စိတ်၏ချမ်းသာခြင်း ၊ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း "ထိပ်ထား ပုဂံလက်ဆောင် ချည်ထည်-ပင်ရင်း" မိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။🙏🙏🙏

#ထိပ်ထား_ပုဂံလက်ဆောင်ချည်ထည်_ပင်ရင်း

အဝါရောင်လေးနဲ့ မြန်မာ့နှစ်သစ်ကူးကိုကြိုမယ်နော်အော်ဒါတင်ထားတဲ့ ချစ်တို့အတွက် အလုပ်လေးပိုကြိုးစားလုပ်ပေးနေတယ်နော် ကျေးဇူးအ...
18/03/2022

အဝါရောင်လေးနဲ့ မြန်မာ့နှစ်သစ်ကူးကိုကြိုမယ်နော်
အော်ဒါတင်ထားတဲ့ ချစ်တို့အတွက် အလုပ်လေးပိုကြိုးစားလုပ်ပေးနေတယ်နော် ကျေးဇူးအထူးအထူးပါ ချစ်တို့ရေ 🙏🙏🙏

ထိပ်ထား ပုဂံလက်ဆောင်ချည်ထည်ပင်ရင်းအရောင်းဆိုင်
09 402571105
09 796688113

***Hteik Htar 😍ထိပ်ထား****

အော်ဒါတင်ထားတဲ့ ညီမလေးများ ပို့ပီနော်
02/12/2021

အော်ဒါတင်ထားတဲ့ ညီမလေးများ ပို့ပီနော်

ဆောင်းရဲ့ အအေးဓာတ်လေးတွေ လာတော့မယ်ရောဂါတွေလည်း ပျောက်ကင်းပါတော့လေမိုးပျံ ဘူဘောင်းလေးတွေစီးပြီး ပုဂံ ရဲ့ အလှတရားကို ခံစား...
24/10/2020

ဆောင်းရဲ့ အအေးဓာတ်လေးတွေ လာတော့မယ်
ရောဂါတွေလည်း ပျောက်ကင်းပါတော့လေ
မိုးပျံ ဘူဘောင်းလေးတွေစီးပြီး
ပုဂံ ရဲ့ အလှတရားကို ခံစားချင်နေပါပြီ😘😘

Photo crd:

😍ရောင်စုံကာလာလေးတွေနဲ့ လန်းလန်းလေးဝတ်ဆင်ပြီး stay  at home နေကြည့်တဲ့အခါ😍😍 ချည်သားလေးရဲ့ အေးမြမှုက 🎤နင်မြင်ရင်ကြွေသွားမယ်...
22/05/2020

😍ရောင်စုံကာလာလေးတွေနဲ့ လန်းလန်းလေးဝတ်ဆင်ပြီး stay at home နေကြည့်တဲ့အခါ😍
😍 ချည်သားလေးရဲ့ အေးမြမှုက 🎤နင်မြင်ရင်ကြွေသွားမယ်တဲ့ကွာ🎤
ကဲအမှန်တကယ် ကြွေသွားဖို့ ထိပ်ထား ချည်ထည်ပင်ရင်းသို့ လှမ်းခဲ့ပါနော်😍😍

💯 ချည်သားစစ်စစ်အဖြူလေးကိုဝတ်ဆင်ပြီးသန့်သန့်လေးခန့်သွားချင်ရင် ထိပ်ထားချည်ထည်ပင်ရင်းမှာ လာရောက်ဝယ်ယူအားပေးနိုင်ပါသည်ရှင့်...
21/05/2020

💯 ချည်သားစစ်စစ်အဖြူလေးကိုဝတ်ဆင်ပြီးသန့်သန့်လေးခန့်သွားချင်ရင် ထိပ်ထားချည်ထည်ပင်ရင်းမှာ လာရောက်ဝယ်ယူအားပေးနိုင်ပါသည်ရှင့်😍
👕ပြန်လည်ရောင်းချလိုသူများအတွက် လက်ကားဈေး သီးသန့်ရှိပါတယ်ရှင့်😍
☎️09-402571105 Viber
☎️09-796688113
😍Order to cb😘

သားသားမီးမီးလေးတို့ အတွက် ကလေးဝတ်ဆိုဒ်စုံလည်း အခုလိုအမှတ်တရစာတန်းလေး ရိုက်ပေးထားရတယ်
28/09/2019

သားသားမီးမီးလေးတို့ အတွက် ကလေးဝတ်ဆိုဒ်စုံလည်း အခုလိုအမှတ်တရစာတန်းလေး ရိုက်ပေးထားရတယ်

Address

Bagan

Alerts

Be the first to know and let us send you an email when Hteik Htar Bagan Cotton Fabric posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hteik Htar Bagan Cotton Fabric:

Share