YKT Family

YKT Family 😊နွေးထွေးစွာ ကြိုဆိုပါတယ်ရှင်😊

မြေကို လျှို့ဝှက်ပြီး ဝယ်ပါ။ အိမ်ကို တိတ်တိတ်ဆိတ်ဆိတ် ဆောက်ပါ။ ပြီးတော့မှ အိမ်တက်ပွဲကို လူသိရှင်ကြား ကျင်းပလိုက်ပါ။ တိတ်...
24/10/2024

မြေကို လျှို့ဝှက်ပြီး ဝယ်ပါ။ အိမ်ကို တိတ်တိတ်ဆိတ်ဆိတ် ဆောက်ပါ။ ပြီးတော့မှ အိမ်တက်ပွဲကို လူသိရှင်ကြား ကျင်းပလိုက်ပါ။

တိတ်တိတ်လေး ပိုးပန်းပါ။ နှစ်ကိုယ်ကြား လက်ထပ်ခွင့် တောင်းပါ။ ပြီးမှ မင်္ဂလာဆောင်ကို လူအများရှေ့မှာ ဆင်နွှဲလိုက်ပါ။

သင့်ကို မနှစ်မြို့တဲ့သူတွေကို သင့်ရဲ့ လက်တွေ့ဘဝကိုပဲ မြင်ခွင့်ပေး။ သင့်ရဲ့ ရည်မှန်းချက်တွေကို မမြင်စေနဲ့။

စစ်တုရင်ကစားတဲ့အခါ စကားမပြောဘူး။ လက်တွေ့ အကွက်ရွှေ့တယ်။ စစ်တုရင်ကစားရင်း တစ်ခါပဲ စကားပြောရတယ်။ "ငါ နိုင်ပြီ"လို့ ကြေညာတဲ့အခါပဲ။ ဘဝဆိုတာလည်း စစ်တုရင်လိုပဲ။ သင် ဘာလုပ်မယ်ဆိုတာ တစ်ရွာလုံးသိအောင် ကြိုမပြောနဲ့။ တိတ်တိတ်လေး လုပ်ပါ..


ဗုဒ္ဓရက္ခိတဓမ္ဓဝိဟာရကျောင်း ဓမ္ဓာရုံဘုရားအတွက် ရောင်ခြည်တော်(၁၀၈)ကွက်မီး လှူဖို့ဝယ်ခဲ့ပြီ😊ပိတ်ရက်ကျရင် သွားလှူရတော့မယ် ပ...
15/08/2024

ဗုဒ္ဓရက္ခိတဓမ္ဓဝိဟာရကျောင်း ဓမ္ဓာရုံဘုရားအတွက်

ရောင်ခြည်တော်(၁၀၈)ကွက်မီး လှူဖို့ဝယ်ခဲ့ပြီ😊

ပိတ်ရက်ကျရင် သွားလှူရတော့မယ် ပျော်လိုက်တာ😊

ပထမအကြိမ် ဘုရားခန်းမီးလှူတုန်းက

ရောင်ခြည်တော်မီးကပျက်‌နေတယ်လို့ ပြောကတည်းက

အရမ်းလှူချင်နေခဲ့တာလေး

လှူရတော့မှာမို့ အရမ်းပျော်တယ်😊

ဒီနှစ်(2024)အတွင်းမှာ

ကိုယ်ချွေးနဲစာထဲလေးတွေထဲကနေ

လှူချင်တာတွေ တတ်နိုင်သ‌လောက်

လှူဖြစ်အောင်ကြိုးစားပြီးလှူတယ်🙏

ဘာလေးပဲလှူချင်လှူချင်

စိတ်ချမ်းသာစွာလှူလို့ရ‌အောင်

ကြိုးစားပေးပြီး စိတ်တူကိုယ်တူလှူပြီး

ပါရမီဖြည့်ပေးတဲ့

ကိုကို့ကိုလည်းကျေးဇူးတင်ပါတယ် Ko Ye ❤️

အများကြီးလည်းချစ်ပါတယ်😘

နောက်ကိုလည်း စိတ်တူကိုယ်တူနဲ့စိတ်ထဲရှိသလောက်

အလှူရေစက်လက်နဲ့မကွာလှူနိုင်ပါစေ🙏🙏🙏

ဒီနှစ်ထဲမှာ မှတ်မှတ်ရရ လှူဖြစ်တာ‌လေးတွေပါ🙏🙏🙏

(၁) တောင်ငူမြို့၊ မရှိခဏမဟာဃောသိတာရုံကျောင်း
ကြေးစေတီတည်ရန်အလှူတော်ငွေ -(၁)သိန်းကျပ်🙏

(၂) ကဝမြို့၊ ဘဏ္ဍာကျောင်းတိုက်
ကျောင်းဆောက်ရန်အလှူတော်ငွေ -(၁)သိန်းကျပ်🙏

(၃) ဗုဒ္ဓရက္ခိတဓမ္ဓဝိဟာရကျောင်းဝန်းအတွင်း
လမ်းခင်းရန် အုတ်ကား၁စီးစာ အလှူတော်🙏

(၄) ဗုဒ္ဓရက္ခိတဓမ္ဓဝိဟာရကျောင်း ဓမ္မာရုံ ဘုရားရုပ်ပွား‌တော်ရှေ့ လျှပ်စစ်မီး အလှူတော်🙏

(၅) ဗုဒ္ဓရက္ခိတဓမ္ဓဝိဟာရကျောင်း ဓမ္မာရုံ ဘုရား
ရောင်ခြည်တော်(၁၀၈)ကွက်မီး အလှူတော်🙏

တနင်္ဂနွေနေ့တိုင်း အရုဏ်ဆွမ်းအလှူ🙏နှင့်

အခြားသောအလှူ‌သေးသေးလေးတွေကိုလည်း လှူဖြစ်တယ်🙏

ကိုယ်လှူထားတာလေးတွေ ပြန်တွေးတိုင်း

ကြည်နူးပျော်ရွှင်ရတယ် ဝမ်းသာရတယ်😊

ကျေနပ်ပီတိဖြစ်ရတယ်😊

နောက်ထပ်လှူချင်တာ‌တွေကိုလည်း

စိတ်ရှိတိုင်း စိတ်ရှိသလောက်

လှူဒါန်းနိုင်သောသူဖြစ်ရပါစေ🙏🙏🙏

ပြုပြုသမျှကုသိုလ်ကောင်းမှု့တို့ကို

အားလုံးသော လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါအားလုံးတို့အား အမျှကုသိုလ်ပေးဝေငှပါ၏🙏
ပေးဝေသော အမျှကိုရ၍ ဤကောင်းမှု၏အကျိုးကို ထပ်တူထပ်မျှရကြရ၍ ဝမ်းမြောက်အနုမော် သာဓု ခေါ်နိုင်ကြပါစေ🙏🙏🙏
အမျှ----အမျှ----အမျှ
ယူတော်မူကြပါကုန်လော့-----------🙏🙏🙏🙏🙏

***ပုံလေးတွေကတော့
မှတ်တမ်းသိမ်းထားမိသလောက်လေးပါ***

29/07/2024

#လူလိမ်တွေအတော်ပေါလာပြီ🤧🤧🤧

#ပုံစံမျိုးစုံနဲ့အားလုံးသတိထားကြပါရှင်



ဒီနေ့ မနက် အ​ဖြစ်အပျက်လေးတခု

အသက်၅၀ဝန်းကျင် လူကြီးတယောက်အိမ်ရှေ့လာပြီး
ဆိုင်ကယ် ဟွန်းတီးတာ တရစပ်မို့ ထွက်ကြည့်မိတော့
လူကြီးတယောက် ဆိုင်ကယ်နဲ့ အိမ်ရှေ့မှာ ရပ်နေပြီး
ဇင့်ကိုလဲ မြင်ရော
" နင့်ယောက်ျားရောတဲ့ အလုပ်တွေ အဆင်ပြေလား" ဆိုပြီး စကား စ,လေရဲ့ (သူ့လဲ မမြင်ဖူးတော့ ခြံတံခါးလဲ
မဖွင့်ပေးပဲ အိမ်ထဲကပဲ စကားလှမ်းပြောမိတယ်)

ဇင်က " သူနဲ့တွေ့ချင် ဆိုင်လိုက်သွားပါ " ပြောတော့
" ငါက သူ့ဦးလေးတဲ့ " (အဲ့မှာ စတာပဲ)😁
ခုနက ဆန်အိတ်တင်လာလို့ အပြန်မှ ဝင်မယ်ဆိုပြီး
အခုဝင်နှုတ်ဆက်တာ ငါ့တူရော" တဲ့

" ဦးလေးရေ မှားနေပြီနော် ဇင်တို့က ဒီဖက်က လူတွေ မဟုတ်ဖူး " ပြောတော့
"ငါလဲ ဟိုဖက်ကနေ ဆန်လာပို့တာ
သူ့အဖေ ဖက်က သူ့ဦးလေး အရင်း " တဲ့
(ရှမ်းပြည်ကနေ ဒီရွာအထိ နီးတော့ နီးသား) 🙄🙄🙄

" မှားတော့ မှားနေပြီထင်တယ်" လို့ ပြောတော့
" နင့်ယောက်ျားနာမည်က ဘယ်သူလဲ" တဲ့ မေးပြန်ရော
" ဘိုဘို " ဆိုတော့
" ငါပြောနေတာလဲ ဘိုဘို့ ကိုပဲလေ" တဲ့ 😆😆😆

အာ့နဲ့ ဇင်လဲ "ဟုတ်ကဲ့ ဦးလေးရေ သူနဲ့တွေ့ချင် ဆိုင်သာလိုက်သွားလိုက်နော် " လို့ ပြောလိုက်တော့
သူက စိတ်တွေတိုပြီး " အဆင်ပြေလားမေးဖို့ကို ငါက သူ့ဆိုင်သွားနေရအူးမှာလား" ဆိုပြီး
လူကို ဆူငေါက်သွားလေရဲ့ 😢😢😢

သူလဲ ထွက်သွားရော
" ဘိုဘိုရေ မင်းအဖေရဲ့ညီ မင်းရဲ့ဦးလေးဆိုတဲ့သူ
အိမ်လာသွားတယ်" ဆိုတော့
ဘိုရီးလဲ အံ့သြပြီး " ဟာ ငါ့မှာမှ ဦးလေး မရှိတော့တာ" တဲ့ 😂😂😂

ဆွေမျိုးလို ပုံစံမျိုးနဲ့ ကိုယ်ကသာ အားနာပြီး
ခြံတံခါးဖွင့်ပေး အိမ်ထဲ ဝင်ခွင့်ပေးမိရင် ဆိုပြီး
တနေကုန်လူက လန့်၊ စိတ်တွေပါ အဆင်မပြေဖြစ်တော့တာပဲ

ခေတ်အခါအခြေနေနဲ့
လူစိမ်းတွေ များလာတာမို့
#သတိထားဆင်ခြင်ရအောင် လို့ပါ 😌😌😌

Credit Queyint Naychi

တူပေမဲ့ မတူပါဘူး---------------ရေဘေးအကြောင်း ဂရုစိုက်ဖို့ပြောတော့ နှစ်တိုင်းကြီးနေတာပဲ တဲ့။ရေကြီးတာချင်းတူပေမဲ့ အချိန်ကာ...
27/07/2024

တူပေမဲ့ မတူပါဘူး
---------------

ရေဘေးအကြောင်း ဂရုစိုက်ဖို့ပြောတော့ နှစ်တိုင်းကြီးနေတာပဲ တဲ့။

ရေကြီးတာချင်းတူပေမဲ့ အချိန်ကာလ ကွာခြားမှူ့ကြောင့် သက်ရောက်မှူ့ချင်းမတူပါဘူး။

ဟိုးအရင်နှစ်တွေက ရိုးရိုးရေကြီးတာ အခုနှစ်ပိုင်းတွေက ကပ်သုံးပါးဘေးဆိုက်ချိန်နဲ့ တိုက်ဆိုင်နေလို့ ရေကြီးတာချင်းတူပေမဲ့ အပျက်အစီးချင်းကွာတယ်။

အကုသိုလ်ကံအကျိုးပေးတာချင်တူပေမဲ့ အခုအချိန်မှာ အကုသိုလ်အကျိုးပေးက ပိုကြီးသလို အပျက်အစီးလည်းပိုများတယ်။

ဟိုးအရင်က ရေကြီးရင် ကယ်မဲ့လူတွေသွားကယ်လို့ရတယ် ကယ်လည်းကယ်ခဲ့ကြလို့ သက်သာရာ ရခဲ့ကြတယ်၊ အခုအချိန်မှာရေကြီးတာက ကယ်မဲ့သူတွေပါဒုက္ခရောက်နေကြလို့ ထင်သလောက်ကယ်လို့မရဘူး။

လူသားတိုင်းတူညီတဲ့အကုသိုလ်ကံတွေ အကျိုးပေးနေလို့ တောင်မင်းမြောက်မင်းမကယ်နိုင်တဲ့ဘဝတွေပါပဲ။

ဒါတွေဟာ ရေကြီးတာချင်းတူပေမဲ့ ကွာခြားတဲ့ ကွာခြားမှူ့တွေပါပဲ။

ကပ်သုံးပါးဘေးကြောင့် လူတွေအသေအပျောက်ပိုများမယ် အမနုဿဘေး ကြောင့်လည်း အနိဋ္ဌာရုံတွေ ပိုများမယ်၊ ဒါတွေကဟ်ုးအရင်နှစ်တွေ ရေကြီးတာနဲ့မတူတဲ့ အချက်တွေပါပဲ။

လေ့လာကြည့်လိုက်ပါ ဒီနှစ်ရေကြီးတာတွေက နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ တပြိုင်နက်တည်းဖြစ်နေတာကို တွေ့ရပါလိမ့်မယ်၊ နိုင်ငံတိုင်း ရောဂါပိုးကြောင့်ဖြစ်တဲ့ ရောဂန္တရကပ် လက်နတ်ဘေးကြောင့်သေတဲ့ သတ္တန္တရကပ်၊ ငတ်မွတ်မှူ့ ဘေးကြောင့်ဖြစ်တဲ့ ဒုဗ္ဗိဂန္တရကပ် အဲဒီကပ်သုံးပါးဟာ တကမ္ဘာလုံးကို တပြိုင်နက်တည်းဖြစ်နေတာပါ။

အကုသိုလ်အကျိုးပေးတွေကြီးမားကြလို့ အပျက်အစီးတွေပိုများတာတွေ သူ့ကိုယ်ကယ်မရ ကိုယ့်သူကယ်မရတာတွေ ကြုံတွေ့နေကြရတာ အားလုံးအသိပါပဲ။

ဒါ့ကြောင့် အရင်နှစ်တွေထက် အစစအရာရာ ပိုပြီးဂရုစိုက်ကြပါလို့ သတိပေးပါရစေ။

သတိအားနည်းသူတွေ ပိုခံကြရပါလိမ့်မယ်။

းမြင့်ခိုင်

pls-copy&share

27-7-2024 မနက်ပိုင်းပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်     -  ၈၈၀ ပေရောက်ရှိရေမှတ် - ၉၂၀ပေအားလုံးဘေးကင်းကြပါစေ🙏🙏🙏
27/07/2024

27-7-2024 မနက်ပိုင်း

ပဲခူးမြစ်ရေ

စိုးရိမ်ရေမှတ် - ၈၈၀ ပေ

ရောက်ရှိရေမှတ် - ၉၂၀ပေ

အားလုံးဘေးကင်းကြပါစေ🙏🙏🙏

သိဖို့
20/06/2024

သိဖို့

20/06/2024
"ကိုယ့်ကိုယ်ကို ဆုံးမခြင်း"*************************အချိန်သည်လည်း အကုန်မြန်၏။လူတို့သည်လည်း အပြောင်းအလဲမြန်၏။စိတ်တို့သည်လ...
21/04/2024

"ကိုယ့်ကိုယ်ကို ဆုံးမခြင်း"
*************************

အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။

Be Strong !!!
ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ
လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့မှာ
လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ်
မင်းအနားမှာ လူတစ်ယောက်
အမြဲရှိနိုင်မှာမဟုတ်ဘူး။

Stay like Independent person !!!
ဘယ်သူကမှ မင်းအတွက်
အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။
ဘယ်သူကမှ မင်းကို အချိန်ပြည့်
ကူညီနေပေးနိုင်မှာမဟုတ်ဘူး။
ဘယ်သူကမှ မင်းကို အချိန်ပြည့်
ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။

Be Active !!!
ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။

Believe Yourself !!!
ကိုယ့်ကိုယ်ကိုယ်ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
အဲ..မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။
ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာရှိတာ ကိုယ်ဆက်လုပ်။

Forget !!!
မေ့ပါ။ အတိတ်ကအရာတွေကိုမေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့)
အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ် မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲ့တဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသားဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။

Stop !!!
မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကိုရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကိုရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။

Have Resistance !!!
လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။

Accept !!!
မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကို လက်ခံပါ။
မင်းဘေးနားက လူတွေကို အရှိကိုအရှိအတိုင်းလက်ခံပါ။

Reject !!!
ငြင်းပါ။
မလုပ်နိုင်တဲ့အရာတစ်ခုအတွက် ငြင်းပါ။
မဖြစ်နိုင်တဲ့ အရာတစ်ခုအတွက် ငြင်းပါ။
စိတ်မပါတဲ့အရာတစ်ခုအတွက် ငြင်းပါ။

Prepare !!!
ပြဿနာတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ပါ။
ဘဝထဲက ဘယ်အရာကိုမဆို စွန့်လွှတ်ဖို့ ပြင်ဆင်ပါ။
ကောင်းတဲ့အရာတွေအတွက် ပြောင်းလဲဖို့ ပြင်ဆင်ပါ။
အခြေအနေပေးရင် ကူညီတတ်ဖို့ ပြင်ဆင်ပါ။

Dont feel so much !!!
တစ်ချိန်ကျရင် ပြောင်းလဲသွားမယ့်အရာတွေချည်းပဲ။
ကိုယ့်ကိုယ်ကိုယ် အပင်ပန်းမခံပါနဲ့။
ကိုယ့်အကြောင်းသိတာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုသနားမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုယ်ကိုယ်ချစ်ပါ (အတ္တကို မဆိုလို)။
ကိုယ့်အကြောင်းကိုယ် စိတ်ဝင်စားပါ။
တစ်ယောက်တည်းနဲ့လည်း အားအင်တွေရှိပါစေ။
"Only one ... but lion ဆိုတဲ့စကားအတိုင်းလေ......။




"မေတ္တာဖြင့်ပြန်လည်ဝေမျှပါသည်....
Date-19-4-2024"သစ္စာခရီးသည်......
"တောင်ပေါ် တောရဓမ္မရိပ်သာ"
ပါတောင်ရပ်၊ဖူခက်မြို့၊ထိုင်းနိူင်ငံ။

သည်းခံပြီး ပေါင်းတတ်ပေမယ့်အောက်ကျို့ပြီး မပေါင်းတတ်ဘူး ။ဖော်ရွေပျူဌာပြီး ပေါင်းတတ်ပေမယ့်ကပ်ဖားပြီး မပေါင်းတတ်ဘူး ။မာနကြီ...
11/04/2024

သည်းခံပြီး ပေါင်းတတ်ပေမယ့်
အောက်ကျို့ပြီး မပေါင်းတတ်ဘူး ။

ဖော်ရွေပျူဌာပြီး ပေါင်းတတ်ပေမယ့်
ကပ်ဖားပြီး မပေါင်းတတ်ဘူး ။

မာနကြီးတယ်လို့ပဲ ပြောပြော
လူမှုရေးနားမလည်းဘူးပဲ ဆိုဆို
သူများအကြိုက်ထက်
ကိုယ့်ပုံစံနဲ့ကိုယ်
ဘယ်သူ့ကိုမှ မထိခိုက်အောင်ကြိုးစားပြီးပဲ နေတယ် ။

ောသီရိ
#အတွေးနဲ့အမြင်စာစုလေးများ

"ကမ္ဘာပေါ်မှာ အကောင်းဆုံး သမားတော် ၇ ဦး"(၁) နေရောင်ခြည်၊(၂) အနားယူခြင်း၊(၃) ကိုယ်လက်လေ့ကျင်ခန်းပြုလုပ်ခြင်း၊(၄) အစားအသော...
09/04/2024

"ကမ္ဘာပေါ်မှာ အကောင်းဆုံး သမားတော် ၇ ဦး"

(၁) နေရောင်ခြည်၊
(၂) အနားယူခြင်း၊
(၃) ကိုယ်လက်လေ့ကျင်ခန်းပြုလုပ်ခြင်း၊
(၄) အစားအသောက်ကို ချင့်ချိန်စားသောက်ခြင်း၊
(၅) မိမိကိုယ်ကိုယုံကြည်မှု၊
(၆) လောဘ၊ ဒေါသ၊ မောဟ နည်းပါးအောင်နေထိုင်ခြင်း၊
(၇) အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်း။

အဲ့ဒီ သမားတော် ၇ ဦးကို အသက်ရှိစဉ် ခေါင်းထဲမှာ အမြဲထည့်ထားပြီး ကျန်းမာအောင်နေထိုင်ပါ။

အချိန်ကျရင်တော့ ငါတို့ဟာ ကန့်လန့်ကာချပြီး နှုတ်ဆက်ထွက်ခွါကြရမှာပါ။ အဲ့ဒါကြောင့် အသက်ရှိနေစဉ်

သင့်မိသားစုကို ချစ်ပါ။
သူငယ်ချင်း၊ မိတ်ဆွေတွေကို ချစ်ပါ။
သင့်ရဲ့ဘဝလက်တွဲဖော်ကို ချစ်ပါ။
သင့်အပေါ် ကောင်းဖူးတဲ့လူတွေကို ချစ်ပါ။
သင့်ပတ်ဝန်းကျင်အပေါ် တတ်နိုင်တာလေး ကူညီလိုက်ပါ။

---------------
အလုပ်အကိုင် လုပ်ငန်းများ အောင်မြင်တိုးတက်ကြပါစေ။
--------------

Credit

02/04/2024

အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ ‼️‼️‼️

Southeast Asia နိုင်ငံအကုန်ပါပါတယ်။ မနက်ဖြန်၊ သဘက်ခါ၊ နောက်ရက် သုံးရက်ကတော့ အပူဆုံးဖစ်မယ်တဲ့။

🔥အပူချိန် 35°C - 37°C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1

🔥 37°C ကနေ upper 40°C ထိတိုးလာရင် Level 2 danger ပါ ။

ကလေးငယ်‌ငယ်လေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ Pet တွေအထူးအထူးဂရုစိုက်ပါ။ နွေရာသီ ပူနေကြလိုမဟုတ်ပါဖူးနော်၊ ထပ်ပြောပါမယ်။ အခုတောင်လူတိုင်း Heat stroke ဖြစ်နေကြတယ်။ (လည်ပင်းနာ၊ အသံဝင်၊ ချောင်းဆိုး၊ နှာချေ၊ နှာစီး အဆက်မပြတ်၊ မျက်စိပူ ) အခုဒီမှာမီးပြတ်နေတော့ပိုတောင်ဆိုးမှာပါ။ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်တာမျိုး အခန့်မသင့်ရင်လူငယ်၊ လူကြီးအရွယ်စုံဖြစ်တတ်တယ် မပေါ့ပါနဲ့နော်။

ဘာလုပ်သင့်လဲဆို ရေဘူးဆောင်ပါ။အေးစက်နေတဲ့ ရေခဲရေထက် ရိုးရိုးရေပိုကောင်းပါတယ်။ အရမ်းပူလာရင်တောင် ရေခပ်နွေးနွေး body pressure balance ဖစ်အောင် သောက်ပေးသင့်တယ်။ ရေခဏခဏသတိရတိုင်းသောက်ပါ။

အိမ်ကို လိုက်ကာကာပါ။ အဝတ်အစားချွေးစုပ်တာ ပေါ့ပါးတာ။
လေဝင်လေထွက်ရှိ အပူထွက်လွယ်တာဝတ်ပါ။
အသောက်အစားလေးခဏလျှော့ပါ။
Gym အပြင်းအထန်လုပ်တာလျှော့။
Sunglasses, sun cream 2-3 hours နေတခါ ထပ် on, ထီး၊ ဦးထုပ်မ‌ဖြစ်မနေဆောင်။
Aircon, fan directly အေးစက်အောင်မထားပါနဲ့။ အပြင်ရုတ်တရက်ထွက်မိရင် shock ရှိ။

အကောင်းဆုံးကတော့ မဖြစ်မနေကိစ္စကလွဲပြီး အိမ်ပြင်ထွက်ခြင်း၊ အပြင်ထွက်ခြင်းမျိုးရှောင်ကြ‌နော် ။

ချစ်တဲ့သူတွေကို share ပေးပြီး ဂရုတစိုက်သတိပေးပါ။

ကိုယ့်ရဲ့အပန်းဖြေဆေးလေးတွေယုဇနတွေလည်း ထပ်ဖူးနေပြီအပင်လေးတွေကြည့်ပြီး ပီတိဖြစ်ရတာဘာနဲ့မှမတူဘူးရယ်🥰🥰
16/03/2024

ကိုယ့်ရဲ့အပန်းဖြေဆေးလေးတွေ

ယုဇနတွေလည်း ထပ်ဖူးနေပြီ

အပင်လေးတွေကြည့်ပြီး ပီတိဖြစ်ရတာ

ဘာနဲ့မှမတူဘူးရယ်🥰🥰

Address

Bago

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when YKT Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share