Shwe Watt Hmone

Shwe Watt Hmone Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Watt Hmone, Clothing Store, No. 123, Nyein Cinima Street, Bago.

17/12/2021
အကျီတစ်ထည်ရဖို့ အပ်ချည်လုံးလေးဘဲ အရင်းစိုက်ထားတယ်ထင်သလား မမြ၀င်း 😉ကပ်ကြေးလေးနဲ့ ဂလွတ်ဂလွတ်ညှပ်စက်ခုံလေးမှာ မော်ဒယ်တွေလို...
29/08/2021

အကျီတစ်ထည်ရဖို့
အပ်ချည်လုံးလေးဘဲ
အရင်းစိုက်ထားတယ်ထင်သလား
မမြ၀င်း 😉

ကပ်ကြေးလေးနဲ့ ဂလွတ်ဂလွတ်ညှပ်
စက်ခုံလေးမှာ မော်ဒယ်တွေလို
ကော့ကော့လေးထိုင်ပြီး အကျီတစ်ထည်
ထွက်လာတယ်ထင်ရင် မင်းမှားပေမပေါ့

အလယ့် 😂

အကျီတစ်ထည်ရဖို့
တိုင်းရထွာရ
တွက်ရချက်ရ
ဆွဲကြ လှိမ့်ကြ
ညှပ်ရ ညှိရ
ချုပ်ရ ကပ်ရ
ကြယ်သီးတပ်ရ
လူတကာမုန်းတဲ့လက်ချုပ်လိုက်ပြီးမှ
မမြ၀င်းရဲ့ လှလိုက်တာ
ပြောတဲ့အကျီ ရပေသကွဲ့ 😁

ခန ခန ပစ္စည်း ၀ယ်ရတာ
ချုပ်လို့ရတာ ဘယ်ရောက်မှန်းမသိ
ဖြစ်ဖြစ်သွားတယ်😩

ပြောမပြဖြစ်ကြတဲ့
အညောင်းမိတာတွေ
မီတာခတွေ
အိမ်အလုပ်တွေ မပြီးတာတွေ
လူမှုရေးပွဲ ပျက်ကွက်မှုတွေ
စိတ်မောရတဲ့ခံစားမှုတွေရော😏

ဒါတောင် သင်တန်းပေါင်းစုံတက်ရတဲ့သင်တန်းကြေးတွေ
အချိန်ပေးထားတာတွေ
အပ်ချုပ်သင်လို့ ပြစ်လိုက်ရတဲ့ ပိတ်စတွေ
ထည့့်မပြောတော့ပါဘူး 😊

အော် ခန ခန ကော်ဖီ သောက်တာရယ်
မေ့တော့မလို့ 😉
အကျီချုပ်လို့မျက်စိမကောင်းလို့မျက်မှန်လုပ်ရတာတွေ

ကျန်သေးတယ် မပြောရသေးတာတွေ...😪😪



ကျန်တာတွေလည်းထပ်ရေးသွားကြနော်😊😊😊
ဒီဇိုင်နာ-Ni Ni Win

📖ကောင်းသောကံဆိုးခြင်း📖    =================        အင်္ဂလန်နိုင်ငံက အလုပ်ကြမ်းသမားလေးတစ်ဦးဟာ အလုပ်အကိုင်အခွင့် အလမ်းပိုက...
27/08/2021

📖ကောင်းသောကံဆိုးခြင်း📖
=================

အင်္ဂလန်နိုင်ငံက အလုပ်ကြမ်းသမားလေးတစ်ဦးဟာ အလုပ်အကိုင်အခွင့် အလမ်းပိုကောင်းတဲ့ အမေရိကန်ကို မိသားစုနဲ့အတူ ပြောင်းရွှေ့အခြေချဖို့ စိတ်အားထက်သန် နေပါတယ်။

ဒါကြောင့် သူနဲ့ဇနီးဖြစ်သူတို့ဟာ ရသမျှအလုပ်ကို ရှာကြံလုပ်ပြီး ကြိုး စား စုဆောင်းခဲ့ကြပါတယ်။ သုံးနှစ်လောက် စုဆောင်းပြီးလို့ လမ်းစရိတ်အတွက် လုံလောက် တဲ့ ငွေပမာဏ ရရှိချိန်မှာတော့ အမေရိကန်ခရီးစဉ်သင်္ဘောလက်မှတ်ကို အပြေးလေး သွားဝယ်ထားလိုက်ပါတယ်။ သင်္ဘောထွက်ခွာမဲ့ရက်ကို လက်ချိုးရေတွက်ရင်းညဘက်ဆို တော်တော်နဲ့ အိပ်မပျော်ခဲ့ပါဘူး။ တစ်မိသားစုလုံးလည်း အမေရိကန်သွားရတော့မှာမို့ အပျော်ကြီးပျော်နေခဲ့ကြပါတယ်။

ဒါပေမဲ့ သင်္ဘောတွက်ဖို့ တစ်ပတ်အလိုမှာတော့ သူ့ရဲ့ သားငယ်လေးကို ခွေးရူးအကိုက်ခံခဲ့ရတာကြောင့် ကျန်းမာရေးဌာနက တစ်ပါးသူတွေကို မကူးစက်စေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့အိမ်ကို နှစ်ပတ်တိတိ ချိတ်ပိတ်လိုက်ပြီး သားငယ်ကို စောင့်ကြည့်ကုသပေးခဲ့ပါတယ်။ ဒါကြောင့် သူတို့တစ်မိသားစုလုံး အမေရိကန်သွားမယ့် သင်္ဘောထွက်ရက်ကိုကျော်သွားခဲ့ကြတယ်။

ပြီးတော့ သုံးနှစ်လုံးလုံးစုဆောင်းထားခဲ့တဲ့ ချွေးနည်းစာငွေကို ဆုံးရှုံးသွားခဲ့ရသလို အမေရိကန်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်မှုတွေကိုလည်း ရိုက်ချိုးခံလိုက်ရပြီလို့တွေးပြီး စိတ်ဓာတ်အကြီးကြီးကျနေခဲ့ပါတယ်။ ကိုက်ခဲ့တဲ့ခွေးရူးက အစ ဘုရားရှင်အဆုံး အပြစ်တင်ပုတ်ခတ်နေခဲ့ပါတယ်။

ဒါပေမဲ့ သူတို့မိသားစုလွဲချော်သွားခဲ့တဲ့သင်္ဘောကြီးဟာ တွက်ခွာပြီး ၅ ရက်အကြာမှာ မြောက်အတ္တလန်တိတ် သမုဒ္ဒရာထဲက ရေခဲတောင်နဲ့ တိုက်မိပြီး နစ်မြုပ်သွားခဲ့ပါ တယ်။ ခရီးသည်နဲ့သင်္ဘောသားဦးရေ ၂၂၀၀ ကျော် စီးနင်း လိုက်ပါခဲ့တဲ့အနက် ၁၅၀၀ ကျော်ဟာ နှစ်မြုပ်သေဆုံးခဲ့ရပါတယ်။ အဲဒီသင်္ဘောကြီးကတော့ ကမ္ဘာကျော်တိုက်တန်းနစ်သင်္ဘောကြီးပဲ ဖြစ်ပါတယ်။

အဲဒီသတင်းကိုကြားပြီးမှ သူတို့ဟာ သားငယ်ကို ကိုက်ခဲ့တဲ့ခွေးရူးကို ကျေးဇူးတင်မိသလို ဘုရားရှင်ကိုလည်း ကောင်းချီးပေးလေခြင်းလို့တွေးပြီး အပျော်ကြီးပျော်ခဲ့ရပါတော့တယ်။

အမြဲအမှတ်ရရမှာတစ်ခုကတော့ “လွဲချော်မှုတိုင်း၊ မဖြစ်မြောက်မှုတိုင်းဟာ ကံဆိုးမိုးမှောင်ကျခြင်းမဟုတ်ဘဲ ပိုကောင်းတာတွေကြုံဆုံဖို့လည်း ဖြစ်နေတတ်တယ်” ဆိုတာပါပဲ။ တစ်ချို့ကံဆိုးခြင်းတွေက ကောင်းဖို့ဖြစ်လာတာပါ ။

=============================================
စာပေလေးပြန့်ပွားအောင်လို့ စာလေးဖတ်ပြီး ကြိုက်နှစ်သက်ရင်လည်း 🔁မျှဝေတာလေးလုပ်ပေးပါဦးနော်🤗🍁📖🍁🤗စာဖတ်သူလည်း ကိုယ်ရောစိတ်ပါ ကျန်းမာပါစေလို့ဆုတောင်းပေးပါတယ်🥰🥰🥰

ဘဝခွန်အားရှိမယ့်စာတွေကိုဖတ်ရှုချင်ရင် အကောင့်လေးလည်းအပ်ထားပေးပါဦး🥰..ကျွန်တော့် အကောင့်မှာစာပေများစွာဖတ်ရှုဖို့လေးစားစွာဖိတ်ခေါ်အပ်ပါတယ်🤗🤗စာဖတ်လာအောင်နှိုးဆော်ပေးချင်လို့ပါ🥰🥰

မြန်မာဆန်ဆန်လေးပဲချစ်ပါတယ်
14/08/2021

မြန်မာဆန်ဆန်လေးပဲချစ်ပါတယ်

Address

No. 123, Nyein Cinima Street
Bago
08011

Telephone

09790438671

Website

Alerts

Be the first to know and let us send you an email when Shwe Watt Hmone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Watt Hmone:

Share

Category