Zar Chin Lin -Fashion Store

Zar Chin Lin -Fashion Store Gril Fashion Saler

20/01/2023

တစ်နေ့က “ပေါ်လီယာနာ”ဆိုတဲ့ ဘာသာပြန်ဝတ္တုလေး တစ်အုပ်ကို ဖတ်မိတော့ စာအုပ်ထဲက ပေါ်လီယာနာလေးလို ဝမ်းသာတတ်ဖို့ သင်ယူမိတယ်။

ပေါ်လီယာနာဟာ သူ့မိဘတွေ ကွယ်လွန်သွားတော့ တစ်ဦးတည်းသော ကလေး မချစ်တတ်တဲ့ အဒေါ်ဖြစ်သူရဲ့ အိမ်ကို ပြောင်းလာပြီး ပတ်ဝန်းကျင်အသစ်မှာ လိုက်လျောညီထွေ နေထိုင်ခဲ့ရပါတယ်။ သူ့ဘဝမှာ ဝမ်းသာစရာတွေနဲ့ ပြည့်နှက်နေတယ်။ ဒေါသကြီးတဲ့ လူ့ဂွစာ အဒေါ်နဲ့ နေရတာလည်း ဝမ်းသာစရာ၊ မှောင်မည်းအေးစက်တဲ့ ခေါင်မိုးထပ်ကျဉ်းကျဉ်းလေးမှာ နေရတာလည်း ရှုခင်းကောင်းကောင်းကြည့်ရလို့ သူ့အတွက် ဝမ်းသာစရာပဲတဲ့။ ပေါ်လီယာနာလေးဟာ စိတ်ညစ်စရာတွေကို ဝမ်းသာစရာအဖြစ် ပြောင်းလဲမြင်လိုက်တဲ့အခါ ကိုယ်တိုင်လည်း ပျော်ရွှင်ရသလို အခြားလူတွေကိုလည်း ပျော်စရာတွေ မျှဝေပေးနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာလည်း စိတ်ညစ်စရာ၊ စိတ်တိုစရာ၊ စိတ်ဓာတ်ကျစရာ၊ ပျော်စရာ ခံစားချက်တွေ အမျိုးမျိုး ဖြစ်ပျက်ပြောင်းလဲနေပါတယ်။ စိတ်ညစ်ညူးစရာတွေကို ဝမ်းသာစရာအဖြစ် မပြောင်းလဲနိုင်ရင်တော့ ကိုယ်တိုင်လည်း မပျော်နိုင်သလို အခြားသူတွေကိုလည်း ပျော်အောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဝမ်းသာစရာတွေဟာ ရှာရမခက်ပါဘူး။ မနက်ခင်းမှာ စိတ်ကြည်လင်လန်းဆန်းစွာ နိုးထရတာဟာ ဝမ်းသာစရာပါ၊ဗိုက်ဆာနေတဲ့ အချိန်မှာ ခေါက်ဆွဲခြောက်ထုပ်လေး ရှာတွေ့တာဟာ ဝမ်းသာစရာပါ။ မိုးရွာတဲ့နေ့မှာ ထီးပါတာဟာ ဝမ်းသာစရာပါ။ ဒါဆိုမိုးရွာတဲ့နေ့မှာ ထီးမပါရင်ရော။ ဒါဆိုရင်တော့ မိုးခိုစရာ နေရာလေးတစ်ခု ရှာတွေ့တော့မှာဖြစ်လို့ ဝမ်းသာစရာပဲပေါ့။ ဒီလိုသေးသေးမွှားမွှားလေးတွေကအစ ဝမ်းသာစရာကို ရှာတွေ့နိုင်ပါတယ်။

ဆရာတစ်ယောက်က ပြောဖူးတယ်။ ဦးနှောက်ထဲမှာ ဆိတ် ၂ ကောင် အမြဲအပြေးပြိုင်နေတယ်တဲ့။ ဆိတ်တစ်ကောင်ကတော့ စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေ အမြဲတွေးတတ်တဲ့ - ဆိတ်မည်းဖြစ်ပြီး၊ နောက်တစ်ကောင်ကတော့ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်ပြီး ဝမ်းသာတတ်တဲ့ - ဆိတ်ဖြူပါတဲ့။ သူတို့ ၂ ကောင်ဟာ အမြဲတမ်း သူနိုင်ကိုယ်နိုင် အပြေးပြိုင်နေကြသတဲ့။ ဒါပေမယ့် ဘယ်ဆိတ်က နိုင်သွားသလဲဆိုရင်တော့ ကိုယ်အဆာကျွေးတဲ့ ဆိတ်ကသာ နိုင်သွားသတဲ့။ ဒါကြောင့် ထပ်ခါထပ်ခါ စိတ်ညစ်ရမယ့် ဆိတ်မည်းပေါ်မှာ အဆာကျွေးမလား၊ ဖြစ်ခဲ့ပြီးတဲ့ အဖြစ်အပျက်တွေအပေါ် ဝမ်းသာပေးမယ့် ဆိတ်ဖြူပေါ်မှာ အစာကျွေးမလား ဆိုတာကတော့ ကိုယ့်ရဲ့ ရွေးချယ်မှုပဲပေါ့။

ကိုယ့်ရဲ့အမှားတွေအတွက် ဝမ်းသာပေးခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းတစ်မျိုးဖြစ်တယ်။ ကိုယ့်နေထိုင်မှုဘဝမှာ ကိုယ်ပြောင်းလဲလို့မရတဲ့ အဖြစ်အပျက်တွေအတွက် ဝမ်းသာလိုက်ခြင်းဟာ ရောင့်ရဲခြင်းဖြစ်တယ်။ အခြားလူတွေရဲ့ သူတစ်ပါးကို မထိခိုက်တဲ့ အောင်မြင်မှုတွေအတွက် ဝမ်းသာပေးခြင်းကတော့ စိတ်ထားမြင့်မြတ်ခြင်း တစ်မျိုးဖြစ်တယ်တဲ့။

စီးပွားရေး၊ လူမှုရေး အဘက်ဘက်က အနုတ်လက္ခဏာပြနေတဲ့ ဒီခေတ်ကြီးထဲမှာ ဝမ်းသာရဖို့ ခက်ခဲနိုင်ပေမယ့် အထက်မှာ ပြောထားသလို ကိုယ့်ရဲ့ သေးသေးမွှားမွှားအောင်မြင်မှုလေးတွေအတွက် ဝမ်းသာပေးမယ်ဆိုရင် အနည်းဆုံးတော့ ကိုယ့်စိတ်ကို အေးချမ်းစေမှာပါ။

မိတ်ဆွေတို့ရော တကယ် ဝမ်းသာတတ်ပြီလားခင်ဗျာ?

Casper Lin (Online စီးပွားရေး အကြံပေး)

်တန်း

အင်ဒိုအသားကလည်းရှယ်မိုက်ဝတ်လို့လည်းတအားကောင်းတယ်ပေါ့ပါးမူလည်းရှိမယ်တအားတန်တဲ့အထည်လေးနော်လိုချင်တယ်ဆိုရင်မြန်မြန်လာယူလိုက...
19/01/2023

အင်ဒိုအသားကလည်းရှယ်မိုက်ဝတ်လို့လည်းတအားကောင်းတယ်ပေါ့ပါးမူလည်းရှိမယ်တအားတန်တဲ့အထည်လေးနော်လိုချင်တယ်ဆိုရင်မြန်မြန်လာယူလိုက်ကြတော့နော်ချစ်တု့်
စျေးနှုန်းလေးကတော့ 9500ပါမြန်မြန်helloလုပ်လိုက်တော့နော် တခြားအရောင်းလေးတွေလည်းရှိပါတယ်ရှင့်

18/01/2023
ကဲချစ်တို့ရေ  ပေါ့ပေါ့ပါးပါးနဲ့တန်တန်လေးဝတ်ချင်ရင်တော့မင်မင်တို့ရဲ့ဆိုင်ကိုလှမ်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင့်  ေစျးနှုန်းလေး...
18/01/2023

ကဲချစ်တို့ရေ ပေါ့ပေါ့ပါးပါးနဲ့တန်တန်လေးဝတ်ချင်ရင်တော့မင်မင်တို့ရဲ့ဆိုင်ကိုလှမ်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင့်
ေစျးနှုန်းလေးတွေကိုတော့ပုံတစ်ခုချင်းစီရဲ့အောက်မှာရေးထားပါတယ်ရှင့် ဝယ်ယူအားပေးချင်ရင်တော့
ဆိုင်လိပ်စာ နာဂဝန် 3. လမ်း
ဆိုင်နာမည် ဇာခြည်လင်း Fashion Store
ph. 09984167778

ဂါဝန်လှလှလေးတွေလဲ  ရောက်ပါတယ်ရှင့်အရမ်းအရမ်းလှ 👗👗👗🗞 Bago မြို့သစ်      နာဂဝန် (3) လမ်း☎☎☎ 09984167778  Kpay နဲ့လဲ ရပါတယ်...
16/01/2023

ဂါဝန်လှလှလေးတွေလဲ ရောက်ပါတယ်ရှင့်
အရမ်းအရမ်းလှ 👗👗👗

🗞 Bago မြို့သစ်
နာဂဝန် (3) လမ်း

☎☎☎ 09984167778
Kpay နဲ့လဲ ရပါတယ်ရှင့်
Bago မြို့တွင်း အိမ်ရောက်ငွေချေ ရပါတယ်ရှင်
စျေးနှုန်းနှင့်အ​သေးစိတ်ကို Cb ကနေမေးမြန်းနိုင်ပါရှင်

Address

Bago

Website

Alerts

Be the first to know and let us send you an email when Zar Chin Lin -Fashion Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share