New Born Education Center

New Born Education Center your Bright,
your choice

Cambridge Primary Science 4Workbook Answersလိုအပ်မယ့်သူများအတွက်😘Pdf လေးလိုချင်တယ်ဆိုလည်း cb မှာ အားမနာတမ်းလာယူနော်
18/10/2025

Cambridge Primary Science 4
Workbook Answers

လိုအပ်မယ့်သူများအတွက်😘

Pdf လေးလိုချင်တယ်ဆိုလည်း cb မှာ အားမနာတမ်းလာယူနော်




Teaching career ကိုအခုမှ လျှောက်လမ်းတဲ့ တီချယ်တွေ အတွက်ရော ၊ ကိုယ့်ရဲ့ skills တွေကို level up ချင်တဲ့ ချယ်တွေအတွက် 💁💁UNE...
07/10/2025

Teaching career ကိုအခုမှ လျှောက်လမ်းတဲ့ တီချယ်တွေ အတွက်ရော ၊ ကိုယ့်ရဲ့ skills တွေကို level up ချင်တဲ့ ချယ်တွေအတွက် 💁💁

UNESSCO ကဖွင့်လှစ်ထားတဲ့ 100 % free courses အပြင် certificate ပါရရှိမှာပါ ဖြစ်ပါတယ်

App လေး ဒေါင်းပြီး လေ့လာလို့ရပါတယ်ရှင့်။



Page link ⏬⏬

https://www.facebook.com/UNESCOMyanmar

နားမလည်ရင်လည်း မင်တို့ရဲ့ page messenger မှာလာမေးလို့ရပါတယ်ရှင့်









23/09/2025

ြောင်း

အခြေခံပညာကျောင်းတွေကို ကူးပြောင်းတက်ရောက်ဖို့ အခြေခံပညာက စစ်မေးတဲ့ Placement Test က အခုချိန် အထိ တိုင်း/ပြည်နယ် ရုံး က ကိုင်ထားစဲပါ။

အခြေခံပညာ Placement Test ကို ဖြေဆိုခွင့်ရဖို့ အတွက်ဆိုရင် _

၁။ မွေးစာရင်းမှန် ရှိဖို့ လိုပါတယ်။

မွေးစာရင်းက အသက်နဲ့ ကိုက်ညီတဲ့ အတန်း ကို ရယူနိုင်ဖို့ စစ်ဆေးတာ ဖြစ်ပါတယ်။ လက်ရှိက ကိုဗစ်ကာလ တစ်နှစ်အောက်ခဲ့ရလို့ ရသင့်တဲ့ အတန်းထက် တစ်နှစ်အောက်ပြီး ရမှာပါ။

ဥပမာ ၁၀ နှစ်ပြည့် ကလေးက ပဉ္စမတန်း တက်ခွင့်ရဖို့ စတုတ္ထတန်း Placement Test ကို ဖြေရမှာမှာ ဖြစ်ပေမယ့် တတိယတန်း Placement Test ကိုသာ ဖြေခိုင်းတာမျိုးပါ။ လျှော့ပြီး မေးထားတာပါ ။

၂။ ကလေးက ပညာရေးဝန်ကြီးဌာနမှာ လိုင်စင်ယူထားတဲ့ International School တစ်ခုခုကနေ Placement
Test ဖြေဆိုမယ့် အတန်းနဲ့ အဆင့်ညီတဲ့ အတန်းတစ်ခု ပြီးဆုံးကြောင်းထုတ်ပေးတဲ့ Completion Certificate နဲ့ ကျောင်းထွက် လက်မှတ် ပြပေးဖို့ လိုအပ်ပါတယ်။အဲ့ဒါ မပါဘဲ ဖြေဆိုခွင့် မရပါ။

၃။ဖြေဆိုခွင့် ရချိန်မှာ သက်ဆိုင်ရာ ဖြေရမယ့် အတန်းရဲ့ ဘာသာစုံကို ဖြေဆိုရမှာပါ။သင်ရိုး စ_လည်_ဆုံး အကုန်ကြည့်ထား ပိုင်နိုင်ထားမှ
အောင်မြင်မှာပါ။

၄။ တစ်ရက် နှစ်ဘာသာ ဖြေရပါတယ်။ အထက်တန်းဆင့်က တစ်ရက် တစ်ဘာသာပါ။

၅။ မေးခွန်းဟောင်း မရှိပါ။ မေးမယ့် မေးခွန်းပုံစံကို ထုတ်ပြန်လေ့ မရှိပါ။ မေးခွန်းထဲမှာပဲ ဖြေဆိုရတာပါ။သီးခြား အဖြေလွှာနဲ့ ဖြေရတာမျိုး မဟုတ်ပါ။

၆။အောင်မြင်ပါက အောင်စာရင်းက ဇွန်လ မှ ထွက်လေ့ရှိပါတယ်။"Placement Test စစ်ဆေးမှုရလဒ် ထောက်
ခံစာ" ဆိုတဲ့ အထောက်အထား စာရွက် ရလာရင် အဲ့ဒါနဲ့ ကျောင်းအပ်လို့ ရပါပြီ။ကျောင်းထွက်လက်မှတ် Transfer Certificate (T.C) လိုမျိုး ပါ။

အထောက်အထား စာရွက် ရချိန် နောက်ကျတတ်လို့ ဇွန်လလယ်လောက်မှ ကျောင်းအပ် ရလို့ ကျောင်းအပ် နောက်ကျပါတယ်။

၇။ ဖြေဆိုသူတိုင်း အောင်မြင်လေ့ မရှိပါ။ မအောင်မြင်ပါက ကျရှုံးအတန်းကို ပြန်လည် တက်ခွင့်ရပါတယ်။

"Placement Test စစ်ဆေးမှုရလဒ် ထောက်ခံစာ" ဆိုတဲ့ အထောက်အထား စာရွက် ထဲမှာ " အတန်းသတ်မှတ်ရေးအတွက် အကဲဖြတ်စစ်ဆေးသော စာမေးပွဲအတွက်၌ ______အတန်း အရည်အချင်း ပြည့်မီ/မပြည့်မီသဖြင့်______ အတန်း၌ သင်ကြားခွင့် ပြုသည်။" လို့
ပါတာမို့ သင်ခွင့် ပေးတဲ့ အတန်းအတွက် အစိုးရ အခြေခံပညာ ကျောင်းမှာပဲ ဖြစ်ဖြစ် ၊ Private School
မှာပဲ ဖြစ်ဖြစ် တက်လို့ရမှာ ဖြစ်ပါတယ်။

၈။ အသေးစိတ်ကျတဲ့ အချက်အလက်တွေ ရှိပါသေးတယ်။ အသေးစိတ် သိလိုပါရင် ဆက်သွယ် မေးမြန်းနိုင်ပါတယ်။ အားချိန် ဖြေပေးပါ့မယ်။

Cambridge Primary Science 5 Workbook Answersလိုအပ်မယ့်သူများအတွက်🤗😘Pdf လေးလိုချင်တယ်ဆိုလည်း cb မှာ အားမနာတမ်းလာယူနော် 🤗🤗...
23/09/2025

Cambridge Primary Science 5
Workbook Answers

လိုအပ်မယ့်သူများအတွက်🤗😘

Pdf လေးလိုချင်တယ်ဆိုလည်း cb မှာ အားမနာတမ်းလာယူနော် 🤗🤗




Grammar (၂၃) မျိုးကို ကဗျာပုံစံ ဖြင့်ဖော်ပြထားသည်*******************************************(1)When = by the timeBy the ...
23/09/2025

Grammar (၂၃) မျိုးကို ကဗျာပုံစံ ဖြင့်ဖော်ပြထားသည်

*******************************************

(1)

When = by the time

By the time နဲ့ when ကိုကွယ်၊ ပြန်လှန်ပြောင်းရေးမယ်၊ ကျန်တာတွေကိုပြန်ကူးရေး၊ ကော်မာ “,” ထည့်လို့ပေး။

(2)

When = Ving

When ဝါကျကိုရှာလို့ကွယ်၊ Subject အထိဖယ်ပေးထား Verb ကို V1ပြောင်း ing နဲ့ပေါင်း၊ ကျန်တာတွေကိုပြန်ကူးရေး၊ ကော်မာထည့်လို့ပေး၊ Pronoun ကို Noun ပြောင်းလို့၊ ကျန်တာပြန်ကူးစို့၊ တစ်ခါတစ်ရံ When အစား and, as, because များမေးထားတယ်လို့ သတိထား When-Vingမခက်သား၊ ရေးစို့လွယ်လွယ်လား။

(3)

It is / was …… who / that ……

V1ကြိယာတွေ့သောအခါ It is နဲ့စပါ၊ V2ကြိယာတွေ့ရင်တော့ It was ရေးလိုက်ပေါ့။ လူပုဂ္ဂိုလ်များတွေ့သောအခါ who နဲ့ဆက်လိုက်ပါ၊ လူမဟုတ်ဘဲတွေ့ခဲ့လို့ that ဟုရေးကြစို့၊ ကျန်စကားလုံးများပြန်ရေးပေး၊ ရေးစို့လွယ်လွယ်လေး။

(4)

Double Negative Pattern

There is / was no …… that / who …… not ……

V1ကြိယာပေးရင်ကွယ်၊ there is no စမယ်၊ V2ကြိယာပေးထားတော့ there was no ပေါ့။ မေးခွန်းထဲမှာ every ပါ၊ သူ့ကိုဖယ်လိုက်ကွာ၊ All the တွေ့လည်းဖြုတ်ထားကွဲ့ ပြန်မထည့်ရဘူးကွဲ့။ Sub ဖြစ်တဲ့နာမ်ပုဒ်ဟာ တစ်ခုကိန်းဖြစ်ရမှာ၊ who, that, where တို့သင့်ရာရွေး၊ နာမ်နောက်ကပ်လို့ပေး၊ ပေးထား Verb ကိုအကူခေါ် do, does, did လေးနော် not ထည့်ပေးကာရေးလို့ပေး ကျန်တာပြန်ကူးရေး။

(5)

Noun in Apposition

ဂုဏ်ရည်ပြကိုရွေးလို့ကွယ် Verb to be ထိဖယ်၊ ကျန်တဲ့နာမ်ကို မူတည်လို့ ဆိုင်ရာနာမ်နောက်ပို့၊ နာမ်တွေကြားမှာ ကော်မာခြား ရှေ့နောက်ချိန်ဆ သတိထား။

(6)

Neither …… nor

မတူတာနှစ်ခုတွေ့ရင်ကွယ်၊ neither …… nor ဆက်မယ်၊ တူတာကိုတော့တစ်ခုထည့် စကားဆက်ဖြုတ်ခဲ့။ အဓိကကျတာကြိယာ no, not ဖြုတ်လိုက်ပါ။ ကတ္တား၊ ကြိယာ သေချာကြည့် ကိန်းကာလကိုညှိ။

(7)

Both …… and

မတူတာနှစ်ခု တွေ့သောအခါ both …… and နဲ့ဆက်ပါ။ တူတာကိုတော့ တစ်ခုထည့် စကားဆက်ဖြုတ်ထားခဲ့။ ကတ္တား၊ ကြိယာ သေချာကြည့်၊ ကိန်းကာလကိုညှိ။

(8)

Not only …… but also

မတူတာနှစ်ခုတွေ့သောအခါ not only …… but also ဆက်လိုက်ပါ။ တူတာကိုတော့တစ်ခုထည့် စကားဆက်ဖြုတ်ထားခဲ့၊ but also နောက်က subject ကြည့် ကိန်းကာလကိုညှိ၊ neither nor သာတွေ့ခဲ့က အငြင်းကြိယာပြုလုပ်ကြ။

(9)

Although …… In spite of

Although နေရာ In spite လာ subject တူသလားကွာ၊ တူသော subject တစ်ခုဖျက် Although ဝါကျဆက်၊ Although ဆက်မှ Verb ကိုကွယ် V4ပြင်ရေးမယ်၊ နောက်ဝါကျကိုပြန်ကူးရေး ကော်မာထည့်လို့ပေး။

(10)

In spite of …… Although

In spite နေရာ Although လာနောက်ကျ subject ရှေ့ပို့ပါ၊ ing ကိုမူရင်းပြောင်း ကော်မာထည့်လို့ပေါင်း၊ ရှေ့ပို့ subject အကဲဖြတ် နောက်ဝါကျမှာ နာမ်စားကပ်။

(11)

Too … to > Not … enough to

Too ကိုဖယ်လို့ not ထည့်ကာ Adjective (adverb) ကိုရှာ၊ ပြောင်းပြန်စကားလုံးပြန်၍သုံး သူ့နောက် enough ထည့်လိုက်ဦး။ V2 ကြိယာတွေ့ရင်ကွယ် did ကူခေါ်၍ သုံးရမယ်၊ စာကြောင်းကြည့်ကာသေချာရေး not enough to လွယ်လွယ်လေး။

(12)

Not … enough … to > too … to

Not ကိုဖယ်လို့ too ထည့်ကာ Adjective (adverb) ကိုရှာ၊ ပြောင်းပြန်စကားလုံးပြောင်း၍သုံး enough ဖြုတ်လိုက်ဦး၊ did ကူသုံးလို့တွေ့ရင်ကွယ် V2 လို့ပြင်မယ်၊ စာကြောင်းကြည့်ကာသေချာရေး too … to မခက်သေး။

(13)

Too … to > so … that

Subject တူသောဝါကျမှာ too ကို so ပြောင်းပါ၊ adjective နောက်မှာ that ထည့်ပေး to ကိုဖြုတ်၍ရေး၊ ထို to နေရာအစားမှာ Subject ပြန်ထည့်ပါ၊ subject နောက်ကကြိယာများ အငြင်းပုံစံထား။

Subject မတူဝါကျမှာ too ကို so ပြောင်းပါ၊ Adjective နောက်တွင် that ထည့်လို့ကျန်တာပြန်ကူးစို့၊ Object အား Subject ထား၊ အငြင်းကြိယာရေးစို့လား၊ V1ရှေ့က to ဖြုတ်ပေး Object သင့်ရာနောက်ဆုံးရေး။

(14)

If …… > Unless ……

If ရဲ့နေရာ Unless လာပုံသေမှတ်ထားပါ၊ ကြိယာကိုသေချာကြည့် ကြောင်းကျိုးညီအောင်ညှိ။ If clause Verb ဟာ P (အဟုတ်ဝါကျ) ဖြစ်လျှင် Main clause Verb ကိုပြောင်းပြန်ပြင်။ If clause Verb ဟာ N (အငြင်းဝါကျ) ဖြစ်က အဲဒီ Verb ကို P ပြင်ကြ။

P = positive (အဟုတ်ဝါကျ)

N = negative (အငြင်းဝါကျ)

Nm : If တစ်လုံးတည်း unless ပဲ နောက်ဝါကျကပြောင်းပြန်ပဲ။ If not ဆိုတော့ unless ပေါ့နောက်ဝါကျက ဒီအတိုင်းပေါ့။

(15)

Unless …… > If ……

Unless နေရာ If လာ အကူကြိယာခေါ်လိုက်ပါ၊ not ထည့်ပေးရမှာ၊ ကျန်တာတွေပြန်ကူးရေး ကော်မာထည့်လို့ပေး။

(16)

Parallel Structure

The + D2 + S + V ……, the + D2 + S + V + ……

If, because စကားဆက်များ ဖြုတ်လိုက်တော့ The + D2 နဲ့ စရေးပေါ့။ ထိုသို့ D2 ရေးပြီးခါ Subject Verb ကပ်လိုက်ပါ။ ကော်မာထည့်ကာ နောက်စာကြောင်း ရှေ့ပုံစံအတိုင်း လိုက်၍ပြောင်း။

The more ရေးလိုက်ကြ၊ အငြင်းဝါကျဖြစ်သောအခါ not ဖြုတ် the less ရေးရမှာ၊ subject နာမ်ပုဒ်ဖြစ်နေက be ကို ဖြုတ်လိုက်ကြ၊ subject နာမ်စားဖြစ်ရင်ကွယ် be ကို ထည့်ရမယ်၊ adj (adv) ပါပြီး အငြင်းဖြစ်က the less adj/adv ပြောင်းလိုက်ကြ။

(17)

Relative Pronoun

Subject ဟာ လူဖြစ်လာ၊ Who နဲ့ ဆက်လိုက်ပါ။ Objective ဟာ လူဖြစ်တော့ Whom နဲ့ ဆက်လိုက်ပေါ့။ ပိုင်ဆိုင်မှုကိုဖော်ပြလို၊ Whose နဲ့ဆက်ပါဆို။ Subject, Object လူမဟုတ်၊ which, that ဆက်လိုက်စို့။ အရာ၀တ္ထု ဖော်ပြပေး what နဲ့ ဆက်လို့ရေး။

(18)

Article (A-An-The) သုံးနည်း

ရေတွက်ရတဲ့ နာမ်ရှေ့မှာ A ကိုသုံးကြပါ၊ (အ) အသံပါတဲ့ နာမ်ရှေ့တော့ An ကို သုံးကြပေါ့။ မြစ်၊ ပင်လယ်နဲ့ သမုဒ္ဒရာ၊ ကျွန်းစု တောင်တွေပါ၊ သတင်းစာ၊ ဟိုတယ်၊ နိုင်ငံများ၊ ရုပ်ရှင်၊ ဇာတ်ရုံ မှတ်ကာထား။ လောကကြီးမှာ တစ်ခုတည်းပါ နေ၊ လ၊ မြေကြီး၊ ကောင်းကင်ပြာ၊ အားလုံးရှေ့မှာ The ကိုသုံး မှတ်ကြအလွယ်ဆုံး။

(19)

V-1 ပုံစံ ရေးနည်း

V-1 ပုံစံရေးနည်းကွာ၊ အားလုံးသိအောင် ပြောပြမှာ၊ Subject နောက်မှာ V-1 ကပ် ရိုးရိုးဝါကျမှတ်။ Subject ပြီးတော့ do, does လာ not လေး ကပ်လိုက်ပါ၊ ကပ်ပြီး V-1 တပ်၊ အငြင်းဝါကျမှတ်။ Do, Does လေးနဲ့ Subject မှာ V-1 လေးလည်း လိုက်ရမှာ။ နောက်ဆုံးမှာ (?) တပ်၊ မေးခွန်းဝါကျမှတ်။

(20)

W.H မေးခွန်းပုံစံ ပြောင်းနည်း

ဘာမေးတာလည်း အရင်ကြည့်ပါ၊ W.H question စရေးမှာ၊ Helping ပါရင် ရှေ့ပို့ရ ကျန်တာကူးလိုက်ကြ။ Who နဲ့ Which နဲ့ သုံးရင်ကွာ နောက်က Noun ကပ်ပါ၊ Helping မပါရင် ခေါ်မှာပေါ့ V-to-do ကိုတော့။ Does ကိုရှေ့ကသုံးတဲ့အခါ Verb က (s) ကို ဖြုတ်ရမှာ၊ did ကိုသာသုံးရင်တော့ V1 ပြောင်းမှာပေါ့။

(21)

Preposition အသုံးပြုနည်း

နာရီရှေ့မှာ at သုံးပါ၊ မွန်းတည့်၊ အရုဏ်၊ ညလည်းပါ၊ နေ့တွေရှေ့မှာ on သုံးတော့၊ နှစ်၊ လ အမည် in နဲ့ပေါ့။ စတင်တဲ့အချိန် form သုံးမှာ ထွက်ခွာအရပ်လည်းပါ၊ ကြာတဲ့အချိန် for သုံးတော့၊ နိုင်ငံ၊ မြို့ရွာ in နဲ့ပေါ့။ အရပ်ဌာနရှေ့နားမှာ at ကို သုံးလိုက်ပါ၊ စီးလို့ရတဲ့ယာဉ်တွေတော့ by နဲ့တွဲမှာပေါ့။

(22)

V-ing ပုံစံ ရေးနည်း

Subject ပြီးတော့ am, is, are ၊ ing လေး တွဲလိုက်ပါ၊ ရေးပါ မှတ်ပါ ပုံစံများ ing တဲ့လား။ Subject ပြီးတော့ am, is, are ၊ not လည်း လိုက်ခဲ့ပါ၊ ing ကို ရေးပါလား၊ အငြင်းဝါကျများ။ Is နဲ့ Are ကို ရှေ့မှာတည် Subject-ing နောက်ဆုံးမှာ (?) ထား အမေးဝါကျများ။

(23)

V-2 ပုံစံရေးနည်း

Subject-V 2 တွဲရေးမည်၊ ရိုးရိုးဝါကျဖြစ်ပါသည်၊ Subject-did not-V1 တော့ အငြင်းဝါကျဖြစ်မှာပေါ့။ Did ကို ရှေ့ကရေးရမည် Subject-V1 လိုက်ပါသည်၊ (?) ကို နောက်ဆုံးတော့ V2 မေးခွန်း ဖြစ်မှာပေါ့။

# Crd; Original Uploader.

Hello ! Everyone , Today is talking about the GrammarGrammar ဆိုတာကဘာလဲ 🤔🙄သင်ဖို့လိုအပ်လို့လား ? 😒Grammar is the languag...
13/09/2025

Hello ! Everyone , Today is talking about the Grammar

Grammar ဆိုတာကဘာလဲ 🤔🙄

သင်ဖို့လိုအပ်လို့လား ? 😒

Grammar is the language rules .

တစ်နည်းအားဖြင့် words လို့လဲ သတ်မှတ်လို့ရပါတယ်။

တစ်ခြားဘာသာ စကားကိုလေ့လာတို့မယ်ဆိုရင် သူတို့ရဲ့ နည်းလမ်းတွေ၊ စည်းမျဉ်းစည်းကမ်း(သဒ္ဒါ)ကိုလေ့လာရပါမယ်။

ဒါမှ 4 skils လုံးကိုနားလည်နိုင်မှာပါ။

Vocabulary ဆိုတာကတော့ single word ,set phrases,idoms and phrasal verbs တို့ဖြစ်ပါတယ်။

Grammar ကတော့ အဲဒီ vocab ​တွေကိုဘယ်နေရာမှာ ဘယ်လိုသုံးရမယ်ဆိုတဲ့ rules ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် vocab သည် အုတ်ခဲဖြစ်ပြီး grammar သည် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။

For example,

Vocabulary >>>eat,i,go,walk,school

Grammar>>>> Eat i apple. (❌)

I eat an apple. (✅)

Grammar မှာဘာတွေပါဝင်လည်းဆိုရင်တော့::

1. Parts of speech

2. Sentence structure

3. Tenses

4. Clauses and phrases တို့ဖြစ်ပါတယ်









# knowledgesharing

မင်္ဂလာပါရှင့်2025-2026 စာသင်နှစ် Grade 1 to 10All subjects (goverment or IS) ကိုသင်ကြားပေးလာတာ 3 years ကျော်လာပီမို့  ဖ...
02/08/2025

မင်္ဂလာပါရှင့်

2025-2026 စာသင်နှစ် Grade 1 to 10

All subjects (goverment or IS) ကိုသင်ကြားပေးလာတာ 3 years ကျော်လာပီမို့ ဖေဖေ မေမေတို့ရဲ့သားသားမီးမီးတွေကို Tr. ဆီမှာ ယုံကြည်စွာအပ်လို့ရပါပီရှင်

IS ကတော့ Cambridge Curriculm အတိုင်းသင်ကြားပို့ချ မှာ ဖြစ်ပါတယ်

Online fees လေးတွေကတော့

Grade 1 to 5 ( government) - 50000

Grade 6 to 7 (government) - 80000

Grade 8 to 10 (government) - 100000

Primary 1 to 4 (Cambridge) - 80000

Primary 5 to 10 (Cambridge) - 100000

Home Fees လေးတွေကတော့

Grade 1 to 5 ( government) - 80000

Grade 6 to 7 (government) - 100000

Grade 8 to 10 (government) - 130000

Primary 1 to 4 (Cambridge) - 100000

Primary 5 to 10 (Cambridge) - 130000

Group နဲ့ဆိုရင်တော့ ညှိနှိုင်းပါရှင့်

Online (zoom) နဲ့ Home guide ကိုမှ group by group နဲ့ one by one သင်ကြားပေးပါတယ်ရှင့်

🖇📌 homework များကူညီဖြေရှင်းပေးခြင်း

🖇📌Chapter End test များစစ်ပေးခြင်း

🖇📌မိဘများအားအမြဲ report တင်ပေးခြင်း

🖇📌 စိတ်ရှည်စွာ ရှင်းပြနိုင်ခြင်း

🖇📌Activity များထည့်သွင်းပေးခြင်း

🖇📌လိုအပ်လျှင် အချိန်ပိုများ ထပ်ခေါ်ပေးခြင်း

စတဲ့အချက်တွေနဲ့ တခြားသော စိတ်ဝင်စားမှုများပါထည့်သွင်းပြီး guide ပြပေးတာမို့

ဖေဖေမေမေတို့ အမြန်ဆုံးဆက်သွယ်လိုက်တော့နော် 🙆💁

Address: : Bago

Time :: 4 days per week / 2 hrs (nego)

Phone: : 09976662950 (viber )/ 09988542802

(New Born Eduction Center) Page messenger. တို့ဖြင့်ဆက်သွယ်စုံစမ်း မေး​ မြန်း​နိုင်ပါတယ်ရှင်

Tr. Misty

Diploma in English

Diploma in financial management

Certificate in TEFL

Certificate in ECCD

How to teach Grammar

How to teach Speaking

စာသင်သက် ၃ နှစ်ကျော် ရှိတဲ့ဆရာမမှ သင်ကြားပေးမယ့် Grade 1 to grade 5 (All subjects online guide ) စနစ်သစ်သင်ရိုးနှင့်အညီ ...
29/06/2025

စာသင်သက် ၃ နှစ်ကျော် ရှိတဲ့ဆရာမမှ သင်ကြားပေးမယ့်

Grade 1 to grade 5 (All subjects online guide ) စနစ်သစ်သင်ရိုးနှင့်အညီ သင်ပြပေးမှာမို့ ယုံကြည်စိတ်ချစွာ အပ်နှံလိုက်ပါရှင်

သက်သာသော fees နှုန်းထားရရှိခြင်း

Zoom app နှင့်သင်ကြားပြသခြင်း

Homework များစစ်ပေးခြင်း

Test စစ်ပေးခြင်း

Activity များထည့်သွင်းပေးခြင်း

စသည့် အကျိုးခံစားခွင့်များရရှိမှာမို့ လက်လွတ်မခံလိုက်ပါနဲ့နော်

ဒါပြင့် trial 5 days သင်ရမည့်အပြင် အတန်းတစ်တန်းကို လူဉီးရေ ကန့်သတ်ထားတာမို့ အမြန်ဆုံး စာရင်းပေးသွင်းလိုက်တော့နော်

5 days a week

Time nego

ပထမဆုံး အပ်နှံ သူ (3 ) ယောက်အား ပထမလအတွက် 50% discount.

အသေးစိတ်သိရှိလိုပါက page messenger or 09976662950 (viber) သို့ ဆက်သွယ်နိုင်ပါသည်ရှင်

Tr Misty

Diploma in English

Diploma in financial managment

Certificate in TEFL

Certificate in ECCD



#စနစ်သစ်သင်ရိုး

My Dear KG Class,😘🤗Evening class
07/06/2025

My Dear KG Class,
😘🤗
Evening class




Hello 🤗ကျောင်းတွေဖွင့်တော့မယ့်အချိန်ရောက်ပီမို့   ဘယ်မှာကျူရှင်ထားရမလဲ မသိဖြစ်နေလား အိမ်ကနေလည်းအပြင်သွားဖို့ စိတ်မချ ဖြစ...
01/06/2025

Hello 🤗ကျောင်းတွေဖွင့်တော့မယ့်အချိန်ရောက်ပီမို့ ဘယ်မှာကျူရှင်ထားရမလဲ မသိဖြစ်နေလား

အိမ်ကနေလည်းအပြင်သွားဖို့ စိတ်မချ ဖြစ်နေလား ဒါဆိုရင်တော့ 3 နှစ်ကျော် အတွေ့အကြုံရှိတဲ့ တီချယ်ဆီမှာ online class လေး join လိုက်တော့နော်

Class = Kg to Grade 10 (စနစ်သစ်)

Date & Time = 5 days per week ( 1 hr 30 mins per day)

Fee သက်သက်သာလေးလေးနဲ့ activities တွေလည်းပါမယ် သေသေချာချာ ဂရုတစိုက်နဲ့ သင်ကြားတာမို့ စိတ်ဝင်စားလို့ အပ်နှံမယ်ဆိုရင်တော့

Page messenger or viber no -09-976-662-950

သို့ဆက်သွယ်နိုင်ပါတယ်ရှင်🤗??







Address

Bago

Opening Hours

Monday 10:00 - 23:00
Tuesday 10:00 - 23:00
Wednesday 10:00 - 23:00
Thursday 10:00 - 23:00
Friday 10:00 - 23:00
Saturday 10:00 - 23:00
Sunday 10:00 - 23:00

Telephone

+959776152568

Website

Alerts

Be the first to know and let us send you an email when New Born Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to New Born Education Center:

Share