Sweety Sky Online Shop

Sweety Sky Online Shop Available for retail and wholesale

01/01/2026

မိမိကိုယ်ကို မေတ္တာပို့ပါ...
#မေတ္တာပို့အမျှဝေ #၂၀၂၆နှစ်သစ်ညမှစ၍အားလုံးငြိမ်းချမ်းကြပါစေ

Crd...original owner

1991ခုနှစ် မှာ မွေးတယ်😍Facebook မရှိသေးဘူး။ ဖုန်းတွေ အော်တိုဖုန်း ဘဝပဲရှိသေး။Sim card 1 ကဒ်ကို အနည်းဆုံး သိန်း၅၀ပေးဝယ်တေ...
04/05/2024

1991ခုနှစ် မှာ မွေးတယ်😍
Facebook မရှိသေးဘူး။
ဖုန်းတွေ အော်တိုဖုန်း ဘဝပဲရှိသေး။
Sim card 1 ကဒ်ကို အနည်းဆုံး သိန်း၅၀ပေးဝယ်တောင်၀ယ်မရသေးဘူး။

ဖုန်းဆက်ချင်ရင် အိတ်ချိန်းရုံးကိုသွားရတယ်
၁ မိနစ် ငါးဆယ်/တစ်ရာ ပေးပြောခဲ့ရတယ်။

ရပ်ကွက်တိုင်းရဲ့ လမ်းမပေါ်မှာ ကလေးတွေ
ဆူညံစွာ ပြေးလွှား ဆော့ကစားနေတယ်။

အိပ်ယာဝင်ချိန်တွေ စောတယ်။

လမ်းထိပ်က စာအုပ်ဆိုင်မှာ စာအုပ်ငှါးတယ်၊
မိုးအေးအေးလေးမှာ ဖယောင်းတိုင်မီးနဲ့
ဖတ်တယ်။

တဖက်သတ်ကြွေနေရတဲ့ သူအတွက်
စာရွက်ပေါ်မှာ ချစ်တဲ့အကြောင်းတွေ
ချရေးတယ်။ဘောလုံးကန်လို့ဒူးပြဲတဲ့ဒဏ်ရာက
အနာဖေးကို‌သွေးထွက်‌အောင်ခွာသွေးထွက်လာတော့
အဲသွေးနဲ့စာရွက်အဖြူပေါ်မှာချစ်တယ်ဆိုတဲ့စာကိုရေး
ကိုကြိုက်နေတဲ့ကောင်မလေးကိုပေးလိုပေး😅😅

ရုပ်ရှင်ဆိုတာ
လမ်းဆုံက ဗီဒီယိုပြတဲ့ဆိုင်မှာပဲရှိသေး
နောက်ပိုင်းကာလတွေမှာ ကိုယ့်အိမ်မှာကိုယ်
ဗီဒီယိုခွေနဲ့ ကြည့်နိုင်လာတယ်။

သီချင်းတွေ ဒီလောက်မမြန်သေးဘူး၊
အဆိုတော်တွေလည်း ဒီလောက် မများသေးဘူး။

TV ကြော်ငြာတွေ အရမ်းကြည့်လို့ကောင်းတုန်း
ဒွေးနဲ့ထက်ထက်မိုးဦး၊လွင်မိုးနဲ့ခိုင်သင်းကြည်။

TV Channel က
MRTV နဲ့ MWD နှစ်ခုပဲရှိတယ်
၇ နာရီမှာ ဝူခုန်းကား၊ အာယားယားကား၊
၉ နာရီမှာ ကျန်ကျောင်းကား၊ လုရီကား ကို
ရင်ခုန်စွာကြည့်ခဲ့ရတယ်။

လသာတဲ့ညတွေဆို ကောင်းကင်ကြီးက
သိပ်လှတာ ကလေးတွေပျော်ရွှင်စွာ
ကစားကြတယ်။ လူကြီးတွေဝိုင်းဖွဲ့
စကားပြောကြတယ်။ လူငယ်တွေ
ဂစ်တာတလက်နဲ့ သမီးရည်းစား
ပိုးပန်းကြတယ်။

ကျေးရွာတွေမှာ သူငယ်ချင်းတွေဆုံတွေ့ချိန်က
ညဘက်ဗီဒီယိုရုံထဲမှာ၊ ပွဲလမ်းသဘင်တွေ
တူတူသွား ကြတယ်။

ကောင်လေးတွေ ချစ်သူဆီက အဖြေရဖို့
အချိန်တော်တော်စောင့်ကြရတယ်။

ဆယ်ကျော်သက်အရွယ်မှာ
လွန်းထားထား၊လမင်းမိုမို၊ ပုညခင်၊
မီကိုဇူးဇင်၊နိုကိုဇူးဇင် သူတို့စာတွေ
သိပ်ရင်ခုန်ဖို့ကောင်း။

မင်းလူ တာရာမင်းဝေ
မင်းခိုက်စိုးစန် နီကိုရဲ ပို့စ်မော်ဒန်ကဗျာတွေ
တချို့ကဗျာတွေခုထိအလွတ်ရတုန်း ရူးသွပ်ခဲ့ရတာတွေ

ကာတွန်းဆိုရင် တွတ်ပီ(ဆွေမင်း ဓနုဖြူ)
ဆရာအောင်ရှိန် မိုးကြိုး တင်မောင်ဝင်း ကိုပူစီ
သူတို့စာတွေ ဖတ်နေရင်း လက်ကမချချင် ။

မင်းသိခ် ဆရာအောင်သင်း ဆရာဖေမြင့်
ဆရာသော်တာဆွေ ဆရာကြီးရွှေဥဒေါင်း
လယ်တွင်းသားစောချစ် တက္ကသိုလ်ဘုန်းနိုင်
သူတို့စာတွေ ခွန်အားသိပ်ဖြစ်စေတယ်။
PS:ဆရာသော်တာဆွေရဲ့စာအုပ်ဖတ်ရင်အရက်သောက်ချင်တယ်😁😁

ကျောင်းသူလေးတွေက သနပ်ခါးလေးတွေနဲ့
သိပ်လှကြတာ.... ကျောင်းမှာ Crush
ထားမိတဲ့သူက ကျောင်းအရမ်းပျော်ကြတာ။

မုန့်စားဆင်းချိန်ဆို ယောက်ကျားလေးက
ဘောလုံးကန်တယ်၊ မိန်းကလေးတွေက
ကြိုးခုန်တယ်၊ ထုတ်ဆီးထိုးတယ်၊
သိပ်ချစ်ကြ သိပ်ပျော်စရာကောင်းတာ
ဘာဟန်ဆောင်မှုမှမရှိ။

ဆင်းရဲ့ချို့တဲ့လွန်းတဲ့သူတွေမှာ အသိတချို့က
သိပ်လက်ရာမြောက်တာ။ လ္ဘက်ရည်ဆိုတာ
လူမမာတို့ရဲ ဓာတ်စာလို့ မှတ်ယူကြရတယ်။

သစ္စာတရားတွေ ခွန်အားကောင်းတုန်း
အိမ်ထောင်ဦးစီးတွေ အိမ်ပြန်ချိန်စောတယ်။
ဇနီးမယားတွေ စိတ်ချမ်းသာမှု
ပြည့်ဝနေကြတယ်။

အိမ်နီးချင်းတွေ သိပ်ချစ်ခင်ကြတာ
ပြိုင်ဆိုင်လိုစိတ်နည်းတယ် ၊
ချောက်တွန်းဖို့ဆိုဝေးသေး
ယုတ်မာမှုမရှိဘူး။ တိုက်ခိုက်မှုကင်းတယ်
ဣဿမစ္ဆရိယစိတ် မမွေးဘူး။

ဟိရိဩတ္တပတရားတွေ အင်အားကြီးတုန်း။
လူပျို၊ ၊အပျို စကားပြောရင် ခြေတုန်လက်တုန်
ဖြစ်ကြတုန်း

သမီးရည်းစားတစ်ခါတွေ့ဖို့ ၁၀ရက်လောက်
ကြာတယ် တွေ့ပြန်ရင်လည်း နာရီဝက်သာသာ
သိပ်လွမ်းလို့ကောင်းတာ

တခါတလေတော့လည်း အဲ့အချိန်တွေကို
လွမ်းမောမိပါတယ်။ ပြန်သွားချင် ပြန်လိုချင်လို့
မဟုတ်ရင်တောင် စူးစူးနစ်နစ် သတိရမိတယ်။

ဒါတွေက
တို့ရဲ့ ငယ်ဘဝတွေ .........
အဲ့ဒီအချိန်ကာလမှာ
လူတချို့ဆီကနေ အရောင်မပါ
စိတ်ထားဖြူစင်မှုတွေ
ရိုးသားမှုတွေ ရှာဖွေတွေ့ရှိခဲ့တယ်။

အပူအပင်ကင်းတဲ့
ကလေးလေးဘဝကို တခါပြန်ပြီး
ရချင်မိသေးပါ့ရဲ့

ငယ်ငယ် က ဘဝလေးကို
ပြန်သတိရ မိပါတယ်



🦋ငယ်ဘဝတော့သတိရတယ်ပြန်တော့မရောက်
ချင်ဘူးစိတ်တော့ချမ်းသာတယ်မပြည့်စုံခဲ့ဘူး🦋

2️⃣0️⃣2️⃣4️⃣ ရုံးပိတ်ရက်များ...Photo Crd...
18/01/2024

2️⃣0️⃣2️⃣4️⃣ ရုံးပိတ်ရက်များ...

Photo Crd...

ဟုရယ် ဟုရယ်...😂😂😂Crd to original owner
07/10/2023

ဟုရယ် ဟုရယ်...😂😂😂

Crd to original owner

26/06/2023

"ကိုယ့်မျိုးဆက်ကို လက်ဆင့်မကမ်းခဲ့သင့်တဲ့ အရာ ၃ ခု”

📌 ဘာတွေလဲဆိုတော့ -

• ဆင်းရဲမှု
• စိတ်ဒဏ်ရာ
• ဆိုးရွားတဲ့ နိုင်ငံရေးစနစ်

တစ်ချက်ချင်းစီ ပြောပါမယ်။

📌 ၁။ ဆင်းရဲမှု

◾️လူတွေအားလုံးဟာ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ကြတာချင်း အတူတူပဲ ဆိုပေမဲ့ ဘဝခရီးကို လျှောက်လှမ်းရာမှာတော့ မိဘရဲ့ ပြည့်စုံမှု၊ မပြည့်စုံမှုပေါ် မူတည်ပြီး တာထွက်မှတ်ချင်း မတူကြပါဘူး။

ချမ်းသာတဲ့ မိဘက အမွေတွေ ပုံပြီး မပေးဘူးဆိုရင်တောင် သားသမီးအတွက် Role model ဖြစ်ပေးတယ်။ အသိုင်းအဝိုင်းကို တည်ဆောက်ပေးတယ်။ ရည်မှန်းချက် မြင့်မားစေတယ်။ ကိုယ်ရည်ကိုယ်သွေး ကောင်းစေတယ်။ ဝတ်တတ်စားတတ်၊ နေတတ်ထိုင်တတ်အောင် လုပ်ပေးတယ်။ ဒီကလေးတွေအတွက်က အရာရာဟာ ပန်းခင်းလမ်းပဲ။ ဘဝဆိုတဲ့ မာရသွန်ပြိုင်ပွဲမှာ သူများတွေရဲ့ အရှေ့ကနေ တာထွက်ခွင့် ရသူတွေ ဖြစ်တယ်။

အချိန်တန် စီးပွားရေး လုပ်ဦးမလား။ ရယ်ဒီပဲ။ စွန့်ဦးတီထွင်နိုင်မှာပေါ့။ မှားသွား၊ ရှုံးသွားလည်း မှုစရာမှ မလိုတာ။ သူမှ မရဲတင်းရင် ဘယ်သူရဲတင်းမလဲ။ ဒီတော့ ငွေရှိရာ ငွေလာတယ်။ ရင်းနှီးနိုင်တော့ အမြတ်လည်း များတာပေါ့။

◾️မပြည့်စုံတဲ့ မိဘက မွေးလာရင်တော့ အရာရာ ချိန်ဆရတယ်။ တွက်ချက်ရတယ်။ ပညာရေး အခွင့်အလမ်း အားနည်းတယ်။ အခြေခံပညာလောက် အောင်ဖို့တောင် မနည်းလုပ်ယူရတယ်။ ပညာမတတ်တော့ ခုလို ပညာခေတ်မှာ အလုပ်အကိုင် ကောင်းကောင်းမရဘူး။ ဒီတော့ မိဘဆင်းရဲသလို ကိုယ်လည်း ဆင်းရဲတယ်။ သားသမီးဆီကိုပါ အဲဒီဆင်းရဲမှုကို လက်ဆင့်ကမ်းလိုက်တယ်။ အမွေပေးလိုက်တယ်။

📌 ၂။ စိတ်ဒဏ်ရာ

◾️အပေါ်က ဆင်းရဲမှုနဲ့လည်း ဆက်စပ်တယ်။ မိဘက မပြည့်စုံဘူး ဆိုကတည်းက အငုံ့စိတ်ကို ထည့်ပေးလိုက်ပြီကိုး။ အထူးသဖြင့် ခုလို ရုပ်ဝတ္ထုပစ္စည်းတွေ သိပ်တိုးတက်လာတဲ့ ခေတ်ကာလမှာ ဆယ်ကျော်သက်ဘဝကို ဖြတ်သန်းရရင် ပိုဆိုးတယ်။

ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို ပြည့်မီအောင်တောင် မနည်းကြိုးစားနေရတော့ မိဘတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို သတိထားမိဖို့၊ ကိုင်တွယ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။

အဲဒီလိုနဲ့ ကိုယ့်မှာ အဲဒီအငုံ့စိတ်က အမြစ်တွယ်လာတယ်။ အိမ်ထောင်ပြုတော့ အချစ်ကို ဦးစားမပေးတော့ဘူး။ ဒီဆင်းရဲတွင်းက လွတ်ရာလွတ်ကြောင်းအဖြစ် မှတ်ယူပြီး ဦးနှောက်နဲ့ ရွေးချယ်တယ်။ နောက်ပိုင်းမှာ အဆင်မပြေတော့ဘူး။ အိမ်ထောင်ရေး ပြဿနာတွေ ဖြစ်တယ်။ သားသမီးဆီကိုပါ စိတ်ဒဏ်ရာတွေ ပေးမိလိုက်သား ဖြစ်သွားတယ်။

◾️ဆင်းရဲမှတော့ မဟုတ်ဘူး။ ချမ်းသာတဲ့သူတွေမှာလည်း ဒီပြဿနာကို တွေ့ရတတ်တယ်။ ဥပမာ ကိုယ့်မိဘတွေက ကိုယ်ငယ်ရွယ်စဉ်မှာ ကောင်းကောင်းဂရုမစိုက်ခဲ့ဘူး။ ချစ်ခြင်းမေတ္တာကို မပြသခဲ့ဘူး။ ဒီအခါ ကိုယ်တိုင်ကလေးရလာတော့လည်း အဲဒီအတိုင်းပဲ ပြုမူနေမိတတ်တယ်။ Violent ဖြစ်တဲ့ မိဘတွေဟာ သူတို့ကိုယ်တိုင်လည်း ငယ်ငယ်က Abused လုပ်ခံခဲ့ရတာ များတယ်။

ဒါမှမဟုတ် ကိုယ်က အထင်သေးခံရတယ်။ အနှိမ်ခံခဲ့ရတယ်။ ချီးကျူးမှု၊ လေးစားမှုတွေ မကြုံခဲ့ရဘူး။ ဒီအခါ သားသမီး ရလာတော့ အဘက်ဘက်က ပြည့်စုံအောင် ပျိုးထောင်တယ်။ ကလေးက ကလေးနဲ့ မတူတော့ဘူး။ ဆယ်ကျော်သက်က ဆယ်ကျော်သက်နဲ့ မတူတော့ဘူး။ လွန်ကဲတဲ့ ဝန်တွေ၊ မျှော်လင့်ချက်တွေကို ထမ်းထားရတယ်။ တကယ်က ကလေးအတွက် သူ ဒါတွေ လုပ်နေတာ မဟုတ်ဘူး။ ငယ်ငယ်က အနှိမ်ခံခဲ့ရတဲ့ စိတ်ကို ထွက်ပေါက်ပေးနေတာသာ ဖြစ်တယ်။

ဒီလိုနဲ့ ကိုယ့်သားသမီးမှာပါ မိဘရဲ့ မျှော်လင့်ချက်ကို မပြည့်မီဘူး၊ ငါဟာ မလုံလောက်ဘူး ဆိုတဲ့ စိတ်တွေ၊ အဲဒီလိုကနေ စာမေးပွဲအမှတ်နည်းလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာမျိုးတွေထိပါ ဖြစ်တတ်တယ်။

📌 ၃။ ဆိုးရွားတဲ့ နိုင်ငံရေးစနစ်

◾️တိုးတက်လှပါတယ် ဆိုတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများကြီးရှိတယ်။ လူမျိုးမတူဘူး။ ဘာသာမတူဘူး။ အသားအရောင် မတူဘူး။ ကမ္ဘာ့အရှေ့ခြမ်း၊ အနောက်ခြမ်း ကွာကြတယ်။ နိုင်ငံအကျယ်အဝန်း၊ လူဦးရေ စတာတွေလည်း မတူကြဘူး။ သို့သော် အားလုံးမှာ ဘုံတူညီနေတာကတော့ "ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်"ပဲ ဖြစ်တယ်။

ကျွန်တော်တို့လည်း အရင်ကတော့ တစ်ဦးချင်း ဖောက်ထွက်ကြိုးစားဖို့ကို တိုက်တွန်းခဲ့တာပါပဲ။ ဆိုလိုတာက နိုင်ငံက ဘာကြီးဖြစ်နေနေ၊ ကိုယ်ကြိုးစားရင် ကိုယ်ရမယ်ပေါ့။ မှန်သင့်သလောက်တော့ မှန်တယ်။

◾️သို့သော် မင်းသားတစ်ယောက်နဲ့ ဥပမာထား စဉ်းစားကြည့်။ သူ ကြိုးစားမယ်ဆို နိုင်ငံကျော် မင်းသားတစ်လက် ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ နိုင်ငံက စုတ်ပြတ်သတ်နေရင်တော့ သူလည်း ပေါကားမင်းသားဘဝက တက်လာဖို့ မရှိဘူး။ နိုင်ငံတကာကို ဝင်တိုးဖို့ ဆိုတာကတော့ ဝေလာဝေးပေါ့။

ဆင်ဆာတွေရှိနေရင် သူ့အနုပညာတွေလည်း လွတ်လွတ်လပ်လပ် ချပြခွင့်ရမှာ မဟုတ်သလို တိုင်းပြည်က ဆင်းရဲတော့ ပရိသတ်ရဲ့ အဆင့်အတန်းကလည်း နိမ့်လာမယ်။ ဒီအခါ TikTok Cele တွေလောက်တောင် ကိုယ်က နေရာမရ၊ လူမသိတဲ့အထိလည်း ဖြစ်သွားနိုင်တယ်။

နိုင်ငံရေးစနစ် ကောင်းခြင်း၊ မကောင်းခြင်းဟာ ကျွန်တော်တို့အပေါ် ဘယ်လိုသက်ရောက်မှု ရှိတယ်၊ ကန့်သတ်ချက်တွေ ရှိတယ်ဆိုတာ မြင်သာစေချင်တာ။ နယ်ပယ်အသီးသီးနဲ့လည်း ချိန်ထိုး စဉ်းစားကြည့်လို့ရတယ်။ သာမန်မျက်စိနဲ့တော့ မမြင်နိုင်ဘူးပေါ့။ နွားခြေရာခွက်ထဲက ဖားသူငယ်တွေကတော့ သဘောပေါက်မှာ မဟုတ်ဘူးပေါ့။

၂၀၂၃ မှာ ဘွဲ့ရမြန်မာတွေ နိုင်ငံခြားထွက်ပြီး အိမ်အကူ လုပ်နေရတဲ့ အဖြစ်ဆိုးဟာ ၁၉၆၂ တုန်းက အာဏာသိမ်းလိုက်တာနဲ့ ဆက်စပ်တယ် ဆိုတာကို မြင်ဖို့က ပညာလိုသေးတာကိုး။ ​ပြောမယ်ဆို ​ရှေ့ ၂ ခု ဖြစ်တဲ့ Intergenerational Poverty နဲ့ Trauma ကလည်း ဒီအချက်နဲ့ ဆက်စပ်​နေပြန်တယ်။

◾️ဒီတော့ နောက်မျိုးဆက်ကို လက်ဆင့်မကမ်းခဲ့သင့်တဲ့အထဲမှာ ဒါလည်း ပါတယ်။ ရှေ့ ၂ ခုနဲ့ မတူတာက တစ်ယောက်တည်း လုပ်လို့ မရဘူး။ စုပေါင်းအားနဲ့မှ ရမယ်။ ရလာမဲ့ အသီးအပွင့်ကလည်း ကိုယ်မွေးတဲ့ ကိုယ့်သွေးသားရင်းချာပဲ ခံစားရမှာ မဟုတ်ဘဲ မျိုးဆက်သစ်တွေ အကုန်လုံးနဲ့ ဆိုင်တယ်။ ဒါကြောင့်မို့ Collective သဘောဆန်တယ် ပြောရမယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကတော့ အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ပါစေပေါ့။ ဆီဖြစ်လာမဲ့ နှမ်းလေးတစ်စေ့ ဖြစ်ပါစေပေါ့။ ဒီလိုဆို အနိမ့်ဆုံးတော့ ‘ဒီသောက်တလွဲစနစ်ကြီးကို လက်ဆင့်မကမ်းမိအောင် ကြိုးစားခဲ့ကြတဲ့အထဲမှာ ကိုယ်လည်း ပါတယ်’ ဆိုတာမျိုး လက်မ ထောင်လို့ရတယ်။ ဝံ့ကြွားလို့ရတယ်။ ဂုဏ်ယူလို့ ရပါတယ်။

📌 Break the cycle တဲ့။ စကားလုံးလေး သိပ်လှတယ်။

◾️ဘဝတွေမှ သံသရာလည်နေတာ မဟုတ်ဘူးနော်။ ဆင်းရဲမှုတွေလည်း လည်တယ်။ စိတ်ဒဏ်ရာတွေလည်း လည်တယ်။ နိုင်ငံရေးစနစ်တွေကလည်း လည်တယ်။

တစ်ကျော့ပြီးတစ်ကျော့ ဖြစ်နေတယ်။ မိဘကနေ သားသမီး၊ အဲဒီသားသမီးတွေက မိဘဖြစ်လာတော့ နောက်သားသမီးတွေဆီ လက်ဆင့်ကမ်းနေတယ်။

ဒါကို ကိုယ့်လက်ထက်မှာ ရပ်တန့်ပစ်ဖို့ လိုတယ်။ ဖြတ်တောက်ပစ်ဖို့ လိုတယ်။ လုံးဝအပြီးအပိုင် မဟုတ်တောင် အရှိန်လျှော့ပစ်ခဲ့ဖို့ လိုမယ်။

◾️ဒီအတွက် အလုပ်ကြိုးစားပါ။ ငွေကို တန်ဖိုးထားပါ။ ကိုယ် ငယ်ငယ်တုန်းကထက် နည်းနည်းလောက်ဖြစ်ဖြစ်တော့ ပိုသာတဲ့ အခြေအနေကောင်းတွေကို သားသမီးအတွက် ဖန်တီးပေးခဲ့ပါ။

ကိုယ့်စိတ်ကို သိပါ။ ဒဏ်ရာတွေကို ကုစားပါ။ ‘ကျူးလွန်သွားတာက တစ်ယောက်၊ ကိုယ်အပြစ်ပေးမိနေတာက တစ်ယောက်’ မဖြစ်ပါစေနဲ့။

Collective သဘောဆန်တဲ့ စနစ်အပြောင်းအလဲတွေမှာလည်း တတ်စွမ်းသမျှ ပါဝင်ပါ။ ဒါဟာလည်း လူပေါင်းများစွာကို အကျိုးရှိစေတဲ့၊ ဆင်းရဲတွင်းကနေ ဆွဲထုတ်ပေးမဲ့၊ မျက်ရည်ပေါင်းများစွာကို သုတ်ပေးမဲ့၊ အင်မတန် မွန်မြတ်တဲ့ ပရဟိတအလုပ်တစ်ခု ဖြစ်တယ်ဆိုတာ သတိရစေချင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂၅.၆.၂၀၂၃

Photo credit - Pixabay

💜💜 ၂ဖက်လှ ပိုးဘရိုကိတ် 💜💜🌈🌈 ပျော့ပျော့အိအိ လေးနဲ့ ဝတ်လို့ တအားကောင်းတဲ့ ဘရိုကိတ် အဆင်သစ်လေး လာပါပြီရှင့် 🌈🌈🍀🍀အဆင်ဒီဇိုင်...
20/04/2022

💜💜 ၂ဖက်လှ ပိုးဘရိုကိတ် 💜💜

🌈🌈 ပျော့ပျော့အိအိ လေးနဲ့ ဝတ်လို့ တအားကောင်းတဲ့ ဘရိုကိတ် အဆင်သစ်လေး လာပါပြီရှင့် 🌈🌈

🍀🍀အဆင်ဒီဇိုင်းက ပွဲတက်ဝတ်မလား ထသွားထလာပေါ့ပေါ့ပါးပါး ဝတ်မလား...အားလုံးအတွက် အိုကေဘဲနော် 🍀🍀

⭐⭐ ခန္ဓာကိုယ်ပေါ်မှာ ဝတ်ထားရင် အေးအေးအိအိလေးနဲ့ ပေါ့ပေါ့ပါးပါး ဖြစ်မှာပါရှင့်..ပူမှာလဲ စိုးရိမ်စရာမလိုဘူးနော်..အရင် ဝတ်ဖူးနေကျ သူများတောင် အေးလို့ ထပ်ထပ်မှာနေကျတဲ့ ဘရိုကိတ်အသား ပါ ⭐⭐

🚨🚨 အကျီစ ထဘီစ ၂မျိူးလုံး ၂ဖက်ဖြစ်လို့..ကိုယ့်စိတ်ကြိုက် ကာလာပြောင်းပြီး ဖန်တီးချူပ်ဝတ်လို့ရတယ်နော် 🚨🚨

---------------------------
👛👛 Price...10500 ks 👛👛

Cash on deli with Bee express.
Banking 0%

🍀🍀 ယက္ကန်းဇင်းမယ် 🍀🍀🌄🌄 ၁၀၀ % ချည်သားစစ်စစ် ဖြစ်လို့ ယခုလို နွေရာသီနဲ့ လိုက်ဖက်ဆုံးပါရှင့် 🌄🌄💜💜 ရှမ်းရိုးရာ အဆင် ကိုမှ ဒီ...
10/04/2022

🍀🍀 ယက္ကန်းဇင်းမယ် 🍀🍀

🌄🌄 ၁၀၀ % ချည်သားစစ်စစ် ဖြစ်လို့ ယခုလို နွေရာသီနဲ့ လိုက်ဖက်ဆုံးပါရှင့် 🌄🌄

💜💜 ရှမ်းရိုးရာ အဆင် ကိုမှ ဒီတခေါက် ထဘီ တထည်လုံးအပြည့်ဆင်လေး ထုတ်ပေးထားတယ်နော် 💜💜

❤❤ ပထမ တခေါက် ပစ္စည်း ရထားသူများ ကြိုက်လွန်းလို့ ဝတ်လို့ အိစက်ညက်ညော လို့ ထပ်ထပ် လာမေးနေသူများ မြန်မြန်လေး ယူထားပေးကြပါ..ပစ္စည်း နည်းလို့ပါ ❤❤

🌿🌿 မြန်မာဆန်ဆန် ဝတ်မလား...လူငယ်ကြိုက် ဂါဝန် စကပ် ချုပ်မလား စိတ်ကြိုက် ပုံဖော်ပြီး အလှဆုံး ဝတ်ဆင်ကြရအောင်နော် 🌿🌿
----------------------
Price...9000 ks
Cash on deli with Bee express.
Banking 0%

💜💜 တမူး ၃ကိုက် ဝမ်းဆက် 💜💜💗💗 မြန်မာဝတ်စုံဆို ဝမ်းဆက်မှ ဝတ်ဆင်ချင်သူများအတွက် တမူးဝမ်းဆက် အဆင်သစ် ထပ်ဝင်ပါတယ် 💗💗🌈🌈 တမူးချစ...
30/03/2022

💜💜 တမူး ၃ကိုက် ဝမ်းဆက် 💜💜

💗💗 မြန်မာဝတ်စုံဆို ဝမ်းဆက်မှ ဝတ်ဆင်ချင်သူများအတွက် တမူးဝမ်းဆက် အဆင်သစ် ထပ်ဝင်ပါတယ် 💗💗

🌈🌈 တမူးချစ်သူများ အဆင်လှလှလေးများ မြန်မြန်လေးရွေးယူထားကြပါရှင့် 🌈🌈

-------------------
👝👝👝 Price...8500 ks 👝👝👝

Cash on deli with Bee express.
Banking 0%

🌈🌈 Digital စပန့် ဂါဝန် 🌈🌈💛💛 ကာတွန်း အဆင်သစ် ဂါဝန် ကိုမှ ပေါင် ၁၄၀ ၁၅၀ သမားများထိ ဝတ်လို့ ရတဲ့ ဆိုဒ်ပါရှင့် 💛💛❤❤ ခါးကြိုး...
19/03/2022

🌈🌈 Digital စပန့် ဂါဝန် 🌈🌈

💛💛 ကာတွန်း အဆင်သစ် ဂါဝန် ကိုမှ ပေါင် ၁၄၀ ၁၅၀ သမားများထိ ဝတ်လို့ ရတဲ့ ဆိုဒ်ပါရှင့် 💛💛

❤❤ ခါးကြိုးစည်း ပါလို့ လိုသလို အတိုးအလျော့ ကတဲ့အပြင်..ရှေ့ ရင်ဘတ် ဒီဇိုင်းကိုလဲ ဆန်းဆန်းလေး ချူပ်ပေးထားတယ်နော် ❤❤

---------------
💗💗 Size...44 💗💗

👝👝👝 Price...6500 ks 👝👝👝

Cash on deli with Bee express.
Kpay 0%

💜💜 Stitch အဆင် Digital စပန့် 💜💜💖💖 ကာတွန်းပုံလှလှ Design အသစ်လေး ထပ်ဝင်ပါတယ်နော် 💖💖----------------------🍀🍀 Size... 42 🍀🍀...
19/03/2022

💜💜 Stitch အဆင် Digital စပန့် 💜💜

💖💖 ကာတွန်းပုံလှလှ Design အသစ်လေး ထပ်ဝင်ပါတယ်နော် 💖💖

----------------------
🍀🍀 Size... 42 🍀🍀

😘😘 Price...7500 ks 😘😘

Cash on deli with Bee express.

Kpay 0%

Address

Bago

Telephone

+959428048403

Website

Alerts

Be the first to know and let us send you an email when Sweety Sky Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category