Khant Htal War

Khant Htal War Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khant Htal War, Women's clothes shop, Chauk.

မဂ်လာမနက်ခင်းလေးပါဗျ🌅☘️👶🏻
03/11/2025

မဂ်လာမနက်ခင်းလေးပါဗျ🌅☘️👶🏻

မဂ်လာမနက်ခင်းလေးပါဗျ🌞🍀🌄သားသား Page လေးကို Like & Follow လေးလုပ်ပေးကြပါအုံးခင်ဗျာ🌄🍀❣️
03/11/2025

မဂ်လာမနက်ခင်းလေးပါဗျ🌞🍀🌄
သားသား Page လေးကို Like & Follow လေးလုပ်ပေးကြပါအုံးခင်ဗျာ🌄🍀❣️

29/10/2025

ဒီ Post ကိုမြင်ရင်မုန့်ဖိုးယူ🫶💰

အလုပ်နဲ့ အတွေးကို အာရုံစိုက်ပါ ---------------------------------ငါဆင်းရဲလိုက်တာ မငြီးတွားပါနဲ့။ငါချမ်းသာ နိုင်သေးတယ်ဆိုတ...
26/10/2025

အလုပ်နဲ့ အတွေးကို အာရုံစိုက်ပါ
---------------------------------
ငါဆင်းရဲလိုက်တာ မငြီးတွားပါနဲ့။
ငါချမ်းသာ နိုင်သေးတယ်ဆိုတဲ့
အသိနဲ့ ကြိုးစားပါ။
ငါအဆင်မပြေဘူးလို့ မတွေးပါနဲ့။
ငါအဆင်ပြေ နိုင်သေးတယ်လို့ပဲ တွေးပါ။
ငါကံဆိုးတယ်လို့ ဘယ်တော့မှ မတွေးပါနဲ့။
ငါကံကောင်း နိုင်သေးတယ်လို့ပဲ တွေးပါ။
ငါလုပ်လို့ မရနိုင်တော့ဘူးလို့
မငြီးတွားပါနဲ့။
ငါ ဆက်လုပ်နေမယ်ဆိုရင်
အောင်မြင်မယ်ဆိုတဲ့ အသိနဲ့ ကြိုးစားပါ။
အလုပ်ဆိုတာ အရေးကြီးသလို
အတွေးတွေကလည်း အဓိကကျပါတယ်။
ဒါကြောင့် အတွေးကို
ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
ကောင်းတဲ့ အတွေးအမြင်တွေကသာ
သင့်ကို ကောင်းတဲ့ ဘဝဆီ
ခေါ်ဆောင်သွား နိုင်မှာပါ။
အလုပ်ကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။
ကောင်းမွန်စွာ ကြိုးစားလုပ်ကိုင်ခြင်းကသာ
သင့်ကို ကောင်းတဲ့ဘဝဆီ ခေါ်ဆောင်သွားမှာပါ။
ဘာပဲလုပ်လုပ်
အလုပ်နဲ့ အတွေးကို ဂရုစိုက်ပါ။

26/10/2025

"လိပ်ကဲ့သို့ ရှင်သန်ပါ။
နှေးကွေးစွာ လျှောက်သော်လည်း ဘယ်သောအခါမျှ နောက်ပြန်မလှည့်ပါ။"

အရာရာ အလျင်စလို ဖြစ်နေသော ကမ္ဘာတွင်
ကျွန်ုပ်တို့သည် မြန်မြန်သွားရန်၊ မြန်မြန် အောင်မြင်ရန်၊ သူများနောက် မကျန်ရစ်ရန် ဖိအားပေးခံရလေ့ရှိသည်။

သို့သော် အမှန်တကယ်မှာ...ဘဝသည် မည်သူနှင့်မျှ ယှဉ်ပြိုင်ရန် မလိုအပ်ပေ။

လိပ်သည် နှေးကွေးစွာ လျှောက်ကောင်း လျှောက်လိမ့်မည်။
သို့သော် ၎င်းသည် "ခိုင်မာစွာ လျှောက်သည်"။

မတုန်လှုပ်၊ အလျင်မလို၊ ပတ်ဝန်းကျင်၏ အသံကြောင့် စည်းချက် မပျက်။
အရေးကြီးဆုံးအချက်မှာ...လိပ်သည် နောက်ပြန် ဘယ်သောအခါမျှ မလှည့်။

ရည်မှန်းချက်ရှိသော ဘဝနှင့် တူ၏။

ရောက်ရန် အချိန်ကြာမြင့်နိုင်သော်လည်း
၎င်းသည် ၎င်း၏ကိုယ်ပိုင်ပုံစံဖြင့် ရှေ့သို့ ခြေလှမ်းနေသည်။
မရောက်သေး၍ မရှက်ပါနှင့်။
သူများထက် နှေးကွေးစွာ လျှောက်နေ၍ စိတ်ဓာတ်မကျပါ။
အကြောင်းမူကား နောက်ဆုံးတွင်...မရပ်မနား လျှောက်နေသူသည် ပန်းတိုင်သို့ ရောက်မည်ဆိုတာ သေချာသည်။

ဘဝသည် အမြန်ဆုံး ဖြစ်ရန် မလိုအပ်ပါ။
လျှောက်နေသော လမ်းကြောင်းကို ယုံကြည်ပြီး မရပ်တန့်ပါနှင့်။
ထိုမျှဖြင့် သင်သည် တစ်နေ့ အောင်မြင်မှုဆီ ရောက်မည်။

#မေတ္တာဖြင့် #စာပေ #စာအုပ် #ဘဝစာပေ #စာပေကြိုက်သူများ #လူငယ်များအတွက်ဗဟုသုတစာပေများ #ခွန်အားဖြစ်စေသောစာများ #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လေးစားစွာဖြင့် #ဗဟုသုတ

ချုပ်ပုံလှလှလေးတွေ ရှာပေးထားတယ်🤍🫶 ゚viralシfypシ゚viralシ
26/10/2025

ချုပ်ပုံလှလှလေးတွေ ရှာပေးထားတယ်🤍🫶

゚viralシfypシ゚viralシ


'စိတ်ချမ်းသာချင်ရင်မသိချင်ယောင်ဆောင်လိုက်ပါ"""နေရာတကာ အလိုက်သိတာကကောင်းတယ်ဆိုပေမဲ့"တချို့အရာတွေက မသိချင်ယောင်ဆောင်တတ်ရတယ...
29/08/2025

'စိတ်ချမ်းသာချင်ရင်မသိချင်ယောင်ဆောင်လိုက်ပါ""

"နေရာတကာ အလိုက်သိတာက

ကောင်းတယ်ဆိုပေမဲ့

"တချို့အရာတွေက မသိချင်ယောင်ဆောင်တတ်ရတယ်

ဒါမှ စိတ်ချမ်းသာရမှာပါ ။

"သင်မရှိရင် မဖြစ်ဘူးဆိုတာ လောကမှာမရှိဘူး

"နေအလင်းရောင် တစ်ခုတည်းနဲ့ ကမ္ဘာကြီးလင်းနေရင်

"ညဆိုတာ ဖြစ်လာမှာမဟုတ်ဘူးလေ ။

"ဘဝမှာ နေရာတကာ လိုက်ပြီးတွေးပေးနေရင်

ကိုယ်ပဲပင်ပန်းရလိမ့်မယ်၊

"လွှတ်ချသင့်တဲ့အရာတွေကို

"လွှတ်ချတတ်အောင်သင်ယူပါ၊

"ဆွဲထားသမျှ ပူလောင်နေရင်

အဲ့ဒီရပ်ဝန်းမှာ ကြာကြာမနေနဲ့ မလိုအပ်တော့ဘူးဆိုရင် သိသာစွာပြောင်းလဲတတ်တာ လူ့သဘာဝပါ ။

"ဒါကြောင့်မှန်နေရင်တောင် မငြင်းနဲ့ တိတ်ဆိတ်နေခြင်းက ပညာပါ၊ မြင်နေရင်တောင် မပြောပဲနေရမဲ့အနေအထားဆို

ရင်

မသိချင်ယောင်ဆောင်ထားလိုက်ပါ

"တချို့တွေက

စေတနာရဲ့ တန်ဖိုးကို နားလည်မှာမဟုတ်ဘူး ။

"ဘဝမှာအများကြီးပေးလို့ အများကြီးပြန်ရတာဆိုလို့ မေတ္တာပဲရှိတယ်

"ဒါပေမဲ့ မေတ္တာနဲ့ မထိုက်တန်တဲ့သူကိုပေးမိတဲ့အခါ

"ပြန်ရတာက နောင်တဆိုရင် အဲ့ဒီနောင်တအပေါ် ဒေါသ ဖြစ်ခြင်းကြောင့်

ပေးသမျှမေတ္တာတွေက ဒဏ်ရာအဖြစ်ပြန်ရမဲ့အတူတူ

"မသိချင် ယောင်ဆောင်လိုက်တာက ပိုအေးချမ်းပါတယ်။

🌱🍂🌿




crd

သူများဆီက မေတ္တာလိုချင်ရင်ကိုယ်က နွေးထွေးပေးဖို့မမေ့ပါနဲ့။သူများဆီက ဂရုစိုက်မှု့လိုချင်ရင်ကိုယ်လည်း  ကြင်နာဖို့မမေ့ပါနဲ့...
29/08/2025

သူများဆီက မေတ္တာလိုချင်ရင်
ကိုယ်က နွေးထွေးပေးဖို့မမေ့ပါနဲ့။

သူများဆီက ဂရုစိုက်မှု့လိုချင်ရင်
ကိုယ်လည်း ကြင်နာဖို့မမေ့ပါနဲ့။

သူများဆီက
ချိုသာတဲ့စကားသံတွေကြားချင်ရင်
ကိုယ်လည်း ချိုချိုသာသာပြောဖို့မမေ့ပါနဲ့။

သူများဆီက
နှုတ်ဆက်တာကိုလိုချင်ရင်
ကိုယ်လည်း ပြုံးပြဖို့မမေ့ပါနဲ့။

သူများဆီက
အကူအညီကိုလိုချင်ရင်
ကိုယ်က ကျေးဇူးမမေ့ပါနဲ့။

မမေ့ပါနဲ့
အရာရာတိုင်းဟာ အသွားအပြန်ရှိပါတယ်။

သူများဆီက လိုချင်ရင်
ကိုယ်ကလည်း ပေးဖို့မမေ့ပါနဲ့။

ကိုယ်ကမပေးချင်ဘဲ
သူများဆီက မမျှော်လင့်ပါနဲ့။

တစ်ဦးကမေတ္တာ တစ်ဦးကစေတနာပါ
မေတ္တာဟာ ရောင်ပြန်ဟပ်ပါတယ်။

Address

Chauk

Website

Alerts

Be the first to know and let us send you an email when Khant Htal War posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share