Yan Myo Aung

Yan Myo Aung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yan Myo Aung, Men's clothes shop, တပင်ရွှေထီးလမ်း, Dagon.

.      ❝ ကုသိုလ်ပိုရတဲ့နည်း ❞   မြတ်စွာဘုရားကို ဝါဆို သင်္ကန်း ကထိန်သင်္ကန်းကပ်လှူဖူးပြီလား..အခုလိုဝါဆိုအခါမှာ      "ဝါဆ...
11/07/2022

. ❝ ကုသိုလ်ပိုရတဲ့နည်း ❞
မြတ်စွာဘုရားကို ဝါဆို သင်္ကန်း ကထိန်သင်္ကန်းကပ်လှူဖူးပြီလား..

အခုလိုဝါဆိုအခါမှာ

"ဝါဆိုသင်္ကန်း"
"ကထိန်သင်္ကန်း"
ဖြစ်ပေါ်လာအောင်

ခွင့်ပြု ပေးတဲ့ မြတ်စွာဘုရားရှင်ကို
ဝါဆိုသင်္ကန်း ၊ကထိန်သင်္ကန်း မကပ်ဖူးသေးရင် ကပ်လှူပူဇော်ပါ။

ကိုယ့်အိမ်ကဘုရားကို ဝါဆိုသင်္ကန်း ကပ်မယ်ဆိုရင်...

(၁၂.၇.၂၀၂၂)ဝါဆိုလပြည့်နေ့ နံနက်အာရုံတက်ချိန်

ဘုရားရှေ့မှာ ကိလေသာအပူအားလုံး ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။

စိတ်ကွယ်ရာအရပ်၌ပင် မကောင်းမူ့ကို မပြုမကျင့်တော်မူသော မြတ်စွာဘုရား။

လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။

တပည့်တော်တို့ ဤဝါဆိုသင်္ကန်းကို ဆက်ကပ်လှူဒါန်းပါတယ်ဘုရား ဟုဆိုပြီး ဝါဆိုသင်္ကန်းကပ်လှူပါ။

မြတ်စွာဘုရားရှင်ကို ကပ်လှူထားတဲ့ဝါဆိုသင်္ကန်းကို တစ်ဝါတွင်းလုံး ဘုရားစင်မှာ ကပ်လှူထားပါ,.."သီတင်းကျွတ်" လပြည့်နေ့မှ စွန့်ပါ။

စွန့်ပြီး အဲ့ဒီသင်္ကန်းကို သံဃာတစ်ပါးပါးအား စွန့်ပြီး ပြန်လှူလိုက်ပါ။

" ဘုရားလှူရတဲ့ ကုသိုလ်ရယ် "
" သံဃာလှူရတဲ့ ကုသိုလ်ရယ် " ကုသိုလ်ပိုရပါတယ်။

သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး သင်္ကန်းတစ်စုံ ထပ်ဝယ်ပြီး ဘုရားကို ကထိန်သင်္ကန်းကပ်လှူပါ။

ဘုရားခွင့်ပြု တော်မူတဲ့လ, သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကနေတန်ဆောင်မုန်းလပြည့်ထိတစ်လတာအတွင်း, ကထိန်သင်္ကန်း လှူလို့ရတယ်..

အဲ့ဒါ ဘုရားမှာ တပတ်လှူ ,(၅)ရက်လှူ , (၃)ရက်လှူ။ လှူပြီးတာနဲ့ စွန့်ပြီး အိမ်နားက ကျောင်းမှာ ကထိန်ခင်းတာရှိမယ် အဲ့ဒါ သွားလှူလိုက်ပါ။

အဲ့တော့ ဘုရားလည်း "ကထိန်သင်္ကန်း"ကပ်ရတယ်။ ကျောင်းမှာလည်း သံဃာတော်တွေအတွက် "ကထိန်သင်္ကန်း လှူရပါတယ်။

ဘုရားရှင်ကို
" ဝါဆိုသင်္ကန်း "
" ကထိန်သင်္ကန်း "
မကပ်ဖူးသေးတဲ့ သူတွေ
ဒီနည်းအတိုင်းလုပ်လို့ရပါတယ်...

ကုသိုလ်တွေ ပို၍ရအောင် လှူနိူင်ကြပါစေ။

ကုသိုလ်အထူးလည်းရကြပါစေ။

ချမ်းမြေ့ရိပ်မြိုင်ဆရာတော် အရှင်တေဇောသာရ

Credit to original writer.

🙏🏻🙏🏻🙏🏻 ဝါတွင်း (၃) လ " ကိုးနဝင်းပုတီး " ရက်ပေါင်း (၉၀) အဓိဌာန် ပုတီးစိပ်ကြမယ် 🙏🏻🙏🏻🙏🏻                ❗️မနက်ဖန် စစိပ်ကြမယ်...
11/07/2022

🙏🏻🙏🏻🙏🏻 ဝါတွင်း (၃) လ " ကိုးနဝင်းပုတီး "
ရက်ပေါင်း (၉၀) အဓိဌာန် ပုတီးစိပ်ကြမယ် 🙏🏻🙏🏻🙏🏻
❗️မနက်ဖန် စစိပ်ကြမယ်နော် ❗️

📿📿📿စိပ်ရမယ့်နေ့ရက်များ📿📿📿

💥 ဂုဏ်တော် (၉) ပါးစလုံးကို ( ၁၂.၇.၂၀၂၂ မှ ၂၀.၇.၂၀၂၂ ) အထိ နေ့တိုင်းတစ်ပတ်စီ စိပ်ပါ 💥

➡️ အရဟံ သိဒ္ဓိ (၉)ပတ် 📿
🗓 ၂၁.၇ ၂၀၂၂ မှ ၂၉.၇.၂၀၂၂ အထိ

➡️ သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ် 📿
🗓 ၃၀.၇ ၂၀၂၂ မှ ၇.၈.၂၀၂၂ အထိ

➡️ ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉)ပတ် 📿
🗓 ၈.၈.၂၀၂၂ မှ ၁၆.၈.၂၀၂၂ အထိ

➡️ သုဂတော သိဒ္ဓိ (၉)ပတ် 📿
🗓 ၁၇.၈.၂၀၂၂ မှ ၂၅.၈.၂၀၂၂ အထိ

➡️ လောကဝိဒူ သိဒ္ဓိ (၉)ပတ် 📿
🗓 ၂၆.၈.၂၀၂၂ မှ ၃.၉.၂၀၂၂ အထိ

➡️ အနုတ္တရောပုရိသ ဓမ္မသာရထိ သိဒ္ဓိ (၉)ပတ် 📿
🗓 ၄.၉.၂၀၂၂ မှ ၁၂.၉.၂၀၂၂ အထိ

➡️ သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ (၉)ပတ် 📿
🗓 ၁၃.၉.၂၀၂၂ မှ ၂၁.၉.၂၀၂၂ အထိ

➡️ ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ် 📿
🗓 ၂၂.၉.၂၀၂၂ မှ ၃၀.၉.၂၀၂၂ အထိ

➡️ ဘဂဝါ သိဒ္ဓိ (၉)ပတ် 📿
🗓 ၁.၁၀.၂၀၂၂ မှ ၉.၁၀.၂၀၂၂ အထိ
➖➖➖➖➖➖➖➖➖➖➖➖➖➖

💥 သက်သတ်လွတ်လည်း စားစရာမလိုပါဘူး
💥 အချိန်လည်း တိတိကျကျစိပ်စရာမလိုပါဘူး
💥 နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်

🙏🏻🙏🏻🙏🏻 လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ….ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ 🙏🏻🙏🏻🙏🏻

Credit

#လေးစားစွာဖြင့်


https://www.facebook.com/PoeThiri20022/

https://www.facebook.com/thiri20022/

မင်္ဂလာနံနက်ခင်းလေးပါ။🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ 🌹🌹ဓမ်မံ သရဏံ ဂစ်ဆာမိ 🌹🌹သံဃံ သရဏံ ဂစ်ဆာမိ 🌹🌹ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ...
11/07/2022

မင်္ဂလာနံနက်ခင်းလေးပါ။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹

🌹ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ 🌹
🌹ဓမ်မံ သရဏံ ဂစ်ဆာမိ 🌹
🌹သံဃံ သရဏံ ဂစ်ဆာမိ 🌹

🌹ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ 🌹
🌹ဒုတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ 🌹
🌹ဒုတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ 🌹

🌹တတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ 🌹
🌹တတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ 🌹
🌹တတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ ပါဘုရား🌹

မြန်မာပြည်သူပြည်သားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ

ကမ္ဘာသူ ကမ္ဘာသားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ

၃၁ ဘုံအတွင်း၌ ရှိကြကုန်သော
ဝေနေယျသတ္တဝါအားလုံး ကျန်းမာကြပါစေ
ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ

စကြာဝဠာအနန္တ၌ရှိကြကုန်သော လူ နတ် ဗြဟ္မာ
သတ္တဝါအားလုံး ကျန်းမာကြပါစေချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ

https://www.facebook.com/ဘုရားတရားသံဃာ-732640176895213/

28/05/2022
ချမ်းသာစွာအိပ်စက်အနားယူနိုင်ကြပါစေ🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺 ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာဖြင့်  ကောင်းစွာအိပ်စက်နိုးထနိုင်ကြပါစေ ကောင်းမ...
23/05/2022

ချမ်းသာစွာအိပ်စက်အနားယူနိုင်ကြပါစေ
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာဖြင့်
ကောင်းစွာအိပ်စက်နိုးထနိုင်ကြပါစေ

ကောင်းမှူအစုစုနေ့စဉ် ပြု ၍
ကြည်နူးချမ်းမြေ့နိုင်ကြပါစေ

ဘေးရန်ခပ်သိမ်းရှောင်ခွာငြိမ်း၍
အေးချမ်းသာယာရှိနိုင်ကြပါစေ

စိုးရိမ် သောက ဗျာပါဒများ
ကင်းစင်ငြိမ်းအေးနိုင်ကြပါစေ

ဆင်းရဲ ဒုက္ခအနန္တတို့သည်မြူ မျှမတင်
ကင်းစင်လွင့်ပျောက် ချမ်းသာရောက်နိုင်ကြပါစေ

နှလုံးစိတ်ဝမ်းကြည်ရွှင်လန်း၍
ကောင်းသော လိုအင်ဆန္ဒများပြည့်ဝနိုင်ကြပါစေ

စက္ကန့်တိုင်း မိနစ်တိုင်း နာရီတိုင်း
ကောင်းကျိုးချမ်းသာ မင်္ဂလာနှင့်ပြည့်စုံနိုင်ကြပါစေ

https://www.facebook.com/ဘုရားတရားသံဃာ-732640176895213/

ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ********************************* #ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့ကဆုန်...
13/05/2022

ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ
*********************************

#ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့
ကဆုန်လပြည့် (၅)နေ့။

(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး အသင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

****

#ကဆုန်လပြည့် #ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၁။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ (ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်, စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့် တိုက်ဆိုက်နေပါသည်။ ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံသောကြောင့် ဤနေ့ကို ` #ကဆုန်လပြည့်ဗုဒ္ဓနေ့´ ဟု အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့တွင် မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့် ဤနေ့ဤရက်ကို `ကဆုန်လပြည့် မာရ်အောင်နေ့´အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍ ကဆုန်လပြည့်နေ့ကို `ဝိဆခ်ဒေး´ဟု ခေါ်ဆိုကြပါသည်။ ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည် သဗ္ဗုညုတဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော် ၇ ပါးတွင် စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့် ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။ ဤကဲ့သို့ မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်၍ ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက် ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာ သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏ အလောင်းသည် တိဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို ခံစားရကြောင်း (ထေရာပဒါန်) ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏ အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့် သွန်းလောင်းသောကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊ သောကကင်းဝေးခြင်း စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင် ဗုဒ္ဓအဘိသေက မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။ ကျောင်းကန်ဘုရားသို့သွား၍ ဒါန သီလ ဘာဝနာအမှုကို ပြုလုပ်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမှတ်တရ ဆင်နွှဲကြပါသည်။

#မာဂဓီ (သာစည်)၏ [အခါတော်နေ့များ စာအုပ်မှ] ပြန်လည်
ထုတ်နှုတ်မျှဝေ ပူဇော်ပါသည်။

#တက္ကသိုလ် ခွန်Rကာ

14=5=2022ကဆုန်လပြည့်ဗုဒ္ဓနေ့
13/05/2022

14=5=2022
ကဆုန်လပြည့်ဗုဒ္ဓနေ့

Address

တပင်ရွှေထီးလမ်း
Dagon

Telephone

+959978437350

Website

Alerts

Be the first to know and let us send you an email when Yan Myo Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share