30/08/2021
⛔ဘေထုပ်ရောင်းဖို့ စိတ်ကူးပြီဆို မဖြစ်မနေဖတ်ပေးပါ⛔
🙋အခုရက်ပိုင်း ကျွန်မ စီကို ဘေထုတ်ပြန်ရောင်းချင်လို့
လာပြီး တိုင်ပင်ကြတဲ့ ညီအစ်ကို မောင်နှမများအတွက်ပါ 🙏🙏🙏
ဘေထုတ်အထည်ဆိုတာ.....
1⃣ အထုပ်ဖောက်ပြီဆိုတာနဲ့ ကံဆိုး, ကံကောင်း ရှိတယ် ဆိုတာ အရင်ဆုံးနားလည်ရပါမယ်...
2⃣ ဘေထုပ်အထည်ဆိုတာ အသစ်ထည် မဟုတ်တဲ့အတွက်
တံဆိပ်ကောင်းတာ, အထည်သန့်တာ, ပေတာ, စွန်းတာ, အပေါက်, အပြဲ,အသီးထ, စုတ်တာ, ပြတ်တာ အကုန် လက်ခံနိုင်ပြီဆိုမှ
ကိုယ်တိုင်အထုပ်ဖောက်ပါ...
3⃣ သူများတွေ ရောင်းနေရတာဘဲ မကြည့်ပါနဲ့ သူတို့ဘယ်လို
အပင်ပန်းခံရတယ် ဘယ်လိုကြိုးစားရတယ်ဆိုတာ အရင်လေ့လာပါ
သူများလုပ်တိုင်း လိုက်လုပ်ရင် သင်ကိုယ်တိုင်က သူ့လောက်အပင်ပန်းခံနိုင်လား သူ့လောက် ဝီရိယ ရှိနိုင်လား
ဆိုတာ အရင်တွေးပါ...
4⃣ မိမိကိုယ်တိုင် ကြံရာမရတိုင်း ဘေထုပ်ဒိုင်ကို
ပြသနာ သွားရှာလို့ မရနိုင်ဘူးဗျ
ကိုယ်လုပ်တဲ့ လုပ်ငန်းက အဟောင်းထည် ဘေထုပ် second ဆိုတာကို (လုံးဝ) မမေ့ပါနဲ့
ကိုယ်ဖောက်တဲ့ အထုပ်ရဲ့ တန်ကြေးနဲ့ ထိုက်တန်တဲ့
အနေထားတစ်ခုဘဲ ပြန်ရမှာပါ အများကြီးမျှော်လင့်မထားပါနဲ့...
5⃣ လုပ်ငန်းတစ်ခုကို ကိုယ်တိုင်က အရင်ဆုံးလေ့လာပါ
ဘာမှမသိ ဘာမှနားမလည်ဘဲ (လုံးဝ) မစတင်ပါနဲ့...
အခုမှ လုပ်ငန်းသစ် စပြီးလုပ်ကိုင်တော့မယ်ဆို
အထင် နဲ့ အမြင် မတူခဲ့ရင်
လိုချင်တာ နဲ့ ထွက်လာတဲ့ရလဒ် မတူညီခဲ့ရင်
သူတို့အတွေးမှာ ရောင်းပေးတဲ့အထုပ်ဒိုင်ကို အပြစ်မြင်တတ်ပါတယ်
ကိုယ့်ထည်းကအထည်ကို ဘယ်လို ပြန်ရောင်းရမယ်ဆိုတာ
လုံးဝ မတွေးတော့ပါဘူး
ဘေထုပ် ရောင်းနေတဲ့သူ အများစုကတော့ ကိုယ်ပိုင်နိုင်တဲ့လိုင်း
ကိုယ်ကျွမ်းကျင်တဲ့လိုင်း ကိုဘဲ အများစုက
ရွေးချယ်ပြီး ရောင်းချတတ်ကြပါတယ်
6⃣ ငွေအရင်းတစ်ခု ရင်းနှီးပြီး လုပ်တော့မယ်ဆိုရင်
အမြတ်ကိုဘဲ တွေးလို့မရပါဘူး
စီးပွားရေး မှာ အရှုံး နဲ့ အမြတ်ဆိုတာက အမြဲဒွန်တွဲနေတာပါ
ရှုံးခဲ့ရင် ဆိုတဲ့အပိုင်းကိုလည်း ထည့်ပြီးစဉ်းစားရပါမယ်
ငွေပမာဏတစ်ခု ရင်းလိုက်ပြီဆိုရင်
တစ်သိန်းတန်တဲ့ ပစ္စည်းတစ်ခုကို တစ်ထောင်နဲ့ ရမယ်ဆိုရင်တောင်
သင့်ရဲ့ ကျိုးစားအားထုတ်မှု့မပါရင် အဲ့ပစ္စည်းကိုသင်မရပါဘူး
7⃣ ပစ္စည်းတစ်ခုကို ကျွန်တော်တို့ရောင်းချတဲ့အခါမှာ
အရောင်းပစ္စည်း တစ်ခုအတွက် အလကားရထားတာ တစ်ခုမှမရှိလို့
သင်တို့ပေးဝယ်ရတဲ့ ငွေတစ်ခုထည်းကိုဘဲ မမြင်ပါနဲ့
ကျွန်တော်တို့ ရောင်းနေတဲ့သူမှာလည်း ရင်းနှီးငွေဆိုတာကို
သင်ပြန်တွေးပေးပါ
Customer is Right ဆိုပြီး
ငါမှန်တယ် ဆိုတဲ့ စကားကိုဘဲ မသုံးစေချင်ပါ
လိုအပ်မှ အဆင်ပြေမှ ဝယ်ယူပါ
ဝယ်ပြီး ပစ္စည်းအတွက်က မိမိကိုယ်တိုင် တာဝန်ယူတတ်ပါစေ...
8⃣ မကျေနပ်တာနဲ့ နာမည်ဖျက်ဖို့ မကြိုးစားပါနဲ့
တစ်ချို့တွေ အခုထိ စက်ဖိနဲ့ ခွဲရောင်းတာကို သေချာမသိကြဘူး
စက်ဖိ(အထုပ်လိုက်)ဆိုတာက သူ့ဈေးနဲ့သူ အကောင်းနဲ့ အညံ့ရမယ်
အကောင်းများရင်လည်းများမယ် အဆိုးများရင်လည်းများမယ်
ကိုယ့်ကံတရားပေါ့
သူများ ဖောက်တဲ့ထည်းက ခွဲယူရောင်းမယ်ဆို
၁ထောင်တန်ဝယ်ရင် ၁ထောင်တန်ဘဲရပါမယ်
၅၀၀၀တန်လိုချင်ရင် ၅၀၀၀တန်ဝယ်မှဘဲရပါမယ်
နောက်တစ်ခုပြောချင်တာက စက်ဖိကို
error အနာဆာမပါဘူး ပြောရောင်းတဲ့ ဒိုင်ဆိုမဝယ်ပါနဲ့
အဲ့ဒါဂျင်းတာပါ အနာဆာအနည်း အများက အထုပ်တိုင်းမှာပါသလို
ရောင်းတဲ့ ဒိုင်လည်း ကိုယ်တိုင်သိပါတယ် 😏😏
အားလုံးဘဲရောဂါကင်းဝေးပြီး ကျန်းမာချမ်းသာကြပါစေ 🙏🙏🙏
လွတ်လပ်စွာ share & copy ယူနိုင်ပါသည်။
Source! Anything & Me