noe noe

noe noe 😍😍😍😘😘😘😘yaung maw
Dawei

မာလာအာလူးကြော် ကျွတ်ကျွတ်လေး လုပ်စားကြမယ် 🥔🌶️🍟
20/02/2024

မာလာအာလူးကြော် ကျွတ်ကျွတ်လေး လုပ်စားကြမယ် 🥔🌶️🍟

ဝက်သားသုံးထပ်သားအကြွပ်ကြော် ကြော်နည်းမေးထားတဲ့သူတွေအတွက် တင်ပေးလိုက်ပါပီ🤗တစ်ပုံချင်းစီမှာ လုပ်နည်းလေးတွေပါ ပါတယ်Crd
18/02/2024

ဝက်သားသုံးထပ်သားအကြွပ်ကြော် ကြော်နည်းမေးထားတဲ့သူတွေအတွက် တင်ပေးလိုက်ပါပီ🤗
တစ်ပုံချင်းစီမှာ လုပ်နည်းလေးတွေပါ ပါတယ်
Crd

ကန်စွန်းဥပေါင်မုန့်ကင် 🍠🍞🥚🥛😍အချိန်သိပ်မပေးရပဲ အာဟာရပြည့်ဝပီးစားလို့ကောင်းတဲ့ မုန့်လေးမို့ လုပ်စားကြည့်ကြည့်ကြပါနော်.. 😇
05/02/2024

ကန်စွန်းဥပေါင်မုန့်ကင် 🍠🍞🥚🥛😍
အချိန်သိပ်မပေးရပဲ အာဟာရပြည့်ဝပီးစားလို့ကောင်းတဲ့ မုန့်လေးမို့ လုပ်စားကြည့်ကြည့်ကြပါနော်.. 😇

ညဖက်တွေဗိုက်ဆာရင်ပဲဖြစ်ဖြစ် ထလုပ်စားရတာလွယ်ကူတဲ့အပြင် နှမ်းဆော့စ်ခပ်ရွှဲရွှဲ မွှေးမွှေးလေးနဲ့ဆိုတော့ ကလေးရော လူကြီးတွေပါ...
05/02/2024

ညဖက်တွေဗိုက်ဆာရင်ပဲဖြစ်ဖြစ် ထလုပ်စားရတာလွယ်ကူတဲ့အပြင် နှမ်းဆော့စ်ခပ်ရွှဲရွှဲ မွှေးမွှေးလေးနဲ့ဆိုတော့ ကလေးရော လူကြီးတွေပါမကျန် အကြိုက်တွေ့စေမဲ့ ခေါက်ဆွဲသုပ်လုပ်နည်းလေးကိုရှာပေးထားပါတယ်ရှင့်...🍜🍝🥗🥬

အလွယ်ကူဆုံး Homemade ပေါင်မုန့် Pizza ပြုလုပ်နည်း(🍕🍕)******************************************************ပေါင်မုန့် Pi...
05/02/2024

အလွယ်ကူဆုံး Homemade ပေါင်မုန့် Pizza ပြုလုပ်နည်း(🍕🍕)
******************************************************

ပေါင်မုန့် Pizza ပြုလုပ်ရန် ပါဝင်ပစွည်းများ(အသီးအနှံနဲ့ အသားပြား)ကို မိမိနှစ်သက်သလိုထည့်နိုင်ပါတယ်။ အခုပြောပြပေးမှာကတော့ ပေါင်မုန့် Pizza တစ်ခုပြုလုပ်ရန် မရှိမဖြစ်‌‌သော ပါဝင်ပစ္စည်းများဖြစ်ပါတယ်ရှင်။ (Oven မရှိလည်း ပြုလုပ်လို့ရတဲ့နည်းလေးဖြစ်ပါတယ်ရှင်။ )

၁။ ပေါင်မုန့်အဖြူ
၂။ Mozzarella Cheese
၃။ ခရမ်းချဉ်သီးဆော့စ်
၄။ ငရုတ်ကောင်းမှုန့်
၅။ ထောပတ်အနည်းငယ်
၆။ နှစ်သက်ရာအသီးအနှံ (ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်ပွ၊ ပဲစိမ်း၊ ပြောင်းဖူး ၊မှို အစရှိသည် )
၇။ နှစ်သက်ရာအသားပြား/အသားချောင်း (ပုဇွန်၊ Sausage ၊ ဂဏန်းချောင်း၊ ကြက်၊ ဝက်)

ပြုလုပ်ရန်

၁။ ပထမဦးစွာ မိမိအသုံးပြုမည့် အသီးအနှံနှင့် အသားပြားများကို အနေတော်အတုံးလေးများဖြစ်အောင်လှီးဖြတ်ထားပါ။ ခရမ်းချဉ်သီးဆော့ထဲသို့ငရုတ်ကောင်းမှုန့်ထည့်မွှေထားပါ။

၂။ ဒယ်အိုးထဲတွင်ထောပတ်အနည်းငယ်သုတ်လိမ်းပြီး မိမိထည့်သွင်းအသုံးပြုမည့် အသားတုံးလေးများကို နွမ်းသွားအောင်ထည့်ကြော်ထားပါ။ (ကြက်သွန်ဖြူအနည်းငယ်ထည့် ဆီသတ်ပြီးမှ ကြော်လျှင် ပိုမွှေးပါတယ်)

၃။ ပေါင်မုန့်အဖြူပေါ်တွင် ငရုတ်ကောင်းမှုန့်နှင့်ရောစပ်ထားသော ခရမ်းချဉ်သီးဆော့စ်သုတ်လိမ်းပါ။

၄။ အပေါ်မှ ချိစ်တင်ပါ။ ပြီးလျှင် မိမိနှစ်သက်ရာအသီးအနှံနဲ့ ကြော်ထားသောအသားတုံးလေးများတင်ပါ။ ပြီးလျှင်အပေါ်မှ ချိစ်အနည်းငယ်ထပ်တင်ပါ။

၅။ အားလုံးပြင်ဆင်ပြီးလျှင် ဒယ်အိုးပြားကိုထောပတ်အနည်းငယ်သုတ်လိမ်းပြီး ပြင်ဆင်ထားသောပေါင်မုန့် Pizza များထည့်ပြီး အဖုံးဖုံးကာ မီးအေးအေးနဲ့အပူပေးပါ။

၆။ ချိစ်များအရည်ပျော်လာလျှင် ပြန်ထုတ်ပြီး ပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီရှင်။

အာဟာရပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်တဲ့ homemade bread pizza လေးတွေကို လွယ်လွယ်ကူကူ လုပ်စားနိုင်ပါပြီရှင်။

Crd deliciousfoodforu
from youtube

မရမ်းယိုလုပ်နည်း...😋===============မရမ်းသီးကို နှစ်ခြမ်းခွဲ အထဲကအစေ့နဲ့ကပ်နေတဲ့ အခွံမဲနေတဲ့အရွယ်ကို မယူရဘူး ဖြူနေတဲ့အရွယ...
05/02/2024

မရမ်းယိုလုပ်နည်း...😋
===============

မရမ်းသီးကို နှစ်ခြမ်းခွဲ အထဲကအစေ့နဲ့ကပ်နေတဲ့ အခွံမဲနေတဲ့အရွယ်ကို မယူရဘူး ဖြူနေတဲ့အရွယ်ကိုယူ အဲ့အခွံကိုခွာထုတ် ပြီးရင် မရမ်းသီးကို ခက်ရင်းလေးနဲ့ ခုံးတဲ့ဖက်က သုံးချက်လောက် ထိုး ထုံးရေကြည်နဲ့ သုံးရက်လောက်စိမ်

တစ်န်ေရေတခါလဲပေး စိမ်တဲ့အချိန် ကြေးပစ္စည်း တစ်ခုခုနဲ့ထည့်စိမ်နော် ဒါမှအရောင်ကစိမ်းနေမှာ ရက်ပြည့်လို့ ရေထဲကဆယ်ပြီး ရေစစ်ထား ရေစစ်ရင် သကြားနဲ့လူြးပြီး နှစ်နာရီသုံးနာရီလောက်ထား မရမ်းသီးတစ်ပိသာကို သကြား ငါးဆယ်သားလောက်ထည့်တယ်

အချိုမကြိုက်လို့နော် အချိုကြိုက်ရင် ပိုထည့်လို့ရတယ် ပြီးရင် သကြားလူးထားတဲ့ မရမ်းသီးက သကြားရည်တွေထွက်လာမယ် အဲ့အရည်ကို စေးအောင်ကျို စေးလာရင် မရမ်းသီးထည့် ဆက်မွှေ စေးစေးလေးဖြစ်လာရင် မရမ်းယိုလေးရပါပြီး

တအားစေးလွန်းရင် မရမ်းယိုအေးသွားရင် မာတောက်နေမယ်နော် တော်ရုံအနေထားလောက် မီးဖိုက ချရင်ရပါပြီ ကျိုတဲ့အချိန် မီးမများဖို့သတိထားနော်
အဲ့နည်းက အိမ်မှာယိုထိုးတဲ့နည်းကိုမျှဝေတာပါနော်
ကျိုတဲ့ချိန် ကြေးထည်အိုးနဲ့ကျိုရင်ပိုကောင်းတယ်နော် အရောင်လှလှလေးဖြစ်တယ် မရှိရင် ရိုးရိုးအိုးနဲ့လည်းရပါတယ် ပြောဖို့မေ့သွားလို့

မူရင်းမျှဝေသူ

ဘဲသားအားလူးဟင်းဘဲအကောင်ကိုရေဆေးပြီး ကြိုက်နှစ်သက်သလို အတုံးများ တုံးကာ ဆား၊ငံပြာရည်၊နနွင်းမှုန့် ၊ ငရုတ်သီးအရောင်တင်မှုန...
05/02/2024

ဘဲသားအားလူးဟင်း

ဘဲအကောင်ကိုရေဆေးပြီး ကြိုက်နှစ်သက်သလို အတုံးများ တုံးကာ ဆား၊ငံပြာရည်၊နနွင်းမှုန့် ၊ ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ်စီ တို့ဖြင့်နယ်ထားပါ။ ပြီးလျှင် ရေစိမ်ထားသော ငရုတ်သီးခြောက်၊ ကြက်သွန်နီ၊ကြက်သွန်ဖြူ နှင့်ဂျင်း တို့ကို ညက်အောင်ထောင်းကာ ဘဲသားများနှင့် ငရုတ်အနှစ်များကို ရောနယ်ပြီး အသားထဲ အရသာများ စိမ့်ဝင်အောင် နာရီဝက်ခန့်နှပ်ထားပါ။ဘဲအဆီဘူးကို ထည့်မချက်ပါနှင့် အရမ်းနံပြီး စားမရဖြစ်တတ်သည်။ ဒေါ်ပုကတော့ ဘဲကို ဆီလုံးဝမထည့်ပဲ ဘဲကထွက်တဲ့ ဘဲဆီနဲ့ပဲ ဆီမသတ်ပဲ လုံးချက်ထားတာပါ။ အားလူးများကို အခွံခွါပြီး ဆားအနည်းငယ်နှင့် ရေစိမ်ထားပါ။

အသားများကို နာရီဝက်ခန့် နှပ်ပြီးသွားလျှင် ချက်မည့်အိုးထဲသို့ ပြောင်းထည့်ကာ မီးအပူရှိန် အလယ်အလတ်လောက်နှင့် မကြာခဏမွှေ မွှေပေးပါ။ ရေထမင်းစားဇွန်း ၃ ဇွန်းလောက်ထည့်ကာ မပျက်မွှေပေးပါ။ ဘဲအသားများ ခပ်တင်းတင်းလေးဖြစ်လာကာ ကြက်သွန်စိမ်းနံ့ပြောက်ပြီး ဟင်းအနှစ်များရပြီဆိုလျှင် ရေမြုတ်အောင် ထည့်၍ အဖုံးဖုံးပြီး တည်ထားပါ။ ဟင်းအရည်များ ပွက်ပွက်ဆူလာလျှင် ရေစိမ်ထားသော အားလူးများကို ရေဆေးပြီး ထည့်ပါ။ ရေမြုတ်အောင် ထပ်ထည့်ကာ အသားနှင့် အားလူး နူးသည်အထိတည်ထားပေးပါ။ တခါတလေ အသားများမနူးသေးပဲ အားလူးများနူးနေပြီ ဆိုလျှင် အားလူးများကို ပန်းကန်လုံး တစ်ခုထဲသို့ ဆယ်ထုတ် ထားပါ။ အသားများကို ရေအနည်းငယ်ထပ်ထည့်ကာ နူးအိလာသည်အထိ တည်ထားပါ။မကြာခဏ အဖုံးဖွင့်၍ မွှေမွှေပေးပါ။ရေများခမ်းလာကာ အသားများနူးအိ၍ ဆီပြန်လာလျှင် ဖယ်ထားသော အားလူးများကို ထည့်မွှေ၍ အပေါ့အငံမြည်းကြည့်ပြီး မဆလာအုပ်ကာ အရသာကောင်းမွန်သော ဘဲသားအားလူးဟင်းမွှေးမွှေးလေး သုံးဆောင်လို့ ရပါပြီရှင်။ ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ချက်ချင်လျှင် ထည့်ချက်လို့ရပါတယ်ရှင်။ ဘဲသားအားလူးဟင်းကို ချဉ်ပေါင်ရွက်(သို့) ကင်းပွန်းချဉ်ရွက် အချဉ်ရည်ဟင်း၊ ငါးပိထောင်း(သို့) ငရုတ်သီးစားထောင်း တို့နှင့် တွဲဖက်၍ သုံးဆောင်လျှင် အလွန်ဖက်ပါတယ်ရှင်

ကိုယ်ချက်တဲ့ ၀က်ချို၀က်သုံးထပ်သားကို အတုံးလိုက်ရှာလကာရည်နဲ့ ဆေးမယ်.သန့်သွားရင်အရွယ်တော်လေးတွေတုံးမယ်နော်တုံးပီးရင်ရေမဆေး...
05/02/2024

ကိုယ်ချက်တဲ့ ၀က်ချို
၀က်သုံးထပ်သားကို အတုံးလိုက်ရှာလကာရည်နဲ့ ဆေးမယ်.
သန့်သွားရင်အရွယ်တော်လေးတွေတုံးမယ်
နော်တုံးပီးရင်ရေမဆေးတော့ဘူးပဲငံပြာရည်အနောက်ရယ်ဂျင်းထောင်းထားရယ်ကြက်သွန်
ဖြူထောင်းတာရယ်ဆားအနဲငယ်သကြားထည့်မယ်ဆီနဲနဲထည့်မယ်အသားလေးတွေကျစ်
သွားအောင်လုံးမယ်နော်ပီးရင်ရေမြုပ်အောင်ထည့်ရေခမ်းရင်နောက်၁ရည်ထည့်ကြက်သွန်နီဥအလုံးလိုက်လေးထည့်ဆီပြန်ရင်အသားလေးလဲနှူးပီ.

 #ငှက်ပျောစနွင်းမကင်းလေးပါကွကိုလုပ်စားရင်ဘယ်လောက်မှမကုန်ပါဘူးလွယ်လဲလွယ်ပါတယ်အိဒ်တို့အလှူတို့မှာအော်ဒါမှာရင်၂သောင်း၂သောင်...
05/02/2024

#ငှက်ပျောစနွင်းမကင်းလေးပါ

ကွကိုလုပ်စားရင်ဘယ်လောက်မှမကုန်ပါဘူး
လွယ်လဲလွယ်ပါတယ်

အိဒ်တို့အလှူတို့မှာအော်ဒါမှာရင်၂သောင်း၂သောင်းခွဲလောက်ပေးရပါတယ်

ကိုယ်တက်ထားရင်အလွယ်တကူနဲ့သက်သာစားကောင်းမို့လုပ်နည်းလေးပါမျဝေလိုက်ပါတယ်😁

ဌက်ပျောဆနွင်းမကင်း

ဌက်ပျောသီး....၁၃ လုံး (အရွယ်တော်)သီးမွှေးနဲ့လုပ်တာပါ
ဂျုံမှုန့်.. ..၁၀ ကျပ်သား(160g)
အုန်းသီး.. ..၁လုံး အမှုန့်ခြစ်ထားပါအမှုန့်ကိုအုန်းနို့အနည်းငယ်ရအောင်ညှစ်ယူပါတယ်

သကြား...၁၀ ကျပ်သား အချိူကြိုက်ရင်ပိုထည့်နော်

ထောပတ်.....၁၀ ကျပ်သား (160g)
နို့မှုန့် (pep)....၂ထုပ် (30 g)
မထည့်လည်းရတယ်
ကိုကအချိုထက်အစိမ့်ကြိုက်လို့
ဆား.....၁ဇွန်း (လက်ဖက်ရည်ဇွန်း)
ဘိန်းစေ့.. ...အနည်းငယ်
Food colour(နီ).....အနည်းငယ်
ရွှေကြည်မှုန့်.. ၅ဇွန်းမောက်(ထမင်းစားဇွန်း)

ငှက်ပျောသီး ကိုကြေအောင်ချေထားပါ
ဂျုံ +ထောပတ် +သကြား+ အုန်းသီးမှုန့်+အုန်းနို့ညှစ်ထားတာ
နို့မှုန့် + ဆား+ ရွှေကြည် ထည့်ပြီးအားလုံးသမသွားအောင် ရောနယ်ပါ
အရောင်လိုသလောက်ထည့်ပြီး နှံ့အောင်
နယ်ပါ (food colour မထည့်လဲရပါတယ်) မထည့်ရင်အဖြူရောင်ဖြစ်နေလို့နဲနဲထည့်တယ်

ဖုတ်မယ့်ဘန်းကို ထောပတ်သုတ်ပြီး
မုန့်နှစ်လောင်းထည့် အပေါ်ယံညီအောင်
ထောပတ် ၂ဇွန်းလောက် ဆမ်းပြီး
ညှိပေးပါ

ပြီးရင် ဘိန်းစေ့ဖြူးပြီး အပူချိန်
၂၀၀ံ စင်တီဂရိတ်နဲ့ အပေါ်မီး များများ
အောက်မီးနဲနဲ နဲ့ မိနစ် ၄၀လောက် ဖုတ်ပေးပါ
(အောက်မီး ကို ၂၀မိနစ်လောက်ပဲ
ပေးပါတယ်)
မိနစ် ၃၀ လောက်နေရင် ဓားချွန်
လေးနဲ့ ထိုးကြည့်ပြီး မုန့်နှစ်ကပ်မပါလာ
တော့ရင် ကျက်ပါပြီ အပေါ်ယံ နီလာအောင်
၁၀ မိနစ်လောက် ထပ်ထားပြီးရင်
ရပါပြီရှင်
အအေးခံပြီးမှ ကြိုက်ရာပုံဖြတ်လို့ရပါပြီ
ကိုကတော့အအေးမခံမိဘူး
ညနေမှထလုပ်တော့အချိန်မရလိုက်ဘူး😁

နေမကောင်းနေတဲ့သားငယ်လေးအတွက်👱💕ငှက်ပျောကြက်ဥပူတင်း🍮✏ ဖီးကြမ်းငှက်ပျောသီး ၂ လုံး✏ ကြက်ဥ ၂ လုံး✏ premier နို့မှုန့် ၂ ထုပ်....
05/02/2024

နေမကောင်းနေတဲ့သားငယ်လေးအတွက်👱💕
ငှက်ပျောကြက်ဥပူတင်း🍮
✏ ဖီးကြမ်းငှက်ပျောသီး ၂ လုံး
✏ ကြက်ဥ ၂ လုံး
✏ premier နို့မှုန့် ၂ ထုပ်...(နို့မှုန့်ကိုရေနွေးကြမ်းပုဂံလုံးတစ်လုံးစာနှင့်ဖျော်ထားပါ)
✏ မွှေးဂျုံမှုန့် ဟင်စားးဇွန်း ၂ ဇွန်း
✏ သကြားဟင်းစားဇွန်း ၁ ဇွန်း
✏ ဆား လက်ဖက်စားဇွန်းတစ်ဝက်....တို့ကိုရောပြီး blender ထဲထည့်မွှေပါ။
✏ အိုးတစ်လုံးထဲ သကြားဇွန်းတစ်ဝက်စာလောက်ထည့်ပြီး
အပူပေးပါ။
✏ သကြားရည်ဆူပြီး ရွှေအိုရောင်သမ်းလာရင်
အအေးခံပြီး.....ပူတင်းအရည်တွေလောင်းထည့်
✏ ရေနွေးငွေ့ပေါင်းအိုးထဲထည့်ပြီး မိနစ် ၂၀ ခန့်ပေါင်းပြီးရင်
ရပါပြီရှင်
🍮🍮ပူတင်းအိုးလေးကိုအအေးခံပြီး
ပန်းကန်ပြားထဲသို့မှောက်ချလိုက်ပါ။
👭👬အိမ်ကသားသားမီးမီးတွေကိုလုပ်ကျွေးချင်တဲ့ချစ်မေမေတွေ
အတွက်

ပဲပင်ပေါက်သုပ်ခုလောအသုပ်တွေပဲ သုပ်စားဖြစ်နေတယ်..ဒီတစ်ခါလဲ ပဲပေါက်သုပ်ပါမယ်..ပဲပင်ပေါက်သုပ်အတွက်-ပဲပင်ပေါက် -150 g ကို-ကြ...
05/02/2024

ပဲပင်ပေါက်သုပ်

ခုလောအသုပ်တွေပဲ သုပ်စားဖြစ်နေတယ်..
ဒီတစ်ခါလဲ ပဲပေါက်သုပ်ပါမယ်..

ပဲပင်ပေါက်သုပ်အတွက်

-ပဲပင်ပေါက် -150 g ကို
-ကြက်သွန်နီတစ်လုံး
-ဆား၊ အရသာမှုန်.- ငံပြာရည်၊
-ကြက်သွန်ဖြူဆီချက်၊
-ပုဇွန်ခြောက်ထောင်း - အနဲငယ်စီ၊
-မြေပဲလှော်ထောင်း ထမင်းစာဇွန်း 2 ဇွန်း၊
-ငရုပ်သီးအလှော်မုန်. - ထမင်းစားဇွန်းတ၀က်
- ကုလားပဲအလှော်မုန်.- ထမင်းစားဇွန်း 1 ဇွန်း
-ငရုပ်သီးစိမ်း -2 တောင့် ရေဆေးပြီး ပါးပါးလှီးထားပါ…
-နံနံပင် - ၂ ပင်ကို ရေဆေးပြီး ပါးပါးလှီးထားပါ
-သံပုရာသီးတစိတ်။

ပဲပင်ပေါက်ကို ရေဆူဆူတွင် ၃ မိနစ်ခန်.ထည်.ပြုတ်ပြီး ရေအေးထည်.ထား
သောဇလုံထဲသို. ဆယ်ထည.်ပြီး အအေးခံကာ ရေစစ်ပြီး ထားပါ၊
ကြက်သွန်နီကိုအခွံခွာကာ ပါးပါးလှီးပြီးနှစ်ရေလောက်ဆေးပြီး ရေစစ်ထားပါ။
ပဲပင်ပေါက်ကိုပါးပါးလှီးထားသောကြက်သွန်၊နံနံပင်၊ ငရုပ်သီးစိမ်း ၊ဆား၊ အရသာမှုန်.၊
ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ပုဇွန်ခြောက်ထောင်း ၊မြေပဲလှော်ထောင်း၊ ငရုပ်သီးအလှော်မှုန်.၊ကုလားပဲအလှော်မှုန်.၊နံနံပင် နှင့် သံပုရာသီးတခြမ်း
ကိုညှစ်ထည်.ကာ သမအောင်နယ်ပြီး သုံးဆောင်နိုင်ပါပြီရှင်၊

သက်သတ်လွတ်စားသုံးသူများလဲ ပုဇွန်ခြောက်ထောင်းနှင့်
ငံပြာရည် မထည်.ပဲသုပ်စားနိုင်ပါတယ်ရှင်…

မုန်ညှင်းချဉ်သုပ်ငရုပ်သီးမပါတဲ. ရိုးရိုး ရှမ်းမုန်ညှင်းချဉ်ကိုသုပ်စားမှာဖြစ်ပါတယ်..မုန်ညှင်းချဉ်ကို ရှမ်းခေါက်ဆွဲ၊ တိုပာ...
05/02/2024

မုန်ညှင်းချဉ်သုပ်

ငရုပ်သီးမပါတဲ. ရိုးရိုး ရှမ်းမုန်ညှင်းချဉ်ကိုသုပ်စားမှာဖြစ်ပါတယ်..
မုန်ညှင်းချဉ်ကို ရှမ်းခေါက်ဆွဲ၊ တိုပာူးနွေး နှင့်အခြား ရှမ်းအစားစာများနှင့်တွဲစားသလို
သူ.ကြီးပဲ သုပ်စား ဒါမှမပာုတ် ပဲပုတ်ချက် (သို.) မြေပဲချက်နှင့်လဲ တို.စရာ
အဖြစ်စားကြပါတယ်..
ကျွန်မကတော. မုန်.ညှင်းစိမ်းညွှန်.ချဉ်တာ ကိုပိုကြိုက်ပါတယ်ရှင်..
ပါဝင်ပစ္စည်းများ
မုန်ညှင်းချဉ် - 200 g
ကြက်သွန်နီတစ်လုံး၊
ဆား၊ အရသာမှုန်.- ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊
ပုဇွန်ခြောက်ထောင်း - ထမင်းစားဇွန်း 2 ဇွန်း
မြေပဲလှော်ထောင်း - ထမင်းစာဇွန်း 1 ဇွန်း၊
ငရုပ်သီးအလှော်မုန်. - အနဲငယ်
ပြင်ဆင်နည်း
မုန်ညှင်းချဉ်ကို ရေညှစ်ကာ ခပ်သေးသေးလှီးထားပါ..
ကြက်သွန်နီကိုအခွံခွာကာ ပါးပါးလှီးကာရေနှစ်ရေလောက်ဆေးပြီး ရေစစ်ထားပါ။
မုန်ညှင်းချဉ်ကို ကြက်သွန်၊ ဆား၊ အရသာမှုန်.၊ ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်ထောင်း ၊ မြေပဲလှော်ထောင်း၊ ငရုပ်သီးအလှော်မုန်.တို.ကို ထည်.ကာသမအောင်နယ်ပြီး သုံးဆောင်နိုင်ပါပြီရှင်၊..
မုန်ညှင်းချဉ်အစား မုန်လာဥချဉ် ကိုလဲသုပ်စားနိုင်ပါတယ်ရှင်..
အချဉ်မကြိုက်သူများ ပုဇွန်ခြောက်မှုန်.ပိုထည်နိုင်ပါတယ်ရှင်…
သတ်သတ်လွတ်စားသုံးသူများ ပုဇွန်ခြောက်အစား မြေပဲလှော်ထောင်းပိုထည်.ပြီး သုပ်စားနိုင်ပါတယ်ရှင်

Address

Dawei

Website

Alerts

Be the first to know and let us send you an email when noe noe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share