HTET -Fashion Garden

HTET -Fashion Garden customize အပ်ထည်လေးများကို customerများ စိတ်တိုင်းကျ ဖန်တီးပေးနေပါတယ်ရှင့်
သင်တန်းသူလက်ခံပါသည်
09424224044

10/04/2025

အဝတ်အစားလုပ်ငန်းစချင်သူတွေအတွက် မသိမဖြစ် သိထားသင့်တဲ့အကြောင်းအရာလေး!

"Ready to Wear, Customize, Mass Production – ဘာကွာလဲ?"

---

Ready to Wear, Customize, Mass Production ဆိုတာတွေက အထည်ချုပ်နဲ့ပတ်သက်ပေမဲ့နည်းလမ်း၊ရည်ရွယ်ချက်၊စျေးကွက်တစ်ခုချင်းစီက မတူကြပါဘူး။

ဒါ့ကြောင့် အဝတ်အထည်လုပ်ငန်းစမယ်ဆို ဒီ၃ခုကိုမဖြစ်မနေသိထားမှသာ လမ်းကြောင်းကိုရွေးချယ်လို့ရမှာဖြစ်ပါတယ်။
------------------------------------------------------------------

1️⃣Ready to Wear ဆိုတာဘာလဲ ဘယ်လိုနည်းလဲ?

လူအများ အချိန်ကုန်သက်သာပြီး အလွယ်တကူဝယ်လို့ရမည့်အထည်ကို အရွယ်အစား (size) ပုံသေဖြင့် ချုပ်ထားပြီး ရောင်းဖို့အသင့်ရှိနေတဲ့အဝတ်အစားကို Ready to Wear လို့ခေါ်ပါတယ်။

ဘယ်လိုနည်းစနစ်လဲ အဝတ်အထည်တစ်ခုကို ကိုယ့်မှာရှိတဲ့Customerနဲ့ကိုက်ညီတဲ့ Size chart (S, M, L...) အသုံးပြုထားပြီး
ဝယ်သူဝယ်ချင်တာနဲ့ လွယ်လွယ်ဝတ်လို့ရ
Fast fashion brand တွေမှာတွေ့ရပါတယ်။

ဥပမာ – Zara, H&M , Uniqlo တို့လို fashion brand တွေ

Customer နဲ့ကိုက်ညီတဲ့ဆိုဒ်ကိုမဖန်တီးတက်ရင်တော့ Snazzy မှာ အတန်းတွေရှိပါတယ် ။
------------------------------------------------------------------

2️⃣Customize ဆိုတာဘာလဲ ဘယ်လိုဖန်တီးရတာလဲ?

Customize (Custom-Made)

အဓိပ္ပါယ် – ဝယ်သူတစ်ဦးချင်းစီရဲ့လိုအပ်ချက်အတိုင်း အထူးဖန်တီးချုပ်လုပ်ပေးတာကိုဆိုလိုပါတယ်။
တစ်ဦးထဲအတွက်သီးသန့်ပေါ့✅

ဘယ်လိုဖန်တီးရလဲ

Client ရဲ့ခန္ဓာကိုယ်တိုင်းတာချက် (measurement) အသုံးပြုပြီး ဝယ်သူစိတ်ကြိုက်ပုံစံ၊အရောင်၊အရည်အသွေးဆိုဒ်ကိုတစ်ဦးထဲအတွက် သီးသန့်တစ်ထည်ထဲသာ ဖန်တီးပေးရပါတယ်။

ဥပမာ – မင်္ဂလာအင်္ကျီ/ပွဲတက် နေရာအလိုက် ဖန်တီးတဲ့အဝတ်အစားများ
------------------------------------------------------------------

3️⃣Mass Production ဆိုတာရော အလုပ်လုပ်ပုံကဘယ်လိုလဲ?

တစ်မျိုးတည်း ဒီဇိုင်းတစ်ခုကို သောင်း၊သိန်းချုပ်ထုတ်တဲ့စနစ်ကို Mass Production လုပ်တယ်လို့ခေါ်ပါတယ်။

ဘယ်လိုလုပ်ကြတာလဲ

အထည်အရေအတွက်များများဖန်တီးပြီး အချိန်တိုအတွင်း output များအောင်ချုပ်လုပ်ကြရတယ်။

စျေးနှုန်းသက်သာတာလဲရှိသလို အရေအသွေးနိမ့်တာတွေလဲရှိမယ် Quality ဦးစားမပေးတာမျိုးလဲရှိမယ် ဈေးသင့်ပြီးQualityထိမ်းတာလဲရှိမယ်။

ဥပမာ – Uniforms, Plain T-shirts, ထုတ်လုပ်ရောင်းချတဲ့အထည်ချုပ်စက်ရုံ
------------------------------------------------------------------

ဒီ Post လေးမှာဆိုသင့်အနေနဲ့ fashion design လုပ်ချင်တယ်၊တစ်နေ့မှာ သင့်ပုံစံ နဲ့ သင့်လိုအပ်ချက်နဲ့ အညီ
ဘယ်နည်းနဲ့စလုပ်ရမလဲဆိုတာ ရွေးချယ်ချင်တယ်ဆိုရင်
ဒီ Post လေးကအထောက်အကူဖြစ်စေမယ်လို့ထင်ပါတယ်။

---

ဘယ်နည်းလေးကိုကြိုက်ကြလဲ 1,2,3
အကြိုက်ဆုံးနည်းလမ်းကို comment ထဲမှာမျှဝေပြီး မိမိရဲ့ fashion journey ကိုစတင်လိုက်ကြရအောင်!

SnazzyFDSဟာဆို Ready to wear လမ်းကြောင်းကိုတစိုက်မတ်မတ်ရပ်တည်နေတာဖြစ်ပါတယ်။

အန်တီလေးတစ်ယောက်အတွက် ထားဝယ်ရိုးရာ လက်ယက္ကန်းဝမ်းဆက်လေးကိုမှ ရိုးရိုးယဉ်ယဉ်လေး ဖန်တီးပေးထားပါတယ်ရှင့်🪡🧵💚HTET -Fashion Ga...
09/04/2025

အန်တီလေးတစ်ယောက်အတွက်
ထားဝယ်ရိုးရာ လက်ယက္ကန်းဝမ်းဆက်လေးကိုမှ
ရိုးရိုးယဉ်ယဉ်လေး ဖန်တီးပေးထားပါတယ်ရှင့်🪡🧵💚

HTET -Fashion Garden 🪡🧵
Fashion and Design

အပ်ထည်နှင့်သင်တန်းသူလက်ခံပါတယ်ရှင့်

Birthday girl လေး အတွက် ရိုးရာ အဆင်လေးကို မရိုးမဆန်း Design လေး ဖန်တီးပေးထားပါတယ်ရှင့်🧵🪡👗ပျော်ရွှင်စရာမွေးနေ့ရက်မြတ်လေးဖ...
27/03/2025

Birthday girl လေး အတွက် ရိုးရာ အဆင်လေးကို မရိုးမဆန်း Design လေး ဖန်တီးပေးထားပါတယ်ရှင့်🧵🪡👗

ပျော်ရွှင်စရာမွေးနေ့ရက်မြတ်လေးဖြစ်ပါစေလို့ 🙏🥰
HTET -Fashion Garden မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🙏

HTET -Fashion Garden 🪡🧵
အပ်ထည်နှင့်သင်တန်းသူ လက်ခံပါတယ်ရှင့်

သင်တန်းသူညီမလေးရဲ့ basic body Frame pattern လေ့ကျင့်ခြင်း
27/03/2025

သင်တန်းသူညီမလေးရဲ့ basic body Frame pattern လေ့ကျင့်ခြင်း

Basic  classမှ သင်တန်းသူရဲ့ ဘေးဆက်ကြောင်းပါချိတ်ထမိန် pattern လေ့ကျင့်မှုနှင့် ချုပ်လုပ်ဖန်တီးမှုပုံရိပ်လေးများဖြစ်ပါတယ်...
10/02/2025

Basic classမှ သင်တန်းသူရဲ့
ဘေးဆက်ကြောင်းပါချိတ်ထမိန် pattern လေ့ကျင့်မှုနှင့် ချုပ်လုပ်ဖန်တီးမှုပုံရိပ်လေးများဖြစ်ပါတယ်

သင်တန်းသူနှင့် အပ်ထည်လက်ခံပါတယ်ရှင့်
HTET -Fashion Garden
Fashion and Design

Day 2အောက်ပိုင်းထမိန်Basic Pattern ဆွဲနည်း အသေးစိတ် နှင့် ပိတ်ကြောယူနည်း ၊ညှပ်နည်း ၊ ချုပ်နည်းအသေးစိတ်ကအစ သင်ကြားပေးဖြစ်...
06/01/2025

Day 2
အောက်ပိုင်းထမိန်Basic Pattern ဆွဲနည်း အသေးစိတ် နှင့် ပိတ်ကြောယူနည်း ၊ညှပ်နည်း ၊ ချုပ်နည်းအသေးစိတ်ကအစ သင်ကြားပေးဖြစ်ပါတယ်

HTET Fashion Garden
Fashion and Design

Day 1 မိတ်ဆက်အနေနဲ့ စက်လုံးဝမနင်းတတ်‌သေးသော အခြေခံ သင်တန်းသူလေး ကိုချည်ဖြောင့်အောင် လေ့ကျင့်ပေးခြင်းနှင့် အခြေခံသဘောတရား...
05/01/2025

Day 1
မိတ်ဆက်အနေနဲ့
စက်လုံးဝမနင်းတတ်‌သေးသော အခြေခံ သင်တန်းသူလေး ကို
ချည်ဖြောင့်အောင် လေ့ကျင့်ပေးခြင်းနှင့် အခြေခံသဘောတရား ‌များကိုရှင်းပြခြင်း

HTET Fashion Garden 🌻🌹🌷🪡🧵

🧡🧡🧡ကချင်ထည်သိပ်က်ြုက်တဲ့ မမအတွက် ကချင်ထည်ပန်းပိတောက်ရောင်လေးကိုမှ cute design လေး ဖန်တီးပေးထားပါတယ်ရှင့်🥰ချစ်သော HTET 🩷🫶
24/12/2024

🧡🧡🧡
ကချင်ထည်သိပ်က်ြုက်တဲ့ မမအတွက် ကချင်ထည်ပန်းပိတောက်ရောင်လေးကိုမှ cute design လေး ဖန်တီးပေးထားပါတယ်ရှင့်🥰
ချစ်သော HTET 🩷🫶

🩵🩵ချစ်ရသော တီချယ်လေးတစ်ယောက်အတွက် မရိုးမဆန်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ designလေး ဖန်တီးပေးထားပါတယ်ရှင့်🥰ချစ်သော HTET 🫶😘
24/12/2024

🩵🩵
ချစ်ရသော တီချယ်လေးတစ်ယောက်အတွက် မရိုးမဆန်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ designလေး ဖန်တီးပေးထားပါတယ်ရှင့်🥰

ချစ်သော HTET 🫶😘

Address

Dawei, Thanninthatyi Region
Dawei

Website

Alerts

Be the first to know and let us send you an email when HTET -Fashion Garden posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share