Eaint Phue Baby & Mon Online Store

Eaint Phue Baby & Mon Online Store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Eaint Phue Baby & Mon Online Store, Clothing (Brand), Dawei.

မိခင်နှင့်ကလေးအသုံးဆောင်ပစ္စည်းများ​ယုံကြည်စိတ်ချစွာအားပေးနိုင်ပါပြီ ph.09667704464 ပြည်/ပေါက်ခေါင်းအနီးတစ်ဝိုက်အိမ်ရောက်ငွေချေ ကျန်မြို့နယ်များငွေကြိုလွှဲ ဂိတ်ချခ ၁၀၀၀ ယူပါမယ်ရှင့် ဝယ်ယူသူမိတ်သဟာအပေါင်း ချမ်းသာသုခ ပြည့်ပါစေ🙏

ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများHtet Htet Zaw Win မှ ပြန်လည်စိစစ်သည်အိပ်မပျော်တာက ကိုယ်ဝန်ဆောင် မိခင...
01/06/2025

ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ

Htet Htet Zaw Win မှ ပြန်လည်စိစစ်သည်

အိပ်မပျော်တာက ကိုယ်ဝန်ဆောင် မိခင်တိုင်း ခံစားရလေ့ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ဖြစ်လေ့ရှိတယ်ဆိုပေမယ့်လည်း ဒီကျန်းမာရေး ပြဿနာကို မကုသဘဲ ထားလို့ မဖြစ်ပြန်ပါဘူး။ ကာလရှည်ကြာ အိပ်မပျော်တာက ကိုယ်ဝန်ဆောင် မေမေတွေကို စိတ်ဓာတ်ကျတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာကို ဆေးဝါးမလိုဘဲ အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းလေး ပြောပြပေးပါရစေ။ ကဲ … ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ အကြောင်း လေ့လာလိုက်ရအောင်နော်။

ကိုယ်ဝန်ဆောင် မေမေကို အိပ်မပျော်ဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ………..

ကိုယ်ဝန်ဆောင်ချိန် အိပ်မပျော်ဖြစ်စေတဲ့ အကြောင်းအရင်းက တစ်ချက်မကရှိနေနိုင်ပါတယ်။

စိုးရိမ်ပူပန်စိတ် များတာ

အစာမကြေသလို ခံစားရတာ

အယ်လ်ကိုဟော သောက်သုံးမိတာ

ခန္ဓာကိုယ် အနေအထား နေရတာ သက်တောင့်သက်သာ မရှိတာ

မအိပ်ခင် ရေအများကြီး သောက်မိတာ

သက်သောင့်သက်သာ မရှိတဲ့ အဝတ်အစားတွေကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ညဘက် အိပ်မပျော်တာမျိုး ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် အိပ်ပျော်စေဖို့ အိပ်ဆေး သောက်လို့ရလား……….

ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ပျော်အောင်ဆိုပြီး အိပ်ဆေး မသောက်သင့်ပါဘူး။ ကိုယ်ဝန်ဆောင် မေမေ အိပ်ဆေးသောက်တဲ့အခါ

ခြေကုန်လက်ပန်း ကျတာ

ကတုန်ကယင် ဖြစ်တာ

အစားစားချင်စိတ် မရှိ ဖြစ်တာ

လမစေ့ဘဲ မီးဖွားတာ

ပေါင်မပြည့်တဲ့ ဘေဘီလေး မွေးဖွားတာ

ဘေဘီလေးမှာ မွေးရာပါ ချို့ယွင်းချက် ပါလာတာ

စိုးရိမ်စိတ် များတာ

မှတ်ဉာဏ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ

ကိုယ်ဝန်ဆောင် မေမေ အနေနဲ့ ညဘက်တွေ အိပ်မပျော်ဘူး ဖြစ်နေတယ်ဆိုရင် ဒီနည်းလမ်းလေးတွေကို စမ်းသပ်ကြည့်သင့်ပါတယ်။ ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ ကတော့ –

လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ အိပ်ပါ

ကိုယ်ဝန်ဆောင်မေမေတွေ အိပ်စက်မယ့် အိပ်ခန်းက လေဝင်လေထွက် ကောင်းဖို့ လိုပါမယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် မေမေရဲ့ အိပ်ခန်းမှာ လေအေးပေးစက် ဖွင့်ထားတာမျိုး မလုပ်ပါနဲ့။ ပန်ကာ ဖွင့်ပေးလို့တော့ ရပါတယ်။ လေဝင်လေထွက်ကောင်းတာက မေမေ့ကို အိပ်ပျော်စေသလို ဗိုက်ထဲက ဘေဘီလေးရဲ့ ကြီးထွားမှုကိုလည်း မြန်စေပါတယ်။

သက်သောင့်သက်သာရှိတဲ့ ညအိပ်ဝတ်စုံ ဝတ်ပါ

ညဘက်အိပ်တဲ့အခါ လေဝင်လေထွက် ကောင်းပြီး ချွေးစုပ်တဲ့ ချည်သား ပွပွချောင်ချောင်လေး ဝတ် အိပ်ပေးပါ။ ဒါက မေမေ့ကို ကောင်းကောင်း အိပ်ပျော်စေဖို့ အကောင်းဆုံး အကူအညီပေးနိုင်မှာပါ။

အိပ်ရာမဝင်ခင် ရေချိုးပါ

အိပ်ရာမဝင်ခင်မှာ အပူချိန် ၃၅ ဒီဂရီဆဲစီးရပ်စ် ကနေ ၃၈ ဒီဂရီဆဲစီးရပ်စ် အတွင်းရှိတဲ့ ရေနွေးနွေးလေးထဲမှာ ခြေထောက်စိမ်တာ၊ ရေချိုးတာမျိုး လုပ်ပေးတာက စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး ကြွက်သားတွေကို ပြေလျော့စေသလို စိတ်ခံစားမှု ကောင်းစေလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာပါ။

အယ်လ်ကိုဟော မသောက်ပါနဲ့

အယ်လ်ကိုဟော သောက်တာက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဆီးခဏခဏသွားစေတာကြောင့်လည်း အိပ်ရေးပျက်စေနိုင်ပါတယ်။ ဒါ​ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့ အယ်လ်ကိုဟော လုံးဝ မသောက်ပါနဲ့။

မအိပ်ခင်မှာ လေ့ကျင့်ခန်း မလုပ်ပါနဲ့

ကိုယ်ဝန်ဆောင်ချိန် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်သင့်ပါဘူး။ လေ့ကျင့်ခန်း လုပ်တာက ကိုယ်ဝန်ဆောင် မေမေကို အင်အားကုန်ခမ်းစေနိုင်သလို အိပ်စက်မှုကိုပါ အနှောင့်အယှက် ဖြစ်စေပါတယ်။

မအိပ်ခင် နွားနို့သောက်ပါ

အိပ်ရာမဝင်ခင် မိနစ် ၃၀ အလိုလောက်မှာ နွားနို့ ပူပူလေး တစ်ခွက် သောက်ပါ။ နွားနို့ သောက်တာက ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝစေနိုင်သလို ဗိုက်ထဲက ဘေဘီလေးကိုလည်း ကျန်းမာစေဖို့ ညဘက်တိုင်းမှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်စေမှာပါ။

ခပ်ဖွဖွလေး နှိပ်နယ်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ခပ်ဖွဖွလေး အနှိပ်ခံတာက ကြွက်သားတွေကို ပြေလျော့စေပြီး သက်တောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အနှိပ်ခံတာက စိတ်ခံစားမှု ကောင်းစေပြီး ညဘက်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်စေပါတယ်။

ပျော်စရာတွေ တွေးပါ

ညအိပ်ရာမဝင်ခင်မှာ စိတ်ပျော်ရွှင်ခဲ့ရတဲ့ အခိုက်အတန့်တွေ၊ ပျော်စရာ အဖြစ်အပျက်တွေကို ပြန်တွေးတောပါ။ ဒါကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။

Crd

မင်္ဂလာနံနက်ခင်းဖြစ်ပါ​စေရှင် 🙏🙏🙏1.6.25ယ​နေ့ Eaint Phue Baby&Mon Online Store Pageထဲ ဝင်​ရောက်လာသူ coustomerအားလုံး ကိုယ...
01/06/2025

မင်္ဂလာနံနက်ခင်းဖြစ်ပါ​စေရှင် 🙏🙏🙏
1.6.25ယ​နေ့ Eaint Phue Baby&Mon Online Store Pageထဲ

ဝင်​ရောက်လာသူ coustomerအားလုံး

ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာပြီး၊

​ရန်သူမျိုး၅ပါးနဲ့ သဘာဝဘေးအန္တရာယ်များမှလည်း ကင်း​ဝေးကြပါ​စေလို့ နံနက်ခင်း ​​မေတ္တာပို့သ​ပေးလိုက်ပါတယ်ရှင်💖💖💖

ကိုယ်ဝန်ဆာင်ချိန် ကိုက်ခဲခြင်း၊ အိပ်မပျော်ခြင်း၊ ခါးနာခြင်းကိုယ်ဝန်ဆောင်ချိန် ခြေထောက်ကိုက်တာ၊ အိပ်မပျော်တာ၊ အသားအရေ ပြေ...
29/05/2025

ကိုယ်ဝန်ဆာင်ချိန် ကိုက်ခဲခြင်း၊ အိပ်မပျော်ခြင်း၊ ခါးနာခြင်း

ကိုယ်ဝန်ဆောင်ချိန် ခြေထောက်ကိုက်တာ၊ အိပ်မပျော်တာ၊ အသားအရေ ပြောင်းလဲလာတာ၊ ကျောအောင့်တာ၊ ခါးနာတာတွေ ဖြစ်လာရင် သက်သာအောင် ဘာတွေ လုပ်ဆောင်သင့်ပါသလဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပေးသင့်ပါတယ်။

ကျောအောင့်တာ၊ ခါးနာတာတွေအတွက် သီးသန့်လေ့ကျင့်ခန်းတွေကို လုပ်သင့်ပါတယ်။

ဒါတွေ လုပ်လို့မှ မသက်သာရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် အိပ်မပျော်တာ မဖြစ်အောင် အသံတိတ်ဆိတ်တဲ့အခန်းမှာ နွေးနွေးထွေးထွေး အိပ်သင့်ပါတယ်။

ဘေးတစောင်းအိပ်ပြီး ရှေ့မှာ ဖက်လုံးလေးဖက်အိပ်တာ၊ ခါးနောက်မှာ ခေါင်းအုံးလေး ခံထားတာမျိုးနဲ့ ပွေ့ပွေ့ပိုက်ပိုက် အိပ်သင့်ပါတယ်။

ညအိပ်ခါနီးမှာ နွားနို့ပူပူလေးသောက်ပေးရင် ညဘက်အိပ်ပျော်လွယ်စေပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် အသားအရေပြောင်းလဲတတ်ပါတယ်။

မီးဖွားပြီးချိန်မှာတော့ ပုံမှန်အသားအရေ ပြန်ဖြစ်သွားတာများပါတယ်။

Crd

မင်္ဂလာနံနက်ခင်းဖြစ်ပါ​စေရှင် 🙏🙏🙏29.5.25ယ​နေ့ Eaint Phue Baby&Mon Online Store Pageထဲ ဝင်​ရောက်လာသူ coustomerအားလုံး ကို...
29/05/2025

မင်္ဂလာနံနက်ခင်းဖြစ်ပါ​စေရှင် 🙏🙏🙏
29.5.25ယ​နေ့ Eaint Phue Baby&Mon Online Store Pageထဲ

ဝင်​ရောက်လာသူ coustomerအားလုံး

ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာပြီး၊

​ရန်သူမျိုး၅ပါးနဲ့ သဘာဝဘေးအန္တရာယ်များမှလည်း ကင်း​ဝေးကြပါ​စေလို့ နံနက်ခင်း ​​မေတ္တာပို့သ​ပေးလိုက်ပါတယ်ရှင်💖💖💖

27/05/2025

နို့ဘူးဆေးမယ်၊ ရေဘူးဆေးမယ်၊ ချိုလိမ်၊ အသီးစုပ်၊ သွားယားကိုက် ...
အစုံ စသည်များစွာ ဘေဘီသုံးပစ္စည်းအကုန်ဆေးမယ်ဆိုရင် brush set ၁စုံတော့ရှိထားသင့်တယ်နော်။

ကလေးကနို့ဘူးကလေးမဟုတ်လဲ ...အခြားအသုံးအဆောင်များစွာအတွက်က ဆေးကြောသန့်စင်ဖို့ ဒါလေးကတော့ ဝယ်ထားရပါမယ်ရှင့်

၁ထုပ်မှာ brush အစုံ ၇ခုပါပါတယ်ရှင်။
အရောင်လိုင်းလေးက အပြာ/ပန်း 2ရောင်ရပါမယ်နော်

❤️အပြင်ပုံလေးလည်း တင်ထားပေးပါတယ်ရှင်

၁ထုပ် 7000

ws.....cb


#လက်လီ_လက်ကား
#ဆက်သွယ်မှာယူလိုပါကph09667704464
#နို့ဘူးဆေးbrush

#ဝယ်ယူအားပေးသူအပေါင်းကျေးဇူးအထူးတင်ရှိပါသည်

အကွက်ချည်သား ချီပိုး လသားမှ ၂နှစ်ထိလွယ်လို့ရတဲ့ ချီပိုးလေးတွေပါရှင့်၁ခု​စျေး                18500Ws...5ခုအထက်​စျေး cb   ...
27/05/2025

အကွက်ချည်သား ချီပိုး

လသားမှ ၂နှစ်ထိလွယ်လို့ရတဲ့ ချီပိုးလေးတွေပါရှင့်

၁ခု​စျေး 18500

Ws...5ခုအထက်​စျေး cb


#လက်လီ_လက်ကား
#ဆက်သွယ်မှာယူလိုပါကph09667704464

#ဝယ်ယူအားပေးသူအပေါင်းကျေးဇူးအထူးတင်ရှိပါသည်

Waterproof ကြိုးချည်သားရေခံကလေးဘယ်အရွယ်မဆို အသုံးပြုနိုင်တဲ့ ကြိုးချည်သားရေခံလေးတွေပါရှင့်အပေါ်သဘက်သား အောက်ခံwaterproof...
27/05/2025

Waterproof ကြိုးချည်သားရေခံ

ကလေးဘယ်အရွယ်မဆို အသုံးပြုနိုင်တဲ့ ကြိုးချည်သားရေခံလေးတွေပါရှင့်

အပေါ်သဘက်သား အောက်ခံwaterproof ဖြစ်လို့ ရင်ဘက်ကိုရေစိုမှာလည်း မပူပါနဲ့နော်။

သားရေကျတတ်တဲ့ ဘေဘီလေးတွေအတွက်သာမက၊ အသီးစား၊ ထမင်းကျွေးတွေအတွက်ရော နေရာစုံအသုံးပြုပေးလို့ရပါတယ်ရှင့်

၁ခုစျေး 2500
၇ခုပါ၁ထုပ် 12000

Ws....၆ထုပ်အထက်စျေး cb


#လက်လီ_လက်ကား
#ဆက်သွယ်မှာယူလိုပါကph09667704464

#ဝယ်ယူအားပေးသူအပေါင်းကျေးဇူးအထူးတင်ရှိပါသည်

စုပ်ခွက်ပါ Silicon ဖြည့်စွက်စာကျွေး ညှစ်ဘူးဒါလေးက ထမင်းကျွေးပန်းကန်မလို၊ ဇွန်းမလိုတာမို့ အငြိမ်ထိုင်မစားချင် ဂျီကျ ထခိုင...
27/05/2025

စုပ်ခွက်ပါ Silicon ဖြည့်စွက်စာကျွေး ညှစ်ဘူး

ဒါလေးက ထမင်းကျွေးပန်းကန်မလို၊ ဇွန်းမလိုတာမို့ အငြိမ်ထိုင်မစားချင် ဂျီကျ ထခိုင်း ၊ ချီကျွေးခိုင်း ၊ အပြင်ထွက်ခိုင်းတဲ့ ဘေဘီတို့အတွက်အဆင်ပြေတယ်နော်။

ဖြည့်စွက်စာကြိတ်ပြီးသားလေးကို ဘူးလေးထဲဖွင့်ထည့်
အသာလေးညှစ်ပြီး ကျွေးရုံပါပဲရှင်

ခရီးအမြဲသွားနေရတဲ့ မေမေတို့အတွက်ဆို အရမ်းအဆင်ပြေသောနော်

၁ခု​စျေး 6000

Ws...6ခုအထက်​စျေး cb



#လက်လီ_လက်ကား
#ဆက်သွယ်မှာယူလိုပါကph09667704464

#ဝယ်ယူအားပေးသူအပေါင်းကျေးဇူးအထူးတင်ရှိပါသည်

ချစ်စရာ အရုပ်ခြေအိတ်လေးတွေပါ 0 to 6months ဝန်းကျင်ပါ ၁စုံ        6000ws....6စုံ cb   #လက်လီ_လက်ကား  #ဆက်သွယ်မှာယူလိုပါကp...
27/05/2025

ချစ်စရာ အရုပ်ခြေအိတ်လေးတွေပါ

0 to 6months ဝန်းကျင်ပါ

၁စုံ 6000

ws....6စုံ cb


#လက်လီ_လက်ကား
#ဆက်သွယ်မှာယူလိုပါကph09667704464

#ဝယ်ယူအားပေးသူအပေါင်းကျေးဇူးအထူးတင်ရှိပါသည်

မင်္ဂလာနံနက်ခင်းဖြစ်ပါ​စေရှင် 🙏🙏🙏27.5.25ယ​နေ့ Eaint Phue Baby&Mon Online Store Pageထဲ ဝင်​ရောက်လာသူ coustomerအားလုံး ကို...
27/05/2025

မင်္ဂလာနံနက်ခင်းဖြစ်ပါ​စေရှင် 🙏🙏🙏
27.5.25ယ​နေ့ Eaint Phue Baby&Mon Online Store Pageထဲ

ဝင်​ရောက်လာသူ coustomerအားလုံး

ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာပြီး၊

​ရန်သူမျိုး၅ပါးနဲ့ သဘာဝဘေးအန္တရာယ်များမှလည်း ကင်း​ဝေးကြပါ​စေလို့ နံနက်ခင်း ​​မေတ္တာပို့သ​ပေးလိုက်ပါတယ်ရှင်💖💖💖

ကိုယ်ဝန်ဆောင်နေချိန် မှာ ဘာတွေ စားကြမလဲ  ကိုယ်ဝန်ဆောင်နေချိန် အာပာာရ ပြည့်ဝအောင် စားပေးမှသာ မိမိရင်သွေးငယ် လေးတွေ ကောင်း...
27/05/2025

ကိုယ်ဝန်ဆောင်နေချိန် မှာ ဘာတွေ စားကြမလဲ

ကိုယ်ဝန်ဆောင်နေချိန် အာပာာရ ပြည့်ဝအောင် စားပေးမှသာ မိမိရင်သွေးငယ် လေးတွေ ကောင်းမွန်စွာကျန်းမာ ဖွံဖြိုးလာမှာ ဖြစ်ပါတယ်။ဒါပေမယ့် ကိုယ်ဝန်ဆောင်နေချိန် မှ အာပာာရပြည့်ဝအောင်စားရမယ် ဆိုပြီး လိုတာထက်ပိုပြီး အများကြီးစားမိပြန်ရင်လည်း အဝလွန်ပြီး ကိုယ်ဝန်ဆောင်နေချိန် ဆီးချိုရောဂါ၊ ကိုယ်ဝန်ဆိပ် တက်တာတွေ ပါဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် နေချိန်မှာ လိုအပ်တဲ့ အာပာာရ ဗီတာမင်၊ သတ္တုဓါတ်တွေ နှင့် ကယ်လိုရီ ပမာဏ ကို ပြည့်မီအောင်စားပေးဖို့လိုပါတယ်။

တကယ်တော့ ကိုယ်ဝန်ဆောင်နေချိန်ဆိုပြီး နှစ်ယောက်စာ စားစရာမလိုပါဘူး။ လိုအပ်တာထက် ကယ်လိုရီ ၃၀၀ လောက် ပိုစားပေးဖို့လိုပါတယ်။ ကယ်လိုရီ ၃၀၀ ဆိုတာ ထမင်း စတီးဇွန်း ၁၀ ဇွန်း စာ (သို့မပာုတ်) အသားဆိုရင် ၁၀ သား (သို့မပာုတ်) ကြက်ဥ ဆိုရင် ၄ လုံး (သို့မပာုတ်) နွားနို့ ဆိုရင် ၃ ခွက် နှင့် ညီမျှပါတယ်။

သတ္တုဓါတ်တွေ အနေနဲ့ ကတော့
1. ကယ်ဆီယမ်(Calcium) - 1200 mg
2. ဖောလိတ် (Folate) - 600 - 800 mg
3. သံဓါတ် (Iron) - 27 mg

ကိုယ်ဝန်ဆောင် တွေ အနေနဲ့ စားမယ်ဆိုရင် အဓိက ၄ အုပ်စု စားပေးရပါမယ်။
1. ဆန်၊ ဂျုံ၊ ပြောင်း၊ နှံစား အမျိုးမျိုး
2. အသီးအနှံ၊ ပာင်းသီးပာင်းရွက် အမျိုးမျိုး
3. အသား၊ ငါး၊ အစေ့အဆန် အမျိုးမျိုး
4. နို့နှင့် နို့ထွက် ပစ္စည်း အမျိုးမျိုး

ကိုယ်ဝန်ဆောက်နေချိန် ဘာတွေ စားကြမလဲ????
1. Protein (အသားဓါတ်) ပြည့်အောင်စားပါ။ အသားဓါတ် က မိခင်ရဲ့ သားအိမ် နှင့် ရင်သား မှာရှိတဲ့ တစ်ရူး တွေကို ကြီးထွားဖွံ့ဖြိုးစေပြီး အာပာာရဖြည့်တင်းပေးပါတယ်။ ရင်သွေးငယ်တွေ ကိုလည်း ကြီးထွားဖွံ့ဖြိုးစေပါတယ်။ အသားဓါတ်အတွက် ဘာတွေ စားကြမလဲ - ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆော်လမွန်ငါး၊ ပဲအမျိုးမျိုး၊ အစေ့အဆန် အမျိုးမျိုး၊ မြေပဲထောပတ်၊ ဒိန်ခဲ။
2. ကယ်ဆီယမ်(ထုံးဓါတ်) ကတော့ ရင်သွေးငယ်တွေ အရိုးကျန်းမာရေး အတွက် လိုအပ်ပါတယ်။ နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ တိုပာူး၊ ကြက်ဥ၊ ဂေါ်ဖီထုပ်၊ ပူတင်း စတာတွေ ကတော့ ကယ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေပါ။
3. ဖောလိတ် (Folate) ဓါတ်ကတော့ အရေးကြီးပါတယ်။ ဖောလိတ်ဓါတ် ချို့တဲ့ရင် ကလေးငယ်တွေ မှာ မွေးရာပါ Neural Tube Defect လိုမျိုး သေစေနိုင်သည့် ဦးနှောက်နှင့် အာရုံကြောရောဂါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖောလိတ် ဓါတ်အတွက် Folic acid အားဆေးကို ကိုယ်ဝန်ဆောင် ကာလ တောက်လျှောက်မှာ သောက်သင့်ပါတယ်။ ဖြစ်နိုင်ရင် ကိုယ်ဝန်ယူမယ်ဆို ပြီး ဆုံးဖြတ်ပြီးကတည်း က Folic Acid 400 mcg ကို ပုံမှန် သောက်ဖို့လိုပါတယ်။ အစားအစာ ကနေ folate ဓါတ် ရဖို့ အတွက်ဆိုရင်တော့- ကြက်အသည်း၊ ဝက်အသည်း၊ အစေ့အဆန်များ၊ ပဲအမျိုးမျိုး၊ ကြက်ဥ၊ အစိမ်းရင့်ရောင် ပာင်းရွက်များ စတာတွေ စားပေးလို့ရပါတယ်။
4. သံဓါတ် ပြည့်ဝဖို့လိုပါတယ်။ ရင်သွေးငယ် ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးဖို့၊ ဉာဏ်ရည်ပြည့်ဖို့အတွက်လိုပါတယ်။ များသောအားဖြင့် မြန်မာနိုင်ငံ က ကိုယ်ဝန်ဆောင်မိခင် တော်တော်များများ က သွေးအားနည်းတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ သံဓါတ်အားဆေး သောက်ပေးဖို့ လိုအပ်ပါတယ်။ သံဓါတ်ရအောင် အစားအစာ တွေ ကနေဆိုရင် ကြက်အသည်း၊ ဝက်အသည်း၊ အမဲသား၊ ဆိတ်သား၊ ဝက်သား၊ အနီရောင် အသားများ၊ ဝမ်းတွင်းကလီဇာများ၊ ပာင်းနုနွယ်၊ ကန်ဇွန်းရွက် စတာတွေ စားပေးဖို့ လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဘယ်လောက် ထိ အလေးချိန် တက်လို့ရလဲ????
ပေါင်ချိန် ၂၅-၃၅ ပေါင် အထိ တက်လို့ရပါတယ်။ ဒါပေမယ့် အရမ်းဝတဲ့ သူဆိုရင် တော့ ၁၅ ပေါင် လောက် အထိပဲ တက်ရင် ရပါပြီ။ အရမ်းပိန်လွန်း ရင်လည်း ပေါင် ၄၀ အထိ တက်လို့ရပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင် တွေ အာပာာရ ပြည့်ဝအောင် စားဖို့လိုသလို ဖြည့်စွက်အားဆေး လည်း သောက်ပေးဖို့လိုအပ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင်ပြီးသောက်သင့်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Waterproofအခံပါ ကြယ်သီးတပ် သားရေခံအပေါ်ကဂွမ်းသား၊ အောက်ခံwaterproof ဖြစ်လို့ ရင်ဘက်ကိုရေစိုမှာလည်း မပူပါနဲ့နော်။ သားရေကျ...
26/05/2025

Waterproofအခံပါ ကြယ်သီးတပ် သားရေခံ

အပေါ်ကဂွမ်းသား၊ အောက်ခံwaterproof ဖြစ်လို့ ရင်ဘက်ကိုရေစိုမှာလည်း မပူပါနဲ့နော်။

သားရေကျတတ်တဲ့ ဘေဘီလေးတွေအတွက်သာမက၊ အသီးစား၊ ထမင်းကျွေးတွေအတွက်ရော နေရာစုံအသုံးပြုပေးလို့ရပါတယ်ရှင့်

၁ခုစျေး 2000
၁၀ခုပါ၁ထုပ် 15000


#လက်လီ_လက်ကား
#ဆက်သွယ်မှာယူလိုပါကph09667704464

#ဝယ်ယူအားပေးသူအပေါင်းကျေးဇူးအထူးတင်ရှိပါသည်

Address

Dawei

Website

Alerts

Be the first to know and let us send you an email when Eaint Phue Baby & Mon Online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share