25/07/2021
ကိုယ်ဝတ်မဲ့ အဝတ်အထည်တွေကိုဘယ်လိုပုံစံမျိုးနဲ့ဝယ်လေ့ရှိလဲ?
အိုခေ! ဒီဆယ်စုနှစ်တွေအတွင်းကိုပြန်ကြည့်ကြမယ်ဆိုရင်တစ်ခွန်းဆိုင်တွေ, brand storeတွေ, online shopတွေကနေသေချာပေါက်ဝယ်ဖူးကြမှာပဲ။
ဒါပေမဲ့ "ဘေထုပ်နှိုက်တယ်"Vintage Shopping
လို့ခေါ်ကြတဲ့flea market, thrift market တွေမှာဝယ်တာမျိုးကိုတော့ လူ၁၀ယောက်မှာ ၇ယောက်လောက်ပဲလုပ်ဖူးလိမ့်မယ်လို့မှန်းပါတယ်။
ဘာလို့လဲဆိုတော့ Vintage ရဲ့ တပတ်ရစ်
ဖြစ်မှု, စိတ်တိုင်းမကျရင်ပြန်လဲလို့မရတာ warrantyမရှိတာ
"Vintage”ကို ရှက်စရာတစ်ခုလိုမြင်ကြတာ စတာတွေကအဓိကအကြောင်းရင်းဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ဒီနှစ်တွေအတွင်းမှာ ဒီအမြင်တွေ
တဖြည်းဖြည်း
လျော့ပါးလာတာကိုသိသိသာသာမြင်ရတာဝမ်းသာစရာပါပဲ။
အဲ့ဒါတွေကိုဖယ်ကြည့်ပြီး သင့်တော်သက်သာတဲ့ငွေamountတစ်ခုနဲ့ Vintage ထဲမှာဘာတွေရနိုင်မလဲဆိုတာကလဲစိတ်ဝင်စားဖို့ကောင်းပါတယ်။Vintage shopping က တလကိုအနည်းဆုံး၅သောင်းလောက်ထိကုန်နေတဲ့အဝတ်အစားဖိုးကို
ပိုသက်သာ ပိုQualityကောင်းတဲ့ Alternative Choiceအဖြစ်ပြောင်းလိုက်တဲ့ Game Changerဖြစ်လာပါလိမ့်မယ်။
“Vintage “လို့ပြောလိုက်ရင် မျက်လုံးထဲအချိုးမကျတဲ့အရောင်တွေ cuttingတွေနဲ့အဝတ်တွေပဲလှမ်းမြင်ကြမယ်ထင်တယ်
များသောအားဖြင့်ကအဲ့လိုပဲအကြမ်းဖျဉ်းသိထားတာမို့Second hand clothes တွေကို
ရှက်စရာfigureတစ်ခုအဖြစ်မြင်ကြတာပါ
တကယ်တော့အဲ့လိုမဟုတ်ပဲ ကိုယ့်Fashion senseကောင်းရင်ကောင်းသလို second hand clothes လို့ထင်စရာမရှိအောင်ကိုအရည်အသွေးကောင်းတဲ့ Authenticအဝတ်တွေရနိုင်ပါတယ် ။
H&M,Urban Outfitters,Zara,Gap,
Old Navy,Uniqlo,bathing ape, dickies စတဲ့ Mid-range brandတွေ
Adidas,Nike,Kappa,Asics,Under Armour,New Balance,Converse,Sport Brandတွေ,
Levi's,Erwin,American Eagle, LEE, Tommy Hilfiger, Champion လို ခပ်မြင့်မြင့်Brandတွေရယ်ကအစBandအစုံ Artistအစုံ studioအစုံ
ရဲ့Merchအစစ်တွေ,တက္ကသိုလ်ပေါင်းစုံ ကျောင်းပေါင်းစုံက Tshirtအစုံကို ဘေထုပ်ထဲတင်ရှာတွေ့နိုင်ပါတယ်ဒါပေမဲ့ Thrift Clothing ဟာ second hand clothes ပဲမို့ brand new latest, trendy
ဖြစ်တာတွေကိုတော့ official showroomမှာပဲရနိုင်မှာပါBrandအစွဲနဲ့မဟုတ်ပဲ comfortဖြစ်ဖို့ qualityကောင်းနေဖို့ကပဲအဓိကဆိုရင်လဲ တကယ်မိုက်တဲ့ပုံစံပေါင်းစုံနဲ့အဝတ်အထည်တွေရာသီတိုင်းအတွက်ရှိသေးတယ်..
ဒါပေမဲ့အပေါ်မှာပြောထားသလိုပဲ Vintage သွားရွေးတိုင်းဒီလိုမျိုးတွေ့ရဖို့ကမသေချာလှပါဘူး။ ဒါတွေကကိုယ်ရွေးဝယ်တဲ့အမျိုးအစား,ကိုယ့်ရဲ့ရွေးတတ်မှူနဲ့Brand knowledge နဲ့လဲဆိုင်ပါသေးတယ်။
ပွဲသွားပွဲလာမဟုတ်ရင် အဝတ်အသစ်တွေဝယ်ဖို့မလိုအပ်သေးရင်ထသွားထလာဝတ်အတွက် thriftingကိုစမ်းလုပ်ကြည့်ဖို့တိုက်တွန်းပါရစေ။ တစ်ဦးနဲ့တစ်ဦးလက်ဆင့်ကမ်းထားတဲ့pre-owned လေးတွေကို ဝတ်ဆင်ခြင်းဟာ ရှက်စရာလဲမဟုတ်သလို recycling လုပ်တာဖြစ်လို့ပတ်ဝန်းကျင်ကို ကောင်းမွန်တဲ့သက်ရောက်မှုတွေရှိပါသေးတယ်။
အဲ့လိုမလုပ်ချင်ဘူး အသစ်ပဲဝယ်ဝတ်ရတာ
ကြိုက်တယ်ဆိုရင်လဲ ဒါဟာတစ်ဦးချင်းစီရဲ့ရွေးချယ်မှုနှစ်သက်မှူမို့ စောဒကမတက်လိုပါဘူးနော်❤️
ဒါဟာThriftingရဲ့ က်ိုယ့်တစ်ကိုယ်စာအတွက်ကောင်းကျိုးတွေကိုပြောထားတာဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်အတွက်အကျိုးများစေတဲ့အချက်တွေလဲသူ့မှာအများကြီးရှိသေးတာမို့ Vintage Clothing တွေ ဝတ် တာကိုအားပေးပါတယ် လို့နော်❤️❤️
Credit :original writer