Fashion & Design Record

Fashion & Design Record Fashion & Design

စက်ချုပ်သူတိုင်း သိထားသင့်တာလေး💁💁
28/06/2022

စက်ချုပ်သူတိုင်း သိထားသင့်တာလေး💁💁

လိုအပ်သူများအတွက်☺Readymadeအင်္ကျီpatternလေးပါလိုအပ်သူများအဆင်ပြေကြပါစေရှင် ☺Credit
28/06/2022

လိုအပ်သူများအတွက်☺
Readymadeအင်္ကျီpatternလေးပါ
လိုအပ်သူများအဆင်ပြေကြပါစေရှင် ☺
Credit

မြန်မာဝတ်စုံလေးများ😍
28/06/2022

မြန်မာဝတ်စုံလေးများ😍

Credit
29/04/2022

Credit

ရိုးရိုးလေးနဲ့ လှနေစေဖို့ကြယ်သီးကွင်းအလှ လုပ်နည်းPhoto CRD
27/04/2022

ရိုးရိုးလေးနဲ့ လှနေစေဖို့
ကြယ်သီးကွင်းအလှ လုပ်နည်း

Photo CRD

လက်ပုံဆန်းလေးတွေမူရင်းတင်သူ
23/04/2022

လက်ပုံဆန်းလေးတွေ
မူရင်းတင်သူ

🥰ကချင်လုံချည် ချစ်သူလေးတွေဖတ်ဖို့ အကြံပြုလိုပါတယ်🥰ကချင်လုံချည် နဲ့ ပါတ်သက်ပြီး သိသင့်တာလေးတချို့မျှဝေပေးချင်ပါတယ်ရှင့်🌹က...
23/04/2022

🥰ကချင်လုံချည် ချစ်သူလေးတွေဖတ်ဖို့ အကြံပြုလိုပါတယ်

🥰ကချင်လုံချည် နဲ့ ပါတ်သက်ပြီး သိသင့်တာလေးတချို့မျှဝေပေးချင်ပါတယ်ရှင့်
🌹ကချင်လုံချည်လေးတွေ ဝယ်ကြပြီဆို မေးကြပါတယ် ရေကျသလား ရေလျှော်ပြီးရင် ကျုံ့သွားသလားပေါ့
🌸ဟုတ်ကဲ့ပါ ကချင်လုံချည်ဆိုတာ ချည်သားနဲ့ ရက်လုပ်တာဖြစ်တဲ့အတွက် ရေလျှော်ရင် ကျုံ့ပါတယ် ချည်သားနဲ့ရက်လုပ်တဲ့ ဘယ်အထည်ပဲဖြစ်ဖြစ် ကိုက်ဖြတ်ပြီးဝယ်ရတဲ့အထည်ပဲဖြစ်ဖြစ် readymade တွေပဲဖြစ်ဖြစ် ကျုံ့ပါတယ် ကျုံသွားတဲ့အတိုင်းအတာ ပဲကွာပါတယ်ရှင့်

🌹ဒါဆို ရေလျှော်ရင်ကျုံ့သွားတာကို ဘယ်လိုလုပ်ကြမလဲ

🌸ကချင်လုံချည်ပဲဖြစ်ဖြစ် ချည်သားနဲ့ ရက်လုပ်ထားတဲ့ဘယ်အထည်ကိုပဲဖြစ်ဖြစ် ဝယ်ပြီးပြီဆို ရေစိမ်ရပါမယ် ရေစိမ်တဲ့အခါမှာ ခေါက်ရက်မဟုတ်ပဲ
အထည်ကိုတလွှာချင်းစီဆွဲဖြန့်ပြီး ရေနှစ်အောင်စိမ်ပေးပါ အထည်အသားတွေအားလုံး ရေစိုအောင်တော့ နှစ်ပေးရပါမယ် အနည်းဆုံး ၃နာရီလောက်တော့စိမ်ရပါမယ် အဲ့ထက်ပိုစိမ်ထားလည်းရပါတယ် ရေစိမ်ပြီးပြီဆိုရင်တော့ အထည်ကို လိမ်/ညစ်လိုက်တာမ်ျုးမဟုတ်ဘဲနဲ့ အဖြန့်လိုက်ပဲနေလှန်းပေးပါရှင့်

🌸ခြောက်သွားတဲ့အချိန်မှာ အတိုင်းအတာက မလျှော်မှီအတိုင်းအတာ ထက်
၁/၂/၃လက်မ အထည်အသားပေါ်မူတည်ပြီး ကျုံ့ သွားတတ်ပါတယ်ရှင့် အဲ့အချိန်မှာမှ ချုပ်တဲ့ဆီအပ်ရင် ပိုအဆင်ပြေသွားပါလိမ့်မယ်

🌸 ဆိုင်တော်တော်များများကတော့ ရေချပြီးချုပ်ပေးကြပါတယ် ဒါပေမဲ့ ကိုယ်တိုင်ရေချလိုက်တာတော့ စိတ်အချရဆုံးပေါ့

🌸ကချင်ထည်က ရေလျှော်လိုက်ရင် အနည်းငယ်ကျုံ့တတ်တဲ့အတွက်ကြောင့် တကွင်းတည်းဆို ၂ကိုက်ကျော်ခတ်ပါတယ် ဝမ်းဆက်ဆို ၃ကိုက် တစ်ထွာ ပါအောင်အမြဲဂရုစိုက်ပါတယ်ရှင့်

👉👉👉ဒါကြောင့် အကြံပြုချင်ပါတယ်
ကချင်ထည်ပဲဖြစ်ဖြစ် ကိုက်ဖြတ်ပြီးဝယ်ရတဲ့အထည်ပဲဖြစ်ဖြစ် ချည်နဲ့ရက်လုပ်တဲ့ ရိုးရာအထည်တွေကို ရေအရင်ချပြီးမှချုပ်ကြပါလို့

💝💝💝💝💝💝💝💝
နောက်တချက်က ချည် အရောင်အကြောင်းလေးမျှဝေချင်ပါတယ်ရှင့်

🌹ကချင်လုံချည်လေးတွေ ဝယ်ပြီဆို အရောင်ကျွတ်လား ဆေးခိုင်လားပေါ့

🌸ဟုတ်ကဲ့ပါ အရောင်အသွေး စုံတဲ့ ကချင်မိတ် အထည်လေးတွေဖြစ်ဖို့
ချည်နဲ့ခတ်ရပါတယ်ရှင့် အဲ့လို ချည်အရောင် အသွေးလေးတွေရဖို့
ချည်အကြမ်းထည်ကို လိုချင်သော (အဖြူ အနီ အဝါ အပြာ စသဖြင့်)
အရောင်ရဖို့ ဆေးဆိုးနည်းပညာ အဆင့်ဆင့်ပြီးမှ ရရှိတာဖြစ်ပါတယ်

🌸ဆေးဆိုးပြီးမှ ရရှိလာတဲ့အရောင် တွေနဲ့ ခတ်ပြီးမှ အထည်ဖြစ်လာတဲ့အတွက်
ရေစိမ်လိုက်တဲ့အချိန်မှာ တော့ ဆေးရောင်လေးနဲနဲတော့ ကျွတ်တတ်ပါတယ်ရှင့် ဒါပေမဲ့ အဲ့ဒါစိုးရိမ်စရာမလိုပါဘူးရှင့်

🌸ချည်အသားထဲစိမ့်မဝင်ပဲ ကျန်နေတဲ့ အရောင်လေးတွေပဲဖြစ်လို့ပါရှင့်
(ပထမရေစိမ်တဲ့အခါမှာပဲ ရောင်ရောင်လေးကျွတ်တတ်ပါတယ်)
နောက်ပိုင်းဆို အရောင်လည်းမကျွတ်တော့ပဲ အရောင်ဖျော့သွားတာမျိုးလည်းမဖြစ်တော့ပါဘူးရှင့်
👉👉👉👉👉👉
အနီရောင်အုပ်စုဖြစ်တဲ့
အနီရောင် ပန်းဆီရောင် အနီနဲ့ ပန်းဆီကြားအရောင် တွေဆိုရင်တော့ ပုံမှန်ထက် အနည်းငယ်ပိုကျွတ်တတ်တာကိုတော့ သတိပေးချင်ပါတယ်ရှင့်

နောက်လည်း ကချင်လုံချည်နဲ့ပါတ်သက်ပြီး သိသင့်တာလေးတွေကို သိသလောက် မျှဝေပေးပါမယ်ရှင့်
Credit:

သိမ်ထွက်လောင်းရင်အများစုကငွေသားလေးတွေစာအိတ်ထဲထည့်ကပ်ကြတယ် ကိုယ်လဲကပ်ခဲ့ဖူးပါတယ် နောက်ဘယ်တော့မှမကပ်တော့ပါဘုရား🙏“ သိမ်ထွက်...
14/04/2022

သိမ်ထွက်လောင်းရင်
အများစုကငွေသားလေးတွေ
စာအိတ်ထဲထည့်ကပ်ကြတယ်
ကိုယ်လဲကပ်ခဲ့ဖူးပါတယ်
နောက်ဘယ်တော့မှမကပ်တော့ပါဘုရား🙏

“ သိမ်ထွက်ရဟန်းသစ်များအား ဖျက်ဆီးခြင်း နှစ်မျိုး ”

သိမ်မှထွက်ခါစ ရဟန်းသည်
အပြစ်အားလုံးတို့မှ
စင်ကြယ်ဆဲပင်ရှိရာ
ရဟန်တာ၏
ကိုယ်ကာယပမာ တူလှစွာ၏။...

ထိုစဉ်......

(က) တောနေတို့ကား
သိမ်ဝမှကြို၍
ဆံပင်ကိုဖြန့်ခင်း နင်းစေ၏။

(ခ) မြို့နေတို့ကား
သိမ်ဝမှပင်ကြို၍ ငွေကိုအလှူခံစေ၏။

-- ထိုဓလေ့
ထုံးတမ်း နှစ်မျိုးတို့တွင်.....

(က) ဆံပင်ဖြန့်ခင်း နင်းစေခြင်းကား
ဤကာယသံသဂ္ဂ သိက္ခာပုဒ်အရ
သံဃာဒိသိသ်အပြစ် ငြိစွန်းသွားစေပြီ။

(ခ) ငွေလက်ခံစေမူကား
လာမည့် ဇာတရူပရဇတ သိက္ခာပုဒ်အရ
နိဿိဂ္ဂိ ပါစိတ်အာပတ် အသင့်ခံလိုက်ရရှာပြီ။

ထိုဓလေ့နှစ်မျိုးစလုံးပင် .....
သိက္ခာတင် ရဟန်းသစ်၏
ဖြူစင်သောစိတ်ကို
ညစ်စေသော အမူအကျင့်
နှစ်မျိုးချည်း ဖြစ်နေကြ၍
ဆင်ခြင်သင့်ကြ၏ ။

“မဟာဗောဓိမြိုင်ဆရာတော်”

သိသင့်သိထိုက်သော
အရာအကြောင်း တစ်ခုမို့
အားလုံးအတွက် မျှဝေပါ၏။

/...

 #လိုအပ်သလို_အသုံးပြုနိုင်ကြပါစေ📖📖📖📖
11/04/2022

#လိုအပ်သလို_အသုံးပြုနိုင်ကြပါစေ

📖📖📖📖

လည်ထောင် pattern များ
05/04/2022

လည်ထောင် pattern များ

စွယ်တော်ရွက်ကို ဟင်းချိုချက်မယ်၊ ဘာတွေ အစွမ်းထက်သလဲ။စွယ်တော်ရွက်အနုလေးတွေထွက်တဲ့အချိန်ဆို အရွက်နုလေးတွေ ခူးပြီး ဟင်းချို...
05/04/2022

စွယ်တော်ရွက်ကို ဟင်းချိုချက်မယ်၊ ဘာတွေ အစွမ်းထက်သလဲ။

စွယ်တော်ရွက်အနုလေးတွေထွက်တဲ့အချိန်ဆို အရွက်နုလေးတွေ ခူးပြီး ဟင်းချိုချက်သောက်ကြပါတယ်။ စွယ်တော်ရွက်က ဟင်းချိုလည်းချက်သောက်လို့ရသလို အရွက်ကိုရေနွေးဖျော်ပြီး ကြက်သွန်နီပါးပါးလှီးပြီး ဆီစိမ်းလေးနဲ့သုပ်စားလို့လည်းအရမ်းကောင်းပါတယ်။

ကြက်သွန်ဖြူ ငရုတ်ကောင်း ပုဇွန်ခြောက်ထောင်းထားပါ။ စားနိုင်သလောက်ရေပမာဏထည့်ပြီး ဆူပွက်လာသည်အထိတည်ပါ။ မျှင်ငပိအနည်းငယ်နှင့် အပေါ်မှ ထောင်းထားတာများကို ထည့်ပါ။ ဟင်းအိုးဆူလာရင် ချွေထားသော စွယ်တော်ရွက်များကို ထည့်ပါ။

အရသာမှုန့် ခတ်ပါ။ ဟင်းချိုအိုး ဆူလာပြီဆို ရပါပြီ။

စွယ်တော်ရွက်နုများကို ဟင်းချိုချက်သောက်၍ လည်ကောင်း ၊ ကြော်ချက်ပြုလုပ်၍ လည်ကောင်း ၊စားသုံးနိုင်သည်….။

စွယ်တော်နီသည် အေးဖန်၍ ဝမ်းမီးကို တောက်စေသည်…။ ဝမ်းကို ချုပ်စေတက်သည်…။ သလိပ်နာ ၊ လေနာကို နိုင်၏…။

အဝါပွင့်သည် ဖန်၏…။ စွယ်တော် အငယ်မျိုးသည် တြိဒေါသနာ၊ ဦးခေါင်း၍ ပေါက်သော အနာကို နိုင်၏။

နို့ရည်ကို ပွားစေတက်သည်…။ စွယ်တော်ပန်းဖြူကို ပြုတ်သောက်ပါက ဆီးနည်းခြင်း ၊ အသည်းရောင် အသားဝါဖြစ်ခြင်း စသည့်ရောဂါများပျောက်သည်…။

ခရမ်းရောင်သည် သွေးအညစ်အကြေးကို ပယ်စွန့်၍ မီးယပ်သွေးဆုံးပျောက်သည်…။

အညွန့်များကိုပြုတ်သောက်ခြင်းဖြင့် သွေးပုပ်ကင်းစင်ပြီး အသက်ရှည် ကျန်းမာ စေသည်…..။

အဆစ်ရောင်ရမ်းခြင်း ၊ အဆစ်ကိုက်ခြင်း ဆီအနယ်ကျခြင်းတို့ကို ပျောက်စေသည်…။

အမြစ်ပြုတ်ရည်ကို သောက်သုံးခြင်းဖြင့် ဆီးလမ်းကြောင်း နာကျင်ကိုက်ခဲခြင်းကို ပျောက်စေသည်….။

ရေငတ်ခြင်းကို ပယ်၍ ထုံကျင်ခြင်းကို ကာကွယ်နိုင်သည်….။

စွယ်တော်ပင်သည် တေဇောပျက်၍ အောက်ပိုင်း ညောင်းညာကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေသော တန်ဖိုးကြီး မားသည့် ဆေးပင်တစ်ပင် ဖြစ်ပါသည်…။

Credit:သုတရသ

Address

Hinthada

Website

Alerts

Be the first to know and let us send you an email when Fashion & Design Record posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share