27/06/2026
ကေလး အွန်လိုင်း အတန်း မေးထားတဲ့သူတွေအတွက် ပစ္စည်း ရောက်ပါပြီ။ ဗီဒီယိုတွေ ရိုက်မယ်
တည်းမယ်။ သင်တန်းကြေငြာခေါ်မယ်။
နယ်က ကလေးတွေအတွက် အဆင်ပြေပါပြီ။ တီချယ်ရယ် အွန်လိုင်းလေး ဖွင့်ပါလား ဆိုသူတွေအတွက် အားတဲ့အချိန် ရိုက်ကူးရေးတွေ အသေးစိတ် ကိုယ်သင်ရိုးနဲ့ ကိုယ် လုပ်ပါတော့မယ်။
စကားမစပ် ကြေငြာလေး ဝင်မယ်နော်
ရန်ကုန်မှာ ကိုယ်လိုချင်တာ ရှာမရတော့ တရုတ်နယ်စပ်မှာ နေတဲ့ အဝယ်တော် ညီမလေးက လိုချင်တဲ့ပုံ ပြလိုက်တော့ ရှာဝယ်ပေးတာပါ။
ဖုန်း stand တွေ ရန်ကုန်မှာ နှစ်သိန်းကျော်နေတာ ။ အခုက ပစ္စည်းက ငါးသောင်းနီးပါ။ ပို့ခ ၊ ထုတ်ခ နဲ့ ပေါင်းမှ တစ်သိန်း နားနဲ့ ရလိုက်ပါတယ်။ လိုချင်တာရှိရင် လာမေး မိတ်ဆက်ပေးမယ်။
အရမ်းတန်လို့ သဘောကျနေရော။
နွေရာသီ ကလေးတွေကို crochet သင်တန်းပေးတာ phone stand တစ်ခုနဲ့ ကိုယ်စီးဖို့ ဖိနပ်တစ်ရံ ၊ ကလေးတွေ ဖတ်ဖို့ စာအုပ်ေတွ နဲ့ ကလေး အင်္ကျီ နှစ်ထည် အဖတ်တင်ပါတယ်။
ကျန်တဲ့ ပိုက်ဆံကတော့ စားတဲ့အထဲ ကုန်တာပဲ။