W&R Clothing

W&R Clothing Hi!Please let us know we can help

ရင့်ကျက်လာတာနဲ့အမျှ ၁။ စစ်မှန်တဲ့ သူငယ်ချင်းက ရှားပါးတယ်ဆိုတဲ့အကြောင်း သိလာတယ်။ ၂။ မိဘတွေကို ပိုပြီး ကျေးဇူးတင်ရကောင်းမှ...
20/12/2021

ရင့်ကျက်လာတာနဲ့အမျှ

၁။ စစ်မှန်တဲ့ သူငယ်ချင်းက ရှားပါးတယ်ဆိုတဲ့အကြောင်း သိလာတယ်။

၂။ မိဘတွေကို ပိုပြီး ကျေးဇူးတင်ရကောင်းမှန်း သိလာတယ် ။

၃။ လူတွေရဲ့ အတော်မသတ်နိုင်တဲ့ လောဘအကြောင်း ပိုပြီးနားလည်လာတယ်။

၄။ လောကကြီးအတွက် တစ်ခုခုပေးဆပ်လိုက်တိုင်း လောကကြီးက ကျွန်တော်တို့ကို ထိုက်တန်တဲ့ ချီးမြှင့်မှုတွေ ပြန်ပေးတယ်ဆိုတာ သိလာတယ်။

၅။ တစ်ယောက်တည်း အချိန်ဖြုန်းရတာက ပျင်းစရာကောင်းတဲ့ အလုပ်မဟုတ်ကြောင်း သိလာတယ်။

၆။ ချစ်ခြင်းမေတ္တာဆိုတာ အတင်းလုပ်ယူလို့မရတဲ့ ဆုလာဘ်တစ်ခုဆိုတာ သိလာတယ်။

၇။ စိတ်ချမ်းသာကိုယ်ကျန်းမာနေရဖို့က ကျွန်တော်တို့ရဲ့ ပထမဦးစားပေး ဖြစ်ကြောင်း သိလာတယ်။

၈။ လူ့အကြိုက် (၁၀) ခါလိုက်လည်း... မလိုက်တစ်ခါရှိခဲ့ပါမူ ကြီးစွာရန်သူစွဲ မှတ်ယူတဲ့ အကြောင်းလည်း သိလာတယ်။

၉။ တစ်ချို့လူတွေဟာ... တိရစ္ဆာန်ထက်တောင်... ယုတ်မာကောက်ကျစ်ကြပြီး.... လူယုတ်မာကိုလည်း အားပေးထောက်ခံကြသေးတာကိုလည်း သိလာခဲ့တယ်။

၁၀။ တစ်ချို့ လူတွေဟာကောက်ကျစ်.. ယုတ်မာ ရိုင်းစိုင်းနေပါလျက်... စွတ်စွဲခံရ ဆင်းရဲကြတာ ဘာကြောင့်လဲဆိုတာကိုပါ... ကျွန်တော် သိလာတယ်။

၁၁။ ကံနဲ့ ကံအကျိုးပေး... ကို ကျွန်တော် အနည်းငယ် သိလာပြီးနောက်... သူတစ်ပါးမကောင်းကြောင်း... သူတစ်ပါးအတင်းအဖျင်း ပြောလျှင်... ရရှိလာမယ့် အကုသိုလ်ကံ... ကံဆိုးတွေလည်း ကျွန်တော်သိလာခဲ့တယ်။

၁၂။ လောကကြီးမှာ... မဖြစ်သင့်တာ မရှိ... မတရားတာမရှိ... တရားသဘော... အနည်းငယ်လည်း သိလာတယ် ။

၁၃။ အရာရာဟာ.. ဆုပ်ရင်ကွဲတယ်... ကြဲရင်မြဲတယ် ဆိုတဲ့... နိယာမ သဘောကိုလည်း သိလာခဲ့တယ်။

၁၄။ စိတ်နဲ့ရုပ် သာမည ဖြစ်နေတာမို့ ရုပ်လက္ခာကြည့်ပြီး လူတွေရဲ့ အကျင့်စရိုက်ကို ယေဘုယျ အနည်းငယ် ခန့်မှန်းတတ်လာတယ်။

၁၅။ ဘဝကို နောင်တကင်းစွာ ဖြတ်သန်းရင်း အတိတ်ကိုပြန်ကြည့်ရင်းသူတစ်ပါးအပေါ် စိတ်နှလုံး 3ပါး နဲ့ ယုတ်မာလှည့်စားကောက်ကျစ်မှုမရှိ ကိုယ့်ကြောင့် သူတစ်ပါး ထိခိုက်နစ်နာမှုမရှိအောင် နေတတ်လာတယ်။

တကယ်တန်းတော့ ဘဝဆိုတာ အချိန်တိုလေးပါပဲ ခဏလေးလိုဘဲ နေခွင့်ရတဲ့အခိုက်အတန့် ခဏလေးမှာ အမုန်းတွေ အတ္တမာန်မာနတွေ အငြိုးအတေးတွေနဲ့ မရှင်သန်ချင်ပါဘူး
ပိုခွင့်လွှတ်တတ်သူဟာ ပိုမြင့်မြတ်တဲ့သူပါပဲ.

Credit

ဖန်ဆင်းရှင်ကဆွဲပေးတဲ့ Page logo လေးသဘောကျ
30/11/2021

ဖန်ဆင်းရှင်ကဆွဲပေးတဲ့ Page logo လေးသဘောကျ

🙂🙂🙂ပိုက်ဆံရှိကြောင်း မကြွားပါနဲ့၊🤫ဆေးရုံရောက်ရင် ပိုက်ဆံဟာ စက္ကူနဲ့ တူသွားတယ်💵💁အလုပ်ကောင်းကြောင်း မကြွားပါနဲ့၊🤫သင်ပြိုသွ...
19/11/2021

🙂🙂🙂
ပိုက်ဆံရှိကြောင်း မကြွားပါနဲ့၊🤫
ဆေးရုံရောက်ရင်
ပိုက်ဆံဟာ စက္ကူနဲ့ တူသွားတယ်💵💁

အလုပ်ကောင်းကြောင်း မကြွားပါနဲ့၊🤫
သင်ပြိုသွားတာနဲ့
နောက်တစ်ယောက်ချက်ချင်း အစားထိုးတယ်🙂

ရာထူးကြီးကြောင်း မကြွားပါနဲ့၊🤫🙅
အသက်၆၀ပြည့်ရင် အော်တိုပြုတ်သွားတယ်

အိမ်ကြီးအိမ်ကောင်းဆိုပြီး မကြွားပါနဲ့🤫🙅‍♂️
သင်မရှိတော့တာနဲ့ တခြားလူဟာဖြစ်သွားတယ်😊

ရွှေ ငွေ လက်ဝတ်ရတနာတွေ
ပေါများပါတယ်လို့ မကြွားလိုက်ပါနဲ့၊🤫
သေသွားရင် ချက်ချင်း ဖြုတ်ယူကြတယ်👑

ကားကောင်းစီးနိုင်ကြောင်း မကြွားပါနဲ့၊
သင်ထွက်သွားတာနဲ့ ကားသော့က တခြားလူလက်ထဲရောက်သွားတယ်💁

သင်ကြွားနိုင်တဲ့ တစ်ခုတည်းသောအရာက
သင့် #ကျန်းမာရေး ပါ🙆

တခြားလူတွေ ထွက်သွားချိန်မှာ
သင် ရေနွေးကြမ်းသောက် နေပူစာလှုံရင်း
ဘဝကိုခံစား ကုသိုလ်တရားတွေ လုပ်နေနိုင်ပါတယ်။

ကိုယ့်ကိုကိုယ် ကောင်းကောင်းဆက်ဆံပါ။
သင့်တော်တဲ့ ကိုယ်အင်္ဂါပစ္စည်းအစိတ်အပိုင်းတွေက အဆမတန် စျေးကြီးလို့ပါ။
ပြီးတော့ အပိုပစ္စည်းလည်း မရှိလို့ပါ🥰

မနက်စာကို ဘုရင်လိုစားတဲ့
ကျန်းမာတဲ့ ခန္ဓာကိုယ်အတွက် အာဟာရရှိတဲ့ အစားအစာတွေကို စားပေးဖို့ကလည်း အဓိကပါ။

ကိုဗစ်ကို ကာကွယ်ဖို့ အိမ်မှာနေရင်း
ဆီလျှော့ ဆားလျှော့ အချိုလျှော့ စားခြင်းဖြင့်
ကျန်းမာရေးကို အထူးဂရုစိုက်ကြပါစို့😷🙆

Address

Manisandar(2)Street,Kyansitmin Housing
Hlaing
11401

Website

Alerts

Be the first to know and let us send you an email when W&R Clothing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share