M.A.C Kids

M.A.C Kids “Modern comfort wear” fashion & daily eco friendly clothings for everyone

တင်လိုက်တိုင်း ၀က်၀က်ကွဲပဲ! လူကြိုက်အများဆုံး Mac Happy Set လေး 💥​"ဘာလို့ ဒီလောက်တောင် ရောင်းရတာလဲ?" ဆိုတာ ဝတ်ဖူးတဲ့ မေမ...
27/04/2026

တင်လိုက်တိုင်း ၀က်၀က်ကွဲပဲ! လူကြိုက်အများဆုံး Mac Happy Set လေး 💥

​"ဘာလို့ ဒီလောက်တောင် ရောင်းရတာလဲ?" ဆိုတာ ဝတ်ဖူးတဲ့ မေမေတိုင်းသိကြပါတယ်ရှင့် 😍

​✅ အေးအိတုန် ချည်စပန့်သားစစ်စစ် ပူအိုက်တဲ့ ရာသီဥတုမှာ ကလေးတွေ နေလို့အကောင်းဆုံးဖြစ်အောင် အေးမြပြီး အသားအိနေတဲ့ ချည်စပန့်သားကိုပဲ သုံးထားပါတယ်

✅ Unisex Design သားသားဝတ်မလား၊ မီးမီးဝတ်မလား... အရမ်းချစ်ဖို့ကောင်းတဲ့ One Set ဒီဇိုင်းပါ

✅ Quality Local Brand ရဲ့ အဆင့်အတန်းအတိုင်း ချုပ်ရိုးချုပ်သား သေသပ်မှုကတော့ အထူးပြောနေစရာ မလိုတော့ဘူးနော် 🥰

​ရရှိနိုင်တဲ့ Size နဲ့ ဈေးနှုန်း 👇

​၂ နှစ်မှ ၁၂ နှစ်အထိ (Size အစုံရှိပါတယ်)
​2T / 4T — 17,000 ks
​6T / 8T — 19,000 ks
​10T / 12T — 21,000 ks

​လက်လီရော လက်ကားပါ ရတာမို့ အမြန်ဆုံး Chatbox မှာ လာရောက်မှာယူလိုက်တော့နော် 🫶💛

#ချည်ထည်

နွေပူပူမှာ စတိုင်လ်လည်းကျ၊ ဝတ်ရတာလည်း အေးမြစေဖို့ Mac Cotton Short Pant ရှိတယ်နော် ☀️🌈​အိမ်မှာနေရင်းပဲဖြစ်ဖြစ်၊ အပြင်သွာ...
27/04/2026

နွေပူပူမှာ စတိုင်လ်လည်းကျ၊ ဝတ်ရတာလည်း အေးမြစေဖို့ Mac Cotton Short Pant ရှိတယ်နော် ☀️🌈

​အိမ်မှာနေရင်းပဲဖြစ်ဖြစ်၊ အပြင်သွားရင်းပဲဖြစ်ဖြစ် လွတ်လပ်ပေါ့ပါးတဲ့ Feeling ကို အပြည့်အဝပေးနိုင်မယ့် Short Pant လေးတွေ ပဲနော်🤗

​✅ ချည်သားစစ်စစ် (Pure Cotton) မို့လို့ ချွေးစုပ်ပြီး တနေကုန် အေးမြနေစေမှာပါ

​ဒူးအထက် Length လေးမို့ လူငယ်ဆန်ဆန်နဲ့ စတိုင်လ်ကျနေမှာ အသေအချာပဲ💥

​၂ နှစ်သားကနေ ပေါင် ၂၀၀ အထိ (Plus Size) ရတာမို့ မေမေနဲ့ သားသားမီးမီးတို့ ဆင်တူဝတ်လို့ ရပြီပေါ့😍

​💸 ဈေးနှုန်းနှင့် ဆိုဒ် အသေးစိတ် 👇
• Size 2T / 4T — 14,500 Ks
• Size 6T — 15,500 Ks
• Size 10T — 16,500 Ks
• Adult Size S (90-110 lb) — 16,500 Ks
• Adult Size M (115-140 lb) — 17,500 Ks
• Adult Size XXL (170-200 lb) — 18,500 Ks

​⚠️ ရာသီစာဖြစ်လို့ အကုန်အရမ်းမြန်ပါတယ် ထပ်မရနိုင်တော့တဲ့ အဆင်လေးတွေမို့ စိတ်ကြိုက်တွေ့တာနဲ့ အမြန်ဆုံး Order တင်လိုက်တော့နော် 🏃‍♀️💨

🏠 Mac Kids Showroom
အမှတ် ၅၊ မြေညီထပ်၊ အေးရိပ်မွန် ၄ လမ်း၊ လှိုင်မြို့နယ် (၃) ရပ်ကွက်
☎️ 09 953 816 220

27/04/2026

ဆိုင်returnတွေ ရှယ် Shin Htoke မယ်လို့

☁️ Chappy Set  ပူအိုက်တဲ့နေ့တွေအတွက် အေးမြခြင်း 🌿​အသားအေးမှ ကြိုက်တဲ့ မေမေတို့အတွက် Mac Kids ရဲ့ Cotton 100% အစစ်နဲ့ချုပ...
27/04/2026

☁️ Chappy Set ပူအိုက်တဲ့နေ့တွေအတွက် အေးမြခြင်း 🌿

​အသားအေးမှ ကြိုက်တဲ့ မေမေတို့အတွက် Mac Kids ရဲ့ Cotton 100% အစစ်နဲ့ချုပ်ထားတဲ့ Chappy Set အသစ်လေးတွေ ရောက်ပါပြီ💖

✅ Cotton 100% အသားအေးစိမ့်ပြီး ချွေးစုပ်အားကောင်းလို့ ယားယံခြင်းကင်းဝေးစေတယ်

✅ ရှေ့ကြယ်သီး ဝတ်ရတာ လွယ်ကူပြီး ကလေးငယ်တွေအတွက် အဆင်ပြေတယ်

✅ ခါးသား အိအိလေးမို့ ဗိုက်မညှစ်ဘဲ နေရထိုင်ရ ပေါ့ပါးတယ်

✅ လက်တို + ဘောင်းဘီတို ပုံစံမို့ လွတ်လပ်စွာ ဆော့ကစားနိုင်တယ်

​📏 Size & Price
မွေးစ ~ 6လ ( xs ) — 17,500 Ks
​6လ ~ 1နှစ် (1T) — 17,500 Ks
​2နှစ် ~ 3နှစ် (2T/3T) — 20,500 Ks
4နှစ် ~ 6နှစ် ( 4T /6T ) — 22,500 Ks

​⚠️ Stock ပြတ်မြန်လို့ မြန်မြန်လေး ဦးအောင် မှာထားလိုက်တော့နော်! 🏃‍♀️💨

​🛒 လက်လီ/လက်ကား မှာယူနိုင်ပါတယ်

📩 Chat Box မှာ စာလေးချန်ထားပေးပါ

📍 Showroom: အေးရိပ်မွန် (၄) လမ်း၊ လှိုင်မြို့နယ်
☎️ 09 953 816 220

​ #လက်လီလက်ကား

27/04/2026

ကျောင်းဖိနပ်တွေ ဆိုင်လာဝယ်သလိုပြပေးမယ်
Live ထဲတရံ 1000 လျော့

3နှင့်မ4နှစ်အရွယ်ဝတ်လေးတွေ errorအနည်းငယ်ပါအထည်လေးများကို postအောက်မှာတင်ပေးသွားမှာဖြစ်ပါတယ်ရှင့်🥰               ယူချင်တဲ...
27/04/2026

3နှင့်မ4နှစ်အရွယ်ဝတ်လေးတွေ errorအနည်းငယ်ပါအထည်လေးများကို postအောက်မှာတင်ပေးသွားမှာဖြစ်ပါတယ်ရှင့်🥰

ယူချင်တဲ့ပုံလေးရဲ့အောက်မှာ (ယူ)လို့မန့်ပေးပါရှင့်😍

‼️Discount itemလေးဖြစ်လို့Cancel လိုတော့မရပါဘူးရှင့်❗

မွေးစမှ 6လအရွယ်ဝတ် ကြိုစုမေမေများအတွက် errorအနည်းငယ်ပါအထည်လေးများကို postအောက်မှာတင်ပေးသွားမှာဖြစ်ပါတယ်ရှင့်🥰           ...
27/04/2026

မွေးစမှ 6လအရွယ်ဝတ် ကြိုစုမေမေများအတွက် errorအနည်းငယ်ပါအထည်လေးများကို postအောက်မှာတင်ပေးသွားမှာဖြစ်ပါတယ်ရှင့်🥰

ယူချင်တဲ့ပုံလေးရဲ့အောက်မှာ (ယူ)လို့မန့်ပေးပါရှင့်😍

‼️Discount itemလေးဖြစ်လို့Cancel လိုတော့မရပါဘူးရှင့်❗

သာကေတအနီးတစ်ဝိုက်က ချစ်ရတဲ့ မေမေတို့နဲ့ ကာကာလေးတွေအတွက် သတင်းကောင်းလေးရှိတယ်နော်! 📣​ဒီနေ့ (၂၇.၄.၂၆) ရက်နေ့ကနေ (၃.၅.၂၆) ရ...
27/04/2026

သာကေတအနီးတစ်ဝိုက်က ချစ်ရတဲ့ မေမေတို့နဲ့ ကာကာလေးတွေအတွက် သတင်းကောင်းလေးရှိတယ်နော်! 📣

​ဒီနေ့ (၂၇.၄.၂၆) ရက်နေ့ကနေ (၃.၅.၂၆) ရက်နေ့အထိ Thaketa Capital မှာ Mac Kids ရဲ့ ဆိုင်ခန်းလေး ရှိနေပါပြီရှင့် 🎉

ချစ်စရာကောင်းတဲ့ New Items အသစ်စက်စက်လေးတွေအပြင်၊ အခုလို ပူအိုက်တဲ့ နွေရာသီမှာ ကလေးတို့ဝတ်ရင် အေးအေးလူလူနဲ့ သက်သောင့်သက်သာရှိစေမယ့် ချည်သား၊ ချည်စပန့် ဝမ်းဆက်လေးတွေ ကို စိတ်ကြိုက်ရွေးချယ်လို့ ရနေပါပြီ ✨

​ဆိုင်ကို အမြဲမလာနိုင်တဲ့ သာကေတက ကာကာလေးတွေအတွက်တော့ လူကိုယ်တိုင် အသားထိကြည့်ပြီး စိတ်ကြိုက်ရွေးဖို့ အခွင့်အရေးကြီးပဲနော်🤗💗

တန်တန် Promotion လေးတွေလည်း အများကြီး ပါတာမို့ အမြန်ဆုံး လှမ်းခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့် 🏃‍♂️🏃‍♀️

​📍 နေရာ - သာကေတ Capital
📅 ရက်စွဲ - ၂၇.၄.၂၆ မှ ၃.၅.၂၆ အထိ

​ 💖

🤫 မေမေတို့အတွက် "၅ မိနစ်လောက် အနားရဖို့" လျှို့ဝှက်ချက် (Mom Hack)​တစ်နေ့လုံး ကလေးနောက်လိုက်ရင်း "အားအင်ကုန်ခမ်း" နေပြီလ...
27/04/2026

🤫 မေမေတို့အတွက် "၅ မိနစ်လောက် အနားရဖို့" လျှို့ဝှက်ချက် (Mom Hack)
​တစ်နေ့လုံး ကလေးနောက်လိုက်ရင်း "အားအင်ကုန်ခမ်း" နေပြီလား? ဒီနည်းလမ်းလေးတွေ သုံးပြီး ခဏလောက် အနားယူလိုက်ပါ...

​၁။ "ငြိမ်ငြိမ်နေတမ်း" ဂိမ်းဆော့ပါ 🤫
"ဘယ်သူ အကြာဆုံး ငြိမ်ငြိမ်လေး နေနိုင်မလဲ" ဆိုပြီး ပြိုင်ခိုင်းထားပါ။ နိုင်တဲ့သူကို မုန့်ကျွေးမယ် ဒါမှမဟုတ် အမှတ်ပေးမယ်လို့ ပြောထားရင် ကမ္ဘာကြီး ခဏလောက် ငြိမ်သက်သွားပါလိမ့်မယ်။ (အဒါမှ မေမေ ကော်ဖီလေး အေးအေးဆေးဆေး သောက်ရမှာလေ ☕️)

​၂။ အသေးစား တာဝန်လေးတွေ ပေးပါ 👕
"သားသား/မီးမီးက အတော်ဆုံးမို့ မေမေ့ကို ဒီအင်္ကျီလေးတွေ အရောင်တူတာ ခွဲပေးပါဦး" လို့ ခိုင်းကြည့်ပါ။ သူတို့အတွက်တော့ ဆော့နေရသလိုပဲမို့ အာရုံစိုက်ပြီး လုပ်နေကြမှာပါ။ ဒါဟာ သူတို့ရဲ့ အရောင်ခွဲခြားနိုင်စွမ်း (Sorting Skill) ကိုလည်း တက်စေတယ်နော်။

​၃။ ဆော့ပါစေ... မတားပါနဲ့ 🏃‍♂️
ပုံလေးထဲကလိုပဲ "ဆော့တဲ့ကလေးဟာ ကျန်းမာတဲ့ကလေးပါ"။ အရုပ်တွေ ပြန့်ကျဲနေတာ၊ ဆူညံနေတာဟာ ကလေးရဲ့ ဦးနှောက် (Brain) ဖွံ့ဖြိုးနေတဲ့ လက္ခဏာမို့လို့ အိမ်မရှင်းရသေးတာကို စိတ်မညစ်ပါနဲ့။ ကလေးပျော်နေရင် မေမေလည်း ပျော်ရမှာပဲ မဟုတ်လား? ✨

ကလေးကို လွတ်လွတ်လပ်လပ် ဆော့ခိုင်းဖို့ဆိုရင် အသားအေးပြီး လှုပ်ရှားရလွယ်ကူတဲ့ Premium Quality ဝတ်စုံလေးတွေ ဝတ်ပေးထားဖို့တော့ လိုမယ်နော် 😉

🌞 နွေအပူကို အေးစိမ့်သွားစေမယ့် Mac ရဲ့ အေးမြခြင်းလျှို့ဝှက်ချက်! ❄️​"နွေရာသီမှာ ဘာဝတ်ဝတ် ပူတယ်" ဆိုတဲ့ မေမေတို့ရဲ့ စိတ်ပ...
27/04/2026

🌞 နွေအပူကို အေးစိမ့်သွားစေမယ့် Mac ရဲ့ အေးမြခြင်းလျှို့ဝှက်ချက်! ❄️

​"နွေရာသီမှာ ဘာဝတ်ဝတ် ပူတယ်" ဆိုတဲ့ မေမေတို့ရဲ့ စိတ်ပူပန်မှုကို Mac Spring One Set လေးတွေက အဖြေထုတ်ပေးလိုက်ပါပြီ❄️

ဝတ်ထားမှန်းတောင် မသိရအောင် ပေါ့ပါးပြီး အေးမြတဲ့ Premium Cotton သားစစ်စစ်မို့ ကလေးတို့အတွက် အကောင်းဆုံးပေါ့ 🌿✨

​🌈 ၂ နှစ်သားလေးကနေ ပေါင် ၁၇၀ လူကြီးအထိ ဆိုဒ်စုံရှိလို့ တစ်မိသားစုလုံး ဆင်တူဝတ်ပြီး အထာကျလို့ရပြီ

​တစ်ဆိုဒ်နဲ့ တစ်ဆိုဒ် အဆင်လေးတွေ မတူတာမို့ ကိုယ်ကြိုက်တဲ့အဆင်က ကိုယ့်အတွက်ပဲ Special ဖြစ်နေမှာပါ 💗

​မြန်မာပြည်ထုတ် Local Brand ရဲ့ သေသပ်တဲ့ လက်ရာနဲ့ အရည်အသွေးကို စိတ်ချလက်ချ ခံစားကြည့်လိုက်ပါ🤗💥

​💰 အလွန်တန်တဲ့ ဈေးနှုန်းလေး
​အပြင်က ပြန်လာရင်တောင် ချွတ်မပစ်ချင်လောက်အောင် အသားကောင်းတဲ့ Set လေးတွေကို ဒီဈေးနဲ့ရမှာနော် 👇

​2T / 4T — 17,000 ks (ချစ်စရာ ကလေးဆိုဒ်)
​6T / 8T — 19,000 ks (လူငယ်ဆိုဒ်)
​10T / 12T — 21,000 ks (လူလတ်ပိုင်းဆိုဒ်)
​XS / S / M — 22,000 ks (Standard Size)
​L (ပေါင် ၁၇၀ ထိ) — 24,000 ks (Plus Size)

​⚠️ အဆင်လေးတွေက အရမ်းလှတော့ Chat box မှာ လူဦးနေတတ်ပါတယ် ကိုယ့်မျက်စိထဲ ကျသွားတဲ့ အဆင်လေး သူများလက်ထဲ မပါသွားခင် အမြန်ဆုံး Chat box ကို လှမ်းလာခဲ့တော့နော်! 🏃‍♂️💨

​📍 Showroom လိပ်စာ
အမှတ် ၅၊ မြေညီထပ်၊ အေးရိပ်မွန် ၄ လမ်း၊ လှိုင်မြို့နယ် (၃) ရပ်ကွက်
📞 ဖုန်း: 09 953 816 220

Respectly credit to ဆရာဖြိုး“ဆက်ဆံရေးတွေ အဆုံးသတ်ဖို့က လွယ်တယ်၊ ကောင်းကောင်းမွန်မွန် အဆုံးသတ်နိုင်ဖို့ကသာ ခက်တာ”🔳 ကျွန်တ...
26/04/2026

Respectly credit to ဆရာဖြိုး

“ဆက်ဆံရေးတွေ အဆုံးသတ်ဖို့က လွယ်တယ်၊ ကောင်းကောင်းမွန်မွန် အဆုံးသတ်နိုင်ဖို့ကသာ ခက်တာ”

🔳 ကျွန်တော်တို့ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုတယ်ဆိုတာ အင်မတန်ရှားတယ်လို့ မြင်မိတယ်။ ဓလေ့မှာကိုက နားထောင်ခြင်း၊ နာခံခြင်း၊ ဆိုဆုံးမခြင်း စတဲ့ အထက်အောက်ပုံစံ လွှမ်းမိုးနေတာ။ မြန်မာမှတော့ မဟုတ်ဘူး။ အရှေ့တိုင်းဓလေ့လို့ ပြောရမလားပဲ။ အဲဒါက လုပ်ငန်းခွင်ထိပါ ပြဿနာပေးတယ် ဆိုတဲ့အကြောင်း တစ်ခါရေးဖူးတယ်။ ဒီမှာတော့ စာရှည်ကုန်၊ ဘေးထွက်ကုန်မှာစိုးလို့ အကျယ်မပြောတော့ဘူး။

🔳 ခုခေတ်ကမှ နည်းနည်းတော်လာသေးတယ်‌ ပြောရမယ်။ ကျွန်တော်တို့ ကလေးဘဝတုန်းက ပိုဆိုးတယ်။ စာမေးပွဲကျတာ၊ စည်းကမ်းဖောက်မိတာ၊ ကျောင်းကနေ မိဘခေါ်ခံရတာ၊ ရန်ဖြစ်လာတာ၊ ဆယ်ကျော်သက်လောက်‌ ရောက်လာတော့ ဆေးလိပ်သောက်တာ၊ ရည်းစားထားတာ စတဲ့ စတဲ့ ပြဿနာတွေတိုင်းမှာ မိဘနဲ့ သားသမီး ပွင့်ပွင့်လင်းလင်း ပြောဆိုကြတယ် ဆိုတာ မရှိသလောက်ပဲ။

ဆူမယ်။ ဆုံးမမယ်။ အိမ်ပြင်ထွက်ခွင့် ပိတ်မယ်။ တချို့ဆို ရိုက်မယ်။ အရမ်းဆိုးလာရင် အိမ်ပေါ်က နှင်ချမယ်။ သားသမီးက ရေငုံနှုတ်ပိတ်နေ။ ဘာမှ ပြန်မပြောနဲ့။ ပြောခွင့်လည်း မရှိသလို၊ နားလည်းမထောင်ပေးဘူး။ သားသမီးကို သီးခြားလူသားတစ်ဦးလို မြင်တာထက် ကိုယ်မွေးထုတ်ထားတဲ့ ကိုယ့်ကိုယ်ပွားလို မြင်ကြတယ်။ ကျေးဇူးတရားတွေနဲ့ တုပ်နှောင်ထားကြတယ်။ အမိန့်အာဏာတွေနဲ့ ထိန်းချုပ်ထားကြတယ်။

🔳 ဒီတော့ အပြင်မှာသာ ထုတ်ပြခွင့် မရှိတာ၊ အတွင်းထဲမှာက အဖုအထစ်တွေနဲ့။ မိဘကို မချစ်ဘူးလားဆို ချစ်တယ်။ ဒါပေမဲ့ သူတို့နဲ့ ကိုယ်နဲ့ကြားမှာ စိတ်ချင်းဆက်နွယ်မှု (Emotional Attachment) ရှိမနေတော့တာ။ အဆိုးဆုံးဆို သေခန်းပြတ်တယ် ဆိုတဲ့အဆင့်၊ ငါ့အသုဘတောင် မလာနဲ့တို့၊ ငါ့အိမ်ရိပ်တောင် မနင်းနဲ့တို့ ဆိုတဲ့အဆင့်ပေါ့။

နောက်ပိုင်း ငွေလိမ်ခံရတာလို၊ လိင်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ကြုံရတာလို ပြဿနာအကြီးကြီးတွေနဲ့ ရင်ဆိုင်ခဲ့ရရင်လည်း အိမ်ကို ပေးမသိရဲတော့ဘူး။ ဒီလိုနဲ့ အပ်နဲ့ထွင်းရမယ့်နေရာ ပုဆိန်နဲ့ ပေါက်ကုန်ကြရရော။

🔳 အဲဒါက တခြားသော ဆက်ဆံရေးတွေမှာလည်း တပုံစံတည်း ဖြစ်လာတယ်။ ချစ်ကြ၊ ကြိုက်ကြဖို့ လွယ်တယ်။ လက်ထပ်ဖို့ထိကျ ခက်လာတယ်။ အဲဒါထက် ခက်တာက တသက်လုံး အတူတူ ရှိသွားဖို့။

ဒါပေမဲ့ အခက်ဆုံး မဟုတ်သေးဘူး။ အခက်ဆုံးက ဘာလဲဆိုတော့ အေးအေးချမ်းချမ်း အဆုံးသတ်နိုင်ဖို့လို့ တစ်ကိုယ်စာအရ မြင်မိတယ်။

🔳 လင်မယားတွေ သားသမီးရှေ့လည်း ရန်ဖြစ်ကြတာပဲ။ အဖေကလည်း ကလေးတွေရှေ့ အမေမကောင်းကြောင်း ပြောတယ်။ အမေကလည်း အဖေမကောင်းကြောင်းတွေ ပြောတယ်။ အဖေဘက် လိုက်မလား၊ အမေနဲ့ နေမလားတောင် ရွေးခိုင်းကြသေး။ ကလေးတစ်ယောက်အတွက် ဘယ်လောက်ကြီးမားတဲ့ ဖိအားလဲ။ စိတ်ခံစားချက်ကိုပဲ ရှေ့တန်းတင်တဲ့အခါ စည်းတွေ မထားမိကြတော့တာပေါ့။

သေတပန်သက်တဆုံး ပျော်ပျော်ရွှင်ရွှင် နေသွားကြတဲ့ အိမ်ထောင်တွေ မရှိဘူး မဟုတ်ဘူး။ ရှိတယ်။ ဒါပေမဲ့ အဲဒါထက် သားသမီးတွေအတွက်ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကြောင့်ဖြစ်ဖြစ် မကွဲတော့ မကွဲဖြစ်ပေမဲ့ အက်ကြောင်းပေါင်းများစွာနဲ့ အိမ်ထောင်ရေးတွေရယ်၊ တစ်ယောက်ကိုတစ်ယောက် နာကျည်းမုန်းတီး၊ အသံတောင် မကြားချင်၊ အမေက ခေါ်ထားတယ်ဆို အဖေနဲ့ ပေးမတွေ့၊ အဖေက ခေါ်ထားတယ်ဆို အမေ့နာမည် ပြောလို့တောင် မရ၊ ဒီလိုမလှပတဲ့ အဆုံးသတ်နဲ့ အိမ်ထောင်ရေးတွေရယ်က ပိုများတယ်လို့ မြင်မိတယ်။

လိင်ကိစ္စကစလို့ အဆင်မပြေမှုတွေကို ပွင့်ပွင့်လင်းလင်း မပြောကြ။ အဲဒီလိုနဲ့ တတိယလူ ပေါ်လာ။ ဒီအခါမှာလည်း ထပ်မပွင့်လင်းဘဲ ရှေ့ဆက်ပြန်တော့ ဖောက်ပြန်တဲ့ကိစ္စတွေ ကြုံရ။ သစ္စာဖောက်ခံရတယ် ဆိုတဲ့ ခံစားချက်တွေနဲ့ နာကျည်းရ။ အပြန်အလှန် အရှက်တွေခွဲကြ။ ဆိုရှယ်မီဒီယာပေါ်က လူအများရဲ့ Spotlight အောက် သွားချပြမိလိုက်ရင်တော့ ပိုဆိုးတာပေါ့။ အင်မတန် ရုပ်ဆိုးအကျည်းတန်တဲ့ အဆုံးသတ်တွေ ဖြစ်ကုန်ကြရတယ်။

🔳 Co-parenting လုပ်တယ် ဆိုတာ ဒီခေတ်မှ နည်းနည်းကြားဖူးလာတာ။ အရင်ကဆို စိတ်ကူးတောင် မယဉ်နဲ့။ အဲဒါမျိုး လုပ်နိုင်ဖို့ဆိုတာ သူတို့မှာ ကိုယ်စီကိုယ်စီ ရှိလာကြမယ့် လက်တွဲဖော်အသစ်တွေကလည်း နားလည်ပေးဦးမှ။ သဘောထားကြီးဦးမှ။ သူတို့ကိုယ်သူတို့ လေးစားမှုကလည်း မြင့်ဦးမှ။ လူတစ်ဖက်သားကို လေးစားမှုက ထားတတ်ဦးမှ။ ကိုယ့်လက်ရှိလူရဲ့ Ex ကို ရန်သူသဖွယ် သဘောထားနေတဲ့သူနဲ့ဆို ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ဟော … အဲဒီလို Self-esteem တွေ၊ Respect တွေကလည်း ပျိုးထောင်ခံခဲ့ရတဲ့ ပုံစံတွေ၊ မိဘတွေဆီက မြင်တွေ့ခဲ့ရတာတွေနဲ့ အနည်းနဲ့အများ သက်ဆိုင်နေပြန်ရော။

🔳 တစ်ခါတလေကျလည်း စိတ်မှာ တောင်းပန်ချင်တယ်။ ဒါပေမဲ့ နှုတ်က ထွက်မလာတာ။ တောင်းပန်လိုက်ပြန်ရင်လည်း တစ်ဖက်က လက်မခံဘဲ ပိုဆူမှာ၊ ဆဲမှာစိုးတဲ့အတွက် အဲဒီ မသက်မသာဖြစ်မှု (Discomfort) ကို ရင်မဆိုင်ချင်လို့ လုံးဝရှောင်နေလိုက်တာတွေလည်း ရှိတယ်။

နှစ်ဖက်စလုံးရဲ့ စိတ်ထဲမှာ ခုနေတော့တာပေါ့။ တစ်ယောက်ကလည်း သူ့ကိုယ်သူ အပြစ်ရှိတဲ့စိတ်ကြီး ထမ်းပိုးထားပြီး လာရင်မဆိုင်ရဲ။ တစ်ဖက်ကလည်း မကျေနပ်စိတ်တွေ၊ ဒေါသတွေ၊ တစ်ခါတလေလည်း သတိရတာ၊ လွမ်းတာ၊ နှမြောတာတွေ ဖြစ်ကျန်နေရရော။ ဒီအစိုင်အခဲတွေ အရည်ပျော်မကျသရွေ့က ဆက်ဆံရေးတွေ အေးခဲနေကြဦးမှာပဲပေါ့။

🔳 ငယ်ငယ်ကတည်းက အကျင့်မရှိခဲ့တော့ ကြီးလာမှ ပြုပြင်ရတာ အတော်တော့ ခက်ပါတယ်။ ကျွန်တော်ဆိုလည်း တခြားကိစ္စသာ Emotional မဖြစ်တာ။ မိသားစုထဲ ပြောကြဆိုကြပြီ ဆိုရင်တော့ စိတ်ခံစားချက်က များလာရော။ အကျင့်မရှိခဲ့တာရော၊ အနှစ်နှစ်အလလက သိမ်းထားရတဲ့ မကျေနပ်စိတ်တွေကြောင့်ရောပေါ့။

အစက တွေးထားတဲ့ စကားလုံးတွေ ထွက်မလာတော့ဘူး။ လိုရင်းလည်း မရောက်တော့ဘူး။ ခုထိလည်း မပြင်ဆင်နိုင်သေးပါဘူး။ နောက်ပိုင်းကျတော့ Group chat လေး လုပ်လိုက်တယ်။ အဲဒီထဲ စာအရှည်ကြီးတွေ ပို့တယ်။ တွေးကြည့်ရင် ရယ်စရာတော့ ကောင်းသား။ ဒါပေမဲ့ အရင်ထက်စာရင်တော့ ပိုအဆင်ပြေလာပါတယ်။

🔳 ဘောလုံးပွဲ ဝါသနာပါသူမို့ ဇာတ်လမ်းအစုံကို သတိထားမိတယ်။ တချို့ကစားသမားတွေ တစ်သင်းတည်းမှာ ကစားသွားတယ်။ အကောင်းဆုံးဇာတ်သိမ်း။ ဒါပေမဲ့ အင်မတန်ရှားတယ်။ တော်တော်များများကတော့ ပိုကောင်းတဲ့အသင်းကို ပြောင်းတယ်။ ဒီဘက်အသင်းနဲ့လည်း ကောင်းမွန်စွာ အဆုံးသတ်နိုင်တယ်။

တချို့ကျ စိတ်မကောင်းစရာ။ တခြားအသင်းကို ပြောင်းတဲ့အခါ ဒီဘက်အသင်းနဲ့၊ ဒီဘက်က ပရိသတ်တွေနဲ့ ပြဿနာဖြစ်ပြီးမှ ပြောင်းရတယ်။ တချိန်က လက်ခုပ်တီး အားပေးခဲ့ကြတဲ့ သူ့ကို အခု ရန်သူလို သဘောထားကြတယ်။ သူနဲ့ ကွင်းထဲပြန်တွေ့ရင် လှောင်ပြောင်ကြတယ်။ တချို့ဆို သစ္စာဖောက်အဖြစ်ပါ တံဆိပ်ကပ်ခံရတယ်။

🔳 အကြောင်းရင်းကတော့ မျိုးစုံပါပဲ။ နှစ်ဖက်စလုံးမှာတော့ အားနည်းချက်တွေ ရှိကြလို့ပေါ့။ ထွက်သွားတဲ့သူကလည်း သူ့အတွက်ပဲ သူကြည့်ပြီး ထွက်သွားတယ်။ လက်ရှိဆက်ဆံရေးကို လေးစားမှု မရှိဘူး။ ဒါမှမဟုတ် လက်လွှတ်ပေးရမယ့်လူကလည်း လွှတ်မပေးဘဲ အတင်းချုပ်နှောင်ထားတယ်။ မရမက ထွက်ဖို့ ကြိုးစားရတယ်။ ဒါတွေကြောင့် မလှပတဲ့ အဆုံးသတ်တွေ ဖြစ်ခဲ့ရတာပဲ။ ဒါတောင် ပရော်ဖက်ရှင်နယ် ဆက်ဆံရေးပဲ ရှိကြသူတွေ။

ကျေးဇူးတရားတွေ၊ သွေးသားတော်စပ်မှုတွေ၊ အချစ်တွေ၊ သံယောဇဉ်တွေ၊ အတူမက်ခဲ့ဖူးတဲ့ အိပ်မက်တွေ၊ ဆောက်ခဲ့ဖူးတဲ့ လေထဲက တိုက်အိမ်တွေ၊ ဒါတွေအကုန် ရောယှက်ထားတဲ့ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးတွေဆို ပိုဆိုးတာပေါ့။ ကိုယ့်တစ်ဖက်တည်း ပြည့်စုံနေရုံနဲ့လည်း ကောင်းမွန်တဲ့ အဆုံးသတ်က ဖြစ်မလာနိုင်သေးဘူး။

🔳 ဒါကြောင့်ပဲ ဆက်ဆံရေးတွေ စတင်ဖို့ လွယ်သလို၊ အဆုံးသတ်ဖို့ကလည်း လွယ်သေးတယ်။ လှလှပပ အဆုံးသတ်နိုင်ဖို့၊ အေးအေးချမ်းချမ်း ရှေ့ဆက်နိုင်ကြဖို့ကသာ ပိုခက်တာလို့ မြင်မိတာပါ။

Credit to
ဒေါက်တာ ဖြိုးသီဟ
၂၆.၄.၂၀၂၆

26/04/2026

မွေးစ တွေ လှူမယ် လက်ဆောင်ပေးမယ်

Address

Aye Yeik Mon Street 4th Street
Hlaing

Telephone

+959953816220

Website

Alerts

Be the first to know and let us send you an email when M.A.C Kids posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to M.A.C Kids:

Share