Shwe Thamee

Shwe Thamee ကွန်တိန်နာကျ အဝတ်အထည်သန့်သန့်များကို စိတ်တိုင်းကျဝယ်ယူအားပေးနိုင်ပါတယ်ရှင်

မကြာမီ ပြန်လာမည် မျှော်😁😁
02/02/2023

မကြာမီ ပြန်လာမည် မျှော်😁😁

24/11/2022

(ဘေဆိုတာနဲ့ အပေါစားလို့ထင်နေတဲ့သူတွေသိဖို့)
ဘေထုပ်အကြောင်း တစေ့တစောင်း

Vintage clothing (သို့) ဘေထုပ် (Bale)

Vintage Clothings ဆိုတာ မြန်မာပြည် အခေါ် ဘေထုပ်လို့ လူသိများတဲ့ နိုင်ငံခြားဖြစ် second hand clothings (thrift clothings) တနည်းအားဖြင့် တပတ်ရစ် အဝတ်အစားတွေပေါ့ (၂ ပတ် ၃ ပတ် မကလည်း ရစ်နိုင်ပါတယ်)
Bale ဆိုတာ English လို အစီး
ကြီး အထုပ်ကြီးလို့ ခေါ်ပါတယ်။
အဲဒီ အဝတ်အစားတွေဟာ Bale ဆိုတဲ့ အထုပ်ကြီး အစည်းကြီးတွေနဲ့လာတော့ ရွှေမြန်မာတွေ အခေါ် ဘေထုပ်ဖြစ်သွားတာပေါ့နော်...
ဒီ Bale အထုပ်တွေထဲမှာ Brand စုံ အရောင်စုံ ဒီဇိုင်းစုံ ဆိုဒ်စုံ ထုတ်လုပ်တဲ့ နိုင်ငံ အစုံ(made in China, Japan, USA) ကလာတဲ့ အဝတ်အစား အမျိုးးအစား အစုံပါပါတယ်... ပစ္စည်း အ
သန့်တွေ တံဆိပ်တောင် မဖြုတ်ရသေးတဲ့ အသစ်တွေ Store
ဆိုင်တွေက Sale ချလိုက်တဲ့ lot နံပါတ်အလိုက် အသစ်စက်စက်တွေက အစ... ဟောင်းနွမ်းစုတ်ပြတ် ပေါက်ပြဲနေတဲ့ အထည်တွေ ပစ္စည်းတွေ အထိပါပါတယ်...
နာမည်ကြီး Brand တွေရဲ့ quality နဲ့ ဈေးကတော့ ဝယ်ဖူးသူတွေ ဝတ်ဖူးသူတွေ ပိုသိပါတယ်။ ဒီနေ့ခေတ်မှာ မဝယ်ဖူး မဝတ်ဖူးတောင် Facebook ပေါ် လိုင်းပေါ်ကနေ brand တော်တော်များများကို မြင်ဖူးကြားဖူးကြမှာပါ...
Branded ဝယ်ဝတ်ချင်ပေမယ့် ဈေးနှုန်းမြင်ရင် လက်တွန့်နေတာ
အဲတော့ ဈေးအသင့်အတင့်နဲ့
ကွာလတီကောင်းကောင်း Brand တွေ ကံကောင်းရင် Limited Edition တွေ တောင် ရနိုင်ပါသေးတယ်...
Vintage ဝတ်ရတာ...ရှာရတာ
ကြိုက်တဲ့ နိုင်ငြံခားသားတွေ...ခရီးသွားတွေ...ပိုက်ဆံခြွေတာချင်တဲ့ သူတွေ... ဒုနဲ့ဒေး..
(.မြန်မာနိုင်ငံမှာပဲ ဘေထုပ်ဈေး
ကွက် ရှိနေတယ်ထင်နေမှာ စိုးလို့..)
ဘေထုပ် vintage wears တွေကို ဆင်းရဲသားတွေ ပိုက်ဆံမတတ်နိုင်တဲ့သူတွေပဲ ဝတ်တယ်လို့ ဘယ်သူပြောလဲ......နိုင်ငံတကာမှာ နာမည်ကြီး Celebrities တွေကိုယ်တိုင် Vintage Wears တွေကို သေချာ ရှာဝတ်ပါတယ်...
ဘေထုပ်ကို ဝတ်ဖူးသူတိုင်းကြိုက်ကြတယ်ဆိုတာက......
၁ အချက်.....သူ့ရဲ့ ကွာလတီ( branded တွေလေ အရည်အသွေးမြင့် QC passed တွေကိုး)...တရုတ် နဲ့ ယိုးဒယားက.လာတဲ့ ဈေးချုပ်ထည်တွေနဲ့ အကွာကြီးကွာ....

၂ အချက် ဈေးနှုန်း.....တစ်ခါဝတ်ပြီးရင် အရောင်မှိန် ဆေးသားပြယ် ချုပ်ရိုးပြေ သွားတဲ့ ဈေးချုပ်ထည်ထက်တောင် ဈေးသက်သာပါသေးတယ်....( ဘေရှယ်ဂေါင်ထည် အသန့် Limited Edition ဈေး တွေကတော့ ချွင်းချက်ပေါ့ဗျာ ဒါပေမယ့် ရောင်းတဲ့သူက ဘယ်တော့မှ အသစ်ဈေးမတောင်းသလို ဝယ်သူကလည်း အဟောင်းဈေးဘဲ ပေးတာပါပဲ )

၃ အချက်...brand တွေကို ပေါပေါလောလော အထည်များ အယားပြေ ဝတ်နိုင်ခြင်း...brand အသစ်စက်စက်တထည်ဈေးဟာ ဘေထုပ်ထဲက အလားတူ brand မျိုးအထည်ရေ ၃/၄ ထည်လောက်ပေါင်း ဈေး နဲ့ တူနေမှတော့ အသစ်ကို.... ထည့်မစဉ်းစားတော့တာ အဆန်းလားနော့
တစ်ခုတော့ ရှိတာပေါ့ ဘေထုပ်ထဲမှာ ကိုယ်အရမ်းလိုချင်နေတဲ့ ဒီဇိုင်း ဆိုဒ်ကို မရနိုင်ဘူး ထင်ရင်တော့ အသစ်က ဈေးကြီးလည်းဝယ်ရမှာပဲ...ကိုယ်မှ ဘေထဲမှာ ရှာမရနိုင်တာကိုး...

၎ အချက်...ဘေထုပ်နှိုက်ခြင်း အနုပညာ..
ဘေထုပ်နှိုက်တဲ့ အခါမှာ ပညာသားပါပါတယ်...မျက်စိလျင်ရမယ်... Fashion ရေစီးကြောင်း ကို သိရမယ် brand နာမည်တွေ made in ဘာညာတွေ သိရမယ် ကိုယ်ပြောခဲ့သလို ဘေထုပ်ဟာ အလန်းတွေ အကောင်းတွေ အဟောင်းတွေ အစုတ်တွေ ရောသဗွန်း ပါတာမို့.... ရွေးတတ်မှ ရမယ် အချိန်ပေးမှ ရမယ်...အိမ်ရောက်လို့ ပြန်ကြည့် brand တော့မိုက်ပါရဲ့..
မရွေးတတ်တဲ့သူတွေ အတွက် ဘေထုပ်တန်းဟာ အဟောင်း အစုတ်တွေပေါ့ ... ရွေးတတ်တဲ့သူတွေ အတွက်တော့ ဘေထုပ်ထဲက ရတဲ့ အထည်ဟာ ရွှေထက် တန်ဖိုးရှိတယ်လို့.....ပိုက်ဆံရှိရင် ရွှေဆိုင်မှာ ရွှေကို အချိန်မရွေးသွားဝယ်လို့ ရပေမယ့် ဘေဆိုင်မှာတော့ အဲလိုမရပါဘူး.... ကိုယ်ကြွေတဲ့ Brand Design ရှာမတွေခဲ့ရင် ခြေတို အချိန်ကုန် တပ်ခေါက်ပြန်လာရမှာပါ....
ဒီလို အချိန်မပေးနိုင် ဘေထုပ်နှိုက်ခြင်း အနုပညာ မတတ်တဲ့သူတွေအတွက် Admin တို့လို ဘေသရဲ၊ ဘေခရေဇီ တွေက သေချာ ဂေါင်ထည်အသန့် ရွေးချယ်ပြီး ပြန်လည်ရောင်းပေးနေတဲ့ page တွေ group တွေရှိပါတယ်....ဈေးကတော့ အပုံဈေးနဲ့တော့ မယှဉ်နဲ့ပေါ့ဗျာ.... ပညာရှင်ကြေးတော့ ပေးရတာပါ့...
ကဲ.... ဒီလောက်ဆို ဘေထုပ်ဆိုတာ ဘာ... ဘယ်လို...ဘယ်သူတွေ... ဘာကြောင့်ဝတ်လဲဆိုတာ တစေ့တစောင်း သိလိုက်ပြီမို့ အမြန်ဝယ်လိုက်တော့နော်

24/11/2022

သူစိမ်းတွေကို မကြောက်ရွံ့စေဖို့

✅ ကလေးတို့အနေနဲ သူစိမ်းတွေကို မကြောက်ရွံ့ဘဲနေတာက အန္တရာယ်ကို ဖိတ်ခေါ်နေတာမျိုး ဖြစ်နိုင်သလို သူစိမ်းတွေကို ကြောက်ရွံ့ခြင်းကလည်း လူတောမတိုးရဲတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတို့ကို သူစိမ်းတွေနဲ့ တွေ့ကြုံတဲ့အခါ ဆောင်ရန်ရှောင်ရန်လေးတွေကို ပြောပြထားဖို့ လိုအပ်ပါတယ်။

👉 ဥပမာ ကျောင်းသွားကျောင်းပြန်မှာ ကလေးရဲ့ အနောက်ကို သူစိမ်းတစ်ယောက်ယောက် လိုက်လာတယ်လို့ သင်္ကာမကင်း ဖြစ်ပြီဆိုတာနဲ့ ဦးဆုံး ကလေးတစ်ဦးဦးကို လက်ဆွဲထားတဲ့ အမျိုးသမီးကို ရှာဖွေခိုင်းပြီး သူ့ဘေးကနေ ကပ်လိုက်ဖို့ မှာကြားသင့်ပါတယ်။ ဒါတောင်မှ ဆက်လိုက်လာသေးတယ်ဆိုရင်တော့ အဆိုပါအမျိုးသမီးကို ပွင့်ပွင့်လင်းလင်း ပြောပြီး အကူအညီတောင်းခိုင်းပါ။ ဘာကြောင့်လဲဆိုတော့ ကလေးအမေတစ်ယောက်ကသာ ကလေးရဲ့ အခက်အခဲကို သေချာနားလည်ပြီး ကူညီနိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် လမ်းမှာ တွေ့တဲ့ ယူနီဖောင်းဝတ်နဲ့ ပြည်သူ့ဝန်ထမ်းတွေကို အကူအညီတောင်းဖို့ မှာကြားသင့်ပါတယ်။ ဒါပေမဲ့ သူစိမ်းတိုင်း လူဆိုးမဟုတ်သလို သူစိမ်းတိုင်း လူကောင်းမဟုတ်ဘူးဆိုတာကိုတော့ ကလေးတို့ သိရှိအောင် ပြောကြားထားရပါမယ်။ လူစိမ်းတစ်ယောက်နဲ့ ဆုံပြီဆိုတာနဲ့ ဦးဆုံး မသိမသာ လေ့လာဖို့ မှာကြားပါ။ မိဘ သို့မဟုတ် အိမ်ဖုန်းနံပါတ်ကို အလွတ်ရအောင် မှာကြားထားဖို့လည်း မမေ့ပါနဲ့နော်။

Address

Hmawbi

Telephone

09769388799

Website

Alerts

Be the first to know and let us send you an email when Shwe Thamee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category