03/09/2025
ခပ်လွယ်လွယ် မသုံးမိပါစေနဲ့
ငွေရှိရင် မလွယ်နဲ့
မရှိရင် မလွယ်ဘူးဖြစ်တတ်တယ်။
ငွေကိုချွေတာဖို့ မလုပ်နိုင်ရင် ပိုရှာပါ
ပိုရှာမနိုင်ရင် ချွေတာပါ။
ငွေရှိလာရင် ချွေတာပါ
ရှိလာတဲ့အခါ စည်းကမ်းရှိပါ
ငွေရှာပြီး မချွေတာရင် ေ,သအောင်ရှာ မကြီးပွားပါဘူး။
သုံးလို့ ပိုတဲ့ ပိုက်ဆံကို မစုနဲ့
စုလို့ပိုတဲ့ ပိုက်ဆံကိုသာ သုံးပါ
ငွေရှာတတ်ဖို့ပဲ အရေးကြီးတာ မဟုတ်ဘူး
ငွေသုံးတတ်ဖို့ စုတတ်ဖို့လည်း အရေးကြီးတာပဲ။
မလိုအပ်တာတွေ လျှောက်ဝယ်နေမယ်ဆိုရင်
မကြာခင်မှာပဲ လိုအပ်တာတွေကို ပြန်ရောင်းရလိမ့်မယ်။
သင်ဟာ လူချမ်းသာတစ်ယောက် မဟုတ်သေးရင်
ဈေးကြီးတာတွေ ရှောင်ပါ
ငွေရှာပါ ငွေစုပါ။
လူအထင်ကြီးဖို့ မလိုဘူး
စိတ်ချမ်းသာဖို့ပဲ လိုအပ်ပါတယ်။
ကိုယ့်ဘဝ ငွေကြောင့် အခက်အခဲ မဖြစ်စေနဲ့။
သူဌေးက ဆင်းရဲသားလိုနေတတ်ရင်
လွယ်လွယ်နဲ့ မဆင်းရဲတတ်သလို
ဆင်းရဲသားက သူဌေးလိုနေရင်တော့
ဘယ်တော့မှ မချမ်းသာတတ်တော့ပါဘူး။
ကိုယ်ရှာနိုင်တာထက် ပိုသုံးနေမယ်
ရစရာကို မျှော်ကိုးပြီး
ကြိုတင်အကြွေးယူသုံးနေမယ်ဆိုရင်
နောက်ဆုံးရှာသလောက် မလောက်ပဲ
ဘဝပျက်သွားနိုင်ပါတယ်။
ငွေမရှိရင် ဘယ်လောက်မျက်နှာငယ်ရတယ်ဆိုတာ
ကြုံဖူးသူတိုင်း သိကြပါတယ်။
ဒါကြောင့်မို့ ရှာဖွေလို့ရတဲ့ ငွေကို
စနစ်တကျ စီမံခန့်ခွဲပြီး သုံးစွဲကြပါလို့ အကြံပြုလိုက်ပါရစေ...... ။
#မြန်မာ