22/03/2020
🌄ရွှေချစ်သူတို့ရေ 🌄
😇😇လိုချင်တဲ့ဆန္ဒအလျောက် ဘဝမှာ တိုးတတ်ကြီးပွါးချင်တာက လူတိုင်းရဲ့မျှော်လင့်ချက်ပါ😇😇
💪💪တိုးတတ်အောင်မြင်ချင်ရင် အလုပ်ကိုလည်းကြိုးစား 💪💪
🌟🌟ကံလေးလည်းကောင်းအောင် အဆောင်ယတြာလေးလည်း လိုတယ်နော် 🌟🌟
👏👏တစ်ဦးတစ်ယောက်ထဲရုန်းကန် လှုပ်ရှားနေရတာထက် တစ်စုံတစ်ဦးက ကိုယ့်ကိုကူညီနေတယ်ဆိုတဲ့ အတွေးတွေ ယုံကြည်ချက်တွေက တစ်ခါတစ်လေမှာ စိတ်ကိုပိုပြီးတော့ အားတတ်စေပြီး စိတ်ဓာတ်ပိုပြီးခိုင်မာစေပါတယ် 🤝🤝
ဟိုးအရင်ခေတ်တွေထဲက အဆောင်ယတြာဆိုတာကို အယုံအကြည်မရှိတဲ့သူ မရှိပါဘူးနော်💫⭐️
အခုခေတ်မှာဆိုရင် နေ့နံ| လ အလိုက် အဆောင်ကျောက်တွေ မိမိမွေးနံ အကောင်လေးတွေကို အဆောင်အဖြစ်ဆောင်လာတဲ့အပြင် ဖီချူးကောင်းလေးတွေကိုလည်း လာဘ်ကောင်လေးတွေအဖြစ် ဆောင်လာကြတာကို အားလုံး သတိထားမိမှာပါနော်🐲🐉
🐲ဖီချူးလေးတွေအကြောင်း ဗဟုသုတ အနည်းငယ်ပြောပြပေးမယ်နော်🐲
ဖီချူးဆိုတာ တရုတ် ဒဏ္ဏာရီလာမျိုးစပ် သတ္တဝါဖြစ်ပါတယ်။ ဖီချူးက ကမ္ဘာမြေနဲ့ ပင်လယ် အပြောင်းအလဲဖြစ်ပြီး အထူးသဖြင့် ချမ်းသာကြွယ်ဝ ရန်ဩဇာညောင်းပြီး အကျိုးဖြစ်ထွန်းစေသော သတ္တဝါဖြစ်ပါတယ်။ ထို့ကြောင့် ဖီချူးသည် အစဉ်အလာအားဖြင့် ရွှေ ငွေ ကျောက်မျက် ရတနာ စသည့် ချမ်းသာကြွယ်ဝမှု အားလုံးကို ဆွဲယူနိုင်တယ့် စွမ်းအားတွေပိုင်ဆိုင်တဲ့ င်္မင်္ဂလာရှိတဲ့ ဖီချူးဆိုပြီး မှတ်ယူကြပါတယ်🐲⭐️
🐲Pixiu လေးတွေကို ဝတ်မယ်ဆို သတိထားစရာလေးတွေနော်
အရမ်း သတိထားရတဲ့ အကောင်လေးပါ.
ရိုးရိုး သာမန် လက်ကောက်ဆိုတာထက် ယုံယုံကြည်ကြည်နဲ့ ဆောင်ရင် တကယ် ကိုယ့်အတွက် အကျိုးထူးစေမယ့်အဆောင်လေးပါ🐲⭐️🌟
🐲စဝတ်မယ်ဆို ဘယ်ဘက်လက်မှာပဲ ဝတ်ရတာပါ , ဘာလို့လည်းဆို body ရဲ့ စွမ်းအင်တွေဟာ left to right သွားတာပါ⭐️
🐲သူရဲ့ ခေါင်းလေးကို အပြင်ဘက်မှာထားပြီး ၀တ်ရတာပါ ဘာလို့လည်းဆိုတော့ ပိုက်ဆံတွေကို စုတ်ယူဖို့ အတွက်ပါ⭐️💰
🐲အမြဲတမ်းသူတို့ခေါင်းလေးကိုပွတ်ပေးင်္ပြီး ကိုယ်ကသူ့ သခင်ဆိုတာပြောပေးရမယ်နော်⭐️
🐲ကိုယ်ဝတ်ထားတဲ့အချိန် တစ်ခြားလူတွေကို လာမကိုင်စေနဲ့နော် ထိမိ ကိုင်မိတယ်ဆိုရင် လည်း သန့်ရှင်းတဲ့ရေ သို့မဟုတ် မိုးရေ နဲ့ ဆေးပေးရပါမယ်တဲ့🌧💧
🐲သွေးနဲ့မထိစေရဘူးနော် ထိမိရင်လည်း ချက်ခြင်းစေပေးနော်⭐️
🐲ရေချိုးရင် making love လုပ်ရင် ချွတ်ပေးရမယ်နော် သူက ညစ်ပတ်တာတွေကိုမကြိုက်ပါဘူး⭐️
🐲ဝတ်ထားရင်းနဲ့ chill တွေမစားရဘူးတဲ့ စားမယ်ဆိုလည်း ခဏလောက်ချွတ်ထားပြီး အနီရောင်အိတ်ထဲ ခဏထည့်ထားပေးပါနော်⭐️
🐲သူနဲ့တူတူရတနာ ပစ္စည်းတွေအများကြီး တွဲမဝတ်ရဘူးတဲ့⭐️
🐲မဝတ်ပဲ ချွတ်ထားမယ်ဆိုရင်လည်း အနီရောင်အိတ်လေးနဲ့ထည့်ထားပြီး အိမ်ရှေ့ အပေါက်ဘက်ကိုလှည့်ထားရမယ်နော် ,
🐲🙅♀️ဘယ်သူတွေမဝတ်သင့်ဘူးလည်း🙅♀️🐲
အသက်ကြီးတဲ့လူကြီးတွေ
ကလေးငယ်လေးတွေ
က်ုယ်ဝန်ဆောင်တွေမဝတ်သင့်ပါဘူးနော်🙅♀️
🐲🙅♀️မိန်းကလေးတွေ period အချိန်ဆို ချွတ်ထားပေးနော်
စိတ်ကြမ်း ကိုယ်ကြမ်းတဲ့ လူတွေမဝတ်နဲ့နော် ဒီ အကောင်လေးကလည်း စိတ်ကြမ်းတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ကြမ်းတမ်းတဲ့စိတ်ကို ပိုအားပေးသလိုဖြစ်စေမယ်🙅♀️🐲
🐲🤝သူကို ယုံယုံကြည်ကြည်နဲ့ respect ထားပြီး ဝတ်မယ်ဆို တော်တော် အကျိုးထူးစေတယ်နော်
🐲ကိုယ်ကကောင်းကောင်းမွန်မွန် ဂရုစိုက်နေရဲ့သားနဲ့ ကျိုးပဲ့ပျက်စီးသွားတယ်ဆို ဘာမှ စိတ်ထဲမထားနဲ့နော် သူက သခင်အစားခံပေးသွားတာပါ. ကိုယ်စီတစ်ခုခု ကျရောက်တော့မှာမို့လို့ ကိုယ်စားခံပေးတာပါ❤️❤️❤️
Pixiu ဖီချူး ဝတ်ထားရင် ဘာတွေရှောင်သင့်လဲ?🙅♀️
1️⃣ပထမဆုံးဖီချူးဝတ်တဲ့ချိန် အချိန်တိုတိုမဝတ်ရပါ။
🐲တစ်ရက်တည်းမှာ ဝတ်လိုက်ချွတ်လိုက် ခဏခဏ မလုပ်ရပါဘူးနော်။ ဘာလို့လဲဆိုတော့ ပထမဆုံးဝတ်တဲ့ချိန် ဖီချုးလေးကို ကိုယ့်ကိုအရင်သိအောင် ရင်နှီးအောင် လုပ်ရမှာဖြစ်လို့ပါ
2️⃣ဖီချူးရဲ့ မျက်လုံး နှင့် ပါးစပ်ကို မနှိက်ရပါ။
🐲မျက်လုံးကိုနှိက်လိုက်မယ်ဆိုရင် ဖီချူးလေးက ရွှေငွေရတနာတွေကို ကောင်းကောင်းမွန်မွန်မရှာနိုင်တော့ဘူးတဲ့
🐲ပါးစပ်ကိုနှိက်မယ်ဆိုရင်ကြတော့ ပါးစပ်လေးကနာကြင်ပြီး ရွှေငွေရတနာတွေကို မစုဆောင်းနိုင်တော့ဘူး
3️⃣ဖီချူးဝတ်ထားတာကို မမေ့ပါနဲ့
🐲ဖီချုးကို အမြဲဂရုစိုက်တဲ့အနေဖြင့် နံနက်အိပ်ယာထရင် ခေါင်းကနေ အမြှီးအထိ ပွတ်ပေးပါ။ ဒါမှသူ့ကိုလည်းနိုးထတဲ့အဓိပ္ပာယ်လေးသွားဖြစ်တာပေါ့
4️⃣ဖီချူးကိုအသားလှီးတဲ့ချိန် မဝတ်ရ/ သွေးနဲ့မထိရ
🐲ဖီချူးလေးက သွေးနံ့ကို လုံးဝမခံနိုင်ဘူး လုံးဝလည်းမကြိုက်ဘူးပါနော်
ခုခေတ်မှာဆို အဓိကအရေးကြီးတာတော့ နံပတ်၁ရယ် နံပတ်၃ရယ် လိုက်နာရင်ကို ပြည့်စုံပါပြီဟု ဖုံးရွှေဆရာတွေကပြောကြပါတယ်
ဒီအချက်အလက်တွေကို တရုတ်ဖုံးရွှေ (Feng Shui) ဆရာကြီးတွေက ရေးသားထားတာနဲ့ အတူ အင်တာနက် စာမျက်နှာအချို့မှ ရွှေချစ်သူတို့ ဗဟုသုတရစေဖို့ ရွေးချယ်ပြီးဖော်ပြပေးထားပါတယ်နော်
ကဲ ဒီတော့ ကိုယ့်အတွက်ကောင်းမွန်တဲ့လာဘ်လာဘတွေကို ယူဆောင်လာဖို့အတွက် ခမ်းလွိုင် ရတနာရွှေဆိုင်မှာ အခုပဲ ၁၆ပဲရည် အခေါက်ရွှေနဲ့ လုပ်ထားတဲ့ ဖီချူး လာဘ်ကောင်လေးတွေကို လာဝယ်လိုက်တော့နော် 🐲🌄❤️
🌄 ခမ်းလွိုင်ရတနာရွှေဆိုင်ကို Times City , Jewellery Mall ၄ လွှာ မှာ ဖွင့်လှစ်ထားပါတယ်ရှင်🌄
🌄 ရွှေအရည်အသွေးပြည့်ပြီး ဒီဇိုင်းဆန်းတာ ခမ်းလွိုင် ရတနာရွှေဆိုင်ပါ🌄