LKL Online Shop

LKL Online Shop Online Shop from Kyaing Tong, Shan State
ရှမ်းအရှေ့ ကျိုင်းတုံမြို့
Meu Cen Tu Ven aw ve lahu yo meh

23/08/2024

ဒီ LKL Online shop လေးကနားထားတာကြာပြီရှင့် မှာချင်သောသူများ အကောက်ကနေမှာလို့ရတယ်ရှင့်
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်

မိဘ သိတတ်တာလေးအရမ်းပီတိဖြစ်မိတယ်🥰🥰
17/05/2024

မိဘ သိတတ်တာလေးအရမ်းပီတိဖြစ်မိတယ်🥰🥰

အဖေ…

လိုချင်တာတွေ နေချင်တာတွေ ဘယ်လောက်ပဲပြည့်စုံအောင်ထားပေမယ့် စိတ်အခြေအနေကတော့ ကလေးတစ်ယောက်လိုဖြစ်နေပြီ

ညနေက ကျမကိုပြောတယ်

မြစ်ကြီးနားခဏပြန်အုံးမယ်ကွာတဲ့

ဘာဖြစ်လို့လဲလို့မေးတော့ ငါ့သူငယ်ချင်းတွေနဲ့တွေ့ချင်လို့ပေါ့တဲ့

နီးနီးလေးမှမဟုတ်တာ သွားလိုက်လာလိုက်နဲ့မဖြစ််ဘူးလေလို့ပြောတော့

ငါပျင်းနေပြီတဲ့

ဟိုမှာဆို လဖက်ရည်ဆိုင်မှာ ငါ့သူငယ်ချင်းတွေနဲ့ စကားတွေပြောလို့ရတယ်တဲ့

ခဏခဏ သွားလိုက်ပြန်လိုက်နဲ့ဘယ်လိုဖြစ်မှာလဲလို့ပြောတော့

ပြန်ချင်ပါတယ်ဆိုတဲ့

လေယဉ်ခစျေးကြီးတယ် ပြန်ပြီးရင်ဒီတခါလာမခေါ်ဘူးနော်လို့ပြောတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်သွားမှာပေါ့တဲ့ 🤭

မာနကနော် တစ်စက်မှမလျော့သော 😁

မျက်နှာကစိတ်တွေပျက်နေတာ(ပြန်ချင်လို့)

မမနဲ့အတူတူလိုက်ပြန်မယ်တဲ့

ကျမအခုတော့ စိတ်လျော့လိုက်တယ်

အမေကပြောတယ်

အဖွားကအမေ့ဆီမှာလာနေတော့ ရွာကိုပြန်ချင်တာတဲ့ အမေကမပြန်ခိုင်းတော့ စိတ်ဆင်းရဲပြီး အဖွားဆုံးသွားတော့ အတော်နောင်တရမိတယ်တဲ့

ကျမလဲတွေးမိသွားတယ်

နောက်ထပ်လက်ကျန်ဘယ်လောက်နေရမယ်မှန်းမသိတဲ့အသက်အရွယ်မှာ အဖေ့ကိုစိတ်ချမ်းချမ်းသာသာနဲ့သူပျော်ရာအရပ်မှာပဲနေသွားစေချင်တယ်

ဒါကြောင့်ပြန်ချင်နေတာကိုမတားဖြစ်တော့ဘူး

ပြန်ရမယ်ဆိုတော့ပျော်နေတာကလေးလိုပဲ

သူဟိုမှာပျင်းပီဆိုပြန်လာခေါ်နော်တဲ့

ကျမကသူ့ကို စ လိုက်တယ် နေဦး လေယာဉ်တစ်စီးဝယ်လိုက်အုံးမယ် အဖေသွားသွားလာလာလုပ်ဖို့ဆိုတော့ ကောင်းတယ် ဝယ်ထားလိုက်တဲ့ 😂

ပြောလို့ရတာတော့မဟုတ်ဖူး အဖေ့နူတ်ထွက်စကားတွေက တကယ်ဖြစ်ဖြစ်လာတာ

၃ထပ်တိုက်နဲ့နေချင်တယ်ပြောလို့ ကျမအခု ၃ထပ်တိုက်ဆောက်ရပြီ

အခုလေယာဉ်ပျံဝယ်လိုက်မယ်ပြောတော့ ဝယ်ထားလိုက်တဲ့ 🤭သူ့သမီးကို millionaires ထင်နေတာ😝

တော်ကြာ မုန့်ဟင်းခါးရောင်းပြီး ကိုယ်ပိုင်လေယာဉ်ဝယ်လိုက်သော မာစတာရှပ်အေးအေးသိန်းဆိုပြီး page အတု ၂ကျပ်တန်တွေကတင်နေပါအုံးမယ်လေ 😂နော့အမတို့ရယ်

တစ်ချို့တွေကရီရတယ် ကျမကို မုန့်ဟင်းခါးသည်ဆိုပဲ 😂😂😂

ကဲ .. အားတဲ့တစ်နေ့ အဖေ့ရဲ့ မြစ်ကြီးနားခရီးစဉ်တွေ့ကြအုံးစို့

ပုံက အမေ့အခန်းကိုအဲ့လိုသွားသွားလည်တာ 😁🥰

AAT

ပြောသေးတာနော် ၃ထပ်တိုက်နဲ့ထားတာလဲပြန်တာပဲလားဆိုတော့ ငါ့အိမ်လဲ ၃ထပ်တိုက်ပဲလေတဲ့ ရောက်ဖူးလားတဲ့ ကျမကို အမတို့ရဲ့ဦးချစ်မောင်က🤭😂🥰

AAT

07/02/2024

Address

Kengtung

Website

Alerts

Be the first to know and let us send you an email when LKL Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share