Mee Mee Khit Baby Online Shop

Mee Mee Khit Baby Online Shop Baby လေးများအတွက် အဝတ်အထည်များကို MEE MEE KHIT BABY မှ လက်လီ/လက်ကား ရောင်းချပေးနေပါတယ်ရှင့်။

🥰💞 သီတင်းကျွတ်ဆုတောင်းစကား 💞🥰💝✨🌿🤍✨🎈🎉✨🌿🌷🤍🎉🌸🎈💞💕❣️💝✨🌟 ✨သီတင်းကျွတ်ရာသီမှာ🎵 ✨✨🌵 ကျန်းမာခြင်း⛵🎏 ✨✨💐 ချမ်းသာကြွယ်ဝခြင်း🚀 ✨✨🌷 ပ...
17/10/2024

🥰💞 သီတင်းကျွတ်ဆုတောင်းစကား 💞🥰
💝✨🌿🤍
✨🎈🎉✨🌿🌷🤍🎉🌸🎈💞💕❣️💝✨
🌟 ✨သီတင်းကျွတ်ရာသီမှာ🎵 ✨
✨🌵 ကျန်းမာခြင်း⛵🎏 ✨
✨💐 ချမ်းသာကြွယ်ဝခြင်း🚀 ✨
✨🌷 ပျော်ရွှင်ခြင်း🌅 🎆 ✨
✨🍀 ချစ်သူခင်သူပေါများခြင်း🌈 🎑 ✨
✨🌺 စိတ်နှလုံးချမ်းမြေ့ခြင်း😄 💪 ✨
✨🌻 ကြံစည်သမျှအောင်မြင်ခြင်း🎉 🎯 ✨
✨🌹 အလှူရေစက်လက်နှင့်မကွာ လှူဒါန်းနိုင်ခြင်း🙏 🎇 ✨
✨💐 လာဘ်လာဘကြွယ်ဝခြင်း 💰 ✨🌷 🎎 ✨
✨☀ ဝါကျွတ်အချိန်အခါမှာ
🌸🌿 ပြည့်စုံပါစေကြောင်း😊😊
✨🌸 ဆုမွန်ကောင်းတောင်းပေးပါတယ်👏 🎰 ✨🌺
🌷🉐 ☀✨🍀 🎐 👍 ✨🌿🌸🌼🍁😍

😍ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ပါစေ 🎁🎇🧨

🙏🏼🪔🙏🏼🪔🙏🏼🪔🙏🏼🪔🙏🏼
ဒီ သီတင်းကျွတ်မှသည် မြန်မာနိုင်ငံသူနိုင်ငံသား ကမ္ဘာသူကမ္ဘာသားအားလုံး ဘေး ရောဂါ အန္တရာယ်တို့ကင်းရှင်းကြကာ ကိုယ်ကျန်းမာ စိတ်ချမ်းသာခြင်းတို့ ရရှိကြပါစေ....✍️

21/05/2024

သူများလုပ်ရင်ခံမလာရစေနဲ့ ပြန်လုပ်နော်
ပြဿနာဖြစ်ရင်လိုက်ရှင်းမယ်ဆိုပြီး ပြောခဲ့ဖူးတဲ့ ကျွန်မ 😔
~~~~~~~~~~~~~~~
တစ်နေ့ သားငယ်လေးကျောင်းအကြိုအပြန် အိမ်ရှေ့လမ်းထောင့်မှာနေတဲ့ ကလေးနှစ်ယောက်ရန်ဖြစ်နေကြတာမြင်လို့ဝင်ဆွဲလိုက်ရတာ ကျွန်မလိုလူကြီးတောင် တော်တော်ခြေကုန်လက်ပန်းဖြစ်သွားပါတယ်။
ဘာဖြစ်ကြတာလဲလိုမေးတော့ တစ်ယောက်က
-သားခြေထောက်ကိုသူလာနင်းမိလို တွန်းလိုက်သလိုဖြစ်သွားတာ သူ ချော်လဲသွားတာ ဒူးပွန်းသွားလို သားကတောင်းပန်ပါတယ်ပြောတာကို လက်မခံဘဲ သားကိုလာထိုးလို့ ပြန်ထိုးတာတဲ့

နောက်တစ်ယောက်ကိုမေးတော့
-မေမေနဲ့ဖေဖေကမှာထားတယ် ကျောင်းကအပြန် အိမ်ကိုဒဏ်ရာနဲ့ပြန်လာရင်ပဲဖြစ်ဖြစ်
ရန်ဖြစ်လိုခံလာရတာပဲဖြစ်ဖြစ် ပြန်လာရင် ထပ်ရိုက်မယ်ဆိုလို့ သားသူ့ကို ပြန်ထိုးတာတဲ့လေ
မတော်တဆဖြစ်တာကို သူငယ်ချင်းက တောင်းပန်ပြီးပြီပဲ သားရယ် သူငယ်ချင်းကိုပြန်ထိုးဖို့အထိမှမလိုပဲ မဟုတ်ဘူးလား

ခုတော့ နှစ်ယောက်လုံး ပွန်းပဲ့ပြီး အနာတရတွေဖြစ်ကုန်ပြီ ဆိုတော့ ... သားပြန်မလုပ်ခဲ့ရင် ခံလာပြန်ပြီလားဆိုပြီး အိမ်ကျထပ်အရိုက်ခံရအုံးမှာတဲ့လေ

ကဲလာ...သားဖေဖေနဲ့ မေမေကို အန်တီလိုက်ပြောပေးမယ်နော်ဆိုပြီး ချော့မော့ကာအိမ်ပြန်ပို့ရင်း ကလေးအဖေနဲ့အမေကိုလည်း ကလေးနဲ့ ပတ်သတ်ပြီး သေချာရှင်းပြပေးခဲ့ရပါတယ်...

အော် တစ်ချိန်က ကျွန်မလည်း သူများလုပ်ရင်ခံမလာရစေနဲ့ ပြန်လုပ်နော် ပြဿနာဖြစ်ရင်လိုက်ရှင်းမယ်ဆိုပြီး ပြောခဲ့ဖူးပါတယ်...

တကယ်တော့ ဝေသန္တရာတောင် ကိုယ့်သားသမီးကိုထိတော့ အမျက်ထွက်မလိုဖြစ်သေးတာမို့ ကျွန်မတိုလိုပုတုစဉ်လူသားတွေက ကိုယ့်သားသမီးကိုထိလာရင် ကိုယ့်သားသမီးခံလာရရင်မကြိုက် ဒေါသထွက်တာ မှန်ရိုးဖြစ်ပေမယ့် မိဘရဲ့ အမှုမှတ်အမှတ်မဲ့ စကားတစ်ခွန်းဟာ နူးညံ့တဲ့ကလေးတိုရဲ့စိတ်ကို အရိုင်းဆန်သွားစေနိုင်တယ်ဆိုတဲ့အချက်လေးကို ကျွန်မသတိလက်လွတ်လေးဖြစ်သွားခဲ့ပါတယ်။

ခုနကလေးနှစ်ယောက်အဖြစ်ကိုမြင်မှ ပြောခဲ့ဖူးတဲ့ကျွန်မစကားအတွက် ကျွန်မနောင်တလည်းရ ရင်လည်းမောသွားလို့ သက်ပြင်းတိုးတိုးလေး ချလိုက်ပြီး
သားလေးကိုလည်း
ကျောင်းမှာသူငယ်ချင်းတွေက ရန်ပြုလာခဲ့ရင် ဆရာမကိုအရင်တိုင်ရမယ်နော်...
သူများကိုကိုယ်ထိလက်ရောက် ထိုးတာ ရိုက်တာမျိုးမလုပ်ရဘူး... အိမ်ရောက်ရင်လည်း မေမေ့ကိုသေချာပြန်ပြောပြ... မေမေကသားသားကိုရန်ပြုတဲ့ သူငယ်ချင်းတွေရှိတယ်ဆို သူတို့ဖေဖေမေမေတွေဆီကို သွားတိုင်ပြောပေးမှာ...ဒါဆို နောက်တစ်ကြိမ် သူတို့သားကို ရန်ပြုမှာမဟုတ်တော့ဘူး....
သူငယ်ချင်းအချင်းချင်း သူနိုင် ငါနိုင် ရန်ဖြစ်ရင် သူလည်းဒဏ်ရရာ ကိုယ်လည်းဒဏ်ရာရ ဖြစ်ကြမယ်... ခုနကိုကိုတွေကိုတွေ့တယ်မို့လား

ထစ်ကနဲဆိုလက်ပါတတ်ရင် ဘယ်သူကမှ မပေါင်းချင်တော့တဲ့ လူဆိုးကြီးဖြစ်သွားလိမ့်မယ်...
လူလိမ်မာတွေက ရန်ဖြစ်တဲ့အလုပ်ကိုမလုပ်ကြဘူး... ဒါမို့ရန်ဖြစ်တာမျိုးကို အတက်နိုင်ဆုံး ရှောင်ရမယ်နော်သားလေး ဆိုပြီး ကလေးနားဝင်အောင် ပြန်လည်ရှင်းပြပေးခဲ့ပါတော့တယ်။
❖ ❖ ❖ ❖ ❖ ❖ ❖ ❖
နူးညံ့ယဉ်ကျေးတဲ့ သားသားမီးမီးလေးတွေကို ပြုစုပျိုးထောင်ပေးနိုင်တဲ့ မိခင်ဖခင်ကောင်းများဖြစ်စေလိုသောစိတ်စေတနာဖြင့် ....

ချစ်တဲ့
True Learning
------------------------
True Learning မှ မိခင်တို့အတွက် ရင်တွင်းဖြစ်စာလေးများကို လွတ်လပ်စွာ share ပြီး တင်နိုင်ပါတယ်ရှင်။ တစ်ဆင့်ပြန် Copy လုပ်ပြီး မတင်ဖို့ မေတ္တာရပ်ခံပါရစေနော်။

#ကလေးစာပေ #ကလေးစာအုပ်

21/05/2024
💜💜 မေမေတို့ စိတ်အပန်းဖြေဖို့ Local/ oversea ကို ခရီးထွက်ချင်တယ်ဆိုရင် ဈေးနှုန်းလည်း ချိုသာပြီး ယုံကြည်စိတ်ချရတဲ့ Travel ...
20/05/2024

💜💜 မေမေတို့ စိတ်အပန်းဖြေဖို့ Local/ oversea ကို ခရီးထွက်ချင်တယ်ဆိုရင် ဈေးနှုန်းလည်း ချိုသာပြီး ယုံကြည်စိတ်ချရတဲ့ Travel Tour လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်။

💜💜 မင်မင်ကိုယ်တိုင် New Sky Travel Tour လေးနဲ့ သွားခဲ့တာဖြစ်လို့ Recommend အပြည့်အဝပေးပါတယ်နော်။

💜💜 မေမေတို့ သားသား/မီးမီးလေးတွေနဲ့ အတူ မိသားစုလိုက်သွားချင်တယ်ဆိုရင်လည်း family package လေးတွေလည်းရှိပါတယ်နော်။

📲 လိုအပ်ရင် ဆက်သွယ်လို့ရပါတယ်ရှင့်။
အောက်က link ထဲမှာ ဆက်သွယ်ရန် ဖုန်းနံပါတ် အပြည့်အစုံလည်း ပါပြီးတော့ office adress လည်း ပါတယ်နော်။

💜💜 ဖုန်းနဲ့ဖြစ်စေ လူကိုယ်တိုင် သွားရောက်စုံစမ်းမေးမြန်းချင်တာပဲဖြစ်စေ အသေးစိတ်ကို စိတ်ရှည်လက်ရှည်နဲ့ ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့ ဝန်ထမ်းကလေးတွေကြောင့် စိတ်ချမ်းချမ်းသာသာနဲ့ အပန်းဖြေခရီးလေးထွက်လို့ရပါမယ်နော်။

👇👇👇👇👇👇👇👇

https://www.facebook.com/share/ya7o29ekCYXtChU7/?mibextid=ox5AEW

ကလေးငိုတာကိုချော့မရလို့  ပြင်းပြင်းထန်ထန်လှုပ်ရမ်းမိခြင်းမှ ဦးနှောက်ဒဏ်ရာရခြင်း" (အရေးကြီးသည် မိခင်များအားလုံးဖတ်ပါ)Shak...
12/05/2024

ကလေးငိုတာကိုချော့မရလို့ ပြင်းပြင်းထန်ထန်လှုပ်ရမ်းမိခြင်းမှ ဦးနှောက်ဒဏ်ရာရခြင်း"
(အရေးကြီးသည် မိခင်များအားလုံးဖတ်ပါ)

Shaken baby syndrome ဆိုတာ ကလေးငယ် အထူးသဖြင့် လသားကလေးကို ပြင်းပြင်းထန်ထန် လှုပ်ရမ်းလိုက်တဲ့အတွက် ဦးနှောက်ထိခိုက်သွားတာပဲ ဖြစ်ပါတယ်။ ဒီရောဂါစုက လူက လုပ်လို့ ဖြစ်တာပါ။ Traumatic ထိခိုက်ဒဏ်ရာလို့ ပြောလို့ရပါတယ်။ အခန့်မသင့်ရင် ကလေး အသက်ရှူရပ်ပြီး နေရာမှာတင် သေသွားနိုင်ပါတယ်။ အသက်ရှင်ခဲ့ရင်တောင် ဒုက္ခိတလေး ဖြစ်သွားနိုင်ပါတယ်။ လုံးဝမဖြစ်အောင် ကာကွယ်လို့ရတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ သိပ်မရင်းနှီးတဲ့ စကားလုံးဖြစ်တာကြောင့် သေချာ ရှင်းပြပေးပါမယ်။

Shaken baby syndrome ဆိုတာဘာလဲ။
ခုနကပြောခဲ့သလိုပဲ ကလေးကို အားနဲ့ လှုပ်ရမ်းလိုက်လို့ ဦးနှောက်ဒဏ်ရာရသွားတာပါ။ စသလို နောက်သလိုနဲ့ လှုပ်ရမ်းလိုက်တာ ဖြစ်နိုင်သလို ဒေါသထွက်ပြီး အားနဲ့ လှုပ်ရမ်းလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ကလေးကို ၅စက္ကန့်လောက် ပြင်းပြင်းထန်ထန် လှုပ်ရမ်းလိုက်ရုံနဲ့ Shaken baby syndromeဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။

ကလေးလေးတွေဟာ ဇက်လည်း ကောင်းကောင်းမခိုင်သေးသလို ဦးနှောက်ကလည်း ကောင်းကောင်းမဖွံ့ဖြိုးသေးပါဘူး။ သွေးကြောတွေကလည်း နုနုနယ်နယ်လေးတွေပါ။ ဒီအချိန်မှာ ကလေးကို အားနဲ့ လှုပ်ခါလိုက်ရင် ဦးနှောက်နဲ့ ဦးခေါင်းခွံနဲ့ တိုက်ပြီး ဦးနှောက်ပွန်းတာ၊ သွေးထွက်တာ၊ ရောင်ရမ်းတာတွေ ဖြစ်လာနိုင်ပါတယ်။ အားသိပ်များသွားရင် ကလေးရဲ့ မျက်ခုံးရိုး၊ ကျောရိုးနဲ့ လည်ပင်းရိုးတွေအထိ ကျိုးတတ်ပါတယ်။

Shaken baby syndromeက ၂နှစ်အောက်ကလေးတွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့် ၅နှစ်အရွယ်အထိ တွေ့ရတတ်ပါတယ်။ အဖြစ်အများဆုံးကတော့ ၆ပတ်ကနေ ၈ပတ်သား ကလေးတွေပါ။ ဒီအရွယ်လေးတွေက အကြောင်းအရင်း မည်မည်ရရမရှိဘဲ ငိုတတ်တော့ ဒေါသထွက်ပြီး မကြာခဏ ကိုင်ဆောင့်ခံရပါတယ်။

သာမန် ကလေးနဲ့ ဆော့ရုံ၊ ပေါင်ပေါ်တင်ပြီး လှုပ်ရုံ၊ ကလေးကို လေထဲမြှောက်ပြီး ဆော့ရုံနဲ့တော့ မဖြစ်ပါဘူး။ Shaken baby syndromeရဲ့ အဓိက အကြောင်းရင်းက ခုနကပြောသလို ကိုင်ဆောင့်လို့ပါ။

Shaken baby syndrome ရဲ့ လက္ခဏာများ
ကလေးကို ကိုင်ဆောင့်မိလို့ Shaken baby syndromeဖြစ်သွားပြီဆိုရင်

ကလေးက ဂျီကျမယ် ဒါမှမဟုတ် မှိန်းနေမယ်
တုန်နေမယ်
အသက်ရှူရခက်မယ်။ တစ်ခါတစ်လေ အသက်ရှူပါရပ်သွားမယ်
အစားမဝင်တော့ဘူး
အန်မယ်
အသားတွေ ဖြူဖျော့လာမယ်
တက်မယ်
ခြေတွေ လက်တွေ မလှုပ်နိုင်တော့ဘူး
ပိုဆိုးရင် ကိုမာဝင်သွားနိုင်ပါတယ်။
ဒီလက္ခဏာတွေ ရှိပြီး ကလေးကို မသင်္ကာရင် ဆေးရုံကို အမြန်ခေါ်သွားပါ။ အခန့်မသင့်ရင် ဦးနှောက်က လုံးဝပျက်စီးသွားနိုင်ပါတယ်။

ဘာကြောင့် ဖြစ်ရတာလဲ။
ဇက်ကလည်း ကောင်းကောင်းမခိုင်၊ ဦးနှောက်ကလည်း ဦးခေါင်းခွံထက်စာရင် သေးနေတဲ့အရွယ်မှာ အပြင်ကနေ အားနဲ့ ခဏခဏ လှုပ်ရမ်းနေရင် ဦးနှောက်နဲ့ ဦးခေါင်းခွံရိုးနဲ့ ပွတ်ပြီး ဦးနှောက်ရောင်တာ၊ သွေးကြောပေါက်တာ ဖြစ်သွားပါတယ်။ လူကြီး ကလေးအငိုမတိတ်ရကောင်းလားဆိုပြီး ကိုင်လှုပ်လိုက်တော့ အငိုတိတ်သွားပါတယ်။ ကြောက်လို့တော့ မဟုတ်ပါ။ ဦးနှောက်ပျက်စီးပြီး မငိုနိုင်တော့လို့ပါ။ အခန့်မသင့်ရင် တစ်ခါတည်း အသက်ရှူပါရပ်သွားပါတယ်။

နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။
စက္ကန့်လေးခဏ လှုပ်လိုက်တာနဲ့ ကလေးရဲ့ ဦးနှောက်ကို ကုမရအောင် ပျက်စီးသွားနိုင်ပါတယ်။ ကံကောင်းလို့ အသက်ရှင်ရင်တောင် နောက်ဆက်တွဲအနေနဲ့

မျက်လုံးမမြင်ရတော့တာ
နားမကြားတာ
အတက်ရောဂါ ဖြစ်လာတာ
ဖွံ့ဖြိုးမှုနောက်ကျတာ
အသိဉာဏ်မဖွံ့ဖြိုးတာ
Cerebral palsyလို့ ခေါ်တဲ့ ဦးနှောက်ထိခိုက်ပျက်စီးတဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
ကာကွယ်လို့ရလား။
Shaken baby syndromeဟာ ၁၀၀ရာခိုင်နှုန်း ကာကွယ်လို့ရပါတယ်။ ကလေးရဲ့ ဦးခေါင်းကို အားနဲ့ ခါရမ်းတဲ့ ကိစ္စမျိုးကို ရှောင်နိုင်မယ်ဆိုရင် ကာကွယ်လို့ရပါတယ်။ ဒီအဖြစ်ဆိုးဟာ ကလေးငိုတာကို ချော့မရလို့ ဒေါသနဲ့ ကိုင်လှုပ်မိတာကြောင့် အဖြစ်များပါတယ်။ ကလေးငိုတာ သဘာဝပါ။ ဒါပေမယ့် ကိုင်လှုပ်တာနဲ့တော့ ဖြေရှင်းလို့မမရပါဘူး။ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ကလေးခေါင်းကို လှုပ်ရမ်းမိတာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။

original writer.
Mee Mee Khit Baby Online Shop

https://www.facebook.com/share/p/AryAAjQQoEwvjcJE/?mibextid=ox5AEW
30/04/2024

https://www.facebook.com/share/p/AryAAjQQoEwvjcJE/?mibextid=ox5AEW

သူများလုပ်ရင်ခံမလာရစေနဲ့ ပြန်လုပ်နော်
ပြဿနာဖြစ်ရင်လိုက်ရှင်းမယ်ဆိုပြီး ပြောခဲ့ဖူးတဲ့ ကျွန်မ 😔
~~~~~~~~~~~~~~~
တစ်နေ့ သားငယ်လေးကျောင်းအကြိုအပြန် အိမ်ရှေ့လမ်းထောင့်မှာနေတဲ့ ကလေးနှစ်ယောက်ရန်ဖြစ်နေကြတာမြင်လို့ဝင်ဆွဲလိုက်ရတာ ကျွန်မလိုလူကြီးတောင် တော်တော်ခြေကုန်လက်ပန်းဖြစ်သွားပါတယ်။
ဘာဖြစ်ကြတာလဲလိုမေးတော့ တစ်ယောက်က
-သားခြေထောက်ကိုသူလာနင်းမိလို တွန်းလိုက်သလိုဖြစ်သွားတာ သူ ချော်လဲသွားတာ ဒူးပွန်းသွားလို သားကတောင်းပန်ပါတယ်ပြောတာကို လက်မခံဘဲ သားကိုလာထိုးလို့ ပြန်ထိုးတာတဲ့

နောက်တစ်ယောက်ကိုမေးတော့
-မေမေနဲ့ဖေဖေကမှာထားတယ် ကျောင်းကအပြန် အိမ်ကိုဒဏ်ရာနဲ့ပြန်လာရင်ပဲဖြစ်ဖြစ်
ရန်ဖြစ်လိုခံလာရတာပဲဖြစ်ဖြစ် ပြန်လာရင် ထပ်ရိုက်မယ်ဆိုလို့ သားသူ့ကို ပြန်ထိုးတာတဲ့လေ
မတော်တဆဖြစ်တာကို သူငယ်ချင်းက တောင်းပန်ပြီးပြီပဲ သားရယ် သူငယ်ချင်းကိုပြန်ထိုးဖို့အထိမှမလိုပဲ မဟုတ်ဘူးလား

ခုတော့ နှစ်ယောက်လုံး ပွန်းပဲ့ပြီး အနာတရတွေဖြစ်ကုန်ပြီ ဆိုတော့ ... သားပြန်မလုပ်ခဲ့ရင် ခံလာပြန်ပြီလားဆိုပြီး အိမ်ကျထပ်အရိုက်ခံရအုံးမှာတဲ့လေ

ကဲလာ...သားဖေဖေနဲ့ မေမေကို အန်တီလိုက်ပြောပေးမယ်နော်ဆိုပြီး ချော့မော့ကာအိမ်ပြန်ပို့ရင်း ကလေးအဖေနဲ့အမေကိုလည်း ကလေးနဲ့ ပတ်သတ်ပြီး သေချာရှင်းပြပေးခဲ့ရပါတယ်...

အော် တစ်ချိန်က ကျွန်မလည်း သူများလုပ်ရင်ခံမလာရစေနဲ့ ပြန်လုပ်နော် ပြဿနာဖြစ်ရင်လိုက်ရှင်းမယ်ဆိုပြီး ပြောခဲ့ဖူးပါတယ်...

တကယ်တော့ ဝေသန္တရာတောင် ကိုယ့်သားသမီးကိုထိတော့ အမျက်ထွက်မလိုဖြစ်သေးတာမို့ ကျွန်မတိုလိုပုတုစဉ်လူသားတွေက ကိုယ့်သားသမီးကိုထိလာရင် ကိုယ့်သားသမီးခံလာရရင်မကြိုက် ဒေါသထွက်တာ မှန်ရိုးဖြစ်ပေမယ့် မိဘရဲ့ အမှုမှတ်အမှတ်မဲ့ စကားတစ်ခွန်းဟာ နူးညံ့တဲ့ကလေးတိုရဲ့စိတ်ကို အရိုင်းဆန်သွားစေနိုင်တယ်ဆိုတဲ့အချက်လေးကို ကျွန်မသတိလက်လွတ်လေးဖြစ်သွားခဲ့ပါတယ်။

ခုနကလေးနှစ်ယောက်အဖြစ်ကိုမြင်မှ ပြောခဲ့ဖူးတဲ့ကျွန်မစကားအတွက် ကျွန်မနောင်တလည်းရ ရင်လည်းမောသွားလို့ သက်ပြင်းတိုးတိုးလေး ချလိုက်ပြီး
သားလေးကိုလည်း
ကျောင်းမှာသူငယ်ချင်းတွေက ရန်ပြုလာခဲ့ရင် ဆရာမကိုအရင်တိုင်ရမယ်နော်...
သူများကိုကိုယ်ထိလက်ရောက် ထိုးတာ ရိုက်တာမျိုးမလုပ်ရဘူး... အိမ်ရောက်ရင်လည်း မေမေ့ကိုသေချာပြန်ပြောပြ... မေမေကသားသားကိုရန်ပြုတဲ့ သူငယ်ချင်းတွေရှိတယ်ဆို သူတို့ဖေဖေမေမေတွေဆီကို သွားတိုင်ပြောပေးမှာ...ဒါဆို နောက်တစ်ကြိမ် သူတို့သားကို ရန်ပြုမှာမဟုတ်တော့ဘူး....
သူငယ်ချင်းအချင်းချင်း သူနိုင် ငါနိုင် ရန်ဖြစ်ရင် သူလည်းဒဏ်ရရာ ကိုယ်လည်းဒဏ်ရာရ ဖြစ်ကြမယ်... ခုနကိုကိုတွေကိုတွေ့တယ်မို့လား

ထစ်ကနဲဆိုလက်ပါတတ်ရင် ဘယ်သူကမှ မပေါင်းချင်တော့တဲ့ လူဆိုးကြီးဖြစ်သွားလိမ့်မယ်...
လူလိမ်မာတွေက ရန်ဖြစ်တဲ့အလုပ်ကိုမလုပ်ကြဘူး... ဒါမို့ရန်ဖြစ်တာမျိုးကို အတက်နိုင်ဆုံး ရှောင်ရမယ်နော်သားလေး ဆိုပြီး ကလေးနားဝင်အောင် ပြန်လည်ရှင်းပြပေးခဲ့ပါတော့တယ်။
❖ ❖ ❖ ❖ ❖ ❖ ❖ ❖
နူးညံ့ယဉ်ကျေးတဲ့ သားသားမီးမီးလေးတွေကို ပြုစုပျိုးထောင်ပေးနိုင်တဲ့ မိခင်ဖခင်ကောင်းများဖြစ်စေလိုသောစိတ်စေတနာဖြင့် ....

ချစ်တဲ့
True Learning
------------------------
True Learning မှ မိခင်တို့အတွက် ရင်တွင်းဖြစ်စာလေးများကို လွတ်လပ်စွာ share ပြီး တင်နိုင်ပါတယ်ရှင်။ တစ်ဆင့်ပြန် Copy လုပ်ပြီး မတင်ဖို့ မေတ္တာရပ်ခံပါရစေနော်။

#ကလေးစာပေ #ကလေးစာအုပ်

https://www.facebook.com/share/cGBVBdBSA3BeXj2s/?mibextid=ox5AEW
08/04/2024

https://www.facebook.com/share/cGBVBdBSA3BeXj2s/?mibextid=ox5AEW

ညီမလေးတစ်ယောက်က ကျွန်မကို မေးတယ် . .
သူမ ကလေးက ထမင်းစားချိန်တိုင်း ထမင်းတွေကို မျိုမချဘဲ ပါးစပ်ထဲမှာ ငုံငုံထားလို့ လုပ်ပါဦးအမရယ်တဲ့ ။
ဒီအကြောင်းနဲ့ပတ်သက်လို့ သူ့ကို အကြံပေးရင်း ကျန်တဲ့ သူမလို မိဘတွေအတွက် အထောက်အကူဖြစ်အောင် ဒီစာလေးကို ရေးဖြစ်သွားတာပါ ။

အစာငုံထားတဲ့ အကြောင်းကို ပြောရမယ်ဆိုရင်
"ဘာကြောင့် ငုံထားရတာလဲ " ဆိုတဲ့ ခေါင်းစဉ်ကနေ စရမှာပါပဲ …
ကလေးတွေ အစာကို မျိုမချဘဲ ပါးစပ်ထဲ ငုံထားတယ်ဆိုတဲ့ နေရာမှာ အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်။

(၁) မကြိုက်လို့
တခါတလေ ကလေးငယ်တွေ က သူတို့ ခံတွင်းထဲ ရောက်နေတဲ့ အစားအစာတစ်ခုခုရဲ့ အထိအတွေ့ကို မကြိုက်တဲ့အခါ ထွေးထုတ်ပစ်လိုက်ရမယ့်အစား ငုံထားတတ်ကြပါတယ် ။

(၂) ခံတွင်းနဲ့ ပတ်သက်တဲ့ အာရုံခံစားမှု သိပ်မဖွံ့ဖြိုးသေးလို့
တချို့ကလေးငယ်တွေက အစားအစာတစ်ခု သူတို့ခံတွင်းထဲကို ရောက်နေပေမယ့် အဲဒီအရာက စားစရာမို့ ဝါးရမယ်၊ မြိုချရမယ်ဆိုတဲ့အကြောင်းကို အာရုံခံစားမှုကနေတဆင့် ဦးနှောက်ဆီ မှန်မှန်ကန်ကန် ပို့ မပေးနိုင်တဲ့အခါ အခုလို အစာကို ငုံထားတဲ့ အခြေအနေမျိုး ဖြစ်တတ်ပါတယ်။

(၃) Oral Motor Skill လို့ခေါ်တဲ့ ဝါးခြင်း ၊ မြိုချခြင်းမှာ အားနည်းနေလို့ပါ
တကယ်လို့ ကလေးငယ်ဟာ Oral Motor Skill မှာ အားနည်းနေခဲ့မယ်ဆိုရင် သူ့အနေနဲ့ အစာတွေကို ကြေညက်အောင် မချေဖျက်နိုင်ဘဲ ခံတွင်းထဲမှာ အဲဒီအစားအစာတွေ ပိတ်မိနေတဲ့ အတွက်ကြောင့်လည်း ငုံထားမိတာမျိုး ဖြစ်နိုင်ပါတယ် ။

(၄) အစာမြိုချတဲ့ နေရာမှာ အခက်အခဲရှိလို့
လည်ချောင်းနာတာပဲဖြစ်ဖြစ် အာသီးရောင်နေတာမျိုးဖြစ်ဖြစ် အဲဒီလို အခြေအနေတွေကို ခံစားနေရတဲ့ ကလေးငယ်ဟာ အစာကို မြိုမချဘဲ ငုံထားမိတာမျိုး ဖြစ်နိုင်ပါတယ်။

ဘာကြောင့်လဲဆိုတာ သိပြီဆိုတော့ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာလေးကို ဆက်ကြည့်လိုက်ရအောင် …
(၁) သေးသေးလေးတွေ ဖဲ့ပေးပါ
ကလေးငယ်တွေအဖို့ ဝါးရလွယ် ၊ မြိုချရလွယ်ကူတဲ့ အရွယ်အစားတစ်ခုအထိရောက်အောင် အစာကို သေးနိုင်သမျှ သေးအောင် ဖဲ့ထားပေးပါ။
တကယ်တော့ သူတို့လေးတွေအဖို့ ဝါးရမယ့် အခြေအနေ နည်းသွားလေလေ ၊ ငုံထားရမယ့် အကြောင်းအရင်း နည်းသွားလေလေ ပါပဲ ။

(၂) ရေတိုက်ပါ
အကောင်းဆုံးနည်းလမ်းက ကလေးငယ်ကို အစာခွံ့ပြီးတိုင်း ရေသောက်စေတဲ့ နည်းလမ်းပါပဲ ။ အစိုင်အခဲတစ်ခုကို ငုံထားနိုင်တာထက် အရည်ကိုငုံထားနိုင်တဲ့ အခြေအနေက ပိုအခက်တွေ့စေပါတယ်။ ဒါကြောင့်မို့ လည်း အစာခွံ့ပြီးတိုင်း ရေသောက်စေတာပေါ့ ။ မဖြစ်မနေ မြိုချရမယ့် အရာတစ်ခုဝင်လာတဲ့အခါ အားလုံး အဆင်ပြေသွားပြီပေါ့ ။

(၃) သူတို့ကို နမူနာ လုပ်ပြပါ
အစာခွံ့ပြီးတဲ့အခါ ဝါးတဲ့ပုံစံ ၊ မြိုချတဲ့ပုံစံ လုပ်ပြပေးခြင်း ဖြင့်လည်း ကလေးငယ်ကို အစာငုံထားတတ်တဲ့ အကျင့်ပျောက်အောင် သင်ကြားပေးနိုင်ပါတယ်။

ဒီ (၃) ချက်ကတော့ ကျွန်မ ကိုယ်တိုင် တကယ်ကို အသုံးပြုခဲ့ဖူးတဲ့ နည်းလမ်းလေးတွေမို့ အားလုံးအတွက်လည်း အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။
တကယ်လို့ ကလေးငယ်က အစာကို ငုံထားရုံမဟုတ်ဘဲ ပြန်ထွေးတဲ့အထိ လုပ်လာခဲ့ရင်တော့ သူ လုံးဝ မစားချင်လို့ဆိုတာ သေချာသွားပါပြီ ။ တကယ်လို့ ငုံထားရုံသပ်သပ်ပဲဆိုရင်တော့ အပေါ်က နည်းလမ်းလေးတွေအတိုင်း စမ်းကြည့်ဖို့ အကြံပြုရင်း...

ချစ်တဲ့
True Learning
----------------------------
True Learning မှ မိခင်တို့အတွက် ရင်တွင်းဖြစ်စာလေးများကို လွတ်လပ်စွာ share ပြီး တင်နိုင်ပါတယ်ရှင်။ တစ်ဆင့်ပြန် Copy လုပ်ပြီး မတင်ဖို့ မေတ္တာရပ်ခံပါရစေနော်။

ကလေးတို့အတွက် အကောင်းဆုံးသင်ထောက်ကူများကိုဝယ်ယူရန် -https://trues.com.mm/

#ကလေးစာပေ #ကလေးစာအုပ်

03/04/2024
03/04/2024

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959789650135

Website

Alerts

Be the first to know and let us send you an email when Mee Mee Khit Baby Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mee Mee Khit Baby Online Shop:

Share