Maw Ka Nyar

Maw Ka Nyar Warmly Welcome

ဖခင်ဖြစ်သူ သက်ပြင်းတစ်ချက်ချလိုက်ပါတယ်။ ချေးယူလာတဲ့ ၄၅၃၃ ယွမ် ( ကျပ်ငွေ ဆယ်သိန်းခန့် ) သားလက်ထဲထည့်ပေးလိုက်ပါတယ်။ သားဖြစ...
09/11/2022

ဖခင်ဖြစ်သူ သက်ပြင်းတစ်ချက်ချလိုက်ပါတယ်။ ချေးယူလာတဲ့ ၄၅၃၃ ယွမ် ( ကျပ်ငွေ ဆယ်သိန်းခန့် ) သားလက်ထဲထည့်ပေးလိုက်ပါတယ်။ သားဖြစ်သူ အဲဒီပိုက်ဆံကို တုန်တုန်ရင်ရင်နဲ့ လက်ခံလိုက်ပါတယ်။ သားဖြစ်သူ သိလိုက်တယ်။ ကျောင်းလခ ယွမ်ငွေ ၄၁၀၀ ကျပ်သွင်းပြီးရင် စားဖို့နေဖို့အတွက် ၄၃၃ ယွမ်သာကျန်ပါတော့မယ်။ ဘယ်လိုခရီးဆက်သွားရမလဲ။ ဖခင်ဖြစ်သူ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့ပြီးပြီဆိုတာ သူကောင်းစွာနားလည်ပါတယ်။ ပိုက်ဆံရစရာလမ်း ဒီထက်မပိုနိုင်တော့ဘူးဆိုတာ သူကောင်းကောင်းသိပါတယ်။

“ဖေဖေ စိတ်ချပါ။ ကျနော့မှာ ခြေတွေလက်တွေ ရှိပါသေးတယ်။” အဖေ့ကို ပြန်နှစ်သိမ့်ရပါတယ်။ ၀မ်းနည်းပူဆွေးပေမဲ့ အတတ်နိုင်ဆုံး ဖခင်ဖြစ်သူကို သူပြုံးပြီးနူတ်ဆက်ပါတယ်။ နူတ်ဆက်ပြီးတာနဲ့ အိမ်ထဲကနေ တစ်ချိုးတည်း ထွက်လာပါတော့တယ်။ ခန္ဓာကိုယ်ကို လှည့်ပြီး သူထွက်ခွာလာတဲ့အခိုက်မှာ မျက်ရည်တွေ မျက်နာတစ်ပြင်လုံး ယိုဆင်းလာပါတယ်။ သူငိုသွားပါတယ်။ ဖခင်ကို မခွဲရက်တာပါတယ်။ ရှေ့ ပညာသင်ရမဲ့ခရီးအတွက် ပူဆွေးတာလည်းပါပါတယ်။

ကျောပိုးအိတ်ကိုလွယ်ပြီး တောင်ပေါ်လမ်းကွေ့ကွေ့ကောက်ကောက်ကို ပြေးဆင်းပါတယ်။ သူမိုင်ပေါင်း ၆၀ ခန့် ခရီးရှည် လျှောက်လိုက်ပါတယ်။ ကားခ ၆၈ ယွမ်နဲ့ ကားဂိတ်မှာ ဘတ်စ်ကားပြောင်းစီးပါတယ်။ သူအနှစ်နှစ်အလလ တက်ရောက်ချင်ခဲ့တဲ့ ပြည်နယ်တက္ကသိုလ်ကို ရောက်ရှိခဲ့ပါတယ်။
ကျောင်းပေါက်ဝရောက်ပြီ၊ ကားခရှင်းလိုက်တယ်၊ လက်ထဲမှာ ၃၆၅ ယွမ်ပဲ ကျန်ပါတော့တယ်။

ပထမ Semester ၅ လကျောင်းတက်ရပါမယ်။ ယွမ်၃၀၀ ကျော်နဲ့ ဘယ်လိုခရီးဆက်မလဲ၊
ပတ်၀န်းကျင်ကကျောင်းသူကျောင်းသားများ ထိုခေတ်ထိုအခါမှာ MP4 ကိုလည်ပင်းမှာ ချိတ်ဆွဲထားကြပါတယ်။ တောက်တောက်ပြောင်ပြောင်၀တ်ဆင်ထားကြပါတယ်။ သူ့ကိုပြုံးပြကြပါတယ်။ သူလည်း ပြန်ပြုံးပြပါတယ်။ စိတ်ထဲမှာတော့ မျက်ရည်များယိုဆင်းနေပြန်ပါပြီ။

ထမင်းကို တစ်ရက် နှစ်နပ်ပဲစားပါတယ်။ တစ်နပ်စားရင် ( ၂ ) ယွမ်ပေးရပါတယ်။ ဒါသူ့ကိုယ်သူ သတ်မှတ်ထားတဲ့ အနိမ့်ဆုံး အသုံးစားရိပ်ပါ။ ဒီလိုဆက်သွားရင်လည်း Semester ကုန်ဆုံးတဲ့အထိ ပိုက်ဆံမလောက်ပါ။

ညမှာ သူအိပ်မပျော်ပါ။ အမျိုးမျိုးစဉ်းစားကြံဆနေရပါတယ်။ နောက်တစ်နေ့ သူအံတစ်ချက်ကျိတ်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်။ ကျန်ရှိတဲ့ ပိုက်ဆံ ၃၀၀ ကျော်ထဲက သူယွမ် ၁၅၀ နဲ့ လက်ကိုင်ဖုန်းတစ်ခု ၀ယ်လိုက်ပါတယ်။ လက်ကိုင်ဖုန်းအဟောင်းပါ။ ဖုန်းပြောလို့ရတယ်၊ စာတို message ပို့လို့ရတယ်၊ အခြားဘာ function မှမပါတဲ့ ဖုန်းမျိုးပါ။

နောက်တစ်ရက် အဆောင်နံရံတွေမှာ၊ ဓါတ်တိုင်တွေမှာ၊ ကြောငြာပုဒ်တွေမှာ သူကြော်ငြာငယ်လေးတစ်ခု ကပ်ပါတယ်။ ခေါင်းစဉ်က

"သင်၀န်ဆောင်မူ လိုအပ်ပါသလား” တဲ့၊

"အကယ်၍ သင်ထမင်းဟင်း၀ယ်လိုတယ်၊ ရေနွေးခပ်ချင်တယ်၊ ဖုန်းကြေးသွင်းချင်တယ်ဆိုရင်၊ အောက်ပါ နံပါတ် ######xx ကိုဆက်သွယ်လိုက်ပါ။ ကျောင်းတွင်း၀န်ဆောင်မူ ၁ ယွမ်၊ ကျောင်းပြင်ပ ၀န်ဆောင်မူ တစ်ကီလိုပိုဝေးတိုင်း ၂ ယွမ်၊ ကျနော်သင့်ကို ၀န်ဆောင်မူ ပြုပါရစေ ” လို့ ရေးထားပါတယ်။

အဲဒီနေ့ကစပြီး သူ့ဖုန်းမအားလပ်တော့ပါ။ စတုတ္တနှစ်ကျောင်းသားတစ်ဦး သူ့ကိုဖုန်းဆက်လာပါတယ်၊ “ ငါဆိုတဲ့လူက ပျင်းတယ်၊ အိပ်ယာထနောက်ကျတယ်၊ ထမင်း၀ယ်တဲ့ကိစ္စ မင်းနေ့တိုင်းငါ့ကိုကူညီပါ။” တဲ့၊

"စိတ်ချပါ။ ခင်ဗျားအဆောင်အထိ ကျနော်မနက်တိုင်း အချိန်မှီ မနက်စာ ပို့ပေးမယ်။” ဒါသူရဲ့ ပထမဆုံးသော ၀န်ဆောင်မူဖြစ်ပါတယ်။

နောက်ကျောင်းသားတစ်ဦး စာတိုပို့လာပါတယ်။

""ခင်ဗျားကျနော့ကို ဖိနပ်၀ယ်ပေးလို့ ရမလား၊ အခန်း ၅၀၄ ကပါ။ ဖိနပ်နံပါတ်က ၄၁၊ တံဆိပ်က ### ”
အားလုံးအဆင်ပြေသွားပါတယ်။

သူဥာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ပါ။

၀န်ဆောင်မူ ပေးတာ သိပ်တောင်မကြာသေးဘူး၊ သူတစ်ခုသတိထားမိသွားတယ်။ ကျောင်းသူကျောင်းသားတော်တော်များများဟာ အတန်းကြီးလေ၊ အပြင်မထွက်ချင်လေ၊ အခန်းပုန်းများလေ ဆိုတဲ့အချက်ပါပဲ။ အချို့ ကျောင်းသားများဟာ အတန်းသွားမတက်တဲ့အပြင် အိမ်ပေါ်ကနေ အိမ်အောက်တောင် မဆင်းချင်ကြဘူး၊ သူတို့ အခန်းထဲမှာ ကွန်ပြူတာဂိမ်းတွေဆော့နေတယ်၊ သူငယ်ချင်းများနဲ့ Chatting ထိုင်ရိုက်နေကြတယ်။ အဲဒီကျောင်းသားများ သူ့ရဲ့ ပင်မဖေါက်သည်ဖြစ်သွားပါတယ်။

တောင်ပေါ်ကလာတဲ့ကလေးပီပီ၊ ကျန်းမာသန်စွမ်းတယ်၊ သွက်လက်တယ်၊ ပြေးနိုင်လွှားနိုင်တယ်၊ အဆောင်က ငါးထပ်ခြောက်ထပ်ဖြစ်နေတာတောင်မှ သူမမူဘူး၊ တစ်ချက်ကလေးမှ မညည်းဘူး၊ သူတအားတက်ကြွတယ်။ တစ်ခုခုမှာလိုက်ရင် မိနှစ်( ၃၀ ) အတွင်း အရောက်လာပို့တယ်။သူ့ကို ၅ ယွမ်ပေးတယ်၊ မြို့ ပြင်၀န်ဆောင်မူမို့လို့ သူ ၂ ယွမ်ယူတယ်၊ ၃ ယွမ်ချက်ချင်းပြန်အမ်းတယ်၊ ပြန်အမ်းဖို့ အနူတ်မရှိဘူးဆိုတာမျိုး သူလုံး၀ အဖြစ်မခံဘူး၊ သူအဆင်သင့်ဖြစ်အောင် အမြဲအနူတ်ဆောင်ထားတယ်။ သူဂတိတည်တယ်၊ ပြီးအောင်လုပ်တယ်၊ အချိန်မြန်တယ်၊ တိကျတယ်။ ကျောင်းသူကျောင်းသားများအကြားမှာ သူအတော်နာမည်ရလာတယ်။ နောင်ဘာပဲလိုလို၊ ကိုယ်တိုင်ထွက်မ၀ယ်နိုင်ရင် သူ့ကိုပဲ အရင်သတိရကြတယ်။

သူဒီလောက်အလုပ်ဖြစ်လိမ့်မယ်ဆိုတာ မျော်လင့်မထားခဲ့ပါဘူး၊ အတန်းဆင်းဆင်းချင်း ဖုန်းဖွင့်လိုက်တာနဲ့ အလုပ်ကအမြဲ သူ့ကိုစောင့်နေပါပြီ။

တစ်ရက်ကျတော့ မိုးအကြီးအကျယ်ရွာသွန်းတယ်၊ သူဖုန်းမီလာပြန်ပြီ၊ ကျောင်းသူတစ်ယောက်ဆီကဖြစ်တယ်။ သူမိုးထဲမှာချက်ချင်းပြေးထွက်သွားတယ်၊ ကျောင်းသူမှာတဲ့ထီးကို ချက်ချင်းပို့ပေးလိုက်တယ်။ အခန်းတံခါးခေါက်ပြီး ထီးပေးတဲ့အချိန်မှာ ကျောင်းသူက သူ့ကိုကျေးဇူးတင်လွန်းလို့ တစ်ချက်သိုင်းဖက်လိုက်တယ်။ ဒါပထမဆုံးအကြိမ် သူမိန်းခလေးရဲ့ သိုင်းဖက်ခံရတာပဲ၊ သူမျက်ရည်ကျသွားပါတယ်။

နောက်ပိုင်းမှာ သူတော်တော် အလုပ်များသွားပါတယ်၊ အတတ်နိုင်ဆုံး ၀န်ဆောင်မူကို ပြည့်ဝအောင် သူကြိုးစားရှာပါတယ်။ ပထမ Semester ပြီးဆုံးသွားပါတယ်။

ဆောင်းရာသီကျောင်းပိတ်ပါပြီ၊ သူပြန်သွားပါတယ်။ သူ့ဖခင်က သူ့ကျောင်းစားရိပ်အတွက် ပူပင်သောက ရောက်နေဆဲပါ။ သူဖခင်ကိုနှစ်သိမ့်ပါတယ်၊ ဖခင်လက်ထဲကို ပိုက်ဆံယွမ် ၁၀၀၀ ကန်တော့နိုင်ခဲ့ပါတယ်။

"အဖေ၊ သားက သူများလို မချမ်းသာပေမဲ့၊ အဖေက သားကိုအပြေးမြန်တဲ့ချေထောက်အမွေပေးထားတယ်လေ၊ ဒါအဲဒီခြေထောက်ကို အားကိုးပြီး ဒီထက်အောင်မြင်အောင် ပြေးအုံးမှာ ” လို့ သူရှင်းပြပါတယ်။

ဒုတိယ Semester သူတစ်ယောက်တည်း မပြေးလွားတော့ပါ။ ဘ၀တူ ကျောင်းနေဘက်များကို စုစည်းလိုက်ပါတယ်။ တစ်ကျောင်းလုံးကို ၀န်ဆောင်မူ စတင်ပေးပါတယ်။ ကျောင်းပြင်ပ ၀န်ဆောင်မူ ကိုယ်စားလှယ် အလုပ်ကို စတင်လုပ်ပါတယ်။

ဝန်ဆောင်မူ ဧရိယာ တစ်ဖြည်းဖြည်းကျယ်ပြန့်လာပါတယ်။ တောက်တိုမယ်ရ နေ့စဉ်လိုအပ်တဲ့ သွားတိုက်တံသွားတိုက်ဆေး၊ ကျောင်းသုံးကရိယာကအစ၊ ကွန်ပြူတာ အပိုပစ္စည်း၊ လျပ်စစ်ပစ္စည်းအစ ပါ၀င်လာပါတယ်။

စာသင်နှစ်တစ်နှစ်ပြီးဆုံးသွားတဲ့အချိန်မှာ သူကိုယ်ပိုင်ကွန်ပြူတာ ၀ယ်နိုင်သွားပါတယ်။ အင်တာနက် ကွန်ယက်ကို အသုံးပြုပြီး သူ့ Customer အုပ်စု တော်တော်ကြီးမားလာပါတယ်။ Online Shopping ကုမ္မဏီတစ်ခု သူ့ကို ကျောင်းတွင်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ပါတယ်။

ပြေးတယ်၊ ပြေးတယ်၊ ဆက်ပြေးတယ်၊ သူအောင်မြင်တဲ့ လမ်းပေါ်ကိုစတင်တက်လှမ်းနေပါပြီ။

သူစတုတ္တနှစ်ပြီးဆုံးတဲ့အခါမှ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ရုံသာမက သူ့အတွက် ပထမအရင်းအနီးကို စုမိဆောင်းမိနေပါပြီ၊

သူ့ရဲ့ ကနဦး ရင်းနီးမတည်ငွေဟာ ယွမ်ငွေ ငါးသိန်း ( ကျပ်ငွေ သိန်း တစ်ထောင်ကျော်ကျော်ခန့် ) ဖြစ်ပါတယ်။ သူနာမည် He Jia Nan ဟိုကျားနံ ဖြစ်ပါတယ်။ တရုတ်ပြည် အရှေ့ မြောက်ပိုင်း Hei Long Jiang ပြည်နယ်မှာရှိတဲ့ Da Xing An Ling ကျေးလက်ဒေသမှ ပေါက်ဖွားလာတဲ့ လုပ်ငန်းရှင်လောင်းတစ်ဦးဖြစ်ပါတယ်။

အခုသူတက္ကသိုလ်နယ်မြေတစ်ခုလုံးရဲ့ အရောင်းကိုယ်စားလှယ်ချုပ်ဖြစ်နေပါပြီ၊ သူရိုးရိုးရှင်းရှင်းပုံစံအတိုင်း နေထိုင်နေဆဲပါ။ အလုပ်ကြိုးစားတယ်၊ သွက်လက်တယ်၊ ရေနွေးတစ်ဘူးခပ်တိုင်း တစ်ယွမ်ယူနေဆဲပါ။ သူပြေးလွားနေဆဲပါ။

သင်သာ သူ့နေရာမှာ ရှိခဲ့ရင် ဘယ်လိုတုံ့ပြန်မလဲ ၊ မိဘဆင်းရဲတာကို ၀မ်းနည်းနေမှာလား၊ ပြစ်တင်နေမှာလား၊ ခေတ်အခါကို၊ အစိုးရကို အပြစ်ပြောနေမှာလား၊
ထီးမပါတဲ့ကလေးဟာ မိုးထဲမှာ ပိုအပြေးမြန်ပါတယ်။

ဒီဆောင်းပါး ကျနော့စိတ်ကို တော်တော်ထိပါတယ်။ အများဖတ်ရူ့ နိုင်ဖို့ ဘာသာပြန်လိုက်ပါတယ်။ လူငယ်လူရွယ်များအားလုံး ကိုယ့်ကိုယ်ကို ရပ်တည်လိုစိတ် ရှိနိုင်ကြပါစေ။ မိဘထံလက်ဖြန့်တဲ့ဘ၀မှ လွတ်နိုင်ကြပါစေ၊ ဘ၀တိုးတက်မူခရီးလမ်းမှာ အပြေးမြန်နိုင်ကြပါစေ။

Crd
Ref: we chat

Like and Share for your friends
လေးစားစွာဖြင့်

25/04/2022

ဒီဆိုင်ငယ်လေးနဲ့ဝေးနေရတာတစ်နှစ်ပြည့်တော့မယ်လွမ်းလှပြီငွေတောင်ပြည်ကြီးရေ

သေသပ်လှပသောhand madeတွေပါရှင့်စျေးနှုန်း ဂါဝန်=25000kyats ကျားဝတ်=18000kyatsလွယ်အိတ်=12000kyats ပါရှင့်...
07/01/2021

သေသပ်လှပသောhand madeတွေပါရှင့်စျေးနှုန်း ဂါဝန်=25000kyats ကျားဝတ်=18000kyatsလွယ်အိတ်=12000kyats ပါရှင့်...

ကဲကဲအမျိုးတို့ရေ Hand Made စစ်စစ်လေးတွေလာပြီနော်(ချူပ်တာကအစ hand madeပဲ😍)
06/08/2020

ကဲကဲအမျိုးတို့ရေ Hand Made စစ်စစ်လေးတွေလာပြီနော်(ချူပ်တာကအစ hand madeပဲ😍)

03/07/2020
မဂ်လာပါ အမျိုးတို့ရေဒီပေ့ပ်မှာမတွေ့တာကြပြီနော်အားလုံးနေကောင်းကျန်းမာကြပါစေလို့ဦးစွာပဏာမဆုမွန်ကောင်းတောင်းပါတယ်  ခုပြထား...
18/06/2020

မဂ်လာပါ အမျိုးတို့ရေဒီပေ့ပ်မှာမတွေ့တာကြပြီနော်အားလုံးနေကောင်းကျန်းမာကြပါစေလို့ဦးစွာပဏာမဆုမွန်ကောင်းတောင်းပါတယ် ခုပြထားတဲ့ပုံလေးတွေမော်ကနျားဆိုင်မှာရတယ်နော် ဆိုင်ကပိတ်ထားတာများပေမယ့်စနေနေ့နဲ့ဗုဒဟူးနေ့ဆိုဒီးမော့ဆိုစျေးမှာလည်းရောင်းပါတယ်နော်😁😁😁လာရောက်အားပေးလို့ရပါတယ် (09265621579&09691621210)ကိုဆက်ပြီးမေးမြန်းနိုင်ပါတယ် ကျေးဇူးတင်ပါတယ် 😁...

ကလေးတွေအတွက်ကစားစရာအရုပ်ပါ တစ်ရုပ်ကို=3500kyatsနော်
06/05/2020

ကလေးတွေအတွက်ကစားစရာအရုပ်ပါ တစ်ရုပ်ကို=3500kyatsနော်

အမျိုးတို့ရေ မော်ကနျားဆိုင်မှာဇီးဆီစစ်စစ်ပြန်ရပြီနော် 1ပြါးမှ2000kပါ
18/02/2020

အမျိုးတို့ရေ မော်ကနျားဆိုင်မှာဇီးဆီစစ်စစ်ပြန်ရပြီနော် 1ပြါးမှ2000kပါ

ဆိုင်မှာ ကယားကုတ် တွေရှိပါတယ်ရှင့် 😊ဆိုင်လိပ်စာ- ငွေတောင် / ကန္ဒရဝတီကားလမ်းမကြီးဘေးဖုန်း- 09265621579
14/02/2020

ဆိုင်မှာ ကယားကုတ် တွေရှိပါတယ်ရှင့် 😊

ဆိုင်လိပ်စာ- ငွေတောင် / ကန္ဒရဝတီကားလမ်းမကြီးဘေး

ဖုန်း- 09265621579

Address

Loikaw

Telephone

+959265621579

Website

Alerts

Be the first to know and let us send you an email when Maw Ka Nyar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Maw Ka Nyar:

Share