K & P Thrift Shop

K & P Thrift Shop အရည်အသွေးကောင်းမွန်သော Japan Quality ကလေးထည်များကို ရောင်းချပေးပါသည်

ဘွဲ့တွေ certificate တွေအများကြီးရှိပေမယ့် ဘာလို့ဈေးရောင်းနေတာလဲ တစ်ခြားအလုပ်လုပ်ပါလားလို့တစ်ချို့တွေက ပြောကြတယ် တစ်ခြားဂ...
04/02/2026

ဘွဲ့တွေ certificate တွေအများကြီးရှိပေမယ့် ဘာလို့ဈေးရောင်းနေတာလဲ တစ်ခြားအလုပ်လုပ်ပါလားလို့တစ်ချို့တွေက ပြောကြတယ် တစ်ခြားဂုဏ်ရှိတဲ့အလုပ်တွေအများကြီးလုပ်ဖူးပါတယ် ၁၇နှစ်ထဲက အလုပ်မျိုးစုံ လုပ်ဖူးတယ် သူများကလေးတွေ အရွယ်မျိုးစုံကို စာသင်ဖူးတယ် Adult learner တွေကိုလည်း သင်ပေးဖူးတယ်
အသက်အရွယ်တစ်ခုရလာတဲ့အခါ ကိုယ့်သားသမီးကိုစောင့်ရှောက်ရင်း ဝင်ငွေရတဲ့အလုပ်လေးပဲ လုပ်ချင်တော့တယ် အပြင်ထွက်ပြီးပိုက်ဆံရှာရတာ ကလေးတွေကိုအိမ်မှာထားခဲ့ပြီး အလုပ်လုပ်ရတာ စိတ်ပင်ပန်းလာပြီမင်မင့်လို ကိုယ်ခွဲမရှိ အလုပ်လုပ်ရတဲ့ မေမေတွေ အများကြီးရှိကြပါတယ်။ သားသမီးကို အိမ်မှာကိုယ်မရှိရင်သားသမီးကို ကြည့်ရှုစောင့်ရှောက်ပေးမယ့်သူရှိတာ စိတ်ချလက်ချ ထားခဲ့လို့ရတဲ့ အခြေအနေရှိတယ်ဆိုတာ အဲဒီမေမေအတွက် ဘုရားပေးတဲ့ ကံကောင်းတဲ့ဆုလာဘ်တစ်ခုပါပဲ ဒါ​ကြောင့်ကိုယ်အနားမှာ ကိုယ်မရှိလည်း သားသားမီးမီးတွေကို စောင့်ရှောက်ပေးထားတဲ့သူတွေကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုက်ပါနော်



ကလေးတွေအကြိုက်ခနုံထုပ်  ဂျုံ ကြက်ဥ ၅လုံး သကြား အစာသွပ်တာက ပဲပြုတ်ပဲရှိလို့ ကြက်သွန်နီ နဲ့ပဲပြုတ်ကြော်နဲ့က တစ်မျိုးသကြားန...
04/02/2026

ကလေးတွေအကြိုက်ခနုံထုပ်

ဂျုံ ကြက်ဥ ၅လုံး သကြား အစာသွပ်တာက ပဲပြုတ်ပဲရှိ

လို့ ကြက်သွန်နီ နဲ့ပဲပြုတ်ကြော်နဲ့က တစ်မျိုး

သကြားနဲ့ကတစ်မျိုး ပါဝင်ပစ္စည်းနည်းပေမယ့်
စားကောင်းတယ်

ပထမအကြိမ်ခနုံထုပ်လုပ်တော ၄၅မိနစ်လောက် အချိန်ပေးလိုက်ရတယ် ဒုတိယအကြိမ်အချိန်အဲလောက်မကုန်တော့ဘူး

ဒါက မကပ်အိုးမရှိလို့ ရိုးရိုးဒန်အိုး(အောက်ကနဲနဲပြားတာ) မီးသွေးမီးဖို သုံးထားတယ်

အရသာလည်းရှိ အားလည်းရှိစေတာမို့ လုပ်နည်းတွေ tt မှာအများကြီးရှိတယ်

သားတွေက စားလို့အရမ်းကောင်းတယ်မေမေ နောက်လည်းအဲလိုလုပ်ကျွေးပါဦးတဲ့

#ကလေးတို့အကြိုက်
#ခနုံထုပ်

14/01/2026

အစိုးရကျောင်းထားတာကောင်းသလား။
ကိုယ်ပိုင်ကျောင်းထားတာကောင်းသလား။
international school ထားတာကောင်းသလား။
ကလေးကိုဘယ်ကျောင်းထားမလဲဆိုတာကတော့အငြင်းပွားဖွယ်ရာမဟုတ်ပါဘူး။
ဘာလို့လဲဆိုတော့ဘဝတွေကမတူကြဘူးမလား။
အစစအရာရာမှာ ကိုယ့်ဘဝနဲ့ကိုယ်ပဲတိုင်းတာကြရတာပါ
မိဘတစ်ယောက်အနေနဲ့ဆိုရင်တော့ ကိုယ့်သားသမီးပဲ ထားနိုင်တာထက်အများကြီးပိုကောင်းတာကိုထားချင်တာပေါ့။
အကောင်းဆုံးကျောင်း
အကောင်းဆုံးစာသင်ကြားတဲ့ပုံစံ
အကောင်းဆုံးသင်ရိုးညွှန်းတမ်း
အကောင်းဆုံးသင်ယူမှုပုံစံ
အကောင်းဆုံးလူနေမှုဘဝ
ဒါတွေကမိဘတိုင်းကကိုယ့်သားသမီးတိုင်းကိုပေးချင်တာပါပဲ
ဒါပေမဲ့အခြေခံလူတန်းစားတွေရဲ့ဘဝမှာဘယ်လောက်များများရွေးချယ်ခွင့်ရမှာမို့လို့လဲ။
အစိုးရကျောင်းထားပြီးတော့သင်တန်း တွေထားပေးလိုက်တာရောတကယ်မှန်ကန်တဲ့လမ်းကြောင်းလား။
ပုဂ္ဂလိကကျောင်းထားပြီးတော့နောက်ထပ်တစ်ဆင့်မြင်တဲ့သင်တန်း‌ေတွအများကြီးထပ်ထားတာကရောမှန်တာပဲလား။
international school ကိုပဲ ထားပြီးတော့ အစစအရာရာလိုသမျှပံ့ပိုးပေးတာကရောအမှန်ပဲလား
မိဘတိုင်းကတော့သူ့ဆုံးဖြတ်ချက်နဲ့သူမှန်ကြတာပါပဲ။
သူတို့တတ်နိုင်တဲ့အတိုင်းအတာတွေကနေပြီးတော့အကောင်းဆုံးတွေလုပ်ပေးကြတာလေ။
သင်ကြားမှုပုံစံတွေ ကွာခြားတာ၊ သင်ရိုးညွှန်းတမ်းတွေမတူတာ၊ ပြီးတော့ရလဒ်တွေမတူတာ အဲဒါကလေ အရှင်းဆုံးပြောရရင် ကလေးနဲ့မိဘကအဓိကပါပဲနော်။
ကျောင်းတွေကွာသလိုမျိုးကွာခြားနိုင်တာရှိပေမယ့် ကလေးနဲ့မိဘရဲ့လုပ်နိုင်စွမ်းတွေကတော့အတူတူပဲမလား
အစိုးရကျောင်းကမိဘရော
ပုဂ္ဂလိကကျောင်းကမိဘရော
international school ကမိဘရော
သားသမီးကိုချစ်ကြတာပဲလေ။
မတူတဲ့ဘဝတွေကို တိုင်းညှိလို့လည်းမရသလို ပေးထားတဲ့အကန့်သတ်ဘောင်ထဲကနေပြီးတော့ ဘဝကိုဖြတ်သန်းနေရတဲ့မိဘတွေအတွက် ငါမလုပ်ပေးနိုင်လို့ဆိုပြီးတော့ စိတ်အားငယ်နေစရာမလိုပါဘူးနော်။
အခုခေတ်အနေအထားနဲ့ဆိုလို့ရှိရင်
ကလေးလေးတယောက်က
မြန်မာစကားကိုကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ဆိုတတ်မယ်။ရေးတတ်ဖတ်တတ်မယ်။
ပြီးတော့ English ကိုလည်း ရင်းနှီးကျွမ်းဝင်မယ်။
သင်္ချာကိုကောင်းကောင်းစိတ်ဝင်စားမယ်
ပြီးတော့သူဝါသနာပါတဲ့ computer လား။ ရေကူးတာလား။ တိုက်ကွမ်ဒိုလား အစရှိတာကို သေသေချာချာသိမယ်။
ကိုယ့်ဝါသနာကိုကိုယ်သိရမယ်လို့ဆိုလိုချင်တာပါ။
ပြင်ပဗဟုသုတတွေကိုလေ့လာအားကောင်းမယ်
အဓိကကတော့စာများများဖတ်မယ်။ သူ့အရွယ်နဲ့သူထိုက်သင့်တဲ့စာဖတ်မယ်ဆိုလို့ရှိရင် မိဘတွေအနေနဲ့အကောင်းဆုံးလုပ်ပေးနိုင်နေတယ်လို့ယူဆနိုင်ပါတယ်။
ခေတ်ဟာမွန်းကျပ်လှပါတယ်။
ကိုယ့်ရဲ့မွန်းကျပ်မှုတွေကနေတဲ့သားသမီးကိုနောက်ထပ်မွန်းကျပ်မှုတွေမဖြစ်စေချင်ပါဘူး။
အဲလိုမဖြစ်စေချင်တာတွေကနေပဲ မဖြစ်သင့်တဲ့ထွက်ပေါက်ရှာမှုတွေလည်းမလိုအပ်ဘူးမလား။
ဒီလိုပြောလို့ နင့်သားဆိုရင်ဘယ်လိုလုပ်မလဲဆိုတာမျိုး မေးကြမှာပါ
အခုထိကျမမှာတိကျတဲ့အဖြေမရှိသေးပါဘူး
သူ့အဖေနဲ့တိုင်ပင်ထားတဲ့ plan ABC တွေ
အဲဒါတွေမှမဖြစ်ခဲ့ဘူးဆိုလို့ရှိရင် ကျမသားကို homeschooling လုပ်မှာပါ
ကျမလိုချင်တာပတ်ဝန်းကျင်ကောင်းပဲ
ကျမသားအတွက်ချစ်ခြင်းမေတ္တာရော ဉာဏ်ပညာရောကိုယ်ချင်းစာတရား‌ေရာ၊ လူ့ကျင့်ဝတ်ရော ပြည့်စုံတဲ့ပတ်ဝန်းကျင်မှာကျွန်မသားကိုထားချင်တယ်။
အရာရာခက်ခဲတဲ့ကာလမှာ အစစမွန်းကျပ်နေရတဲ့အချိန်မှာ
လုပ်နိုင်စွမ်းတွေကိုပဲကြည့်ပြီး ငါမလုပ်နိုင်လေခြင်းလို့ စိတ်ဓာတ်ကျနေရတဲ့မေမေတွေဖေဖေတွေအတွက် ဒီစာကိုရေးပါတယ်
သားသမီးရဲ့ပညာရေးဆိုတာခရီးရှည်ကြီးတစ်ခုပါ
ကျမတို့က သက်လုံကောင်းဖို့လိုပါတယ်။

ပန်းဝတ်ရည်ဇော်ချင်း

03/01/2026

ကလေးများခြင်ကိုက်၊ပုရွတ်ဆိတ်ကိုက်တဲ့အခါသုံးတဲ့ Calamine Lotion အကြောင်း

Calamine Lotion ဆိုတာ Insect Bites (ပိုးမွှားကောင်)လေးတွေကိုက်ခံရလို့ ယားယံတဲ့အခါ အသုံးများတဲ့ လိမ်းဆေးပါ။ Calamine / Caldryl စသဖြင့်ခေါ်ကြပါတယ်။ Calamine Lotion ဟာ အရေပြားယားယံခြင်းမှာအသုံးပြုကြတဲ့ လိမ်းဆေးတစ်မျိုးဖြစ်ပါတယ်။ သူ့မှာ Calamine နဲ့ Zinc Oxide ပါတတ်ပါတယ်။ Ferric Oxide ဆိုတဲ့ ဒြပ်ပေါင်းလည်းပါဝင်တတ်ပါတယ်။ လိမ်းဆေးအရည်က ပန်းရောင်သန်းတဲ့အရောင်ပါ။

💠ကောင်းကျိုးများ

▪️ခြင်ကိုက်ခြင်း၊ ပုရွတ်ဆိတ်ကိုက်ခြင်း၊နေလောင်ခြင်း၊ အရေပြားယားယံခြင်းတို့ကို သက်သာစေပါတယ်။
(ခြင်မကိုက်အောင်တော့ ဂရုစိုက်ပါ။ သွေးလွန်တုပ်ကွေးရောဂါစိုးရိမ်ရပါတယ်)
▪️လိမ်းဆေးဟာ အေးမြစေတဲ့အတွက် ရောင်ရမ်းမှုကိုကျစေပါတယ်။
▪️ကလေးတွေမှာ ပိုးကောင်လေးတွေကြောင့် နီရဲယားယံခြင်းဖြစ်တာကို ဒီဆေးလိမ်းပေးရင် အေးမြပြီး နေလို့ထိုင်လို့သက်သာစေပါတယ်။
▪️နွေရာသီမှာ မိတ်ဖြစ်ရင်လည်း ဒီဆေးလိမ်းလို့ရပါတယ်။
▪️အသားနေလောင်ပြီး ခြောက်သွေ့လို့ ပူစပ်ပူလောင်ဖြစ်တာကိုလည်း သက်သာစေပါတယ်။
▪️အချို့သော အရေပြားယားယံမှုအနီစက်အပျော့စားတွေနဲ့ ဝက်ခြံအပျော့စားတွေကို အရောင်ကျစေပါတယ်။
▪️ရေကျောက်ပေါက်လို့ ယားယံရင်လည်းလိမ်းပေးလို့ရပါတယ်။
▪️သာမန် အနီစက်၊အဖုအပိန့်နဲ့ အသေးစားယားယံမှုတွေအတွက်တော့ Generally Safe (ယေဘုယျအားဖြင့် စိတ်ချရနိုင်ခြင်း)ဖြစ်လို့ အိမ်မှာဆောင်ထားလို့သင့်တော်တဲ့လိမ်းဆေးတစ်မျိုးဖြစ်ပါတယ်။

💠လိမ်းနည်း

လူကြီး/ကလေးမှာ အရေပြားပြဿနာဖြစ်တဲ့နေရာပေါ် ဆေးတို့ပေးပြီး ခြောက်အောင် လေသလပ်ထားလိုက်ရင် အယားသက်သာပြီး ကုတ်ခြစ်တာလျော့ပါတယ်။ Topical (လိမ်းဆေး)ဖြစ်လို့ အရေပြားပေါ်အနည်းငယ်တင်ကြည့်ပြီး Skin Test လုပ်ပြီးမှ စမ်းလိမ်းရင်လည်းရပါတယ်။ ရောဂါကုတဲ့ဆေးမဟုတ်ဘဲ အရေပြားအပေါ်ယံအခြေအနေသက်သာအောင် သုံးရတဲ့လိမ်းဆေးသာဖြစ်ပါတယ်။

(ရောဂါအခံအခြေအနေတစ်ခုခုရှိရင် မိသားစုဆရာဝန်နှင့်တိုင်ပင်ပြီးမှသုံးပေးပါ)

❗သတိပြုရန်
••••••••••••••••
▪️မျက်စိ၊ ပါးစပ်နဲ့ မျိုးပွားအင်္ဂါများထဲ မလိမ်းရပါ။
ပြဲစုတ်သွေးထွက်နေသောအနာပေါ်မလိမ်းရပါ။
▪️ကလေးများကို မလိုအပ်ဘဲ နေ့စဉ် Baby Lotion လိုလိမ်းရတဲ့အရာမဟုတ်ပါ။
▪️G6PD Deficiency ရှိပါက Calamine သီးသန့်
ပါဝင်သောဆေးရည်ကိုပဲရွေးချယ်ပါ။ Calamine Lotion သီးသန့်က လိမ်းဖို့အတွက် Safe ဖြစ်ပါတယ်။ ဒါပေမယ့် Calamine နဲ့အတူ Menthol, Phenol, Salicylates ရောနှောထားတဲ့ဆေးရည်တွေကို မလိမ်းပေးပါနဲ့။ ပါဝင်ပစ္စည်းတွေကိုဆေးဘူးမှာ ကိုယ်တိုင်ဖတ်ကြည့်ပါ။

ဒီလိမ်းဆေးကို Brand Name အမျိုးမျိုးနဲ့ဝယ်ယူလို့ရပါတယ်။ ဈေးနှုန်းလည်းသက်သာပြီး ဆေးဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်ပါတယ်။ အိမ်မှာဆောင်ထားရင် မမှားဘဲ အိမ်တိုင်းအတွက် အသုံးဝင်နိုင်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်

2026 my vision board.   #ကလေးအထည်
01/01/2026

2026 my vision board.

#ကလေးအထည်

2026 ရောက်ခဲ့ပြီအားလုံးကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေစိတ်သစ်လူသစ်နဲ့ဘဝကိုဖြတ်သန်းနိုင်ကြပါစေ   #ကလေးအထည်  #လယ်ဝေး
01/01/2026

2026 ရောက်ခဲ့ပြီ
အားလုံးကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ
စိတ်သစ်လူသစ်နဲ့ဘဝကိုဖြတ်သန်းနိုင်ကြပါစေ


#ကလေးအထည်
#လယ်ဝေး

သင့်ကလေးရဲ့ဦးနှောက် ဖွံ့ဖြိုးမှုအတွက် မိဘတွေ လုပ်ဆောင်သင့်သော နည်းလမ်းများ ၁။ အာဟာရ ပြည့်ဝအောင် ကျွေးပါ ဦးနှောက်ဖွံ့ဖြို...
30/12/2025

သင့်ကလေးရဲ့ဦးနှောက် ဖွံ့ဖြိုးမှုအတွက် မိဘတွေ လုပ်ဆောင်သင့်သော နည်းလမ်းများ

၁။ အာဟာရ ပြည့်ဝအောင် ကျွေးပါ

ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အဓိကအာဟာရများ-
✅ Omega-3 (ဆယ်လ်မွန်၊ အခွံမာသီး)
✅ သံဓာတ် (အမဲသား၊ ဟင်းနုနွယ်)
✅ ပရိုတင်း (ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး)

၂။ အိပ်ချိန် မှန်ကန်စေပါ

အသက်အလိုက် လိုအပ်သော အိပ်ချိန်များ-
🍓အသက် 1-2 နှစ်
(ည 11-14 နာရီ) (နေ့ 1-2 နာရီ)

🍓အသက် 3-5 နှစ်
(ည 10-13 နာရီ) (နေ့ 0-1 နာရီ)

၃။ စကားပြောဆိုမှုကို အားပေးပါ

✅ကလေးနဲ့ တစ်နေ့လျှင် အနည်းဆုံး ၁၅ မိနစ် စကားပြောပါ။ အဖွင့်မေးခွန်းများ မေးပါ (ဥပမာ "ဒီနေ့ဘာတွေလုပ်ခဲ့လဲ")

၄။ ကစားခြင်းဖြင့် သင်ကြားပါ

ဦးနှောက်ဖွံ့ဖြိုးစေတဲ့ ကစားနည်းများ-
✅ ပဟေဠိဖြေစာ (Memory ကောင်းစေ)
✅ LEGO အရုပ်ဆက်ကစားနည်း (အမြင်အာရုံနှင့် အချိုးကျမှု တိုးတက်)
အတုယူကစားခြင်း (လူမှုရေးစွမ်းရည်)

၅။ စာဖတ်ခြင်း အလေ့အကျင့် မွေးမြူပါ

✅နေ့စဉ် အနည်းဆုံး ၂၀ မိနစ် စာဖတ်ပြချိန် သတ်မှတ်ပါ။ ကလေးပါဝင်နိုင်တဲ့ အသံထွက်ဖတ်ခြင်း ပြုလုပ်ပါ။

၆။ ဂီတနဲ့ အနုပညာကို မိတ်ဆက်ပေးပါ
✅ဂီတဖွင့်ပြီး ကခိုင်းခြင်း (ဦးနှောက်၏ ညာဘက်ခြမ်းဖွံ့ဖြိုး စေပါတယ်)။ ဆေးခြယ်ခြင်း၊ ရွှံ့စေးနှင့် ကစားခြင်း (လက်မှုကျွမ်းကျင်မှု) ၇။ ကိုယ်လက်လှုပ်ရှားမှု အားပေးပါ

✅တစ်နေ့လျှင် ၁ နာရီ ပြင်ပကစားချိန် ပေးပါ။

ကြွက်သားအတွက် ကောင်းတဲ့ ကစားနည်းများ (ဘောလုံး၊ ကြိုးခုန်)

၈။ သဘာဝနဲ့ ထိတွေ့ခွင့်ပေးပါ

✅တစ်ပတ်လျှင် ၂ ကြိမ် ဥယျာဉ်၊ ပန်းခြံကို ခေါ်သွားပါ။ သစ်ရွက်၊ ကျောက်စရစ်များနဲ့ သဘာဝပစ္စည်းတွေကို စုဆောင်းပါ။

၉။ ဒီဂျစ်တယ် ကိရိယာများကို ထိန်းချုပ်ပါ။

✅ ၂ နှစ်အောက်ကလေးတွေကို ဖုန်း/တီဗီလုံးဝမကြည့်ပါစေနဲ့။ ၆ နှစ်အထက်: တစ်နေ့ ၁ နာရီထက် မပိုစေရပါ။

၁၀။ ချစ်ခြင်းနဲ့ လုံခြုံမှုကို ဖန်တီးပေးပါ

✅နေ့စဉ် အုပ်ချုပ်ခြင်း၊ နမ်းခြင်း ဖြင့်ချစ်ခြင်းပြသပါ။ ကလေး၏ခံစားချက်ကို "မင်းစိတ်ညစ်နေတာသိပါတယ်" ဟုလက်ခံပါ။


🎯 သိပ္ပံနည်းကျ အကြံပြုချက်

👉 ကလေး၏ ဦးနှောက်သည် ပထမ ၅ နှစ်တွင် ၉၀% ဖွံ့ဖြိုးပြီး ဤအချိန်သည် အရေးကြီးဆုံးဖြစ်ပါသည်။

👉 မိဘနှင့် အပြုသဘောဆောင်သော ထိတွေ့မှုရှိသည့် ကလေးများတွင် IQ ၁၀-၁၅% ပိုမြင့်ပါသည်။ "ကလေးတစ်ဦး၏ ဦးနှောက်သည် ကမ္ဘာပေါ်ရှိ အံ့ဖွယ်အဖြစ်ဆုံးအရာ ဖြစ်ပြီး မိဘများသည် ထိုအံ့ဖွယ်အရာကို ဖွင့်လှစ်ပေးနိုင်သည့် သော့ချက်ဖြစ်ပါသည်။

Credit to original right owner
#ကလေးကျန်းမာရေး
#ကလေးအထည်
#လယ်ဝေး

🌸 ဘိုဆန်ဆန်ကြိုက်တဲ့မေမေတွေအတွက် Colour အငြိမ်လေးတွေ    #ကလေးအထည်  #လယ်ဝေး
29/12/2025

🌸 ဘိုဆန်ဆန်ကြိုက်တဲ့မေမေတွေအတွက် Colour အငြိမ်လေးတွေ


#ကလေးအထည်
#လယ်ဝေး

🌺 ကလေးတွေက အနီရောင်လို ပန်းရောင်လို အရောင်တောက်တောက်တွေကိုသဘောကျကြတယ်။ ဒါကကလေးသဘာဝပဲ။ အနီရောင်ချည်းပဲဝတ်ချင်တဲ့ကလေးတွေက ...
29/12/2025

🌺 ကလေးတွေက အနီရောင်လို ပန်းရောင်လို အရောင်တောက်တောက်တွေကိုသဘောကျကြတယ်။ ဒါကကလေးသဘာဝပဲ။ အနီရောင်ချည်းပဲဝတ်ချင်တဲ့ကလေးတွေက သပ်သပ်ရှိသေးတယ်။

🌺 ခက်တာက မေမေတွေက အနီရောင်ချည်းမဝတ်စေချင်ဘူး။ ဒါဆို အနီရောင်နဲ့လိုက်ဖက်တာက အဖြူရောင်လေးပဲ။ ဦးထုပ်အဖြူ ဆွယ်တာအဖြူ ခြေအိတ်အဖြူလေးတွေကို ကလေးတွေကြိုက်တဲ့ အနီရောင်စကပ်လေးတွေ ဂါဝန်လေးတွေနဲ့ တွဲဝတ်လိုက်ရင် colour လေးက ငြိမ်ပြီး အမြင်မရိုင်းတော့ဘူး။


#ကလေးအထည်
#လယ်ဝေး

🍀၂ နှစ်အထက်ကလေးတွေ  သံဓာတ်ချို့တဲ့ရင် ဘာဖြစ်နိုင်လဲ🌸သံဓာတ်ချို့တဲ့ပါက သွေးအားနည်းရောဂါ (Anemia) ဖြစ်ပေါ်နိုင်ပြီး ကလေး၏ ...
25/12/2025

🍀၂ နှစ်အထက်ကလေးတွေ သံဓာတ်ချို့တဲ့ရင် ဘာဖြစ်နိုင်လဲ

🌸သံဓာတ်ချို့တဲ့ပါက သွေးအားနည်းရောဂါ (Anemia) ဖြစ်ပေါ်နိုင်ပြီး ကလေး၏ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည်။

🍀သံဓာတ်ချို့တဲ့ရသောအကြောင်းရင်းများ

🌸 ကလေးများသည် သံဓာတ်ပါဝင်သော အစားအစာများဖြစ်သည့် အနီရောင်အသား၊ နှင့်အရည်ရွမ်းသော အသီးအနှံများကို လုံလောက်စွာ မစားခြင်း

🌸နို့၊ ကော်ဖီ၊ လက်ဖက်ရည် လွန်ကဲစွာ သောက်သုံးခြင်း

🌸အစာအိမ် သို့မဟုတ် အူမကြီးဆိုင်ရာ ရောဂါများနှင့်အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများကြောင့် သံဓာတ်စုပ်ယူမှုကို လျော့နည်းစေပြီး သံဓာတ်ချို့တဲ့ခြင်း

🍀သံဓာတ်ချို့တဲ့သော လက္ခဏာများ

✅ အရေပြားဖြူဖျော့ခြင်း (pale skin)

✅အလွယ်တကူ ပင်ပန်းနွမ်းနယ်ခြင်း

✅အာရုံစူးစိုက်နိုင်မှု နည်းပါးခြင်း

✅စားစရာမဟုတ်သော အရာများကို စားချင်စိတ်ပေါ်လာခြင်း (ဥပမာ- အညစ်အမှိုက်၊ သဲ၊ စက္ကူ စသည်)

✅ဆံပင်ကျွတ်ခြင်း၊ လက်သည်း/ခြေသည်း ကျွတ်လွယ်ခြင်း

ဤလက္ခဏာများသည် ကလေး၏ နေ့စဉ်ဘဝကို ထိခိုက်စေနိုင်ပြီး ကုသမှုမပြုလျှင် ပိုမိုဆိုးရွားသော ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်🚨

🍽 သံဓာတ်ပါဝင်သော အစားအစာများ (၂ နှစ်အထက်ကလေးများအတွက်)

သံဓာတ်ချို့တဲ့ခြင်းကို ကာကွယ်ရန်နှင့် ကုသရန်အတွက် သံဓာတ်ပါဝင်သော အစားအစာများကို မျှတစွာ စားသုံးပေးရန် လိုအပ်သည်။ အောက်ပါအစားအစာများသည် သံဓာတ်ကြွယ်ဝစွာ ပါဝင်သည်-

✅️ အနီရောင်အသား (ဥပမာ- အသည်း၊ အမဲသား)🥩
✅️ ကြက်ဥ🥚
✅️ ပဲမျိုးစုံ (ဥပမာ- ပဲစင်းငုံ၊ ပဲအနီစေ့)🥜🫘
✅️ နို့ထွက်ပစ္စည်းများနှင့် ဆန်၊ ထမင်း၊ Cereals/Oats (သံဓာတ်ဖြည့်စွမ်းထားသော အမျိုးအစားများကို ရွေးချယ်ပါ)🥛🍚
✅️ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ (ဥပမာ- ဟင်းနုနွယ်၊ ပန်းဂေါ်ဖီ)🥬🥦

‼️အထူးသတိပြုရန်

သံဓာတ်ချို့တဲ့ခြင်းကို ကာကွယ်ရန်နှင့် ကုသရာတွင် အောက်ပါအချက်များကို ဂရုပြုရန် လိုအပ်သည်-

💚 နို့သောက်ပါ။နွားနို့ကို တစ်နေ့လျှင် ၁-၂ ခွက်သာ သောက်သုံးရန် အကြံပြုပါသည်။ နို့လွန်ကဲစွာ သောက်သုံးပါက သံဓာတ်စုပ်ယူမှုကို ဟန့်တားနိုင်သည်။

💚 ထို့ပြင် ဖော်မြူလာနို့ရွေးချယ်ရာတွင်လဲ သံဓာတ်အပါအဝင် အာဟာရဓာတ်စုံလင်စွာပါတဲ့ နို့အမျိုးအစားကို ရွေးချယ်ပါ။

💚 ဗီတာမင် C နှင့် တွဲဖက်စားသုံးပါ

💚 သံဓာတ်ပါဝင်သော အစားအစာများကို ဗီတာမင် C ပါဝင်သော အသီးအနှံများ (ဥပမာ- ပွင့်လင်းသီး၊ လိမ္မော်၊ သံပယ်သီး) နှင့် တွဲဖက်စားသုံးပါ။ ၎င်းသည် သံဓာတ်စုပ်ယူမှုကို ပိုမိုတိုးတက်စေသည်။

💚 သံဓာတ်ဖြည့်စွမ်းဆေးများ
သံဓာတ်ဖြည့်စွမ်းဆေး (Iron Supplement) သောက်သုံးရန် လိုအပ်ပါက ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သာသောက်သုံးပါ။ ဆေးပမာဏ လွန်ကဲစွာ သောက်သုံးမိပါက ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်။

👩‍⚕️နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် သံဓာတ်ချို့တဲ့ခြင်းသည် ကလေးများ၏ ကျန်းမာရေးနှင့် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သော ပြဿနာတစ်ခုဖြစ်သည်။ သင့်ကလေးတွင် အထက်ဖော်ပြပါ လက္ခဏာများ တွေ့ရှိပါက ဆရာဝန်ထံသို့ အမြန်ဆုံး ပြသပြီး ရောဂါရှာဖွေကုသမှု ခံယူရန် အကြံပြုပါသည်။ မျှတသော အာဟာရဓာတ်ဖြည့်စွမ်းမှုနှင့် နေ့စဉ်ဘဝပုံစံ ထိန်းညှိခြင်းဖြင့် သံဓာတ်ချို့တဲ့ခြင်းကို ကာကွယ်နိုင်ပြီး ကလေးများ၏ ကျန်းမာရေးကို ထိန်းသိမ်းနိုင်မည် ဖြစ်ပါသည်။

💚၂ နှစ်အထက်ကလေးများနှင့် သံဓာတ်ချို့တဲ့ခြင်း (Iron Deficiency Anemia)
ဒေါက်တာဝင်းဝင်းမြင့်
အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး၏ ဆောင်းပါးကို အခြေခံ၍ ရေးသားဖော်ပြပါသည်။

#ကလေးကျန်းမာရေး
#လယ်ဝေး

Address

Magway

Telephone

+9758254848

Website

Alerts

Be the first to know and let us send you an email when K & P Thrift Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to K & P Thrift Shop:

Share