Magway online shop

Magway online shop အဝတ်အထည်မျိုးစုံ၊ကျန်းမာရေးနှင့်အ? magwayMyanmar Burma

03/07/2022
12/06/2022

" နယုန်လပြည့် " - " မဟာသမယအခါတော်နေ့ "
____________________________________________

🖊 နယုန်လသည် မြန်မာလများတွင် တတိယမြောက်လဖြစ်သည်။
နယုန်လ၏ ရာသီပန်းကား စံပါယ် မြတ်လေးပန်းဖြစ်၏။
နယုန်လတွင် ရှေးမြန်မာမင်းများ လက်ထက်အခါက စာတော်ပြန်ပွဲများ ကျင်းပလေ့ရှိ၏။
ယခုခေတ်ပထမပြန်စာမေးပွဲသည် ရှေးခေတ်နယုန်လ စာတော်ပြန်ပွဲမှ ဆင်းသက်လာခြင်းဖြစ်သည်။

🖊 နယုန်လပြည့်နေ့တွင် ကပိလဝတ်ပြည်မဟာဝုန်တောကြီး အတွင်း၌ မဟာသမယသုတ်တော်ကို မြတ်စွာဘုရားဟောကြားတော်မူသည်ကို အကြောင်းပြု၍ နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့အဖြစ် သတ်မှတ်ကြပါသည်။

🖊 မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်အခါက ကပိလဝတ်ပြည်မှ လယ်သမားများနှင့် ကောလိယပြည်မှ လယ်သမားများ ရောဟိနီမြစ်ရေကို အကြောင်းပြု၍ ရေလုပွဲကြီးဆင်နွှဲခဲ့ကြ၏။
နှစ်ဖက်နိုင်ငံမှ လူအများသည် တိုက်ခိုက်ကြတော့မည့် အခြေအနေသို့ရောက်ရှိနေကြ၏။
လယ်သမားများကို အကြောင်းပြု ၍ နှစ်ဖက်နိုင်ငံမှ မင်းညီမင်းသားများ စစ်သည်တော်များသည်လည်း ရောဟိနီမြစ်သို့ ရောက်လာကြ၏။

🙏 ပဋိပက္ခဖြစ်မည့်နေရာသို့ မြတ်စွာဘုရားရောက်ရှိလာပြီး ငြိမ်းချမ်းရေးကို ရှေးရှု၍ ဇာတ်ဝတ္ထု များကို သာဓကထုတ်ကာ ငြိမ်းချမ်းရေးတရား ဟောကြားတော်မူပါသည်။

🙏 မြတ်စွာဘုရားသည် ဖန္ဒနဇာတ်၊ ပထဝီဥန္ဒြိယဇာတ်၊ လဋုကိကဇာတ်၊ သမ္မောဒမာနဇာတ်၊ ရုက္ခဓမ္မဇာတ်၊ အတ္ထဒဏ္ဍဇာတ် တို့ကို ဟောကြားတော်မူပါသည်။

🙏 တရားနာကြားပြီးသောအခါ နှစ်ဖက်နိုင်ငံမှ လူအများသည် ဒေါသငြိမ်းကာ လက်နက်စွန့်၍ မေတ္တာဓာတ် သက်ဝင်လာကြပါသည်။
တစ်ဖက် ၂၅၀စီသော နှစ်ပြည်ထောင်မှ မင်းသားငါးရာတို့ သာသနာ့ဘောင်ဝင်၍ ရဟန်းပြု ကြပါသည်။

🙏 မြတ်စွာဘုရားသည် ထိုရဟန်းငါးရာကို ဟိဝန္တာတောအတွင်းရှိ ကုဏာလရေအိုင်သို့ တန်ခိုးတော်ဖြင့် ခေါ်ဆောင်၍ ကုဏာလဇာတ်ကို ဟောတော်မူပါသည်၊တရားအဆုံး၌ ရဟန်းငါးရာလုံး သောတာပန် ဖြစ်တော်မူကြပါသည်။

🙏 မြတ်စွာဘုရားသည် ကုဏာလရေအိုင်မှ ကပိလဝတ်ပြည် အနီးမဟာဝုန်တောကြီးသို့ ပြန်လည်ကြွရောက်တော်မူရာ အပြန်ခရီးတွင် သောတာပန်ရဟန်း ငါးရာလုံးမိမိတို့ ၏ တန်ခိုးဖြင့် လိုက်ပါလာကြပါသည်။
ထိုရဟန်းငါးရာတို့သည် မဟာဝုန်တောကြီးထဲ၌ ဆက်လက်တရားအားထုတ်ရာ အားလုံးရဟန္တာ ဖြစ်တော်မူကြပါသည်။

📕 ရဟန္တာငါးရာတို့သည် မိမိတို့ ရရှိပြီးသော တရားထူးကို လျှောက်ထားရန် မြတ်စွာဘုရားကို ဖူးမြော်ရန် နယုန်လပြည့်နေ့ ညချမ်းအချိန်တွင် မြတ်စွာဘုရား ထံတော်မှောက်စုရုံးရောက်ရှိ လာကြပါသည်။
ဤကဲ့သို့ ထူးခြားသောသံဃာ့အစည်းအဝေးကြီးကို တွေ့မြင်ကြည်ညိုကြသော နတ်၊ ဗြဟ္မာ၊ အသုရာနှင့် ဂဠုန် နှင့် နဂါးတို့သည် မဟာဝုန်တောကြီးသို့ အုပ်စုလိုက် စုရုံးရောက်ရှိလာကြပါသည်။

🖊 နတ်ဗြဟ္မာများ စုရုံးစည်းဝေးမိကြသော အချိန်ကို မဟာသမယဟု ခေါ်ဆိုကြပါသည်။
ရောက်ရှိလာသော နတ်ဗြဟ္မာတို့က တလှည့်စီ မြတ်စွာဘုရားကို အနီးကပ် ဖူးမြော်ကြသည့်အခါ နတ်ဗြဟ္မာတို့ကို ရဟန္တာငါးရာတို့နှင့် မိတ်ဆက်ပေးသည့်အနေဖြင့် နတ်ဗြဟ္မာတို့၏ အမည်နာမ၊ ဘုံဋ္ဌာန၊ တန်ခိုးဣဒ္ဓိပါဒ်၊ အခြွေအရံတို့ကို ထုတ်ဖော်မြွတ်ကြားချက်ကို မဟာသမယသုတ်ဟု ခေါ်ပါသည်။

🖊 မဟာသမယသုတ် ဟောကြားပြီးနောက် စရိုက်အားလျှော်စွာ အောက်ပါသုတ်တော်များကို ဆက်လက်ဟောကြားတော်မူပါသည်။

📕 ရာဂစရိုက်အားကြီးသူတို့အတွက် - သမ္မာပရိဗ္ဗာဇနိယသုတ်။

📗 ဒေါသစရိုက်အားကြီးသူတို့အတွက် - ကလဟဝိဝါဒသုတ်။

📘 မောဟစရိုက်အားကြီးသူတို့အတွက် - မဟာဗျူ ဟသုတ်။

📒 ဝိတက်စရိုက်အားကြီးသူတို့အတွက် - စူဠဗျူဟသုတ်။

📔 သဒ္ဓါစရိုက်အားကြီးသူတို့အတွက် - တုဝဋကသုတ်။

📙 ပညာစရိုက်အားကြီးသူတို့အတွက် - ပုရာဘေဒသုတ်။

တို့ကို ဟောကြားတော်မူရာ နတ်ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ ကျွတ်တန်းဝင်ကြပါသည်၊
စရိုက်ခြောက်ပါး အားလျှော်စွာ သုတ်တော်များကို ဟောကြားသည့်အခါ နတ်ဗြဟ္မာတို့ လွယ်ကူးနားလည်နိုင်စေရန် နိမ္မိတရုပ်ပွားတော်တစ်ဆူ ဖန်ဆင်းတော်မူပါသည်။
နိမ္မိတဘုရားက မေး၍ ပကတိဘုရားက ဖြေဆိုကာ အမေး အဖြေ နည်းဖြင့် ဟောကြားတော်မူပါသည်။

🙏🌹နယန်လပြည့်နေ့တွင်

✅ ရေလုကြသော လယ်သမားများ ငြင်းခုံခိုက်ရန်ဘေးမှ ကင်းဝေးခဲ့ပါသည်။
✅ ကပိလဝတ်နှင့် ကောလိယနှစ်ပြည်ထောင် စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှ ကင်းဝေးစေခဲ့ပါသည်။
✅ မြတ်စွာဘုရားလက်ထက်က ရဟန်းတော်များနှင့် နတ်ဗြဟ္မာ၊ အသုရာနှင့်ဂဠုန် နဂါးများ ဤတစ်ကြိမ်သာ စုရုံးမိကြပါသည်။
✅ မင်းသားငါးရာ တပြိုင်နက် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြပါသည်။
✅ ထိုရဟန်းငါးရာလုံး ရဟန္တာချည်းဖြစ်ခဲ့ကြပါသည်။
✅ နိမ္မိတဘုရားက မေး၍ ပကတိဘုရားက ဖြေဆိုကာ တရားဟောတော်မူခဲ့ကြပါသည်။
✅ မဟာသမယသုတ်ကို အကြောင်းပြု ၍ ဂဠုန်နှင့်နဂါးတို့ ခိုက်ရန်မဖက် မေတ္တာသက်ဝင်ခဲ့ကြပါသည်။
✅ မဟာသမယဆိုင်ရာ သုတ်တော်ခုနှစ်သုတ်ကို ဟောကြားခဲ့ပါသည်။
✅ ဘိက္ခုနီ သာသနာ လမ်းစပေါ်သော နေ့လည်းဖြစ်ပါသည်။

🖊 ဤကဲ့သို့ အကြောင်းအချက်များကို အကြောင်းပြု ၍နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့အဖြစ်သတ်မှတ်ကြပါသည်။
နယုန်လပြည့် မဟာသမယနေ့တွင်လမဟာသမယသုတ်ကို ရွတ်ဖတ်ပူဇော်သင့်ပါသည်။

🖊မဟာသမယသုတ်ကို အစဉ်အမြဲရွတ်ဖတ်ပူဇော်နေပါကနတ်များ၏ ချစ်ခင်မှုကို ခံရကြောင်း၊ အိမ်သစ်တိုက်သစ်နေရာသစ်တို့၌ မင်္ဂလာယူလိုသောသူတို့သည်လည်းမဟာသမယသုတ်ကို ရွတ်ဖတ်သင့်ကြောင်းအဋ္ဌာကထာဆရာ တိုက်တွန်းခဲ့ပါသည်။

ဗဟုသုတရစေမဲ့ ဂရု(Group)လေးပါ လူတိုင်းဝင် ထားသင်တယ်နော်😍💡
https://www.facebook.com/groups/647935105856550/?ref=share
crd မူရင်းရေးသားသူ

- ဒေါက်တာအရှင်သူရိယ

🖊 ပြန်လည်ပြုပြင်ရေးသားပါသည်။
ရှင်နန္ဒဝံသ

07/05/2022

Address

Yankyaw(13)Road
Magway
မင်္ဂလာပါ

Telephone

+959441725521

Website

Alerts

Be the first to know and let us send you an email when Magway online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Magway online shop:

Share

Category