Dream Maze

Dream Maze Fashion and Food

တနေ့က သူငိုတယ်တခါမှ ငိုတာ မမြင်ဖူးတဲ့သူတစ်ယောက်ငိုတာ မြင်တော့ ဘားမှ မပြောနိုင်တော့ပဲ ကိုယ်ပါ ငိုမိရောအမြဲရယ်မောနေပြီးးး ...
03/04/2024

တနေ့က သူငိုတယ်
တခါမှ ငိုတာ မမြင်ဖူးတဲ့သူတစ်ယောက်ငိုတာ မြင်တော့ ဘားမှ မပြောနိုင်တော့ပဲ ကိုယ်ပါ ငိုမိရော
အမြဲရယ်မောနေပြီးးး ပျော်စရာတွေပဲမျှဝေ ၊အငိုလွယ်တဲ့ ကိုယ့်ကို စိတ်ညစ်စေမဲ့အရာဆို ပေးမသိတဲ့ သူ ဆိုတော့ သူမျက်ရည်တွေမြင်ရတော့ ကိုယ့်မှာ ငါဘာလုပ်ပေး သူအဆင်ပြေမလဲ တွေးပြီးရင်ပူရတယ်
သူက ပျော်ပျော်နေတတ်တဲ့ ကောင်လေးဆိုတော့ငိုတာ ခနလေးပါပဲပြီးတော့ ရယ်မောပြီးသူအဆင်ပြေပါတယ်တဲ့
မြင်ရခဲတဲ့ သူ့မျက်ရည်တွေမို့ ငါအတော်ခံစားခဲ့ရတယ်
သူ့မျက်နှာ ညှိုးတာမြင်ရတော့ ပွေ့ဖက်ပြီးထားပေးချင်တယ်
ဒါပေမဲ့ အဝေးကြီးမှာဆိုတဲ့စိတ်က လူကို သတ်ပြန်ရော
တစ်ခါလောက်ပဲ ပွေ့ဖက်ခွင့်ပေးပါ
သူဝမ်းနည်းနေတဲ့အခါ အနားမှာ နေခွင့်ပေးပါ
ကျမကို သူလိုအပ်တယ်တဲ့လေ
#ရွှေဆူး

28/02/2023

တက္ကသိုလ်တက်နေတုန်းက သူငယ်ချင်း တစ်ယောက်ရှိတယ်။ သူက အတော်လေးစာတော်ပါတယ်။ သူအမြဲပြောတဲ့စကားရှိတယ်။ ငါကအချိန်တန်ရင် အိမ်က ခေါက်ဆွဲစက်ကိုပဲဦးစီးမှာ။ ဒီဘွဲ့ယူတယ်ဆိုတာ
ငါ့generation အတွက် ပညာရေးနဲ့ပတ်သက်တဲ့ ဏ်တစ်စ်ခုချန်ထားချင်လို့ရယ်၊ ငါ့နဂိုဥာဏ်စွမ်းထက် ပိုတွေးခေါ်နိုင်အောင်လို့ရယ် တက်တာတဲ့။

သူဟာ ကျောင်းပြီးတော့ တကယ်ပဲ သူ့အဖေခေါက်ဆွဲစက်မှာပဲ အလုပ်ဝင်ခဲ့ပါတယ်။ အခုဆို ခေါက်ဆွဲစက်ခွဲတွေအများကြီးပါ။ သူ့ဘွဲ့ဓာတ်ပုံကို ခမ်းခမ်းနားနားချိတ်ထားသလို ကျောင်းမှာလည်း တကယ် စာကြိုးစားခဲ့တာပါပဲ။

ဘာလို့သူ့အကြောင်းအစချီနေလည်းဆိုတော့
အခုရက်ပိုင်း fb မှာ ပျံ့နေတဲ့ post ၂ခုကို
အတော်ဘဝင်မကျဖြစ်နေမိလို့ပါ ။ ဘွဲ့ဝတ်စုံနဲ့လူငယ်တွေကိုငေးနေတဲ့ခေါင်းရွက်ဈေးသည်လေးပုံ။ caption ရဲ့အဓိပ္ပါယ်က ဘွဲ့ရတွေက အချိန်တန်လစာ ၂သိန်းလောက်နဲ့ပြီးသွားမှာမို့ အားကျမနေသင့်ကြောင်း၊ ဈေးရောင်းရတာပိုကောင်းကြောင်းပေါ့။ နောက်ထပ် post တစ်ခုက လေးသောင်းကျော်ဖိုးလောက် စာရင်းဖွင့်ထားတဲ့ပလုံးဒိုင်က ဘောင်ချာ။ ပလုံးပဲကောက်စားတော့မယ် ဘာညာနဲ့တင်ကြ share ကြပေါ့ သတိထားမိကြမှာပါ။

အများစုက ဘာခံစားချက်မှ မရှိအပျော်တင်တာ။ ဟာသလေးပေါ့။ တချို့လည်း ခံစားချက်ကြောင့်တင်တာ။ တချို့ကတော့ ပညာရေးကို သက်သက်မဲ့ နှိမ်လိုစိတ်နဲ့တင်တာ။
ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီ post နှစ်ခုဟာ ဘယ်လုပ်ငန်းခွင်မှ မဝင်ရသေးတဲ့ ပညာသင်လက်စ ကလေးတွေဆီ၊ ဆယ်ကျော်သက်တွေဆီအတော်ရောက်သွားပြီး အတည်ကြီးတွေပြောကုန်ကြတာပါ။ တိုက်တိုက်ဆိုင်ဆိုင် အတန်းလိုက် အတန်းတင်စာမေးပွဲတွေဖြေနေချိန်ကြီး။
အဲ့ဒီpostတွေကိုပြပြီး
သားတို့ ဒီစာတွေကျက်ပြီး ဒီစာမေးပွဲအောင်လည်း အချိန်တန်လစာ၂သိန်းပဲရမှာကို အောင်ရင်တော်ပြီပေါ့ တီချယ်ရာ။ ပလုံးကောက်တာကမှ ပိုအဆင်ပြေသေးတယ် ဆိုတဲ့စကားလေးအချို့ကို ကျွန်မ အတော်ပဲ ရှင်းပြအားပေးခဲ့ရပါတယ်။

ဈေးရောင်းတာ ပလုံးကောက်တာက ရှက်စရာမဟုတ်ပါ။ ဒါပေမဲ့ ပေါ့သေးသေးကိစ္စလည်း လုံးဝမဟုတ်ပါဘူး။ ဆိုင်ခန်းဖွင့်ပြီးဈေးရောင်းမယ်ဆိုရင် အရင်းအနှီး၊ ဆိုင်ခန်းငှားခ၊ ဈေးအတက်အကျ ဒါတွေကို ရင်ဆိုင်ဖို့က အခြေခံပါ။ ခေါင်းပေါ်ရွက်ပြီး လမ်းတကာလည် ရောင်းဖို့ဆို နေပူမရှောင်မိုးရွာမရှောင် အပင်ပန်းခံရမယ်။ ရောင်းမကူန်ရင် ဘာလုပ်မလဲစဉ်းစားရမယ်။ နောက်ဆုံး အပေါ့အလေးကိစ္စတောင် ကြုံသလို ဖြေရှင်းရမယ်။
ပလုံးကောက်တဲ့ကိစ္စက ပိုလို့တောင် ခက်ခဲပါသေးတယ်။ လမ်းတကာ အမှိုက်ပုံတကာ အိမ်ကြိုအိမ်ကြား ညစ်ပတ်နံစော်နေတဲ့နေရာတွေမှာ ကောက်ရမယ်။ အထင်သေးတဲ့အကြည့်နဲ့ကြည့်တာခံနိုင်ရမယ်။ အခန့်မသင့်ရင် သူခိုးစွဲသူနဲ့ကြုံဦးမယ်။ဒါအပေါ်ယံပဲရှိသေးတယ်။
အခြားကိစ္စတွေမပြောသေးဘူးနော်။ တလောတုန်းက ကျွန်မရေးဖူးတဲ့ ဒေါပုံက ပလုံးကောက်တဲ့ ငပုတိုလေးဆို ၉နှစ်အရွယ်လေးမှာ ပလုံးဒိုင်ကအပြန်ကားတိုက်လို့ကွယ်လွန်သွားရှာတယ်။ သူလေးခမျာ နောက်ဆုံးအခ်ျန်ထိ ကျောင်းတက်ချင်ခဲ့တာ။

အချိန်တန်ရင်
ငါ့အဖေက ပလုံးကောက်တာကွ၊ ငါ့သား ငါ့သမီးက ဈေးလှည့်ရောင်းနေတာလေ ဆိုတာမျိုးကို ဘယ်မိဘ ဘယ်သားသမီးကမှ ဂုဏ်ယူပြီးပြောမှာမဟုတ်ပါဘူး။ ငါ့သားကကွာ....ဘွဲ့ရပြီးပြီ။ ဘာသာရပ်တစ်ခုခုလည်းကျွမ်းကျင်တယ်။ အခြေအနေအရ
သူ့ဘာသာဆိုင်ဖွင့်နေတာ ဆိုတာမျိုးပဲ ဖြစ်ချင်ကြမှာပါ။
နောက်ပြီး စာတစ်လုံးမှမသင်ဖူးတဲ့သူရဲ့အတွေးအခေါ်တီထွင်နိုင်စွမ်းနဲ့ စာတတ်တဲ့လူရဲ့အတွေးအခေါ်အယူအဆက အနည်းနဲ့အများ ကွာကိုကွာပါတယ်။

လက်ရှိအလုပ်အကိုင်တွေခက်ခဲကြတယ်။ ငွေကြေးကအသုံးမခံဘူး။ ရတဲ့လစာနဲ့လုပ်ရတဲ့အလုပ်မကာမိဘူး။ ဒါတွေကအမှန်တရားတွေပါပဲ။ ဒါပေမဲ့ ကျွန်မတို့ရဲ့မျိုးဆက်တွေ
တစ်ခေတ်ပြီးတစ်ခေတ် ပိုပိုပြီးနောက်ကျမကျန်ခဲ့အောင် ပညာရေးကိုတော့ နတ်နေကိုင်းအဖြစ်ချန်ထားကြပါ။ လိုအပ်ချက်ကို ထောက်ပြကြ၊ ဝိုင်းအော်ကြပါ။ ပညာရေးက ဘာမှအရေးမပါဘူးဆိုတာမျိုးအတွေးရောက်ကုန်တဲ့အထိ ဟာသမလုပ်ကြပါနဲ့။

ပေါက်ပင်ကတော့ ကိုင်းနေတာကြာပါပြီ။ နိုင်ငံရေး စီးပွားရေး ကျန်းမာရေးတွေကြား လူငယ်တွေစိတ်ထဲ ပညာရေးကို အထင်မကြီးတော့တာကြာပါပြီ။
ထပ်ပြီးထပ်ပြီး နလန်မထူနိုင်အောင် တွန်းပို့မိကြသလိုမဖြစ်ဖို့ hopeless news တွေကို အားရပါးရ မဖြန့်ကြပါစို့လားရှင်။

mon phyo

Ok🥲
26/02/2023

Ok🥲

25/02/2023
🥹
25/02/2023

🥹

ဇလုံကြီး အသင့်စား အနှစ်ထုတ်အရသာလေးတွေကတော့😍💥 ချဉ်ပေါင်အနှစ်💥 ဆီပြန်ဟင်းအနှစ်💥 ငါးရွှေငရုတ်သီးရခိုင်နှစ်💥 ပုစွန်ခရမ်းချဉ်သ...
14/09/2022

ဇလုံကြီး အသင့်စား အနှစ်ထုတ်

အရသာလေးတွေကတော့😍

💥 ချဉ်ပေါင်အနှစ်
💥 ဆီပြန်ဟင်းအနှစ်
💥 ငါးရွှေငရုတ်သီးရခိုင်နှစ်
💥 ပုစွန်ခရမ်းချဉ်သီးငပိနှစ်
💥 မာလာရှမ်းကောနှစ်

အထုတ်သေး ၁၀ ထုတ်ပါ
၁ ပါကင် 3700

အထုတ်သေး ၁၀ ထုတ်အရော ၁ ပါကင်
3800

ဆက်သွယ် မှာယူလိုပါက cb သို့
09441443143သို့ ဆက်သွယ်နိုင်ပါတယ်နော်

အစေ့အဆံအစုံပါကြာစွယ်မှုန့်ဗူး၁ ဗူး 6000✅ "ကြာစွယ်မှုန့်" ဆိုတာ တရုတ်လူမျိုးတို့က ကြာစွယ်ကြာရိုးများကို ရိုးရာဆေးဝါး ၊ဟင်...
11/09/2022

အစေ့အဆံအစုံပါ
ကြာစွယ်မှုန့်ဗူး

၁ ဗူး 6000

✅ "ကြာစွယ်မှုန့်" ဆိုတာ တရုတ်လူမျိုးတို့က ကြာစွယ်ကြာရိုးများကို ရိုးရာဆေးဝါး ၊ဟင်းချက်၊အချိုပွဲ အမျိုးမျိုး ပြုလုပ် သုံးဆောင်ရာကနေ စတင် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။
✅ "ကြာစွယ်မှုန့်"မှာ အချွဲဓာတ် ၊Vitamin C ၊ကယ်လ်စီယမ် နဲ့ ပရိုတိန်း တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။
✅ သွေးလည်ပတ်မှုကောင်းကာ သွေးဖိအားကိုပါ ထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။
✅ လည်ချောင်းနာခြင်း၊ ဝမ်းတွင်း အပူများတာကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။
✅ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် ကောင်းမွန်စေပြီး အာဟာရ တိုးစေပါတယ်။

ဒါဆို ဘယ်လိုလူတွေက 🔹"ကြာစွယ်မှုန့်" ကို အဓိကထား စားသုံးသင့်တာလဲ? 🤔
☑️ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ
☑️ အစာအိမ်သမားများ၊
☑️ မီးဖွားပြီးစအမျိုးသမီးများ ၊
☑️ ဓမ္မတာ မမှန်သူများ၊
☑️ ဝိတ်ထိန်း၊ ဝိတ်လျှော့ပြုလုပ်လိုသူများ အတွက် အထူးသင့်တော်ပါတယ်။

🍇🍓🥜🍌 Oat Meal သီးစုံအထုပ်ကြီး 408g..4500(အရမ်းစားလို့ကောင်းတယ်နော်)အထုပ် ကြီးမို့အရမ်းလည်းတန်😘အစားသမားလေးတို့ရေ Oat Meal...
11/09/2022

🍇🍓🥜🍌 Oat Meal သီးစုံ
အထုပ်ကြီး 408g..4500

(အရမ်းစားလို့ကောင်းတယ်နော်)အထုပ် ကြီးမို့အရမ်းလည်းတန်😘

အစားသမားလေးတို့ရေ Oat Meal စားရင်းဝိတ်ချကြမယ်နော် 😍

Oat Meal ပဲပါတာမဟုတ်ပဲ စတော်ဘယ်ရီသီးခြောက်၊ငှက်ပျော်သီးခြောက် နဲ့တခြားအစေ့အဆံတွေလည်း အများကြီးပါပါတယ်

💁‍♀️💁‍♀️Oatmeal စားခြင်း ရဲ့ အကျိုးကျေးဇူးများကတော့ ⬇️⬇️

1. Oatmeal မှာ ကာဗိုဟိုက်ဒရိတ်၊ နှင့် အမျှင် ဓါတ်ကြွယ်ဝ တဲ့ အစားအစာ ဖြစ်တဲ့ အပြင် တခြားသော ဓါတ်တွေ ဖြစ်တဲ့ မဂ္ဂနီစ်၊ မဂ္ဂနီစီယမ်၊ ဖော့စဖောရပ်၊ သွပ်ဓါတ်၊ ဇင့်ဓါတ်၊ သံဓါတ်၊ ဖောလိတ် နှင့် ဗီတာမင် ဘီ 1 နှင့် ဘီ 5 တို့ ကြွယ်ဝစွာပါဝင်တဲ့ အတွက် ကျန်းမာရေး ကို အဖတ်ဖတ် ကနေ အထောက်အကူ ပြု နိုင်စွမ်းရှိပါတယ်။

2. Oatmeal မှာ ဓါတ်တိုးဆန့်ကျင် (antioxidants) များစွာ ပါဝင်တဲ့ အတွက် ယောင်ရမ်းခြင်း နှင့် အချို့သော ကင်ဆာ များကို လည်း ကာကွယ်ပေူနိုင်တဲ့အပြင် သွေးတိုး၊ နှလုံး သွေးကြောကျဉ်းရောဂါ တွေ ကို ပါ တဖက်တလမ်း ကနေ ကာကွယ်ပေးပါတယ်။

3. Beta-glucan လို့ ခေါ်တဲ့ အမျှင် ဓါတ် ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် သွေးတွင်း အဆီဓါတ် (ကိုလက်စထရော) ကို ကျစေနိုင်သည့် အပြင် သွေးတွင်း သကြားဓါတ်ကို လည်း ထိန်းညှိပေးနိုင်ပါတယ်။

4. ထို့အပြင် အူလမ်းကြောင်း မှာ ရှိတဲ့ အကျိုးပြု ဘတ်တီးရီးယား များ ကိုလည်း ပွားစေတဲ့ အတွက် အူလမ်းကြောင်း ကောင်းမွန်စေတဲ့ အပြင် ဝမ်းဗိုက် သက်တောင့် သက်သာ ဖြစ်စေပါတယ်။
အမျှင်ဓါတ်
5. ဝိတ်ချနေတဲ့ သူတွေ အတွက်လည်း ပမာဏ နည်းနည်း စားရုံနဲ့ များတဲ့ အတွက်ကြောင့် ဗိုက်တင်းသလို ခံစားရပြီး အစာစားတဲ့ ပမာဏ ကို သိသိသာသာ ကျစေနိုင်တဲ့ အတွက် ဝိတ်ချတဲ့ နေရာမှာ လည်း အကျိုးပြုပါတယ်။

6. ဝမ်းချုပ်နေတဲ့ သူတွေ မှာ လည်း oatmeal စားပေးသင့်ပါတယ်။ အမျှင်ဓါတ်များတဲ့အတွက်ကြောင့် အမျှင်ဓါတ် က ရေက်ု စုပ်ယူပြီး ဝမ်းသွားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဝမ်းလျှေဝမ်းမှန်စေတဲ့ာတဲ့ဘပုံစံ မဟုတ်ဘဲ ပုံစံမျိုး ဖြစ်စေပါတယ်။

💁‍♀️Oatmeal ကို နို့၊ ဒိန်ချဉ် တို့နှင့် တွဲ စားပေးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်

မြင့်မြင့်ခင် လမုန့်များ 🥧🥯🥐☕ သကြားလမုန့် (၁၀ခုပါ) ☑ 4000 ကျပ်ပဲလမုန့် (၁၀ခုပါ) ☑ 4000 ကျပ်မလိုင်ပဲလမုန့် ☑ 3500 ကျပ်မလိ...
08/09/2022

မြင့်မြင့်ခင် လမုန့်များ 🥧🥯🥐☕

သကြားလမုန့် (၁၀ခုပါ)
☑ 4000 ကျပ်

ပဲလမုန့် (၁၀ခုပါ)
☑ 4000 ကျပ်

မလိုင်ပဲလမုန့်
☑ 3500 ကျပ်

မလိုင်ပဲမဲလမုန့်
☑ 3500 ကျပ်

ပဲလမုန့်ရှယ်ကြီး
☑ 5000 ကျပ်

ပဲမဲလမုန့်ရှယ်ကြီး
☑ 5000 ကျပ်

သကြားလမုန့်ရှယ်ကြီး
☑ 5000 ကျပ်

ရှယ် ထောပတ်ပဲလမုန့်
☑ 5000 ကျပ်

ရှယ် သကြားလမုန့်
☑ 5000ကျပ်

ရှယ် ၃ မျိုးစပ်လမုန့်
☑ 5000 ကျပ်

၁ ဗူးချင်းစျေးနှုန်းလေးတွေပါ
ထိုးမုန့် လမုန့် ဗူး ၃၀ အထက်ယူရင် ပင်ရင်းစျေးအတိုင်းရပါမယ် ယခုစျေးထက် ၃၀၀ လျော့

ရိုးရာ ငပိထောင်း ကဒ်အလေအလွင့်မဖြစ်အောင် တခါစားဗူးသေး ၁၂ ဗူးပါပါတယ်၁ ကဒ် 1600ကျပ် ပါရှင့်ဆက်သွယ်မှာယူလိုပါကph no -0944144...
04/09/2022

ရိုးရာ ငပိထောင်း ကဒ်

အလေအလွင့်မဖြစ်အောင် တခါစားဗူးသေး ၁၂ ဗူးပါပါတယ်

၁ ကဒ် 1600ကျပ် ပါရှင့်

ဆက်သွယ်မှာယူလိုပါက
ph no -09441443143
သို့ဆက်သွယ် ပေးပါရှင့်

မန္တလေးမြို့တွင်းးစနေ တနင်္ဂနွေနေ့များတွင်
မည့်သည့်နေရာမဆို ပို့ခ 1500ကျပ်ပဲ ကျသင့်ပါမယ်ရှင့်

အရံဟင်းအတွက်စိတ်ပူစရာမလို သန့်ရှင်းစားကောင်းတဲ့ အသင့်စားဗူးလေးတွေရှိပါတယ်👉 သရက်သီးသနပ်👉 ငံပြာရည်ကြော်👉 ဘာလချောင်ကြော်👉 ပ...
02/09/2022

အရံဟင်းအတွက်စိတ်ပူစရာမလို

သန့်ရှင်းစားကောင်းတဲ့ အသင့်စားဗူးလေးတွေရှိပါတယ်

👉 သရက်သီးသနပ်
👉 ငံပြာရည်ကြော်
👉 ဘာလချောင်ကြော်
👉 ပုစွန်ငပိထောင်း

အသင့်စားဗူးကြီး
၁ ဗူး ၁၈၀၀ ကျပ်

Address

60* 106
Mandalay

Telephone

+959441443143

Website

Alerts

Be the first to know and let us send you an email when Dream Maze posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share