Pauk Pauk Baby Diaper

Pauk Pauk Baby Diaper Baby Diaper

စာကိုစောစောစီးစီးရေးသင်စေချင်တဲ့မေမေတွေ မူကြိုကျောင်းက ဘာလို့စောစောရေးမသင်တာလဲဆိုတာ သိချင်တဲ့မေမေတွေ အဆုံးထိဖတ်ပေးပါနော်...
31/07/2022

စာကိုစောစောစီးစီးရေးသင်စေချင်တဲ့မေမေတွေ မူကြိုကျောင်းက ဘာလို့စောစောရေးမသင်တာလဲဆိုတာ သိချင်တဲ့မေမေတွေ အဆုံးထိဖတ်ပေးပါနော်
အောက်က X-ray ပုံလေးကို တွေ့ဖူးမယ်ထင်ပါတယ်။
ဘယ်ဘက် အပေါ်က ၃နှစ်ကလေးရဲ့ လက်ပုံနဲ့ ညာဘက် အပေါ်က ၆-နှစ်ကလေးရဲ့ လက်ပုံမှာ အရိုးတည်ဆောက်ပုံဟာ တော်တော်လေး ကွာတာကို တွေ့ရမှာပါ။ ၃ နှစ်ကလေးရဲ့ လက်ကောက်ဝတ် အရိုးလေးတွေကို သေချာ ကြည့်ကြည့်ပါ။ အရိုးနုလေးတွေပဲ ရှိပါသေးတယ် ။ အရိုးလေးတွေ တခုနဲ့တခုကြား နေရာလေးတွေ လွတ်နေပါသေးတယ် ။ ဆက်ပြီး ကြီးထွားဖို့ရာ လိုအပ်နေပါသေးတယ်။ ညာဘက်အောက်က ၁၄-နှစ်ကလေးရဲ့ လက်နဲ့ ၆ နှစ်ကလေးရဲ့ လက်က အရိုးလေးတွေတောင် ကွာခြားနေပါသေးတယ်။
၃-၅ နှစ် မူကြိုအရွယ်လေးတွေဟာ ကျောင်းသားအရွယ် ကလေးတွေနဲ့ လူကြီးတွေလို စာရေးနိုင်၊ လုပ်နိုင်ဖို့ဆိုရင် လက်ကလေးတွေ သန်မာဖို့ အများကြီး လိုပါသေးတယ်။
တကယ်လို့ မူကြိုအရွယ်လေးတွေ စာမရေးချင်ဘူး၊ ပုံမဆွဲချင်ဘူးဆိုရင်လည်း အရမ်းကြီး တွန်းအား မပေးသင့်သေးပါဘူး။ စိတ်ညစ်စရာလည်း မလိုပါဘူး။တချို့ လုပ်နိုင်ပေမယ့် တချို့ မလုပ်နိုင်သေးပါဘူး။ သူတို့ အရွယ်ကြီးလာတာနဲ့အမျှ လက်က အရိုးကလေးတွေ ၊ ကြွက်သားလေးတွေကလည်း ပိုသန်လာတာမို့ သူ့ အချိန်တန်ရင် ရေးနိုင်၊ဆွဲနိုင်လာမှာပါ။
လက်ကလေးတွေ သန်မာဖို့ အားပေးတဲ့ ကစားနည်းနဲ့ လှုပ်ရှားမှုလေးတွေကို လုပ်ပေးရင် စာရေးဖို့ အဆင်သင့် ဖြစ်လာမှာပါ။ ဒါမှလည်း စာရေးရ ၊ ပုံဆွဲရ ၊ အရုပ်ဆက်ရတာ အတင်းဖိအားပေးပြီး လုပ်ရတာထက် ပိုပျော်စရာကောင်းလာမှာပါ ။ (လက်မနာမညောင်းတော့ဘူးပေါ့။)
လက်ကလေးတွေ သန်မာအောင်
ပုံဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်း( ခဲတံတုတ်တုတ် ၊ crayon တွေနဲ့ ပုံဆွဲတာ၊လက်ချောင်းတွေနဲ့ ဆေးခြယ်တာ ၊ ကိုင်ရတာ လွယ်ပြီး ကြီးတဲ့အရာတွေနဲ့ ဆေးခြယ်တာမျိုးဆို ပိုကောင်းပါတယ် ။
ဂျုံနဲ့ ကစားခြင်း။
စာရွက်တွေ ညှပ်ခြင်း၊ ဆုတ်ဖြဲခြင်း။ (ကလေးဆုတ်လို့ ညှပ်လို့ရတဲ့ စာရွက်တွေ ပေးထားဖို့ လိုပါတယ်။)
ကော်ကပ်ခြင်း။
အပေါက်ကလေးတွေ ဖောက်စေခြင်း။ (စာရွက်မှာ သွားကြားထိုးတံလိုမျိုးနဲ့ ဖောက်ပြီး ကစားကြည့်ပါ။)
မြေကြီးတူး၊ သဲတူးခြင်း။
အရွယ်စုံ ခွက်တွေနဲ့ ခြင်တွယ်ခြင်း။ ( ရေ ၊ ဆန်၊ သဲတွေနဲ့ ခြင်တာ၊ သယ်တာ ကစားနိုင်ပါတယ်။)
block တုံး၊Legoဆက်ခြင်း။
ပုတီးစေ့သီစေခြင်း။ ( ကတ္ထူပြားလေးမှာ အပေါက်လေးဖောက်ပြီး ကြိုးသွင်းစေတာ၊ပိုက်ကလေးတွေ ဖြတ်ပြီး သီစေတာမျိုး လုပ်နိုင်ပါတယ်။)
အသက်အလိုက် puzzles ဆက်ခြင်း။
အရွယ်စုံဘောလုံး ပစ်ခြင်း။ ဖမ်းခြင်း။
လက်နဲ့ ဖျစ်ညှစ်စေခြင်း။ (stress balls, ရေစိုနေတဲ့ ဖော့တုံး တို့ကို ဖျစ်ညှစ်ပြီး ဆော့ကစားနိုင်ပါတယ်။)
ကစားစရာများနဲ့ ကစားခြင်း။( ကားတွန်းတာ၊ အရုပ်ကောက်တာ ၊ ထားတာ၊ ဘောလုံးလှိမ့်တာတွေကို ကြည့်ပြီး ကလေးရဲ့ လက်ချောင်းသန်မာမှုကို သိနိုင်ပါတယ်)

ကလေးတွေမှာ သွားပေါက်တဲ့ ပုံလေးပါအစာပျော့ပျော့ကျွေးရာကနေ သွားပိုများလာနဲ့အမျှ ပြောင်းလဲကျွေးနိုင်ပါတယ်
07/08/2021

ကလေးတွေမှာ သွားပေါက်တဲ့ ပုံလေးပါ
အစာပျော့ပျော့ကျွေးရာကနေ သွားပိုများလာနဲ့အမျှ ပြောင်းလဲကျွေးနိုင်ပါတယ်

ကလေး နို့ဝ/မဝ ဘယ်လိုသိမလဲ။▪️ ကလေးက ဝမ်းပုံမှန်သွားပါသလား။ ကလေး ၅ ရက်သားကနေ ၇ ရက်သားလောက်အရောက်မှာ တစ်နေ့ကို ညိုဝါရောင် အ...
07/08/2021

ကလေး နို့ဝ/မဝ ဘယ်လိုသိမလဲ။

▪️ ကလေးက ဝမ်းပုံမှန်သွားပါသလား။
ကလေး ၅ ရက်သားကနေ ၇ ရက်သားလောက်အရောက်မှာ တစ်နေ့ကို ညိုဝါရောင် အီအီးလေးတွေ ၃၊ ၄ ခါလောက် အနည်းဆုံးပါနေမယ်ဆိုရင် ဒါဟာ ကလေး နို့လုံလောက်အောင် ရတဲ့သဘောပါပဲ။ အသက် ၂ လကနေ ၃ လလောက်ဆိုရင်တော့ တစ်နေ့ကို တစ်ကြိမ်ပဲ အီအီးပါတာကနေ တစ်ရက်ခြားတစ်ခါလောက်နှုန်းအထိ ပြောင်းသွားပါလိမ့်မယ်။ နောက်ပိုင်းမှာတော့ ဒီထက်ပို ရက်ခြားနိုင်ပါတယ်။

▪️ ကလေး ဆီးပုံမှန်သွားပါသလား။
ကလေးကို ၃/၄ နာရီခြား တစ်ခါ Diaper လဲပေးတိုင်းမှာ Diaper ဟာ သေးကောင်းကောင်းစိုနေမယ်ဆိုရင် သူနို့ကောင်းကောင်းဝနေတယ်ဆိုတဲ့သဘောပါပဲ။ Diaper မ၀တ်တဲ့ ကလေးတွေဆိုရင်လည်း ဆီးကောင်းကောင်းသွားနေတယ်ဆိုရင် ကောင်းပါတယ်။

▪️ ကလေးရဲ့ ဆီးအရောင်က ဘယ်လိုအရောင်လဲ။
ကလေးရဲ့ဆီးအရောင်က အဝါဖျော့ ဒါမှမဟုတ် အရောင်မရှိရင် ကလေးက ရေဓာတ်လုံလောက်အောင်ရနေတယ်၊ နို့လည်းလုံလောက်တယ်ဆိုတာ သိနိုင်ပါတယ်။

▪️ ကလေးရဲ့ နို့မျိုချသံ။
ကလေးနို့မျိုချသံ "ဂလုဂလု" ဟာ နို့ချိုတွေ စီးဆင်းနေတဲ့ အချက်ပြသံပါပဲ။ ကလေးက အသံတိတ် နို့စို့တတ်တဲ့ကလေးဆိုရင်တော့ သူ့ရဲ့ကိုယ်အလေးချိန် တက်နေတယ်ဆိုရင် စိုးရိမ်စရာမရှိပါဘူး။

▪️ နို့တိုက်ပြီးရင် ကလေးက ကျေနပ်သွားသလား။
လူကြီးတွေ အစားဝအောင်စားလိုက်ရပြီဆိုရင် စိတ်ကျေနပ်ပြီး တရေးလောက် မှေးချင်လာတတ်တယ်မဟုတ်လား။ အဲဒီလိုပါပဲ။ ကလေးက နို့တိုက်ပြီးပေမယ့် ကျေနပ်မသွားဘဲ ငိုပြီး ဂျီကျနေသေးတယ်ဆိုရင် နို့မဝသေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဗိုက်ဆာလို့ တစ်ခုတည်း မဟုတ်ဘဲ တခြားအကြောင်းတွေကြောင့် ငိုနေတာလည်း ဖြစ်နိုင်တယ်ဆိုတာကိုတော့ သတိပြုရပါမယ်။ Diaper/အနှီး လဲစေချင်လို့ ငိုတာ၊ လေနာလို့ ငိုတာတွေလည်း ဖြစ်နိုင်ပါတယ်။ ယေဘုယျအားဖြင့်တော့ ကလေးက တက်ကြွပြီး ကျန်းမာနေတယ်ဆိုရင် မိခင်နို့ထွက်တာနဲ့ပတ်သက်ပြီး စိတ်ပူစရာမရှိပါဘူး။

▪️ ကလေးက ကိုယ်အလေးချိန်ပုံမှန်တက်နေသလား။
ဒါကတော့ အဓိက စောင့်ကြည့်ရမယ့်အချက်ပဲဖြစ်ပါတယ်။ ကလေးက ကိုယ်အလေးချိန် ပုံမှန်တက်နေတယ်ဆိုရင် မိခင်က နို့ကောင်းကောင်းထွက်တယ်ဆိုတဲ့သဘောပါပဲ။ မွေးကင်းစကလေးအများစုဟာ မွေးပြီးပြီးချင်းမှာ ကိုယ်အလေးချိန် ခဏလောက် ပြန်ကျသွားတတ်ကြပေမယ့် (ပေါင်ပြည့်လစေ့တဲ့ ကလေးတွေအနေနဲ့) ဆယ်ရက်သားနဲ့ အထက်ရှိပြီဆိုရင်တော့ မွေးတုန်းက ကိုယ်အလေးချိန်ကို ပြန်ရောက်ရမှာဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး တစ်ပတ်ကို ၄ အောင်စကနေ ၇ အောင်စလောက်အထိ ဆက်တိုးနေရပါမယ်။ အကယ်၍ ကိုယ့်ကလေးဟာ ကိုယ်အလေးချိန် လုံလောက်အောင် တိုးမနေဘူး။ ဒါမှမဟုတ် ကိုယ်အလေးချိန်ကျနေတယ်ဆိုရင် နို့မလုံလောက်ဘူးလားဆိုတာကို ကလေးဆရာဝန် (သို့မဟုတ်) အာဟာရဆရာဝန်နဲ့ မေးမြန်းတိုင်ပင်ရပါမယ်။

လေ့လာမှုတွေအရ မွေးကင်းစကလေးတွေ မွေးပြီးခါစအချိန်မှာ ကိုယ်အလေးချိန် ယာယီကျတာကို မိခင်တွေက သူတို့ နို့ထွက်တာ မလောက်ဘူးထင်ပြီး ဖြည့်စွက်နို့မှုန့်တွေ ချက်ချင်းတိုက်တာကြောင့်လည်း မိခင်နို့ထွက်နည်းစေတာကို တွေ့ရပါတယ်။

Address

Mandalay

Telephone

+959989289166

Website

Alerts

Be the first to know and let us send you an email when Pauk Pauk Baby Diaper posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share