20/02/2024
သင့်ရဲ့ မျက်နှာသစ်နည်းက မှန်ကန်ရဲ့လား?
မျက်နှာသန့်စင်ဖို့အတွက် တော်တော်များများက မျက်နှာသစ်ဆေးတွေကိုပဲ အဓိကထားရွေးသုံးနေတတ်ကြပါတယ်။ ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ မျက်နှာသစ်ဆေးကို မှန်ကန်စွာရွေးချယ်နိုင်ဖို့အပြင် မျက်နှာသစ်နည်း မှန်ကုန်ဖို့ကလဲ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ မျက်နှာသစ်နည်းက မှန်ကန်ရဲ့လားဆိုတာ ပြန်လည်သုံးသပ်ကြဖို့ လိုအပ်ပါတယ်။
မျက်နှာမသစ်ခင် လက်ကိုမဆေးခြင်း၊ မျက်နှာခဏခဏသစ်ခြင်း၊ ရေအပူချိန်မှားယွင်းနေခြင်း၊ Scrub အသုံးများခြင်း၊ မျက်နှာကို အလွန်အမင်းပွတ်ခြင်း စတာတွေက မျက်နှာအသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။
ဒါ့ကြောင့် မျက်နှာမသန့်စင်ခင် လက်ကိုဆေးကြောပေးပါ။ လိုအပ်မှ မျက်နှာကို သန့်စင်ပေးပါ။ တစ်ပတ် တစ်ကြိမ်လောက်သာ မျက်နှာကို Scrub ဖြင့် အသုံးပြုပေးပါ။ သင့်တင့်သော ရေအပူချိန်ကို အသုံးပြုပါ။ မျက်နှာသုတ်တဲ့အခါ ပွတ်ဆွဲခြင်းမပြုပဲ ဖိဖိ သုတ်ပေးပါ။
ဒီနည်းလမ်းတွေနဲ့ ကိုယ့်ရဲ့ အသားအရေအမျိုးအစားပေါ် မူတည်ပြီး New Skiin Foam Cleanser ကို ရွေးချယ်အသုံးပြုမယ်ဆိုရင် ပြဿနာကင်းပြီး ကြည်လင်သန့်ရှင်းတဲ့ မျက်နှာအသားအရေကို ရရှိစေမှာဖြစ်ပါတယ်။
💛 Vitamin C - ပုံမှန်အသားအရေရှိပြီး တင်းတိပ်၊ မှဲ့ခြောက်ပျောက်ကင်းချင်သူများ အသားအရောင် ညီညာလိုသူများ၊ အသားဖြူစင်ဝင်းပချင်သူများ အသုံးပြုနိုင်ပါတယ်။
🩵 Collagen - အသားအရေခြောက်သွေ့ပြီး အသားအရေတင်းရင်းလိုသူများ၊ အစိုဓါတ်ထိန်းသိမ်းလိုသူများ အသုံးပြုနိုင်ပါတယ်။
💜 Salicylic Acid - အဆီပြန်ပြီး ဝက်ခြံထွက်သော အသားအရေရှိသူများ၊ ဆားဝက်ခြံနှင့် အဆီဖု ပျောက်ကင်းလိုသူများ အသုံးပြုနိုင်ပါတယ်။
မျက်နှာပေါ်မှ အညစ်အကြေးများကို အကောင်းဆုံး သန့်စင်ဖယ်ရှားပေးတဲ့ မျက်နှာသစ် ဆပ်ပြာခရင်မ်ပဲ ဖြစ်ပါတယ်။
New Skiin Foam Cleanser (150g) တစ်ဗူး - ၁၂,၅၀၀ ကျပ် / 200 Baht