17/05/2024
#ဒီနေ့တော့ တကယ်ကို အမှတ်တရပါဘဲ♥️
ခုနောက်ပိုင်း အလုပ်တစ်ဖက်နဲ့မို့ page ကို အချိန်သေချာ မပေးနိုင် လက်ကားဘဲ ရောင်းနိုင်နေတာ
လက်လီဆို ပုံမရိုက်အားလို့ မရောင်းတာ ကြာနေပြီ
ဒီနေ့တော့ stock ရှိတာတွေ လက်ကျန်ဖြတ်ချင်လို့ ဈေးထဲ သွားခင်းရောင်းလိုက်တယ်
ပထမဆုံး ရောင်းဖူးတာမို့ ရောင်းရပါ့မလားဆိုပြီး ကြောက်ကြောက်နဲ့ သွားရောင်းတာ ပါသမျှ အကုန် ကုန်ဘဲ
ပုံထဲက ခင်းပြီး အထုပ်တွေ အကုန်မချရသေးဘူး ရိုက်ထားတာ
ပုံရိုက်တုန်းရှိသေး လူတွေ စုပြုံကျလာလို့ သေချာလဲ မခင်းလိုက်ရ ပုံလဲ အကုန်မရိုက်လိုက်ရနဲ့
စခင်းထဲက တောက်လျောက်ရောင်းလိုက်ရတာ ကုန်ထိဘဲ လူလဲ မော ဗိုက်ကစာနဲ့ ဒါပေမယ့် ပျော်ပါတယ်ပေါ့နော်😻
အပြင်မှာ ဈေးရောင်းတာ ပျော်စရာကောင်းမှန်း ခုမှဘဲ သိတော့တယ် ပထဆုံး အတွေအကြုံပေါ့နော်