14/07/2025
အမျိုးသမီးတို့အတွက် မိုးရာသီနဲ့ လိုက်မယ့် ဖက်ရှင်များ 🌧🌩🌦
မိုးရာသီမှာ အဝတ်အစားရွေးချယ်ပြီဆိုရင် မိုးရာသီနဲ့ လိုက်ဖက်တာတွေကို ရွေးချယ်ဝတ်ဆင်ဖို့လိုပါတယ်။ မိန်းကလေးတွေဆိုရင် ပိုပြီးတောင် ရွေးချယ်တတ်ဖို့လိုပါတယ်နော်။ ✅💯
ဒါ့ကြောင့် မင်မင်က မိုးတွင်းမှာ ပျိုမေလေးတို့ ဝတ်ဆင်သင့်တဲ့ ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင် 💁💁
မိုးတွင်းမှာ ဘောင်းဘီရှည်၊ စကပ်ရှည်နဲ့ ဂါဝန်ရှည်ဝတ်တာတွေကိုရှောင်ကြဉ်သင့်ပါတယ်။❌❌ ဘောင်းဘီတိုနဲ့ Half Pants တွေဝတ်တာကတော့ အကောင်းဆုံးပါ။ ဘောင်းဘီရှည်ဝတ်မယ်ဆိုရင် ဘောင်းဘီကို ခေါက်ပြီးဝတ်မှ ရေမစိုဘဲ အဝတ်အစားလည်း မညစ်ပတ်မှာပါ ✅💯
အကောင်းဆုံးကတော့ မိုးရာသီမှာ အဝတ်အစားရွေးချယ်မယ်ဆိုရင် ဘောင်းဘီတို၊ စကပ်တိုနဲ့ ဂါဝန်တိုလေးတွေကို ရွေးချယ်ဝတ်ဆင်တာ အကောင်းဆုံးပါပဲ 💯✅
အင်္ကျီ 👚👚
အင်္ကျီဝတ်တဲ့အခါမှာတော့ လက်ရှည်လေးတွေ၊ ခေါင်းစွပ်အင်္ကျီလေးတွေနဲ့ Hoodie လေးတွေကို ဝတ်ဆင်တာက မိုးရာသီနဲ့လိုက်ဖက်ပြီး ပိုပြီးတော့ ဖက်ရှင်ကျစေပါတယ် ✅
ဂါဝန်လေးတွေ 👗👗
ဂါဝန်လေးတွေဝတ်တဲ့အခါမှာလည်း အပေါ်ထပ်ဆွယ်တာလေးတွေ၊ ကုတ်လေးတွေနဲ့ Hoodie လေးတွေကို ထပ်ဝတ်လို့ရပါတယ်
လက်ရှည်အင်္ကျီတွေနဲ့ ဆွယ်တာအင်္ကျီတွေ၊ ဂျင်းကုတ်တွေကို လည်း ဝတ်လို့ရသလို လက်ပြတ်တွေ၊လက်တိုတွေဝတ်မယ်ဆိုရင်လည်း အပေါ်ထပ်လေးတွေထပ်ဝတ်လို့ရနေတာဆိုတော့ အရမ်းအဆင်ပြေပါတယ်။ ✅
ဖိနပ် 👟👞👡👢
ဖိနပ်တွေကိုရွေးချယ်တဲ့အခါမှာတော့ မိုးတွင်းမှာ ဒေါက်ဖိနပ်တွေနဲ့ ရိုးရိုးဖိနပ်အပါးတွေ၊ နုနုရွရွလေးတွေမစီးဘဲ ကြိုးသိုင်းဖိနပ်လေးတွေနဲ့ ဘွတ်ဖိနပ်တွေကိုစီးတာက ပိုအဆင်ပြေပါတယ်။ ✅
ထီး ☂🌂
နောက်ဆုံး စမတ်ကျကျနဲ့ လှနေစေဖို့ကတော့ သင်နဲ့ လိုက်ဖက်တဲ့ ထီးလေးတချောင်းပါပဲ။ ကိုရီးယားကားထဲကလို ထီးဝါဝါလေး တချောင်းလား၊ အကြည်ရောင် ထီးလေး တချောင်းလား ဆိုတာကတော့ သင့်အကြိုက်နဲ့ ဆန်းစစ်ပြီး ဆောင်ထားဖို့ လိုပါတယ်နော်။ ✅
မိန်းကလေးတိုင်း မိုးရာသီမှာ ရှိုးမပြတ်ပဲ စတိုလ်ကျကျနဲ့ လှနေစေဖို့ ဒီအချိက်လေးတွေကို မှတ်ထားဖို့ လိုမယ်နော် 💁💁
အဝတ်အစား ဖက်ရှင်ဒီဇိုင်းနဲ့ ပက်သက်တဲ့ ဗဟုသုတလေးတွေကို အမြဲဝေမျှပေးသွားမှာမို့ Page ကို Like & Follow လေးလုပ်ခဲ့ဖို့ မမေ့ပါနဲ့နော် 🤗🤗
#အမျိုးသမီးများအတွက် #မိုးရာသီအဝတ်အစားများ