20/08/2023
အလုပ်များပြီး ပထမဆုံး ကလေးလည်းဖြစ်တဲ့ ဖေဖေမေမေအသစ်တို့အတွက် မွေးကင်းစအရွယ်ကလေးငယ်လေးတွေရဲ့ ခဏခဏ ဆီးသွားတဲ့အခါ အဝတ်လဲပေးရတဲ့ ပြဿနာကလဲ မသေးဘူးနော်…
ဒီလိုအချိန်မျိုးမှာ Diaper ကို အသုံးပြုတာက အကောင်းဆုံး ဖြေရှင်းနည်းဆိုပေမယ့် အရည်အသွေးမကောင်းတဲ့ Diaper တွေသုံးမိတာ ဒါမှမဟုတ် အချိန်ကြာမြင့်စွာ Diaper အသုံးပြုပေးမိတာတွေကြောင့် ရင်သွေးလေးရဲ့ အရေပြားကို ထိခိုက်စေနိုင်ပါတယ်။
ဒါပေမယ့် တစ်ရက်တာလုံး Diaper ဝတ်ပေးထားလို့မရဘူးဆိုတဲ့ အယူအဆကလည်းမမှန်ကန်ပါဘူး။
Diaper ရဲ့ စိုစွတ်မှု ထိန်းသိမ်းနိုင်တဲ့ ပမာဏနဲ့ ကလေးငယ်ရဲ့ ဆီးသွားနှုန်းပေါ်မူတည်ပြီး Diaper စိုနေပြီဆိုရင် မကြာခဏ လဲလှယ်ပေးဖို့လိုပါတယ်။ များသောအားဖြင့်တော့ ၁ နာရီ တစ်ခါလောက် စစ်ဆေးပြီး လိုအပ်လာရင် လဲလှယ်ပေးရမှာဖြစ်ပါတယ်။
ညအိပ်ချိန်တွေမှာဆိုရင်တော့ Size ကြီးပြီး သက်တောင့်သက်သာဖြစ်စေမယ့် Diaper မျိုးကိုအသုံးပြုပေးပါက တညလုံး အသုံးပြုပေးထားနိုင်မှာဖြစ်ပါတယ်။
Diaper လောင်တာမျိုး မဖြစ်စေဖို့ဆိုရင် အရည်အသွေးကောင်းတဲ့ Diaper ကို သုံးပေးဖို့လိုအပ်ပြီး မကြာခဏ လဲလှယ်ပေးဖို့လဲ လိုအပ်ပါတယ်နော်…
Molfix နဲ့သာဆိုရင် ဒီလို ပြဿနာတွေကို မေ့ပစ်ထားလို့ရပီနော်
ရင်သွေးလေးရဲ့ ဆီးသွားနှုန်းပေါ် မူတည်ပြီး ၄ နာရီ ၅ နာရီ ကြာတဲ့ အထိ လဲပေးစရာမလိုပဲ ခြောက်သွေ့စေမှာ Molfix ရဲ့ ထူးခြား မှုပါပဲ …
ကဲ အမြန်ဆုံးသာ လာမှာထားလိုက်တော့နော်