Khit Sann Lwin

Khit Sann Lwin မြန်မာပွဲတက်ဝတ်စုံများနှင့် ခေတ်မှီလှပသော ချည်ထည်များအား ဒီဇိုင်နာချုပ်အရည်အသွေးဖြင့် ဝတ်ဆင်လိုသူတိုင်းအတွက် အကောင်းဆုံးနေရာ❇️

19/05/2026

"အသက်အရွယ်ဆိုတာ ရင့်ကျက်ခြင်းရဲ့ အလှတရားတစ်ခုပဲမလား..." 🥰

အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ အသက် (၃၀) ကျော် (၄၀) ကျော်ဆိုတာ မိသားစုအတွက်၊ အလုပ်အကိုင်အတွက် တာဝန်တွေအရှိဆုံးနဲ့ အပင်ပန်းဆုံး အချိန်တွေ ဖြစ်တတ်ပါတယ်။ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့တောင် မေ့နေတတ်ကြတယ်လေ။

ဒါပေမဲ့ ဒီအရွယ်ဟာ အမျိုးသမီးတစ်ယောက်ရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ အလှတရားတွေ အပွင့်
လန်းဆုံး အချိန်လည်း ဖြစ်ပါတယ်။

"အသက်ကြီးလာလို့ ဘာဝတ်ဝတ် မလှတော့ပါဘူး" ဆိုတဲ့ အတွေးမျိုးကို ဖျောက်ဖျက်
ပစ်လိုက်ပါ။

ငယ်ငယ်က ပုံပြင်ထဲမှာ အားကျခဲ့ရတဲ့ Snow White မင်းသမီးလေးလိုပဲ... မမတို့ရဲ့ ရင်ထဲမှာလည်း အမြဲတမ်း နုပျိုလန်းဆန်းနေတဲ့ စိတ်အလှလေးတွေ ရှိနေဆဲပါ။

အဲဒီ နုပျိုခြင်းအလှတရားတွေကို ပြန်လည်အသက်သွင်းပေးဖို့အတွက် ကျွန်မတို့က "ခေတ်စနိုး" ချည်ထည်ဝမ်းဆက်လေးကို စိတ်ကူးပုံဖော်ခဲ့တာ ဖြစ်ပါတယ်။

Snow White ရဲ့ အေးချမ်းတဲ့ ကာလာတွေကို Inspired ယူပြီး မမတို့ရဲ့ တည်ငြိမ်တဲ့ အလှနဲ့ လိုက်ဖက်အောင် သေချာဇာတ်သွင်းပေးထားပါတယ်။

အသက်အရွယ်ကို မေ့ထားလိုက်ပါ... 'ခေတ်စနိုး' နဲ့အတူ မမတို့ရဲ့ အလှဆုံးနေ့ရက်တွေကို အတူတူ ဖြတ်သန်းကြရအောင်✨

“လှပပေါ်လွင် ခေတ်ဆန်းလွင်”

ဆိုင်လိပ်စာ-၇၂ လမ်း၊၂၈ ×၂၉ လမ်းကြား၊မန္တလေးမြို့။

☎️𝐏𝐡𝐨𝐧𝐞:09792997386 , 09428989455
♦️𝐕𝐢𝐛𝐞𝐫:09402605452

#ခေတ်ဆန်းလွင် #ခေတ်စနိုး #ချည်ထည်

18/05/2026

ဆွမ်းကပ်သတို့သမီးလေးအတွက် ဖန်တီးပေးဖြစ်ပါတယ်…🥰

နဂိုအလှလေးရှိတဲ့သူဖြစ်လို့ ရိုးရိုးလေးနဲ့ လှပပြီး ပေါ်လွင်နေအောင် ဖန်တီးပေးထားပါတယ်ရှင်❇️

“လှပပေါ်လွင် ခေတ်ဆန်းလွင်”

ဆိုင်လိပ်စာ-၇၂ လမ်း၊၂၈ ×၂၉ လမ်းကြား၊မန္တလေးမြို့။

☎️𝐏𝐡𝐨𝐧𝐞:09792997386 , 09428989455
♦️𝐕𝐢𝐛𝐞𝐫:09402605452

#ခေတ်ဆန်းလွင် #သတို့သမီးဝတ်စုံ

ဘယ်တော့မှ မရိုးသွားတဲ့ နွေးထွေးမှုဟာ "အမေ့ရင်ခွင်" ပါမိခင်တစ်ယောက်ရဲ့ မေတ္တာဆိုတာ အေးမြတဲ့ အရိပ်တစ်ခုလိုပါပဲ။ သားသမီးတွေ...
10/05/2026

ဘယ်တော့မှ မရိုးသွားတဲ့ နွေးထွေးမှုဟာ "အမေ့ရင်ခွင်" ပါ

မိခင်တစ်ယောက်ရဲ့ မေတ္တာဆိုတာ အေးမြတဲ့ အရိပ်တစ်ခုလိုပါပဲ။ သားသမီးတွေ ဘယ်လောက်ပဲ အရွယ်ရောက်ပါစေ အမေ့ရှေ့ရောက်ရင်တော့ ကလေးငယ်တစ်ယောက်လို ပြန်ဖြစ်သွားတတ်စမြဲပါ။

ဒီကနေ့ ကျရောက်တဲ့ "အမေများနေ့" မှာ မိခင်တိုင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်း “ခေတ်ဆန်းလွင်” မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

အမေ့ကို ဘယ်လောက်ချစ်လဲဆိုတာ ဒီနေ့မှာ အပြောလေးနဲ့ဖြစ်ဖြစ်၊ အလုပ်လေးနဲ့ဖြစ်ဖြစ် သက်သေပြလိုက်ရအောင်လား...။ ❤️

#ခေတ်ဆန်းလွင်

06/05/2026

နွေရောက်လာတာနဲ့ နေ့စဉ်ရောင်းနေရတဲ့ ချည်ထည်လေးတွေ✅

ကိုယ်တိုင်ဝတ်ဖို့ကို ဒီလိုတွေအများကြီး ဝယ်ယူကြတော့ ဖန်တီးရတာ တကယ်ကို ကျေနပ်ရပါတယ်ရှင်😍

“လှပပေါ်လွင် ခေတ်ဆန်းလွင်”

ဆိုင်လိပ်စာ-၇၂ လမ်း၊၂၈ ×၂၉ လမ်းကြား၊မန္တလေးမြို့။

☎️𝐏𝐡𝐨𝐧𝐞:09792997386 , 09428989455
♦️𝐕𝐢𝐛𝐞𝐫:09402605452

#ခေတ်ဆန်းလွင်

Designer တစ်ယောက်အတွက် အလှူဝတ်စုံ ဖန်တီးရတာဟာ ကုသိုလ်တစ်ခုကို ဝိုင်းဝန်းကူညီပေးရသလို ခံစားရပါတယ်။ "အလှူရေစက် လက်နဲ့မကွာ"...
05/05/2026

Designer တစ်ယောက်အတွက် အလှူဝတ်စုံ ဖန်တီးရတာဟာ ကုသိုလ်တစ်ခုကို ဝိုင်းဝန်းကူညီပေးရသလို ခံစားရပါတယ်။

"အလှူရေစက် လက်နဲ့မကွာ"လှူဒါန်းတဲ့အခါမှာ မိမိကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ လှပနေဖို့က “ခေတ်ဆန်းလွင်”မှ Designer Min Thu Zar မှ ဦးဆောင်ကာ အလှူ့အမအတွက်

• ရိုးရာနဲ့ ခေတ်မီမှုကြားက အလှပဆုံးပေါင်းစပ်မှု
• ကိုယ်ခန္ဓာအချိုးအစားကို ပေါ်လွင်စေတဲ့ ဒီဇိုင်းပုံစံ
• အလှူပွဲတစ်ပွဲလုံးမှာ အတင့်တယ်ဆုံး ဖြစ်နေစေမယ့် လက်ရာတို့ဖြင့် ဂုဏ်ယူစွာဖြင့် တီထွင်ဖန်တီးချုပ်လုပ်ပေးထားပါတယ်ရှင်

“လှပပေါ်လွင် ခေတ်ဆန်းလွင်”

ဆိုင်လိပ်စာ-၇၂ လမ်း၊၂၈ ×၂၉ လမ်းကြား၊မန္တလေးမြို့။

☎️𝐏𝐡𝐨𝐧𝐞:09792997386 , 09428989455
♦️𝐕𝐢𝐛𝐞𝐫:09402605452

#ခေတ်ဆန်းလွင် #အလှူ့အမဝတ်စုံ

“အလုပ်သမားနေ့”"ခေတ်ဆန်းလွင်" အထည်လက်လီလက်ကားဆိုင်မှ တစ်နှစ်ပတ်လုံး အားတက်သရော ကြိုးစားအားထုတ်ခဲ့ကြသော အလုပ်သမားထုတစ်ရပ်လ...
01/05/2026

“အလုပ်သမားနေ့”

"ခေတ်ဆန်းလွင်" အထည်လက်လီလက်ကားဆိုင်မှ တစ်နှစ်ပတ်လုံး အားတက်သရော ကြိုးစားအားထုတ်ခဲ့ကြသော အလုပ်သမားထုတစ်ရပ်လုံးကို အလုပ်သမားနေ့မှာ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုနှုတ်ခွန်းဆက်လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ကဏ္ဍအသီးသီးမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အားဖြည့်ပေးနေကြသူများအားလုံး ယနေ့မှစ၍ ပျော်ရွှင်အေးချမ်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

#ခေတ်ဆန်းလွင်
#အလုပ်သမားနေ့

ကဆုန်လပြည့်(ဗုဒ္ဓအခါတော်နေ့)ယနေ့ကျရောက်သော ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည့် ကဆုန်လပြည့်(ဗုဒ္ဓအခါတော...
30/04/2026

ကဆုန်လပြည့်(ဗုဒ္ဓအခါတော်နေ့)

ယနေ့ကျရောက်သော ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည့် ကဆုန်လပြည့်(ဗုဒ္ဓအခါတော်နေ့)တွင် စိတ်ချမ်းသာ၊ကိုယ်ကျန်းမာကြပါစေကြောင်း“ခေတ်ဆန်းလွင်”မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်✨

#ခေတ်ဆန်းလွင်
#ကဆုန်လပြည့်နေ့

26/04/2026

အရပ်ရှည်ရှည်၊ပိန်ပိန်ပါးပါးနဲ့ အမျိုးသားအများစုက မြန်မာဝတ်စုံဝတ်တဲ့အခါ အခက်အခဲများစွာ ကြုံရတယ်လို့ ပြောလာပါတယ်

ပွဲတတ်ဝတ်စုံလိုမျိုးဆိုပိုအခက်တွေ့ကြရတာပေါ့

ခန္ဓာကိုယ်နဲ့ Fit ချုပ်ရင်လည်း အရမ်းကပ်ရပ်ပြီး ပိုပိန်သွားတယ်လို့ မြင်ရသလို၊ Ready Made တိုက်ပုံဝတ်ဆင်ရင်လည်း ကိုယ်နဲ့ပိုပြီးကြီးနေလို့ မြင်ရသူအဖို့ အဆင်မပြေတာမျိုးလေးတွေ ဖြစ်နိုင်ပါတယ်

ဒါနဲ့ဘဲ လီနင်ချည်ထည်တိုက်ပုံကို ကိုယ်ခန္ဓာအချိုးအစားနဲ့ အနီးစပ်ဆုံးကိုယ်တိုင်းယူပြီး လိုအပ်မယ့် နေရာတိုင်းကို အသေးစိတ်ပြန်လည်မွန်းမံဖန်တီးပေးထားပါတယ်

ပွဲတတ်ပုဆိုးဝတ်ဆင်ရာမှာလည်း ခါးသေးသွယ်သူတွေအတွက် ဝတ်ဆင်ရအဆင်မပြေတာ၊ပုဆိုးအောက်နားမညီတာတွေဖြစ်ခဲ့လို့ ဝတ်ဆင်စရာမလိုဘဲ အချိုးအစားကျကျ ပွဲတတ်ရောက်နိုင်မယ့် ချိတ်ပုဆိုးကို ဖန်တီးပေးထားပါတယ်

ဒီလိုနဲ့ဝတ်ဆင်သူထံမှ

“အခုမှဘဲ ယုံကြည်မှုအပြည့်နဲ့ မြန်မာဝတ်စုံ ဝတ်ဆင်ခွင့်ရတယ်”

ဆိုတဲ့အသံဟာ “ခေတ်ဆန်းလွင်”အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိသော အခိုက်အတန့်ဖြစ်ခဲ့ရပါတယ်ရှင်🎉

“လှပပေါ်လွင် ခေတ်ဆန်းလွင်”

ဆိုင်လိပ်စာ-၇၂ လမ်း၊၂၈ ×၂၉ လမ်းကြား၊မန္တလေးမြို့။

☎️𝐏𝐡𝐨𝐧𝐞:09792997386 , 09428989455
♦️𝐕𝐢𝐛𝐞𝐫:09402605452

#ခေတ်ဆန်းလွင် #တိုက်ပုံ #ချိတ်ပုဆိုး

19/04/2026

ဗိုက်ကလေးပျောက်ပြီး ခါးကလေးထောက်လို့ရမယ့်…ချည်ထည်ဝမ်းဆက်လေး💚

ဒီဇိုင်နာလက်ရာလေးတွေဖြစ်လို့ အမြင့်လိုင်းချုပ်ရိုးချုပ်သားနဲ့ အရည်အသွေးကို အဓိကထား ထုတ်လုပ်ပေးထားပါတယ်✅

ရွေးချယ်စရာအရောင်(၅)ရောင် အထိရရှိနိုင်ပြီး အရောင်ဆန်းဆန်းလေးတွေနဲ့ ရှားပါးကာလာလေးတွေချည်း ရွေးချယ်ပေးထားပါတယ်ရှင့်💚

“လှပပေါ်လွင် ခေတ်ဆန်းလွင်”

ဆိုင်လိပ်စာ-၇၂ လမ်း၊၂၈ ×၂၉ လမ်းကြား၊မန္တလေးမြို့။

☎️𝐏𝐡𝐨𝐧𝐞:09792997386 , 09428989455
♦️𝐕𝐢𝐛𝐞𝐫:09402605452

#ခေတ်ဆန်းလွင်
#ဒီဇိုင်နာ

မဟာသင်္ကြန်ကာလ ဆိုင်ပိတ်ရက်အားအသိပေးကြေငြာခြင်းနှစ်ဟောင်းမှ အညစ်အကြေးများကို နှစ်ကူးအချိန်အခါ အတာရေနှင့် ဆေးကြောသန့်စင်န...
10/04/2026

မဟာသင်္ကြန်ကာလ ဆိုင်ပိတ်ရက်အားအသိပေးကြေငြာခြင်း

နှစ်ဟောင်းမှ အညစ်အကြေးများကို နှစ်ကူးအချိန်အခါ အတာရေနှင့် ဆေးကြောသန့်စင်နိုင်စေဖို့ မဟာင်္သကြန်အချိန်ကာလဖြစ်သော 13.4.2026 (အကြိုနေ့)မှ 17.4.2026 (နှစ်ဆန်းတစ်ရက်နေ့)အထိ မန္တလေးခေတ်ဆန်းလွင်ဆိုင်အား ပိတါထားမည်ဖြစ်ကြောင်း လေးစာစွာ အသိပေးကြေငြာအပ်ပါတယ်ရှင်✨

နှစ်ဆန်း(၂)ရက်နေ့တွင် ပုံမှန်အတိုင်း ဆိုင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး အော်ဒါများကို စတင်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ရှင်🤩

နှစ်သစ်အချိန်အခါ ရွှင်လန်းချမ်းမြေ့ကြပါစေ…

#ခေတ်ဆန်းလွင်

Address

72 Street, Between 28 St/29 St
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959402605452

Website

Alerts

Be the first to know and let us send you an email when Khit Sann Lwin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category