Boo Boo-Baby Products

Boo Boo-Baby Products "သဘာဝနဲ့ ရင်ဘက်ကနေ ရွေးချယ်ပေးတဲ့ မေမေတို့အတွက် ဗူဗူး "

🎉 BOO BOO QUIZ ကံထူးရှင်များ ထွက်ပေါ်လာပါပြီ 🎉မေမေတို့ ပျော်ပျော်ပါးပါး ပါဝင်ဖြေဆိုခဲ့ကြတဲ့ BOO BOO Quiz ရဲ့ အဖြေမှန်ကတေ...
18/08/2026

🎉 BOO BOO QUIZ ကံထူးရှင်များ ထွက်ပေါ်လာပါပြီ 🎉

မေမေတို့ ပျော်ပျော်ပါးပါး ပါဝင်ဖြေဆိုခဲ့ကြတဲ့ BOO BOO Quiz ရဲ့ အဖြေမှန်ကတော့—

✨ “30” ✨ ဖြစ်ပါတယ်ရှင့်။

အဖြေမှန်ဖြေဆိုထားသူများထဲမှ ကံထူးရှင် (၃) ဦးကတော့—

🥇 Aye Aye Kalyar Aung
🥈 Wint War War (Lucky lay)
🥉 Ei Phyu Khaing

တို့ပဲ ဖြစ်ပါတယ်။ ကံထူးရှင်မေမေတို့အားလုံးကို BOO BOO မှ ဝမ်းမြောက်စွာ ဂုဏ်ပြုလိုက်ပါတယ်ရှင့်။ 💙🧡

ကံထူးရှင်တစ်ဦးစီအတွက်
🎁 BOO BOO Green Tea 1L တစ်ဗူးစီ လက်ဆောင်ရရှိမှာပါ။

လက်ဆောင်ထုတ်ယူရန် ကံထူးရှင်များအနေဖြင့် ၃၀.၈.၂၀၂၆ မတိုင်မီ BOO BOO Page Messenger သို့ ဆက်သွယ်ပေးပါရှင့်။ 💌

Quiz မှာ ပျော်ပျော်ပါးပါး ပါဝင်ဖြေဆိုပေးခဲ့ကြတဲ့ မေမေတို့အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။ နောက်ထပ်ပျော်စရာအစီအစဉ်တွေမှာလည်း ပါဝင်ကံစမ်းနိုင်ဖို့ BOO BOO Page ကို စောင့်ကြည့်ပေးထားနော်။ 🥰

🎈 HINT  #1 ရောက်လာပြီနော်!BOO BOO က မေမေတို့နဲ့တွေ့ဖို့ ပျော်စရာခရီးလေးတစ်ခု စတင်လာနေပါပြီ… 🧳✨ဘယ်နေရာမှာ တွေ့ကြရမလဲဆိုတာ...
18/08/2026

🎈 HINT #1 ရောက်လာပြီနော်!

BOO BOO က မေမေတို့နဲ့တွေ့ဖို့ ပျော်စရာခရီးလေးတစ်ခု စတင်လာနေပါပြီ… 🧳✨

ဘယ်နေရာမှာ တွေ့ကြရမလဲဆိုတာ အခုတော့ လျှို့ဝှက်ထားဦးမယ်နော်။ 👀

ပုံထဲက Hint လေးကိုကြည့်ပြီး မေမေတို့ ခန့်မှန်းမိပြီလား?

ထင်တဲ့အဖြေလေးကို Comment မှာ ရေးခဲ့ပေးနော် 👇💙🧡

နောက်ထပ် Hint လေးလည်း မကြာခင် လာမယ်နော်! 🎪✨

🎁 မေမေတို့အတွက် သတင်းကောင်းလေး လာနေပြီ…BOO BOO က မေမေတို့နဲ့ ကလေးလေးတွေအတွက် ပျော်ရွှင်စရာ Surprise လေးတစ်ခု ပြင်ဆင်နေပါ...
16/08/2026

🎁 မေမေတို့အတွက် သတင်းကောင်းလေး လာနေပြီ…

BOO BOO က မေမေတို့နဲ့ ကလေးလေးတွေအတွက် ပျော်ရွှင်စရာ Surprise လေးတစ်ခု ပြင်ဆင်နေပါတယ်။ 🎈✨

ဘာဖြစ်မယ်လို့ ထင်ကြလဲ? 👀
စိတ်ကူးထဲက အဖြေလေးကို Comment မှာ ခန့်မှန်းရေးပေးခဲ့နော်။ 💬

သတင်းကောင်းလေးကို မကြာခင် ဖွင့်ပြောပေးတော့မှာမို့ BOO BOO Page ကို Follow လုပ်ပြီး စောင့်ကြည့်ထားပါနော်။ 💙🧡

မေမေတို့ရေ…ကာလဝမ်းရောဂါဟာ ရေ သို့မဟုတ် အစားအစာ မသန့်ရှင်းမှုကနေ ကူးစက်နိုင်ပြီး ပြင်းထန်တဲ့ရေကျဲဝမ်းနဲ့ ရေဓာတ်ခန်းခြောက်...
15/08/2026

မေမေတို့ရေ…

ကာလဝမ်းရောဂါဟာ ရေ သို့မဟုတ် အစားအစာ မသန့်ရှင်းမှုကနေ ကူးစက်နိုင်ပြီး ပြင်းထန်တဲ့ရေကျဲဝမ်းနဲ့ ရေဓာတ်ခန်းခြောက်မှုကို အချိန်တိုအတွင်း ဖြစ်ပေါ်စေနိုင်ပါတယ်။
အထူးသဖြင့် မွေးကင်းစကလေး၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ မီးဖွားပြီးမိခင်တွေမှာ ရေဓာတ်ခန်းခြောက်မှုလက္ခဏာတွေကို ပိုဂရုစိုက်ဖို့လိုပါတယ်။

💧 ရေသန့်ကိုသာ သောက်သုံးပါ
🫧 အရေးကြီးတဲ့အချိန်တိုင်း လက်ဆေးပါ
🍲 အစားအစာကို ကျက်အောင်ချက်ပြီး ပူပူနွေးနွေးစားပါ
🤱 ကလေးကို မိခင်နို့ဆက်တိုက်ပါ
🧺 ဝမ်း သို့မဟုတ် အန်ဖတ်ပေကျံသော အဝတ်အစားများကို သီးခြားလျှော်ဖွပ်၊ ပိုးသန့်စင်ပြီး လုံးဝခြောက်သွေ့အောင်ထားပါ

ရေကျဲဝမ်းများခြင်း၊ အန်ခြင်း၊ ဆီးနည်းခြင်း၊ မျက်လုံးချိုင့်ခြင်း၊ အားနည်းခြင်း သို့မဟုတ် ကလေးနို့မစို့နိုင်ခြင်းတို့ ဖြစ်လာပါက မစောင့်ဘဲ နီးစပ်ရာကျန်းမာရေးဌာနကို ချက်ချင်းသွားပါ။

လက်ဆေးရန် ဆပ်ပြာနဲ့ ရေသန့်မရနိုင်ဘဲ လက်ပေါ်မှာ မြင်သာတဲ့အညစ်အကြေးမရှိချိန်မှာ Alcohol-Based Hand Rub ကို အစားထိုးအသုံးပြုနိုင်ပါတယ်။

BOO BOO Family Handgel
နေ့စဉ်မိသားစုလက်သန့်ရှင်းရေးအတွက် အလွယ်တကူသယ်ဆောင်အသုံးပြုနိုင်တဲ့ Hygiene Support လေး 🤍
⚠️ Handgel သည် ကာလဝမ်းရောဂါကာကွယ်ဆေး သို့မဟုတ် ကုသဆေးမဟုတ်ပါ။ ကလေးလက်မလှမ်းနိုင်သောနေရာတွင် ထားရှိပါ။

ဒီအချက်အလက်လေးတွေကို မိသားစုနဲ့ မေမေတို့ဆီ Share ပေးလိုက်ကြရအောင်နော်။

အချက်အလက်ရင်းမြစ် — World Health Organization (WHO)

ကလေးအဝတ်လေးတွေဆိုတာ သန့်ရှင်းရုံနဲ့ မလုံလောက်ဘူးနော်… 👶🏻🤍မေမေ့ရင်ခွင်လို နူးညံ့ပြီး ဝတ်လိုက်တိုင်း လန်းဆန်းမွှေးပျံ့နေဖိ...
14/08/2026

ကလေးအဝတ်လေးတွေဆိုတာ သန့်ရှင်းရုံနဲ့ မလုံလောက်ဘူးနော်… 👶🏻🤍
မေမေ့ရင်ခွင်လို နူးညံ့ပြီး ဝတ်လိုက်တိုင်း လန်းဆန်းမွှေးပျံ့နေဖို့လည်း လိုပါတယ် 🌿✨

Green Tea ရဲ့ လန်းဆန်းသင်းပျံ့တဲ့ မွှေးရနံ့လေးနဲ့ ကလေးအဝတ်လေးတွေကို သန့်ရှင်းလတ်ဆတ်စေမယ့် BOO BOO Baby Fabric Wash – Green Tea 💚

မပြင်းထန်တဲ့ မွှေးရနံ့လေး၊ ကလေးအဝတ်တွေအတွက် ဂရုတစိုက်ရွေးချယ်ထားတဲ့ နူးညံ့မှုလေးနဲ့ မေမေတို့ ပိုစိတ်ချနိုင်ဖို့ Boo Boo က အမြဲအတူရှိပါတယ် 🤍

မေမေတို့က ကလေးအဝတ်လေးတွေမှာ Green Tea ရနံ့လေး ကြိုက်လား? 🌿 Comment မှာ 💚 လေးထားခဲ့ပါနော်။

🛒 အိမ်ကနေ အလွယ်တကူ မှာယူချင်တဲ့ မေမေတို့အတွက် ဝယ်ယူနိုင်မယ့် နေရာများ -
📩 Page Inbox (Messenger ကနေ အခုပဲ လာရောက်မှာယူနိုင်ပါတယ်ရှင့်)
📱 City Mall Online App ("Boo Boo" ဟု ရှာဖွေပါ)
💳 KBZPay Mini Apps
🏪 မြန်မာနိုင်ငံအနှံ့ရှိ ယုံကြည်ရသော ကလေးပစ္စည်းဆိုင်နှင့် ကိုယ်စားလှယ်ဆိုင်ပေါင်း ၄၀၀ ကျော်တွင်လည်း အလွယ်တကူ ဝယ်ယူရရှိနိုင်ပါပြီရှင့်။

🧠✨ BOO BOO QUICK QUIZ!မေမေတို့ Boo Boo ကို ဘယ်လောက်သေချာသိကြလဲ စမ်းကြည့်ရအောင်နော် 💙ကျောင်းလွယ်အိတ်၊ လက်ကိုင်အိတ်ထဲမှာ အ...
12/08/2026

🧠✨ BOO BOO QUICK QUIZ!

မေမေတို့ Boo Boo ကို ဘယ်လောက်သေချာသိကြလဲ စမ်းကြည့်ရအောင်နော် 💙

ကျောင်းလွယ်အိတ်၊ လက်ကိုင်အိတ်ထဲမှာ အလွယ်တကူဆောင်သွားလို့ရတဲ့ Boo Boo Family Hand Sanitizer Gel အသေးလေးက ဘယ်နှ ml ဖြစ်မလဲ? 🤔

Ⓐ 50 ml
Ⓑ 100 ml
Ⓒ 200 ml

အဖြေမှန်ထင်တဲ့ A, B သို့မဟုတ် C ကို Comment မှာ ရေးခဲ့ပေးနော် 👇
Boo Boo Fan သူငယ်ချင်းတွေကိုလည်း Tag တွဲပြီး အဖြေညှိကြည့်လိုက်ရအောင် 🥰

အဖြေမှန်ကို နောက် Post မှာ ပြန်လည်ပြောပြပေးသွားပါမယ်ရှင့် ✨

🛒 Boo Boo ကို ဝယ်ဖို့ ဆိုင်လိုက်ရှာစရာ မလိုတော့ဘူးနော် မေမေတို့ရေ... 💙💚ကလေးအဝတ်အစား၊ အနှီး၊ စောင်နဲ့ အိပ်ရာခင်းတွေကို နေ...
11/08/2026

🛒 Boo Boo ကို ဝယ်ဖို့ ဆိုင်လိုက်ရှာစရာ မလိုတော့ဘူးနော် မေမေတို့ရေ... 💙💚

ကလေးအဝတ်အစား၊ အနှီး၊ စောင်နဲ့ အိပ်ရာခင်းတွေကို နေ့စဉ် မမောမပန်း လျှော်ဖွပ်နိုင်ဖို့ Boo Boo Baby Fabric Wash က မေမေတို့အိမ်မှာ မရှိမဖြစ် ဆောင်ထားသင့်တဲ့ အဖော်မွန်လေးပါပဲ 🫧👶

ခုဆိုရင် မေမေတို့အတွက် ဝယ်ယူရတာ ပိုပြီး အဆင်ပြေလွယ်ကူသွားပါပြီရှင့် -
📱 အိမ်မှာနေရင်း အေးဆေးမှာယူချင်တဲ့ မေမေတို့အတွက်:
City Mall Online App ထဲမှာ “Boo Boo” လို့ ရှာပြီး အလွယ်တကူ မှာယူလိုက်ရုံပါပဲ ✨

🏬 ကိုယ်တိုင် အပြင်ထွက်ပြီး ရွေးချယ်ဝယ်ယူချင်တဲ့ မေမေတို့အတွက်:
မြန်မာနိုင်ငံအနှံ့က ယုံကြည်ရတဲ့ ကလေးအသုံးအဆောင်ဆိုင်ပေါင်း ၄၀၀ ကျော်မှာလည်း Boo Boo ကို အလွယ်တကူ ဝယ်ယူရရှိနိုင်နေပြီနော်။

မေမေတို့ အကြိုက်ဆုံး ရနံ့လေးကိုသာ ရွေးချယ်လိုက်ပါ...

💙 Classic Lotus (အပြာရောင်): အေးချမ်းပြီး သန့်ရှင်းလတ်ဆတ်တဲ့ ကြာပန်းရနံ့လေးကို နှစ်သက်တဲ့ မေမေတို့အတွက်။
💚 Green Tea (အစိမ်းရောင်): လန်းဆန်းတက်ကြွပြီး အနံ့ဆိုးတွေကို ထိထိမိမိ ဖယ်ရှားချင်တဲ့ မေမေတို့အတွက်။

📍 ကိုယ်နေတဲ့အနီးအနားက ဘယ်ဆိုင်မှာ ရနိုင်လဲ မသိသေးရင်လည်း စိတ်မပူနဲ့နော်...

မေမေတို့ နေထိုင်ရာ "မြို့နယ် / မြို့နာမည်" ကိုသာ Comment မှာ ရေးခဲ့ပေးပါ 👇 အနီးဆုံး Boo Boo ဝယ်လို့ရမယ့် ဆိုင်လေးတွေကို ချက်ချင်း ညွှန်းပေးပါ့မယ်ရှင့် 🥰

📩 ဆိုင်လိပ်စာ၊ Product Size တွေနဲ့ ပတ်သက်ပြီး အသေးစိတ် သိချင်ရင်လည်း Page Messenger ကနေ အခုပဲ လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။

Boo Boo Baby Fabric Wash — မေမေတို့နဲ့ ပိုနီးစပ်တဲ့နေရာမှာ အမြဲရှိနေပါပြီ 💙💚

"တနင်္လာနေ့သစ်ကို လတ်ဆတ်တဲ့ Green Tea ရနံ့လေးနဲ့ စတင်လိုက်ရအောင် 🍃✨"ချစ်ရတဲ့ မေမေတို့ရေ... ပိတ်ရက်အပြီး တနင်္လာနေ့ဆိုတာ ...
10/08/2026

"တနင်္လာနေ့သစ်ကို လတ်ဆတ်တဲ့ Green Tea ရနံ့လေးနဲ့ စတင်လိုက်ရအောင် 🍃✨"

ချစ်ရတဲ့ မေမေတို့ရေ... ပိတ်ရက်အပြီး တနင်္လာနေ့ဆိုတာ သားသားမီးမီးတို့ ကျောင်းပြန်တက်ရသလို၊ အပြင်ထွက်ပြီး စူးစမ်းဆော့ကစားတာတွေ အများဆုံးလုပ်ဖြစ်တဲ့ နေ့လေးပါပဲနော်။ 🏃‍♂️နွေပူပူမှာ ဆော့ကစားလို့ ထွက်လာတဲ့ ချွေးနံ့တွေ၊ အဝတ်မှာ စွဲနေတတ်တဲ့ နို့နံ့၊ အစားအသောက်နံ့တွေကြောင့် မေမေတို့ စိတ်ညစ်နေရပြီလား?

Boo Boo Green Tea (အစိမ်းရောင်ဗူး) လေးက မေမေတို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ အဆင်သင့်ပါပဲ။

✅ Natural Odor Control
သဘာဝလက်ဖက်စိမ်း (Green Tea) အစွမ်းက အနံ့ဆိုးတွေကို ဖုံးအုပ်ရုံတင်မဟုတ်ဘဲ မော်လီကျူးအဆင့်အထိ အမြစ်ပြတ်ဖယ်ရှားပေးလို့ တစ်နေကုန် လတ်ဆတ်နေစေမှာပါ။
✅ Extra Freshness
အဝတ်သားလေးတွေ နူးညံ့ပြီး လန်းဆန်းစေတဲ့ Green Tea ရနံ့သင်းသင်းလေးက ဘေဘီလေးတွေကို တက်ကြွလန်းဆန်းစေပါတယ်။
✅ 100% Plant-Based & Food Grade: အပင်အခြေခံဖော်မြူလာမို့ ဘယ်လောက်ပဲ ဆော့ဆော့၊ ချွေးထွက်ထွက် အသားအရေ ယားယံမှာကို လုံးဝ (လုံးဝ) စိတ်ပူစရာမလိုပါဘူး။

တနင်္လာနေ့မနက်ခင်းမှာ ဘေဘီလေးရဲ့ အင်္ကျီလေးတွေ မွှေးပျံ့လတ်ဆတ်နေဖို့ Boo Boo Green Tea ကိုပဲ ရွေးချယ်လိုက်ပါနော် မေမေတို့ရေ 💚🍃

🛒 ဝယ်ယူနိုင်သောနေရာများ - 📩 Page Inbox 📱 City Mall Online App 💳 KBZPay Mini App 🏪 မြန်မာနိုင်ငံအနှံ့ရှိ ကိုယ်စားလှယ်ဆိုင်ပေါင်း ၄၀၀ ကျော်

🏥 မီးဖွားဖို့အတွက် အဆင်သင့်ဖြစ်ပြီလား မေမေ? 👶✨မွေးဖွားရမယ့်ရက် နီးကပ်လာတာနဲ့အမျှ ရင်ခုန်ခြင်း၊ ဝမ်းသာခြင်းတွေနဲ့အတူ မေမေ...
09/08/2026

🏥 မီးဖွားဖို့အတွက် အဆင်သင့်ဖြစ်ပြီလား မေမေ? 👶✨
မွေးဖွားရမယ့်ရက် နီးကပ်လာတာနဲ့အမျှ ရင်ခုန်ခြင်း၊ ဝမ်းသာခြင်းတွေနဲ့အတူ မေမေတို့ ဆေးရုံသွားဖို့ အထုပ်ပြင် (Hospital Bag Packing) နေရပြီမလားရှင့်? 🥰
မီးဖွားဖို့ ပြင်ဆင်တဲ့အခါ ကလေးအတွက် လိုအပ်တဲ့ အဝတ်အစား၊ အနှီးနဲ့ စောင်လေးတွေကို သေချာလျှော်ဖွပ်ပြီး အသင့်ပြင်ထားဖို့က အရမ်းအရေးကြီးပါတယ်။ အထူးသဖြင့် မွေးကင်းစ ဘေဘီလေးတွေရဲ့ အသားအရေဟာ လူကြီးတွေထက် (၃) ဆပိုပြီး ပါးလွှာနုနယ်လွန်းတာကြောင့်...
🌿 Boo Boo Baby Fabric Wash (Classic Lotus) လေးက မေမေတို့အတွက် အကောင်းဆုံး အဖော်မွန် ဖြစ်မှာပါ။
✨ ဘာကြောင့် Boo Boo အပြာရောင်ကို မီးဖွားခါနီးမှာ ဆောင်ထားသင့်လဲ?
🪷 Classic Lotus Scent: မွေးကင်းစကလေးတွေရဲ့ အနံ့ခံအာရုံကို မထိခိုက်စေဘဲ အေးချမ်းငြိမ်းချမ်းတဲ့ ကြာပန်းရနံ့သင်းသင်းလေးက ဘေဘီလေးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။
☁️ Extra Gentleness: ၁၀၀% သဘာဝအပင်အခြေခံ (Plant-Based) ဖြစ်လို့ အဝတ်သားတွေကို နူးညံ့အိစက်နေစေပြီး နုနယ်တဲ့ အသားအရေကို လုံးဝမယားယံစေပါဘူး။
🛡 Food Grade Standard: မွေးကင်းစကလေးတွေ အင်္ကျီလက်စလေးတွေ စုပ်မိရင်တောင် ဘေးဥပဒ်မဖြစ်စေတဲ့ Food Grade စံနှုန်းမီ ထုတ်လုပ်ထားလို့ စိတ်ချရမှုမှာ (၁၀၀%) ပါပဲ။
မေမေတို့ရဲ့ ဆေးရုံသွားမယ့် အိတ်ထဲမှာ Boo Boo (ဗူးအပြာလေး) ကို အဆင်သင့်ထည့်ထားဖို့ မမေ့နဲ့နော်။ ဘေဘီလေးရဲ့ ပထမဆုံး အထိအတွေ့တိုင်းဟာ နူးညံ့ဖြူစင်နေဖို့ Boo Boo က တာဝန်ယူပါရစေရှင့် 🤍✨
🛒 Boo Boo ကို အလွယ်တကူ ဝယ်ယူနိုင်မယ့် နေရာများ - 📩 Page Inbox 📱 City Mall Online App 💳 KBZPay Mini App 🏪 မြန်မာနိုင်ငံအနှံ့ရှိ ယုံကြည်ရသော ကလေးပစ္စည်းဆိုင်ပေါင်း ၄၀၀ ကျော်

ဘေဘီလေးရှိတဲ့အိမ်မှာ အဝတ်ခြင်းက ဘယ်တော့မှ မလွတ်ဘူးနော် 😂🧺မေမေတချို့က ဝတ်ပြီးတာနဲ့ ချက်ချင်းလျှော်တယ်။ တချို့ကတော့ စုပြီး...
08/08/2026

ဘေဘီလေးရှိတဲ့အိမ်မှာ အဝတ်ခြင်းက ဘယ်တော့မှ မလွတ်ဘူးနော် 😂🧺
မေမေတချို့က ဝတ်ပြီးတာနဲ့ ချက်ချင်းလျှော်တယ်။ တချို့ကတော့ စုပြီး တစ်ခါတည်း လျှော်ရတာ ပိုအဆင်ပြေတယ်။
ဒါပေမယ့် ချက်ချင်းပဲလက်နဲ့လျှော်လျှော်၊ စုပြီးပဲစက်နဲ့လျှော်လျှော်... အမြှုပ်ထွက်အားကို စနစ်တကျ ထိန်းညှိပေးထားလို့ လျှော်ရတာ လွယ်ကူသက်သာပြီး ဆပ်ပြာအကြွင်းအကျန် လုံးဝမကျန်ခဲ့တဲ့ Boo Boo Baby Fabric Wash လေးရှိနေရင်တော့ မေမေတို့အတွက် အိုကေပဲပေါ့ ☁️✨
ကဲ... Boo Boo မေမေတို့ကရော ဘယ် Team ထဲကလဲ? 😍
A လား? B လား? ဆိုတာကို Comment မှာ ဝင်ရောက်ဖြေဆိုပေးသွားပါဦးနော် 👇💙💚
🛒 Boo Boo ကို အလွယ်တကူ ဝယ်ယူနိုင်မယ့် နေရာများ -
📩 Page Inbox
📱 City Mall Online App
💳 KBZPay Mini App
🏪 မြန်မာနိုင်ငံအနှံ့ရှိ ယုံကြည်ရသော ကလေးပစ္စည်းဆိုင်နှင့် ကိုယ်စားလှယ်ဆိုင်ပေါင်း ၄၀၀ ကျော်
#

Address

Hillside @ Mandalay Villa & Resort, Patheingyi Township
Mandalay

Telephone

+959774774958

Website

Alerts

Be the first to know and let us send you an email when Boo Boo-Baby Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Boo Boo-Baby Products:

Shortcuts

Share