23/11/2024
🚩 ကထိန်ပြီးပေမဲ့ အလှူမပြီးသေးပါ..🚩
××××××××××××××××××××××××××××××
ကထိန်လက်ကျန်ငွေများထဲမှ မေမြို့ကျောက်ဆည်မဟာဂန္ဓာရုံ ကျောင်းဝေယျာဝစ္စ လိုရာသုံးရန်အတွက် ငွေကျပ် သိန်း(၂၀)တိတိကို ယနေ့ထပ်မံလှူဒါန်းကြပါတယ်။
မေမြို့မှဆရာတော် အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်သို့ ဆွမ်းကပ်အလှူကြွလာစဥ်..မန္တလေးမှအဖွဲ့ သွားရောက်ကပ်လှူကြခြင်းဖြစ်ပါတယ်။
ယခုနှစ်(၂၂)ကြိမ် မေမြို့ကထိန်အတွက် နဝကမ္မအလှူငွေစုစုပေါင်းမှာ ကျပ်သိန်း(၁၀၀)တိတိဖြစ်ပါကြောင်း...
ကထိန်အလှူဒါယကာ ဒါယိကာမသူငယ်ချင်းအပေါင်းတို့ သာဓုအနုမောဒနာခေါ်ဆိုနိုင်ကြပါရန် အသိပေးတင်ပြအပ်ပါတယ်။
(23.11.2024()၁၃၈၆ခု.တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊စနေနေ့)