Joy Plus Size Fashion

Joy Plus Size Fashion အဝတ်အထည် လက်လီလက်ကား ရောင်းဝယ်ရေး

01/01/2023
ဝါဆိုလပြည့်နေ့၊ဓမ္မစကြာ အခါတော်နေ့  ဝါဆိုလပြည့် ဓမ္စကြာနေ့ မှာကိုယ်ရောစိတ်ပါ နှစ်ထွေလုံး ကျန်းမာလို့ ချမ်းသာကြပါစေလို့ ဆ...
12/07/2022

ဝါဆိုလပြည့်နေ့၊ဓမ္မစကြာ အခါတော်နေ့

ဝါဆိုလပြည့် ဓမ္စကြာနေ့ မှာကိုယ်ရောစိတ်ပါ နှစ်ထွေလုံး ကျန်းမာလို့ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျ။🙏🙏
---------------------------
ဝါဆိုလပြည့်နေ့နဲ့စပ်လျဉ်းပြီး ဗုဒ္ဓဝင်မှာ

သန္ဓေ၊တောထွက်၊ဓမ္မစက် ဟောမြွက်သံချို လဝါဆို လိုအဆိုဖွင့်ထားပါတယ်။

ဝါဆိုလပြည့်နေ့နဲ့ ပက်သက်ပြီးထူးခြားဖြစ်စဉ်တွေကတော့

ဘုရားလောင်း သိဒ္ဓတ္ထမင်းသား စတင်ပဋိသန္ဓေတည်သောနေ့

ဘုရားလောင်း သိဒ္ဓမင်းသား စတင်တောထွက်တော်မူသောနေ့

ဘုရားဖြစ်တော်မူပြီး ဂေါတမမြတ်စွာဘုရားအနေနဲ့ ပထမဆုံး စမ္စကြာတရား စတင်ဟောတော်မူသောနေ့

တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့

ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့

တရားရတနာ စတင်ပေါ်ပေါက်သောနေ့

သံဃာရတနာစတင်ပေါ်ပေါက်သောနေ့ ဆိုတဲ့ ထူးခြားချက်တွေနဲ့ ပြည့်နေတဲ့ လမြတ်ဝါဆိုဖြစ်ပါတယ်။

ဓမ္မစကြာနေ့ဖြစ်ပေါ်လာပုံကတော့ ပဉ္စဝဂ္ဂီ ငါးဦးအား တရားဦးခေါ် စမ္မစက္က ပဝတ္ထန သုတ္ထကိုစတင်ဟောကြားတော်မူပြီးနောက် ပဉ္စဝဂ္ဂီ ငါးဦးအနက်မှ တစ်ဦးဖြစ်သော အရှင်ကောဏ္ဍည သည် လူသားများအနက်မှ ပထမဆုံး သောတာပတ္ထိဖိုလ် တည်လေ၏။
ထို့နေ့သည် ဝါဆိုလပြည့် စမ္မစကြာနေ့ဖြစ်၏။

ထို့နောက် လပြည့်ကျော်တစ်ရက်နေ့၌ အရှင် ဝပ္ပ၊
လပြည့်ကျော် နှစ်ရက်နေ့တွင်မူ အရှင် ဘဒ္ဒိယ၊
လပြည့်ကျော် သုံးရက်နေ့တွင်ကား အရှင်မဟာနမ် နှင့်
လပြည့်ကျော် လေးရက်နေ့၌ အရှင် အဿဇိတို့သည် အသီးသီး သောတာပန်တည်ကြကုန်နေလေသည်။

ပဉ္စဝဂ္ဂီ ငါးဦးအား ပထမဆုံး တရားဦးဖြစ်တဲ့ စမ္မစကြာဟောကြာတော်မူသော ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာနေ့ဟုလည်း ယနေ့အထိ အလေးအမြတ်ပြုခဲ့ကြပေသည်။

(ဗဟုသုတအလို့ငှာ ကူးယူ၍ ပြန်လည် ပြင်ဆင်ရေးသားဖော်ပြခြင်းဖြစ်ပါသည်။)


#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာနေ့

ကဆုန်လပြည့် - ဗုဒ္ဓနေ့ကဆုန်လပြည့်နေ့အကြောင်း🙏🌻🙏🌻🙏🌻🙏🌻🙏ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံကဆုန်လပြည့် ရက်မြတ်များ🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏(...
14/05/2022

ကဆုန်လပြည့် - ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့အကြောင်း
🙏🌻🙏🌻🙏🌻🙏🌻🙏

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

ကဆုန်လပြည့် ရက်မြတ်များ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမွုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။
======================================
#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ]တစ်ဆင့်ပြန်လည်ကူးယူဖော်ပြပါသည်။

🙏🏻🙏🏻🙏🏻
08/05/2022

🙏🏻🙏🏻🙏🏻

နှစ်သစ်မှစ၍ မြန်မာပြည်သူပြည်သားများ အလိုရှိသောဆန္ဒများ အားလုံး အမြန်ဆုံး ပြည့်ပါစေရှင် 🙏🏻🙏🏻🙏🏻
17/04/2022

နှစ်သစ်မှစ၍ မြန်မာပြည်သူပြည်သားများ အလိုရှိသောဆန္ဒများ အားလုံး အမြန်ဆုံး ပြည့်ပါစေရှင် 🙏🏻🙏🏻🙏🏻

Joy ရဲ့ BKK စပန့် အနားဆင်လေး 💝စပန့်ဆိုတော့ လက်ရှိရာသီဥတုနဲ့ အကိုက်ပေါ့ 😊ဒီခါ Size L နဲ့ XL ပဲထွက်လို့ 2 XL မမတွေ ခွင့်လွ...
05/04/2022

Joy ရဲ့ BKK စပန့် အနားဆင်လေး 💝
စပန့်ဆိုတော့ လက်ရှိရာသီဥတုနဲ့ အကိုက်ပေါ့ 😊
ဒီခါ Size L နဲ့ XL ပဲထွက်လို့ 2 XL မမတွေ ခွင့်လွှတ်ပါနော် 😔
ပုံထဲကအရောင်နဲ့ အပြင်ကအရောင် ဘာ Effects မှမပါလို့ အတူတူပါပဲရှင် 💝

L size ~ ရင် 39
ခါး38
ပေါင် ~ 120-155

XL ~ ရင် 44
ခါး 42
ပေါင် ~ 155-180

Price - 11000 Ks

လက်ကားဈေး သီးသန့်ရှိပါတယ်ရှင် 🤗


သူေလးကလဲ ဝတ်ရတာ သက်တောင့်သက်သာရှိလို့တဲ့ ဆိုင်ထိုင်ရင်း ဝတ် 😍
05/04/2022

သူေလးကလဲ ဝတ်ရတာ သက်တောင့်သက်သာရှိလို့တဲ့ ဆိုင်ထိုင်ရင်း ဝတ် 😍

မင်ဘူးကနေ Joy ကိုအားပေးတဲ့ Sis တွေ အရမ်းလှနေလိုက်ကြတာ ❤️ပုံလေးတွေက ချစ်စရာလဲ အလွန်ကောင်း 😍​Joy ကို ယုံယုံကြည်ကြည်နဲ့ အား...
05/04/2022

မင်ဘူးကနေ Joy ကိုအားပေးတဲ့ Sis တွေ အရမ်းလှနေလိုက်ကြတာ ❤️
ပုံလေးတွေက ချစ်စရာလဲ အလွန်ကောင်း 😍
​Joy ကို ယုံယုံကြည်ကြည်နဲ့ အားပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင် ❤️
စကားမစပ် အလယ်က အစ်ကိုကြီး ဒီဇိုင်းအလွန်လန်း Joy က Dress လေးတွေနဲ့ လိုက်ဖက်အောင် ဝတ်ထားတာ ပိုကြည့်လို့ကောင်းသွားတယ် 😊


Joy ရဲ့ Dress အသစ်လေး ❣️❣️ချည်ဖွန်အပါးလေးကိုမှ ဂျယ်လီပိုးတစ်ထပ်ခံထားပါတယ် ❣️❣️ခြေမျက်စိအထိရှည်လို့ လုံလုံခြုံခြုံ ပေါ့ပေ...
02/04/2022

Joy ရဲ့ Dress အသစ်လေး ❣️❣️
ချည်ဖွန်အပါးလေးကိုမှ ဂျယ်လီပိုးတစ်ထပ်ခံထားပါတယ် ❣️❣️
ခြေမျက်စိအထိရှည်လို့ လုံလုံခြုံခြုံ ပေါ့ပေါ့ပါးပါးနဲ့ ဝတ်ဆင်ရာမှာ စိတ်ကျေနပ်မှု့ ရစေမှာပါရှင် ❣️❣️
Designer ချုပ်မို့ ချုပ်ရိုးချူပ်သားရော Cutting ရော အရမ်းမိုက် ❣️❣️

L size ~ ရင် 39
ခါး38
ပေါင် ~ 120-155

XL ~ ရင် 44
ခါး 42
ပေါင် ~ 155-180

2XL ~ ရင် 46
ခါး 45
ပေါင် ~ 180-220

Price ~ 19500 Ks

လက်ကားလိုချင်သူများအတွက်လဲ သီးသန့်ဈေးရှိပါတယ်ရှင် 💌


BKK စပန့် အသားကောင်း ညဝတ်ဝမ်းဆက်လေး ❤️စက်ရုံချုပ်မို့ ချုပ်ရိုးချုပ်သား စိတ်ချပါရှင် ❤️နွေရာသီနဲ့ အသင့်တော်ဆုံးအသားလေးမိ...
30/03/2022

BKK စပန့် အသားကောင်း ညဝတ်ဝမ်းဆက်လေး ❤️
စက်ရုံချုပ်မို့ ချုပ်ရိုးချုပ်သား စိတ်ချပါရှင် ❤️
နွေရာသီနဲ့ အသင့်တော်ဆုံးအသားလေးမို့ ဝတ်လိုက်ရင် သက်တောင့်သက်သာနဲ့ စိတ်ချမ်းမြေ့စေမှာ အမှန်ပါရှင့် ❤️
အထည်နဲ့ဆင်တူ ခေါင်းစည်းကွင်းလေးတွေလဲ ထည့်ပေးထားပါတယ်ရှင် ❤️
Plus Size လေးတွေကို စက်ရုံက ထွက်ထွက်ချင်း ထွက်သမျှအကုန်အားပေးသွားတဲ့ Customer ကို ကျေးဇူးလဲတင်ရင်း Page မှာ ဆိုဒ်တစ်မျိုးပဲ တင်နိုင်တော့တဲ့အတွက် တောင်းပန်ပါတယ်ရှင် 😔

လက်တို👚ဘီရှည်👖
ရင် ~ ၄၂
ပေါင် ~ ၁၀၀ မှ ၁၄၅ ထိ ရပါတယ်ရှင်
Price ~ 9500 Ks

လက်ကားမှာယူလိုသူများအတွက် သီးသန့်ဈေးရှိပါတယ်ရှင် ❤️
All Instock မို့ မှာယူပြီး သုံးရက်အတွင်း ပို့ဆောင်ပေးနေပါပြီရှင် ❤️


Address

19 Street, Bet 62*63 St
Mandalay
05011

Telephone

+9592006152

Website

Alerts

Be the first to know and let us send you an email when Joy Plus Size Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Joy Plus Size Fashion:

Share