Shwe Thant Tender Hugs

Shwe Thant  Tender Hugs born by Shwe Thant's Heart

ချစ်ခင်စွာ အားပေးသူတိုင်းကို ကျေးဇူးအထူးတင်ရပါတယ်ရှင့်😍😍😍
03/10/2023

ချစ်ခင်စွာ အားပေးသူတိုင်းကို ကျေးဇူးအထူးတင်ရပါတယ်ရှင့်

😍😍😍

Limited Stock ပါ Hand Made လေးဖြစ်လ်ို့ တခုနဲ့ တခု မတူတဲ့ ချစ်စရာကောင်းတဲ့ အရုပ်လေးတွေ နဲ့ 4 ထည်ပါ တထုတ်ကို 4800/- 100% ...
14/08/2020

Limited Stock ပါ
Hand Made လေးဖြစ်လ်ို့ တခုနဲ့ တခု မတူတဲ့ ချစ်စရာကောင်းတဲ့ အရုပ်လေးတွေ နဲ့

4 ထည်ပါ တထုတ်ကို 4800/-

100% cotton

Shwe Thant Tender Hugsနုညံ့ တဲ့ ထွေးပွေ့မှု အတွက် Shwe Thant🧵🧵🧵🧵ဟုတ်ပါတယ် နောက်ကြိူးချည် ကျောကွဲ အင်္ကျီလေးပါရှင့် Shwe ...
14/08/2020

Shwe Thant Tender Hugs
နုညံ့ တဲ့ ထွေးပွေ့မှု အတွက် Shwe Thant
🧵🧵🧵🧵
ဟုတ်ပါတယ် နောက်ကြိူးချည် ကျောကွဲ အင်္ကျီလေးပါရှင့်

Shwe Thant ရဲ့ idea လေး ဆန်းသစ်ပီး ချုပ်လုပ်ထားပါတယ်

🧵ချည်သား စစ် အဖြူရောင်ကို ပဲသုံးပေးထားပါတယ်
🧵အနားကွတ်ကို လည်း သပ်ရပ်စွာ ချုပ်လုပ် ထားပါတယ်
🧵ရင်ဘတ်က အရုပ်ကလေးတွေက လည်း Hand Made ချည် ပန်းထိုးလေးတွေပါ

🧵ပန်းထိုးထားလို့ အတွင်းမှာရှုပ်နေမှာဆိုးလို့ အရုပ်နေရာလေးမှာ ကော်ပိတ်လေးသေချာ ကပ်ပေးထားပါတယ်
🧵 အရုပ်ကလေးတွေက Hand Made ဖြစ်လို့ တခုနဲ့ တခု မတူပါဘူးနော် ဒါကြောင့် ရွေးလို့တော့ အဆင်မပြေဘူးနော်
🧵
Shwe Thant Tender Hugs ရဲ​့ ပထမဆုံးထုတ်လိုက်တဲ့ ထုတ်ကုန်လေးပါ
Limited Stock ပါရှင့်
လက်ဆောင်ပေးလို့ လည်းလှ
ကိုယ်တိုင်သုံးဖို့ လည်း အဆင်ပြေပါတယ်

4 ထည်ပါ တထုတ်က်ို 4800/- ကျပ်ပါ

မိဘတိုင်းရဲ့ အကောင်းဆုံး ပံ့ပိုးပေးချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်တာ Shwe Thant ရဲ့ စေတနာပါ 🙏

✅✅✅စိတ်တိုင်း မေးမြန်း ဝယ်ယူ နိုင်ပါတယ် ရှင့်။ ဝယ်ပီး ပစ္စည်းများကိုတော့ ပြန် လဲ မပေး ပါဘူးရှင့်❗️❗️❗️

📦 ရန်ကုန် ,မန္တလေး, နေပြည်တော် , ပြင်ဦးလွင် , မကွေး, မုံရွာ ,တောင်ကြီး , သို့ အရောက်ပို့ ငွေချေ ရှိပါတယ် 📦 ( deli ခ ကို ဝယ်သုူ ဘက်မှ ရှင်းပေးရပါတယ်)

🚎 တခြားမြို့များသို့ကားဂိတ် များမှ ပို့ဆောင်ပေးပါတယ် 🚎 ( ဂိတ်ချ ခ ၁၀၀၀ နဲ့ တန်ဆာ ခကို ဝယ်သူဘက်က ရှင်းပေးရပါတယ်)
📮ကားဂိတ် နှင့်အဆင်မပြေတဲ့မြို့များ စာတိုက်မှ ပို့ပေးပါတယ်📮် စာတိုက် ပို့ခ နှင့် စာတိုက် ဝန်ဆောင်ခ ကို ဝယ်သူဘက်မှ ရှင်းပေးရပါတယ် )
🛍 နယ်မှ ဝယ်သူများt ငွေလွှဲရန် အဆင်ပြေဖို့
🏦 KBZ ,CB , AYA & KBZ PAY 💰, CB PAY 💰 တို့မှ လည်း ငွေ လွှဲ နိုင်ပါတယ်ရှင့်
‼️‼️ အထူးသတိပြုရန် ‼️
🙏🙏🙏🙏🙏
SHWE THANT မှ ငွေလွှဲ လက်ခံ သူသည်
ပိုင်ရှင် ‼️YI MON TAHNT ‼️နာမည် နှင့်သာ ငွေလွှဲ လက်ခံ ပါသည် ။ တခြား နာမည် များဖြင့် ‼️လုံးဝ လုံးဝ ‼️လက်ခံ ခြင်းမရှိပါရှင့် ။
ဆိုင်မှာ လာဝယ်မယ်ဆို 🛒
Shwe Thant baby shop
ကက-3/18
57လမ်း နှင့် 101 A လမ်းထောင့်
သိပ္ပံလမ်း (101) တောင်ဘက်
မန္တလေး မြို့
09977188891

အာဇာနည်နေ့သမိုင်း-------------------------၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့ မနက်ခင်း ၈နာရီခွဲခန့်အချိန်။ ဟော့ဆင်ထရပ်ကားတစင်း...
19/07/2020

အာဇာနည်နေ့သမိုင်း
-------------------------

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့ မနက်ခင်း ၈နာရီခွဲခန့်အချိန်။ ဟော့ဆင်ထရပ်ကားတစင်းသည် ရန်ကုန်မြို့လည်ကောင်သို့ ဦးတည်မောင်းနှင်လာနေသည်။ ထိုကားသည် ဒါလ်ဟိုဇီလမ်း(ယခုမဟာဗန္ဓုလလမ်း)နှင့် ၄၂ လမ်းထိပ်တွင် ရပ်တန့်လိုက်သည်။ ကားထဲတွင် မောင်နီတဦးသာ ကျန်ခဲ့ပီး ခင်မောင်ရင်နှင့် ဘညွှန့် မှုန်ကြီးတို့က အတွင်း၀န်ရုံးသို့ ကင်းထောက်ရန်ထွက်ခွာသွားပီး အစည်းအဝေးရှိမရှိ မေးမြန်းစုံစမ်းသည်။ မကြာခင်မှာပဲ ခင်မောင်ရင်က သူရိယသတင်းစာတိုက်မှ တယ်လီဖုန်းမှတဆင့် သူ၏ ဆရာဦးစောထံသို့ စကားဝှက်တခုဖြင့် သတင်းပို့လိုက်သည်။ ထိုစကားဝှက်မှာ “ ပစ္စတင်ကွင်းများရရှိပါပီ” ဟူ၏။

ထိုသတင်းရပီးသည်နှင့် ဦးစော၏ အေဒီလမ်းနေအိမ်မှ ဂျစ်ကားတစီးအရှိန်ပြင်းစွာ မောင်းထွက်သွားပီး အချိန်မှာမူ မနက် ၁၀နာရီခန့်ရှိပေပီ။ ကားမောင်းသူ သုခ၏ ဘေးတွင် မောင်စိုးစီးနင်းလာပီး နောက်ဘက်တာလပတ်အောက်တွင် ကွေးအိပ်လိုက်ပါလာသူများမှာ မောင်စိန်၊သက်နှင်းနှင့် ရန်ကြီးအောင်တို့ ဖြစ်သည်။ ထိုသူတို့သည် တယောက်စီထံတွင် တော်မီဂန်းတလက်စီကိုင်ဆောင်ထားကြသည်။ ရန်ကြီးအောင်ကမူ စတင်းဂန်းသေနတ်ကို ကိုင်ဆောင်ထားသည်။ သူတို့သည် စစ်၀တ်စုံကို ၀တ်ထားပီး အပျော့စားစစ်ဦးထုတ်ကို ဆောင်းထားကြသည်။ လက်မောင်းတံဆိပ်မှာမူ အင်္ဂလိပ်မြို့စောင့်တပ် အမှတ် ၁၂ ၏ တံဆိပ်ကို တပ်ဆင်ထားသည်။

၄င်းတို့ ထွက်ခွာလာသည်နှင့် မရှေးမနှောင်းမှာပင် ဗိုလ်ချုပ်အောင်ဆန်းသည် တာဝါလိန်းရှိ သူ၏ နေအိမ်မှ စတင်ထွက်ခွာလာခဲ့သည်။ ထိုနေ့က ဗိုလ်ချုပ်သည် လည်ကတုံးအဖြူရောင်ရှပ်အကျီ၊ ပိုးတိုက်ပုံနှင့် ရွှေဝါရောင်ပိုးလုံချည်တို့ကို ရှားရှားပါးပါး၀တ်ဆင်ထားသည်။ ထို့နောက် အတွင်း၀န်ရုံးသို့ ထွက်ခွာလာပေတော့သည်။

ထိုအချိန်မှာပင် ဘညွှန့်သည် အတွင်း၀န်ရုံးထဲတွင် သူလုပ်ကြံရမည့်သားကောင်ကို လိုက်လံရှာဖွေနေသည်။ သူလုပ်ကြံရမည့်သူမှာ ဗိုလ်ချုပ်၏ သူငယ်ချင်းလဲဖြစ် လွှတ်တော်ဥက္ကဌလဲဖြစ်သူ သခင်နုဖြစ်သည်။ သခင်နု၏ အခန်းထဲတွင် လူတယောက်ထိုင်နေသည်ကို တွေ့ရသောလည်း ထိုသူမှာ သခင်နုမဟုတ်ပေ။ ထိုနေ့က သခင်နုသည် ဘိလပ်မှပြန်လာပီး နေမကောင်းသဖြင့် အိမ်တွင်ပင် အနားယူနေခြင်းဖြစ်သည်။ ဇူလိုင် ၁၈ ရက်နေ့ ညကပင် ဗိုလ်ချုပ်သည် သခင်နုအိမ်သို့ သွားရောက်ခဲ့သေးသည်။ ထို့ကြောင့် သူသည် ခင်မောင်ရင်ရှိရာ ဖို့ဆင်ထရပ်ကားအနီးသို့ ပြန်လာပီး စကားစမြည်ပြောနေချိန်မှာပင် သိမ်ဖြူလမ်းအတိုင်း အပြင်းမောင်းနှင်လာသော ဂျစ်ကားကို မြင်တွေ့လိုက်ရလေသည်။

ထိုအချိန်မှာပင် အတွင်း၀န်ရုံး၏ အနောက်ဆောင်အပေါ်ထပ်တွင် တိုင်းပြုပြည်ပြု အစည်းအဝေး စတင်ကျင်းပနေပီဖြစ်သည်။ U ပုံစံခင်းကျင်းထားသော အစည်းအဝေးတွင် ဗိုလ်ချုပ်က ထိပ်ဆုံးတွင် ထိုင်နေလျက်ရှိပီး ဗိုလ်ချုပ်၏ ကပ်လျက်ဘယ်ဘက်တွင် ထိုင်နေသူမှာ ဦးရွှေဘော် ညာဘက်တွင်ထိုင်နေသူမှာ အတွင်း၀န်ဦးအုန်းမောင်ဖြစ်သည်။ ခုံတန်း၏ ညာဘက်ခြမ်းတွင် သခင်မြ၊ ဦးရာဇတ်၊ ဦးဘ၀င်း၊ ဒီးဒုတ်ဦးဘချိုနှင့် မန်းဘခိုင်တို့ ဖြစ်ကြသည်။ ဘယ်ဘက်ခြမ်းတွင်မူ ဦးဗဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြနှင့် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းတို့ဖြစ်ကြသည်။ အစည်းအဝေးကို ၁၀နာရီခွဲတွင် စတင်သည်။ ထိုအချိန်တွင် သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေး၀န်ကြီးဌာန အတွင်း၀န်ဦးအုန်းမောင်တယောက် အခန်းတွင်းသို့ ၀င်ရောက်လာသဖြင့် အစည်းအဝေးကို ခဏရပ်နားလိုက်သည်။ ဦးအုန်းမောင်သည် ၀န်ကြီးစောစံဖိုးသင်ကိုယ်စား အရေးပေါ်ကိစ္စတခုကို လာရောက်တင်ပြခြင်းဖြစ်သည်။ စောစံဖိုးသင်နဲ့ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းတို့မှာ ဘိလပ်သို့ သွားရောက်နေသဖြင့် ယခု အစည်းအဝေးတွင် မတက်ရောက်ခဲ့ပေ။

အတွင်း၀န်ရုံးမုခ်ဦးတွင်မူ ထရပ်ကားတစီး၏ နောက်မှနေ၍ ဂျစ်ကားသည် အစစ်အဆေး အဆီးအတားမရှိပဲ ရုံးအတွင်းသို့ ၀င်ရောက်လာပီဖြစ်သည်။ ထို့နောက် သေနတ်များကို ကိုင်ဆွဲ၍ အပေါ်ထပ်သို့ ခြေသံပြင်းပြင်းနှင့် တက်လာကြပေတော့သည်။ ရှေ့ဆုံးမှ လမ်းလျှောက်လာသူမှာ မောင်စိုးဖြစ်ပီး သေနတ်ကိုင်လူ စုစုပေါင်း ၄ဦး တက်လာကြခြင်းဖြစ်သည်။ တံခါးပေါက်၀အနီးတွင် စောင့်ဆိုင်းနေရသော အစောင့်ဖြစ်သူ မောင်သောင်းစိန်မှာမူ လက်နက်မရှိခြင်းကြောင့် ထိုလူများ ဗိုလ်ချုပ်တုိ့အစည်းအဝေးပြုလုပ်ရာ အခန်း၀ဆီသို့ ချည်းကပ်သွားနေသည်ကို အံ့သြခြင်းကြီးစွာ ကြည့်နေရုံမှတပါး အခြားမရှိခဲ့ပေ။ ထို့နောက် သတိ၀င်လာပီး ဟန့်တားမည်အပြု မောင်စိုးနှင့် သက်နှင်းက သူ့အား သေနတ်ဖြင့်ချိန်ပီး ငြိမ်ငြိမ်နေရန် ပြော၍ သူ့အား တွန်းတိုက်ကာ အခန်းတွင်းသို့ ၀င်ရောက်သွားလေတော့သည်။

ထို့နောက် သေနတ်သမားများသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ၀န်ကြီးများဘက်သို့ သေနတ်ဖြင့်ချိန်ရွယ်၍ “ မပြေးနဲ့။ မထနဲ့” ဟု အော်ဟစ်လိုက်သည်။ ထိုအချိန်တွင် သတ္တိကောင်းသော ဗိုလ်ချုပ်က ခုံမှ ထရပ်လိုက်သည်နှင့် မောင်စိုးက “ပစ် ပစ် ပစ်” ဟု အမိန့်ပေးပီး သေနတ်သမားတို့က တရစပ်ပစ်ခတ်လေတော့သည်။ သေနတ်သံ ၁၃ ချက်နှင့်အတူ ဗိုလ်ချှုပ်သည် သွေးအိုင်ထဲတွင် လဲကျငြိမ်သက်သွားသည်။ ထို့နောက်တွင်မှ တခန်းလုံးကို မွှေ့ယမ်းပစ်ခတ်သည်။ မောင်စိုး၊ မောင်စိန်နှင့် သက်နှင်းတို့သည် ဒူးထောက်၍လဲ လဲကျနေသော ၀န်ကြီးများကို ထပ်မံပစ်ခတ်ကြသည်။ စက္ကန့် ၃၀ခန့် ပစ်ခတ်ပီးနောက် မောင်စိုးက သူ့လူများကို အမိန့်ပေး၍ ပြန်လည်ဆုတ်ခွာသွားတော့သည်။ ထိုအချိန်တွင် သေနတ်သံများကြောင့် ဦးရာဇတ်၏ ကိုယ်ရံတော် ရဲဘော်ကိုထွေးသည် ပစ္စတိုသေနတ်ကို ကိုင်လျက် အခန်းတွင်းမှ ပြေးထွက်လာသည်။ ထိုအခါ သေနတ်သံများကြောင့် ရှေ့ဆုံးမှ ပြေးတက်လာသော ရန်ကြီးအောင်က ရဲဘော်ကိုထွေးအား စတင်းဂန်းဖြင့် ဆက်တိုက်ပစ်ခတ်ရာ သေနတ်ဒဏ်ရာ ၄ချက်ထိမှန်ပီး လဲကျသွားသည်။ သေနတ်သမားတို့သည် “ အောင်ပြီ၊ အောင်ပြီ” ဟု အော်ဟစ်၍ အတွင်း၀န်ရုံးအပေါ်ထပ်မှ ပြေးဆင်းလာကာ အသင့်ရှိနေသော ဂျစ်ကားပေါ်သို့ ပြေးတက်ကြလေသည်။ ဂျစ်ကားမှာ ရုတ်တရက် စက်နှိုးမရဖြစ်နေ၍ ကားမောင်းသူ သုခအား ဖယ်ခိုင်းပီး မောင်စိန်က စက်နှိုးမှ စက်နှိုးကာ ကားမှာ မောင်းထွက်သွားလေသည်။ ထိုကားသည် ဒါလဟိုဇီလမ်းမှ အေဒီလမ်းသို့ တိုက်ရိုက်မောင်းနှင်သွားပီး ခြံ၀န်းတခုအတွင်းသို့ မောင်း၀င်သွားလေသည်။ ထိုခြံ၀န်းထဲတွင် အကျီအဖြူ။ အပြာရောင်ဘောင်းဘီတို ၀တ်ထားသော လူတဦးက စောင့်ဆိုင်းလျက်ရှိနေပီး သေနတ်သမားတို့ ပြန်လာသောအခါ “ အောင်ပြီ " ဟူ၍လည်းကောင်း" ငါကြံရင် ခံနိုင်ရိုးလား” ဟုလည်းကောင်း ကြွေးကြော်ပီး သောက်စားအောင်ပွဲခံနေကြသည်။ ထိုအချိန်မှာပင် ခင်မောင်ရင်တို့ မောင်းနှင်လာသော ဟော့ဆန်ထရပ်ကားမှာလည်း ပြန်လည်ရောက်ရှိလာသည်။ ထို့နောက် စုစည်း၍ အောင်ပြီ အောင်ပြီဟု ကြွေးကြော်ကြသည်။ ထိုလူမှာ မျိုးချစ်ပါတီ၏ ဥက္ကဌဖြစ်သော ဂဠုန်ဦးစောပင် ဖြစ်လေတော့သည်။

အတွင်း၀န်များရုံးတွင်မူ ၁၀ နာရီနှင့် ၃၇ မိနစ်တွင် ယမ်းငွေ့များနှင့် အုံဆိုင်းနေသော အခန်းတွင်းသို့ ပထမဆုံးရောက်ရှိလာသူမှာ ဗိုလ်ချုပ်၏ အပါးတော်မြဲ ဗိုလ်ထွန်းလှ(ဝါ)တက္ကသိုလ်နေ၀င်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် သေနတ်ဒဏ်ရာ ၁၃ ချက်ဖြင့် လဲလျောင်းလျက်ရှိလေသည်။ သခင်မြ၏ အဆုတ်မှာလဲ ကျည်ဆံဖောက်ထွက်သွားပီး ကွယ်လွန်နေချေပီ။ ဦးရာဇတ်မှာမူ ကျည်ဆံ ၆ချက်ထိမှန်ခဲ့ပီး အသက်မသေသေးပဲ နောက်ဆုံးထွက်သက်ကို ညင်ညင်သာသာရှူသွားနိုင်ခဲ့သည်။ ဗိုလ်ချုပ်၏ အကို ဦးဘ၀င်းတွင် သေနတ်ကျည်ဆံ ၈ချက် ရရှိခဲ့ပီး မန်းဘခိုင်တွင် သေနတ်ဒဏ်ရာ ၁၅ချက် ရရှိခဲ့သည်။ ဘယ်ဘက်ခြမ်းတွင် ဒဏ်ရာရသူမှာ တဦးထဲသာဖြစ်ပီး မိုင်းပွန်စော်ဘွားကြီးဖြစ်သည်။ သူ၏ လည်ပင်းကို ကျည်ဆံဖောက်ထွက်သွားခဲ့သည်။ ပါးစပ်မှ သွေးများစီးကျနေကာ ရေတောင်းခံနေရှာသည်။ အတွင်း၀န်ဦးအုန်းမောင်လဲ ကျည်ဆံရာများဖြင့် ကျဆုံးလျက်ရှိသည်။ ကျန်သူများမှာ ခုံအောက်တွင် ပုန်းနေနိုင်ခဲ့၍ အသက်မသေပဲ ကျန်ရစ်ခဲ့ကြသည်။ ဗိုလ်ချုပ်၏ ရုပ်အလောင်းကို ပထမဆုံးရောက်လာသော မီးသတ်ကားဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပီး ဆရာ၀န်ကြီးဦးဘသန်းက ကြိုးစားခွဲစိတ်ခဲ့သေးသော်လည်း အသက်ပြန်မရှင်နိုင်ခဲ့တော့ပေ။ အတွင်း၀န်ရုံးတွင် ၆ ဦးသေဆုံးခဲ့ပီး ကျန် ၃ဦးမှာ အခြားနေ့တွင် ကွယ်လွန်ခဲ့သည်။ ဦးခေါင်းကို ကျည်ဆံထိမှန်ခဲ့သော ဦးဘချိုသည် ထိုနေ့ နေ့လည်ပိုင်းတွင် ကွယ်လွန်ပီး နောက်တနေ့တွင် မိုင်းပွန်စော်ဘွားကြီးကွယ်လွန်သည်။ ထို့အတူ ရဲဘော်ကိုထွေးလဲ ဆေးရုံတွင် ကွယ်လွန်သည်။

ထိုနေ့ ညနေ ၃ နာရီအချိန်တွင်မူ ဗိုလ်ချုပ်ဖွဲ့စည်းပေးခဲ့သော သောင်းကျန်းသူနှိမ်နင်းရေးတပ်ရင်း ( ၁ )မှ ဗိုလ်မှူးအေးငွေနဲ့ ဗိုလ်သိန်းဟန်သည် ရဲမင်းကြီး၏ စေခိုင်းချက်အရ အေဒီလမ်း၊ ခြံအမှတ် ၄ ရှိ ဦးစော၏ နေအိမ်ကို ဝင်ရောက်စီးနင်းကာ ဦးစောနှင့် သူ၏ တပည့် ၃၀ ဦးကို ဖမ်းဆီးန်ိုင်ခဲ့သည်။ အင်းလျားကန်ထဲတွင် ရေချမြုပ်နှံထားသော သေနတ်များ၊ ကျည်ဆန်များနှင့် လက်ပစ်ဗုံးများကိုလဲ ရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက် လွှတ်တော်တရားဝန်ကြီးဦးကျော်မြင့် ခေါင်းဆောင်သည့် တရားသူကြီး ၃ ဦးပါ ခုံသမာဓိအဖွဲ့က တရားစီရင်ခဲ့ပီး တရားခံ ၁၀ ဦးကို စစ်ဆေးခဲ့ကာ ဦးစောပါ ၈ ဦးကို သေဒဏ်ချမှတ်ခဲ့သည်။ ၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့ မနက် အာရုဏ်တက်ချိန်တွင် ဦးစောနှင့် ကြံရာပါ ၃ ဦးကို အင်းစိန်ထောင်၌ ကြိုးပေးစီရင်ခဲ့သည်။ ကျန် ၂ ဦးကိုမူ ရန်ကုန်ထောင်ကြီး၌ ကြိုးပေးခဲ့ပီး သုခနဲ့ မောင်နီမှာမူ အယူခံအောင်ခဲ့သဖြင့် အသက်ဘေးမှ လွတ်ကင်းခဲ့ပီး တသက်တကျွန်း ကျခံခဲ့ရသည်။

ထိုသို့ဖြင့်ပင် မြန်မာပြည်၏ အကြီးမြတ်ဆုံးခေါင်းဆောင်ကြီးများ တချိန်ထဲကျဆုံးခဲ့ကြပီး မြန်မာနိုင်ငံ၏ ကံကြမ္မာမှာ ယခုထက်ပင် ဆိုးရွားနေဆဲဖြစ်သည်။ ထိုသတင်းကို ကြားသိရသော ပြည်သူများမှာ လူမျိုးဘာသာမရွေး ပူဆွေးခဲ့ကြသည်။ ကွယ်လွန်ချိန်က ဗိုလ်ချုပ်၏အသက်မှာ ၃၂နှစ်သာ ရှိသေးသည်။ ဆရာဇော်ဂျီက အမျိုးသားပျက်သုန်းခြင်းဟု အမည်တပ်ခဲ့သည်။ ထို့နောက် ဆိုရှယ်လစ်များက ဗိုလ်ချုပ်၏ဇနီးဒေါ်ခင်ကြည်ကို သံအမတ်ကြီးအဖြစ် တာ၀န်ပေးအပ်ခဲ့ပီး ကလေးများကိုပါ နိုင်ငံရပ်ခြားသို့ ခေါ်ဆောင်သွားစေကာ မြန်မာပြည်နိုင်ငံရေးတွင် အောင်ဆန်းမျိုးဆက်ကို အပီးတိုင်ရှင်းထုတ်ခဲ့ကြလေသည်။ ထိုသို့ဖြင့်ပင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ လှုပ်ရှားမှုများ ရပ်တန့်ခဲ့ရကာ ၄င်း၏ မျိုးဆက်များသည်လဲ မြန်မာနိုင်ငံမှာ ထွက်ခွာခဲ့ရတော့သည်။ ပြည်သူများမှာ အာဇာနည်နေ့ရောက်တိုင်း၊ ဆူပူအုံကြွမှုများဖြစ်ပွားတိုင်းတွင် အဖဗိုလ်ချုပ်အောင်ဆန်းကိုသာ တိုင်တည်အားထားခဲ့ကြရတော့သည်။ ထို့ကြောင့် အာဇာနည်နေ့အခမ်းအနားများကို မှေးမှိန်အောင် ပြုလုပ်ခဲ့သလို ငွေစက္ကူများမှ ဗိုလ်ချုပ်ပုံများကိုလဲ ဖယ်ရှားပစ်ခဲ့ကြသည်။ သို့သော်...

ဗိုလ်ချုပ်သည် မြန်မာပြည်သူများအတွက် ခေါင်းဆောင်တဦးကို မွေးဖွားချန်ရစ်ထားခဲ့ပေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၄င်း သေရတော့မည့်ကြိုတင်သိခဲ့သည်အလား ထင်မှတ်ရပေသည်။ ဘုရင်ခံနှင့် တွေ့ဆုံချိန်တွင် ကျနော် အလွန်ဆုံးနေရ ၃နှစ်ထက် မပိုတော့ပါဘူးဟု ပြောကြားခဲ့သလို ဇူလိုင် ၁၃ ရက်နေ့ တိုင်းပြည်သို့ မိန့်ကြားသောမိန့်ခွန်းတွင်လဲ “ကနေ့ ကျနော်ပြောခဲ့ချင်တယ်” ဟု နိမိတ်ပြပြောကြားခဲ့သည်။ ထို့သို့ လုပ်ကြံရှင်းလင်းခဲ့သော်လည်း ဗိုလ်ချုပ်၏ စိတ်ဓာတ်၊ နှလုံးသားတို့ကို အမွေဆက်ခံခဲ့သော ဗိုလ်ချုပ်၏ သွေးစက်ဖြစ်သော ရင်သွေးငယ်တဦးမှာ လူ့လောကသို့ ရောက်ရှိလာခဲ့ပီးဖြစ်သည်။ ထိုသို့ဖြင့်ပင် နောင်နှစ်ပေါင်း ၄၀ ခန့်ကြာသောအခါ ထိုကလေးငယ်သည် မြန်မာပြည်သူများကို နောက်တဖန် ဖိနှိပ်ခံရခြင်းမှ လွတ်ကင်းအောင် ကြိုးစားပေးရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပေတော့သည်။ ထိုကလေးငယ်ကား အာဇာနည်နေ့ မနက်က အိမ်မှ ထွက်ခွာချိန်တွင် ဗိုလ်ချုပ်က နောက်ဆုံးအဖြစ် ပါးလေးကို နမ်းခဲ့သော။ အငယ်ဆုံးနဲ့ အချစ်ဆုံးသမီးလေးဖြစ်သော အောင်ဆန်းစုကြည်(အမေစု)ပင် ဖြစ်လေတော့သတည်း။

ဓာတ်ပုံနှင့် မူရင်းရေးသားသူ💥
Nay Thway

Shwe Thant Tender Hugs လေးရဲ့ ထုတ်ကုန်လေးတွေဟာ  #အရည်အသွေး ကောင်းရမယ်  #ချည်သားစစ်စစ်ဖြစ်ရမယ် #ပြည်တွင်းထုတ်ကုန် ဖြစ်ရမယ...
18/07/2020

Shwe Thant Tender Hugs လေးရဲ့
ထုတ်ကုန်လေးတွေဟာ

#အရည်အသွေး ကောင်းရမယ်
#ချည်သားစစ်စစ်ဖြစ်ရမယ်
#ပြည်တွင်းထုတ်ကုန် ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်လေး ကို အကောင်ထည်ဖော်ဖို့ မြန်မာ့ ချည်ထည်များ ရက်လုပ် ထွက်ရှိတဲ့
မြို့လေးကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့ပါတယ် 🚗🚗
နိုင်ငံခြားကဝင်လာတဲ့ ကုန်ကြမ်းတွေကို လွယ်လွယ် ကူကူ နဲ့ ရနိုင်တယ် ဆိုပေမယ့်

ခေါင်းမာတဲ့ 🙋🙋ဒေါ်ရွေသန့် ကတော့ မြန်မာ့ ထွက်ကုန်ပဲ သုံးချင်ခဲ့ပါတယ် ။ ပြည်တွင်းမှာ လည်းဒီလို ကောင်းတဲ့ ပစ္စည်းတွေရှိတယ်ဟဲ့ဆို ပီး လက်မထောင်👍👍👍ချင်တာပါ 😁

နောက်ပီး ကြီးကြီးကျယ်ကျယ် ပြောရမယ်ဆို ပြည်တွင်း အလုပ် အကိုင် တိုးပွားဖို့
နိုင်ငံခြားကို ယိုစီးနေတဲ့ လူ့စွမ်းအားတွေ ပြည်တွင်းမှာပဲ စီးဆင်းဖို့ စတဲ့ အတွေးပေါင်းစုံ နဲ့ ပြည်တွင်းမှာပဲ ပြည်တွင်းကရတဲ့ မြန်မာ့ ထွက်ကုန်စစ်စစ် ကို ထုတ်မယ် ဟဲ့ဆို ပီး
အားတင်းပီး ဒီ အလုပ်လေးကို စခဲ့တာပါ။

ကလေးငယ်တို့ အတွက်
ချည်သားလေးတွေဟာ
လေဝင် လေထွက်ကောင်းတယ်
အေးတယ် ၊
အရည်ပြား ဓာတ်မတည့်တာမျိုး မဖြစ်ဘူး ၊
နွေမှာ အေးပီး ဆောင်းမှာနွေးတယ် ဒီလို ကောင်းကျိုး တွေ အများကြီးရှိပါတယ်။

ဒီလို ကောင်းကျိူးတွေအများကြီးရှိတဲ့ မြန်မာ့ ထွက်ကုန်စစ်စစ် ချည်ထည်တွေကို အသုံးပြုပီး ကျမတို့ ရင်သွေးလေးတွေကို မိခင်က ထွေးပွေ့ သလို နွေးထွေးပီး ဖခင်က ပွေ့ဖက်သလို လုံခြုံ မှု ပေးနိုင်တဲ့ ကလေးပစ္စည်းများကို ထုတ်လုပ်သွားမှာပါရှင့်

15/07/2020

Shwe Thant Tender Hugs

Shwe Thant Tender Hugs ကနေ ပွဲဦးထွက်လာမယ့် ပစ္စည်းလေးက ဘာလေးဖြစ်မလဲနော် ကျမ ကိုယ်တိုင် စမ်းသပ်နေပါတယ်သေချာအောင်လုပ်နေပါတ...
15/07/2020

Shwe Thant
Tender Hugs ကနေ
ပွဲဦးထွက်လာမယ့် ပစ္စည်းလေးက ဘာလေးဖြစ်မလဲနော်

ကျမ ကိုယ်တိုင် စမ်းသပ်နေပါတယ်
သေချာအောင်လုပ်နေပါတယ်
ကလေးငယ်လေးတွေအတွက်

နုညံ့ရမယ်
ချည်သား စစ် နဲ့ ပြုလုပ်ထားတယ်
လုံးဝ မပူပဲ လေဝင်လေထွက်ကောင်းတယ်

ဒီစမ်းသပ်မှုလေးအဆင်ပြေတယ် ဆိုရင်
မကြာမီ လာမှီ မျှော် 😚😚😚😚
ျည်သား

ဒီလို နုဖက် နေတဲ့ အရည်ပြား ပိုင်ရှင်မွေးခင်းစ ကလေးတွေ ရဲ့ အသားရည် နဲ့ တိုက်ရိုက် ထိတွေ့ မယ့် ပစ္စည်းတွေ က နုညံ့ရမယ်ပိုးမ...
09/07/2020

ဒီလို နုဖက် နေတဲ့ အရည်ပြား ပိုင်ရှင်
မွေးခင်းစ ကလေးတွေ ရဲ့ အသားရည် နဲ့ တိုက်ရိုက် ထိတွေ့ မယ့် ပစ္စည်းတွေ က

နုညံ့ရမယ်
ပိုးမွှားကင်းစင်ရမယ်
လုံခြုံနွေးထွေးစေရမယ်
ပူလောက်အပ်စပ် တတ်တာမျိုး မဖြစ်ရပဲ
လေဝင်လေ ထွက်ကောင်းရမယ်

အရေးကြီးဆုံးကတော့ မိခင်ရဲ့ ဝမ်းကြာတိုက်ကနေ ထွက် လာခါစဖြစ်လို့ မိခင်က ထွေးပွေ့ထားတဲ့ နုညံ့မှုမျိုးရစေရမယ်

Shwe Thant
Tender Hugs

နုညံ့သော အထိတွေ့တိုင်းအတွက်

08/07/2020

ကလေးငယ်လေးတွေဟာ
လွတ်လပ်တာကို ကြိုက်တယ်
ပေါ့ပါးတာကို ကြိုက်တယ်

မိခင်ရဲ့ နွေးထွေးစွာ ထွေးပွေ့မှုလို နုညံ့တဲ့ အထိတွေ့ တွေ နဲ့ဆို သက်သောင့်သက်သာ
ရှိရုံသာမက လုံခြုံ နွေးထွေး မှုကို လည်း ခံစားရစေမှာပါ

ဒီလို နုညံ့တဲ့ လက်တစုံလို ထွေးပွေ့ပေးမယ့်
Shwe Thant Tender Hugs

Address

KaKa-3/18, Conner Of 101A Street And 57 Street
Mandalay
05041

Telephone

+959977188891

Website

Alerts

Be the first to know and let us send you an email when Shwe Thant Tender Hugs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Thant Tender Hugs:

Share