Hayli's Vintage And Export Quality

Hayli's Vintage And Export Quality လူတန်းစားမရွေး စျေးသက်သက်သာသာနဲ့ fashionကျပြီးလှပစွာဝတ်ဆင်နိုင်ဖို့ ရည်ရွယ်ပါတယ်ရှင်

Japan made စစ်စစ် 📌📌Showroom quality ရှိတဲ့ skirtsလေးတွေကို❣❣ထောင်ဂဏန်းလေးဘဲသုံးပီး Fashion ကျကျဝတ်ရအောင်ပါ❣❣5ထည် 10ထည်က...
18/12/2022

Japan made စစ်စစ် 📌📌

Showroom quality ရှိတဲ့ skirtsလေးတွေကို❣❣

ထောင်ဂဏန်းလေးဘဲသုံးပီး Fashion ကျကျဝတ်ရအောင်ပါ❣❣

5ထည် 10ထည်ကစ လက်ကားစျေးနဲ့ရပါတယ်နော်🤗

🛵MDY မြို့ ပြည်ကြီးတံခွန်အနီး ပို့ခ freeပါ☺️

🏠မန်းလေးမြို့အတွင်းအိမ်အရောက်ငွေချေရပါတယ်

🌇တစ်ခြားမြို့နယ်များကိုလဲ ငွေလွဲရောက်တာနဲ့ပစ္စည်းပို့ပေးပါတယ်နော်.🥰

09770047900.09791378894


#ဘေထုပ် #ကွန်တိန်နာကျ

💥GRAPHIC TEE 💥📌Disney brand လေး 📌ပုခုံး -- 21📌လက်  -- 22📌ခါးအရှည် -- 26📌Size ---- S 📌Price ---- 8000mmk 🛵MDY မြို့ ပြည်က...
09/12/2022

💥GRAPHIC TEE 💥
📌Disney brand လေး
📌ပုခုံး -- 21
📌လက် -- 22
📌ခါးအရှည် -- 26
📌Size ---- S
📌Price ---- 8000mmk

🛵MDY မြို့ ပြည်ကြီးတံခွန်အနီး ပို့ခ freeပါ☺️

🏠မန်းလေးမြို့အတွင်းအိမ်အရောက်ငွေချေရပါတယ်

🌇တစ်ခြားမြို့နယ်များကိုလဲ ငွေလွဲရောက်တာနဲ့ပစ္စည်းပို့ပေးပါတယ်နော်.🥰

09770047900.09791378894
#ဘေထုပ် #ကွန်တိန်နာကျ

27/10/2021
😎😎Style pantsလေး‌တွေနဲ့ အထာကျကျလန်းချင်တဲ့ ချစ်တို့အတွက် 💦💦မိုးရာသီအထူး promotion အနေနဲ့ သောင်းကျော်ပေး၀ယ်နေရတဲ့ style p...
08/06/2021

😎😎Style pantsလေး‌တွေနဲ့ အထာကျကျလန်းချင်တဲ့ ချစ်တို့အတွက်

💦💦မိုးရာသီအထူး promotion အနေနဲ့
သောင်းကျော်ပေး၀ယ်နေရတဲ့ style pantsတွေကို 50% လျော့ဈေးနဲ့ ရောင်းပေးသွားမှာမလို့

👍👍မင်မင်တို့ရဲ့ page လေးကို like & followလုပ်ထားဖို့မမေ့နဲ့နော်❤️❤️

သင့်ရဲ့အဝတ်အစားအဟောင်းတွေကိုဘယ်လိုပြန်အသုံးပြုမလဲ?သဲတို့ရေလူတိုင်းလိုလို အဝတ်တွေဟောင်းလာရင်ဆက်မဝတ်ချင်တော့ပဲ အသစ်ပဲဝယ်တတ...
03/06/2021

သင့်ရဲ့အဝတ်အစားအဟောင်းတွေကိုဘယ်လိုပြန်အသုံး
ပြုမလဲ?

သဲတို့ရေလူတိုင်းလိုလို အဝတ်တွေဟောင်းလာရင်
ဆက်မဝတ်ချင်တော့ပဲ အသစ်ပဲဝယ်တတ်ကြတယ်ဟုတ်
ဒါဟာပြဿနာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့အဝတ်
အစားအဟောင်းလေးတွေကို စနစ်တကျပြန်လည် ထိန်း
သိမ်းလို့ရမှန်း မသိရင်တော့ပြဿနာရှိပါပြီ တစ်နှစ်ကို
လူတွေအသုံးမလိုလို့ စွန့်ပြစ်တဲ့ အဝတ်အထည်ပေါင်း
တန်ချိန် (၁၀) သန်းကျော်တောင်ရှိပါတယ်တဲ့။ ဒါ့ကြောင့်
အဝတ်အစားတွေကြောင့် ကမ္ဘာကြီးရဲ့ညစ်ညမ်းမှုဟာ
လည်းနှစ်စဉ်တိုးလာတာပါပဲ။ ဒါ့ကြောင့် အဝတ်အစား
လေးတွေကို မစွန့်ပြစ်ပဲ ပြန်လည်အသုံးပြုလို့ရတဲ့နည်း
လေးတွေကိုမျှဝေပေးမယ်နော်။

လှူဒါန်းခြင်း။

သဲတို့ရေ ဒီနည်းလမ်းကတော့ တော်တော်များများပြု
လုပ်လေ့ရှိကြသလို အဝတ်အစားအဟောင်းတွေကို
ပြန်လည်အသုံးချရာမှာလဲတော်တော်လေး ထိရောက်
ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံ အချို့ပြည်နယ်တွေ
မှာဆိုရင် တောထဲတောင်ထဲမှာ ဒုက္ခရောက်ပြီး အဝတ်
အထည်လိုအပ်နေတဲ့ ဒုက္ခသယ်ပြည်သူတွေ အများ
အပြားရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်မှာအသုံးမလိုအပ်
တော့တဲ့ အသုံးအဆောင် အဝတ်အထည်တွေကို
ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်လှူ
တန်းလို့ရပါတယ်ရှင့်။

အဝတ်အစားသစ်ဖန်တီးခြင်း။

အဝတ်အစားအဟောင်းတွေကနေ အဝတ်အစား
အသစ်ဖြစ်အောင် ပြောင်းလဲပေးလို့ရပါတယ်။
ဥပမာ ဂျင်းဘောင်းဘီ အရှည်အောက်ပိုင်းတွေ
ဆွေးနေပြီ ဆိုပါစို့။ ဘောင်းဘီတိုအဖြစ် ပြောင်းလဲ
ပစ်လိုက်ပါ။ လိုအပ်တဲ့ပစ္စည်းကတော့ ကပ်ကြေး
တစ်လက်ပါပဲ။ တီရှပ်တွေကိုစကပ်အဖြစ် ပြောင်းပစ်
တာမျိုးလဲ လုပ်လို့ရပါတယ်။ တီရှပ်အင်္ကျီလက်
တွေကို အထဲကိုထည့်ပြီး အိပ်ကပ်လို ချုပ်လိုက်ရုံနဲ့
စကပ်အဖြစ် အလွယ်တကူပြောင်းပစ်လို့ရတာပေါ့။

အသုံးအဆောင်ပစ္စည်းအသစ် ဖန်တီးခြင်း

အင်္ကျီအဟောင်းတစ်ထည်ကို အိတ်တစ်လုံးအဖြစ်
ပြောင်းလဲလို့ရတယ်ဆိုတာ သိပါသလား။
ဂျိုင်းပြတ် အင်္ကျီတွေက အိတ်အဖြစ် ပြောင်းလဲဖို့
အလွယ်ဆုံးပါပဲ။ အင်္ကျီ အောက်ပိုင်းတွေကို
ချုပ်ပစ်လိုက်တာနဲ့ အိတ်အသစ်တစ်လုံးရပြီပေါ့။
အင်္ကျီအဟောင်းတွေနဲ့ခေါင်းအုံး စွပ်လဲ ချုပ်လို့ရပြီး
ခေါင်းအုံးအသစ်လည်း လုပ်လို့ရပါတယ်။

စောင်တစ်ထည် ဖန်တီးခြင်း။

မဝတ်တော့တဲ့ အင်္ကျီတွေ အားလုံးကို တွဲပြီးချုပ်ပစ်
လိုက်ရင် စောင်အသစ်တစ်ထည် ရပြီပေါ့။ အင်္ကျီတွေကို
ပြန့်ပြီး တစ်ပြေးထည်း ဖြစ်သွားအောင်ညှပ်ပါ။
လက်နဲ့ချုပ်ရရင် တစ်လလောက် ကြာသွားနိုင်လို့
စက်နဲ့ချုပ်ပါ။ အခုပေါ်နေတဲ့ လက်ကိုင်စက်ချုပ်စက်
သေးသေးလေးတွေဝယ်ထားရင် အလွန်အသုံးဝင်ပါတယ်။

လက်ဆောင်ထုပ်ခြင်း။

လက်ဆောင်ထုပ်ဖို့ စက္ကူသပ်သပ် သွားဝယ်မနေတော့
ပဲ အဝတ်အဟောင်းတစ်ထည်ထည်နဲ့ ထုပ်လိုက်ရင်
ငွေကုန်လည်း သက်သာ၊ သူများနဲ့လည်း မတူတော့
ဘူးပေါ့။ အဆင်လှတာလေးတော့ရွေးပေါ့နော်...။

ကဲဒီတော့သဲတို့လဲမင်မင်ပြောတဲ့အတိုင်း အိမ်မှာ
ရှိတဲ့အဝတ်အစားဟောင်းတွေကို လည်တည့်စမ်း
ကြည့်ကြပေါ့နော်။ ပျက်စီးသွားရင်တော့ မင်မင်လဲ
တာဝန်မယူပါဘူးနော်။ :P

MMOS

ပိုက်ဆံရှိတဲ့သူတွေပဲ ဝတ်လေ့ရှိတဲ့Vintage (မြန်မာအခေါ် ဘေထုတ်)ဘေထုတ်လို့ပြောတာနဲ့ အယူအဆမှားနေတဲ့လူတချို့က ဟင်ခနဲဆိုဖြစ်ပါ...
25/05/2021

ပိုက်ဆံရှိတဲ့သူတွေပဲ ဝတ်လေ့ရှိတဲ့
Vintage (မြန်မာအခေါ် ဘေထုတ်)

ဘေထုတ်လို့ပြောတာနဲ့ အယူအဆမှားနေတဲ့
လူတချို့က ဟင်ခနဲဆိုဖြစ်ပါတယ် 🙅🏻

တကယ်တော့ နိုင်ငံတကာမှာ ✈
Vintage ခေါ် ဘေ အဝတ်အထည်များကို
သာမာန်အဝတ်အထည်များထက်ပိုပြီး😱
စိတ်ဝင်စားလေ့ရှိပါတယ် 👨🏻‍💼

ဘာကြောင့်လဲဆိုတော့ 🤔
နံမည်ကြီးအမှတ်တံဆိပ်တွေမှ 🏷
အသစ်ထပ်မံ 🤷🏻‍♀️ ထုတ်လုပ်ခြင်းမရှိတော့တဲ့
အဝတ်အထည်တွေကို 💁🏻
တစ်ခုတည်းသောရရှိနိုင်တဲ့ နေရာက
Vintage (ဘေ) ဆိုင်တွေမှာပဲ ဖြစ်ပါတယ်😱

ဒါ့အပြင်
✅ ဒီဇိုင်းအသစ်တွေ
✅ ဘဝမှာ တစ်ခါမှ မမြင်ဘူးတဲ့ ပုံစံတွေ
✅မြန်မာနိုင်ငံထုတ်မဟုတ်ပဲ နိုင်ငံခြားက ထုတ်တဲ့ အဝတ်အထည်တွေ ကို
✅💰 စျေးနှုန်းသက်သာစွာနဲ့ ရ ရှိနိုင်တဲ့
အခွင့်အရေးကို မရွေးချယ်မိဘူးဆိုရင်တော့
သင်ဟာ အရမ်းခေတ်နောက်ကျနေပါပြီ 🤷🏻‍♀️

ဘေထုပ်လုပ်ငန်းစတင်မည့်ညီမလေး ၊ ညီလေးများဖတ်ရန်။(ဖတ်ရှုချိန် ၃ မိနစ်)ဘေထုပ်လုပ်ငန်းဆိုတာကအခုနောက်ပိုင်းမှာတော်တော်လေးတွင်...
20/05/2021

ဘေထုပ်လုပ်ငန်းစတင်မည့်ညီမလေး ၊ ညီလေးများဖတ်ရန်။
(ဖတ်ရှုချိန် ၃ မိနစ်)

ဘေထုပ်လုပ်ငန်းဆိုတာကအခုနောက်ပိုင်းမှာတော်တော်လေး
တွင်ကျယ်လာတဲ့လုပ်ငန်းတစ်ခုဖြစ်သလို၊အကျိုးအမြတ်လဲ
ထိုက်သင့်သလောက်ရတဲ့ လုပ်ငန်းတစ်ခုဆိုလဲမမှားပါဘူး။
ဒီနေ့မှာတော့ MMOS ကိုမကြာခဏလာလာမေးနေကြတဲ့
လုပ်ငန်းစချင်တယ်ဘယ်ကနေစရမလဲ ဘယ်လိုစရောင်း
ရမလဲစတဲ့အကြောင်းတွေကိုပြောပြပေးသွားပါမယ်။

မိမိရဲ့ Passion ဟုတ်မဟုတ်အရင်ဆုံးဖြတ်ပါ။
ဟုတ်ပါတယ်ဘာအလုပ်ပဲလုပ်လုပ် passion က
အရေးကြီးပါတယ်။ Passion ဆိုတဲ့နေရာမှာလည်း
အချို့ကရူးသွပ်တာ ၊ စွဲစွဲမြဲမြဲလုပ်တာစသည့်ဖြင့်
အဓိပ္ပါယ်အမျိုးမျိုး ကောက်ယူကြပါတယ်။ ဒါတွေ
ကမှန်သင့်သလောက်တော့မှန်ပါတယ်။ ဒါပေမဲ့
တကယ့် Passion ရဲ့အဓိပ္ပါယ်က လက်တင်
ဘာသာစကား Pati (or) Passo (အင်္ဂလိပ်လို
Suffer) မြန်မာလိုကတော့အနာခံတာပါ။ ဆိုလို
တာကအလုပ်တစ်ခုကိုဘယ်လောက်နာကျင်နေ
ပါစေဖက်တွယ်ပြီးလုပ်တာကိုပြောတာပါ။ဒီတော့
ဘေထုပ်လုပ်ငန်းမှာလဲအားလုံးက Unseen ဖြစ်
တဲ့အတွက်ဘာကိုမှအတည်တကျပြောလို့မရပါဘူး
စံရတာလဲရှိသလို ၊ ခံရတာလဲရှိပါတယ်။ အချို့က
၁၀ ထည်လောက်စရင်းတယ်။ အဲ့ဒီ ၁၀
ထည်မှာအမြတ်မထွက်လို့ပြသနာလာရှာတာမျိုး
တွေလဲကြုံဖူးပါတယ်။ အဲ့တော့
ဘေထုပ်စလုပ်မဲ့သူတွေအတွက် ဘယ်လောက်ထိ
အနာခံပြီးဖက်တွယ်ထားနိုင်သလဲဘယ်လောက်စွဲ
စွဲမြဲမြဲလုပ်မှာလဲဆိုတဲ့ Passion ကိုသိဖို့လိုပါတယ်။

ကိုယ်လုပ်နေတဲ့အရာကိုသိပါ။

ဒီတစ်ချက်ကလဲအရေးကြီးပါတယ်။ ကိုယ်ကဘာလုပ်
နေလဲဘယ်သူတွေကိုရောင်းမှာလဲဆိုတာကို ကွဲကွဲ
ပြားပြားသိဖို့လိုပါတယ်။ ဥပမာ ကိုယ်ရောင်းမဲ့ပစ္စည်း
ကဘာလဲ?
ဘယ်လိုလူမျိုးတွေကဝယ်မှာလဲ? ကိုယ့်ပစ္စည်း
ကိုဝယ်ယူမည့်အသက်အရွယ် ၊ကျား/မ စသည်ဖြင့်
Demographic ကိုအရင်ဆုံးလေ့လာထားဖို့လိုပါတယ်။
ဒါမှဘယ်လိုနည်းစနစ်နဲ့ရောင်းချလို့ရမယ်ဆိုတဲ့
အဖြေကိုရမှာပါ။ အချို့ကပစ္စည်းလက်ထဲရောက်သွား
ပြီးတော့မှ ဘယ်လိုစရောင်းရမှာလဲ မရောင်းတတ်တော့ဘူး
စတဲ့မေးခွန်းတွေလာမေးတတ်လို့ပါ။

နည်းစနစ်တစ်ခုသတ်မှတ်ပါ။

ရောင်းချတဲ့အခါမှာလဲနည်းစနစ်တစ်ခုရှိဖို့လိုပါတယ်။
အကောင်းဆုံးကတော့ Business Page နဲ့ရောင်းချ
တာအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါပေမဲ့
Page ထောင်လိုက်ယုံနဲ့မပြီးသေးပါဘူး။ ဒီ Page
ကို ဝေဝေဆာဆာဖြစ်ဖို့ ၊ ရထားပြီးသား Customer
တွေလဲနောက်တစ်ခါပြန်လာချင်လာအောင် စဉ်ဆက်
မပြတ်ကြိုးစားအားထုတ်နေဖို့လိုပါတယ်။ ဥပမာ
ကိုယ်ကဓာတ်ပုံနဲ့ Post တင်ရောင်းမှာလား Live
နဲ့ရောင်းမှာလား တစ်ရက်ကိုဘယ်နှစ်ကြိမ် Post
တင်မလဲ Live ကရောဘယ်လိုပုံစံလွှင့်မလဲ စတဲ့
အချက်တွေကိုကြိုတင် Plan ချထားဖို့လိုပါတယ်။

ပစ္စည်းကွာလတီကိုဂရုစိုက်ပါ။

ဘေထုပ်ဝယ်ယူမဲ့ Audiences ကငွေကြေးနည်း
နည်းနဲ့ကောင်းတာလိုချင်တာချည်းပါပဲ။ ဝယ်တာ
ကဘေထုတ်ပဲ အသစ်တိုင်းတော့ဘယ်ရပါ့မလဲ
ဆိုတဲ့အတွေးမျိုးတွေကိုဖျောက်လိုက်ပါ။ ငွေ
ကြေးဘယ်လောက်ပဲဖြစ်ပါစေ ထိုက်တန်တဲ့
ကွာလတီကိုပေးရပါမယ်။ ဥပမာ MMOS
မှာရောင်းချတဲ့ပစ္စည်းတွေဆိုဘယ်လောက်
တန်ပဲဖြစ်ဖြစ်လျှော်ဖွတ်မီးပူတိုက် Error
ပါမပါစစ်ပြီးတော့မှ ပါကင်ပိတ်ပြီးရောင်းချ
တာပါ။ ဒါတောင်အချို့တလေ Error လေး
အနည်းအကျင်းပါသွားတာရှိရင်တောင် Return
Back ပြန်လုပ်ပေးတာမျိုးရှိပါတယ်။

Content ကောင်းကောင်းထွက်အောင်ကြိုးစားပါ။

Content ဆိုတာကကိုယ်ရောင်းချတဲ့ပစ္စည်းကို
Customer စိတ်ဝင်စားအောင်ခင်းကျင်းပြသ
တာပါပဲ။ဆိုလိုတာက ကိုယ်တင်တဲ့ပုံတွေ စာတွေ
ဗွီဒီယိုတွေကို ဖြစ်သလိုမလုပ်ပါနဲ့။ ဖရိုဖရဲ ခင်းကျင်း
ထားတဲ့ဆိုင်နဲ့သပ်သပ်ရပ်ရပ်စီရီခင်းကျင်းထားတဲ့
ဆိုင်နဲ့ ဝယ်သူစိတ်ဝင်စားတာခြင်းမတူပါဘူး ဒါ့ကြောင့်
မိမိ Page ကိုအပြင်မှာဆိုင်ဖွင့်ထားသလိုဂရုစိုက်ပါ။
၂၄/၁၂ လောက်ကို Active ဖြစ်နေနိုင်အောင်ကြိုး
စားပါ။

စာရင်းဇယားကိုအသေးစိတ်ဂရုစိုက်ပါ။

MMOS စလုပ်တုန်းက အကြီးမားဆုံးပြ
သနာက စာရင်းဇယားပါပဲ။ကိုယ်ဝယ်ယူ
ထားတဲ့ပစ္စည်းလက်ကျန်စာရင်းတွေကို
လုပ်ရတယ်။ ရောင်းချပြီးတဲ့ပစ္စည်းစာရင်း
ပို့ရမဲ့ပစ္စည်းစာရင်း ၊ Deli မှာ Hold ထား
တဲ့ပစ္စည်းစာရင်းစတာတွေကိုသေသေချာချာ
ပြုစုရပါတယ်။ ပြီးတော့အချို့ ဝယ်သူတွေ
ကကိုယ့်ဆီမှာငွေကြိုလွှဲပြီးပစ္စည်းများတော့
မှစောင့်ယူတာမျိုးတွေလဲရှိပါတယ်။ ဒါ့ကြောင့်
စာရင်းကို ဆက်ဆက်ထိမခံဂရုစိုက်ပါ။
လုပ်ငန်းဝင်ငွေထွက်ငွေနဲ့မိမိအသုံးစရိတ်
ကိုလည်းတစ်ကျပ်တစ်ပြားမှ အရောမခံပဲ
ခွဲခြားပြုစုပါ။

Risk ယူပါ။
နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ အပေါ်မှာ
ပြောခဲ့တဲ့ Passion နဲ့နည်းနည်းဆင်ပါတယ်။
ဘေထုပ်ဆိုတာက တစ်နည်းပြောရင် Second
လုပ်တာပါ။ ဒီတော့ Risk ကိုလက်ခံရပါမယ်။
စလုပ်တည်းကရူံးမှာကြောက်နေရင်တော့ မိမိမှာ
ရှိတဲ့ငွေကို ဘဏ်ထဲမှာထည့်သိမ်းထားပါ။ ဘဏ်
တိုးလောက်တော့ရပါလိမ့်မယ်။ ဘေထုပ်လုပ်ငန်း
ကိုလုပ်မယ်ဆိုရင်တော့ Risk ကိုယူကိုယူရပါတယ်။
ဒါပေမဲ့ကိုယ်ယူရတဲ့ Risk နည်းနိုင်သမျှနည်းအောင်
ယုံကြည်စိတ်ချရတဲ့ Page တွေနဲ့လက်တွဲပါ။ ဘန်
ကောက်တိုက်ရိုက်ဒိုင်ဆိုတိုင်းလဲအယုံမလွယ်ပါနဲ့။
မှာယူမယ်ဆိုရင်သေသေချာချာလေ့လာဆုံးဖြတ်ပါ။
MMOS မှာလည်းယခုချိန်ထိ မရောင်းရတဲ့အဝတ်
တွေတစ်ပုံကြီးပါ။ ဒီ Risk တွေကိုကြံကြံခံပြီးမှ
လုပ်ငန်းပုံမှန်လည်ပတ်နိုင်တဲ့အခြေအနေတစ်ခု
ရောက်တာပါ။

ကဲဒီတော့အခုမှစလုပ်မဲ့သူတွေအတွက်အထိုက်
အလျှောက်သိသွားပြီလို့ထင်ပါတယ်။ ဒီထက်ပို
ပြီးသိချင်တယ်အကြံညဏ်လေးတွေလိုချင်တယ်
ဆိုရင်လည်း Page ရဲ့ Messenger မှာလာ
ရောက်မေးလို့ရပါတယ်။ အဆုံးထိဖတ်ရှု့ပေး
တဲ့အတွက်ကျေးဇူးပါ။ ကိုယ်လဲအရမ်းကြီး
အောင်မြင်နေလို့ ကျွမ်းကျင်နေလို့ဒီစာကို
ရေးတာမဟုတ်ပါဘူး ကိုယ်လုပ်ခဲ့တဲ့အတော
အတွင်းအတွေ့အကြုံလေးတွေကိုမျှဝေပေးတာပါ။
ကြိုက်နှစ်သက်တယ်ဆိုရင် Like & Share
လုပ်သွားစေချင်ပါတယ်။ကူးယူ​ဖော်ပြချင်တယ်ဆိုရင် crd from mmos လုပ်​ပေးပါ 🙂

from MMOS

Address

Mandalay

Telephone

+959791378894

Website

Alerts

Be the first to know and let us send you an email when Hayli's Vintage And Export Quality posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category