29/09/2021
MARKETING ဆိုတာ
ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှကြောင်းသတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ နည်းပညာတွေ၊ ဒီဇိုင်းတွေ၊ လိုဂိုတွေ က နောက်ပိုင်းမှ သတိထားမိတာ အဲ့တော့ အသာထား...
အဖြူရောင် ..ဆိုတာကတော့ အသက်။
အာရုံစိုက်စေတဲ့အရာပေါ့။ အများနဲ့မတူဘူးလေ။
နားကြပ်ဆိုတာ အမည်းပဲ။ ဒါက သမားရိုးကျအမြင်။
အဖြူ လုပ်လိုက်တော့ .. သမားရိုးကျ ကို ကန့်လန့်တိုက်တာပဲ။
ကန့်လန့်တိုက်တော့ .. ဘာဖြစ်လဲ ဆိုရင် ..
လူအများ မေးစရာဖြစ်လာတာပေါ့။
မေးစရာဖြစ်တော့ ... ဖြေရတော့တာပေါ့။
ဖြေပြီဆိုကတည်းက ဒီ ထုတ်ကုန်အကြောင်း၊ ကောင်းကြောင်း ဘက်လိုက်ပြီးပြောရပြီ။ ကိုယ့်နားမှာ တပ်ထားတဲ့အရာကို မကောင်းဘူးလို့ဘယ်သူမှ မပြောဘူးလေ။ အရမ်းကောင်း၊ အရမ်းမိုက်ပေါ့။
ဖြေရပြီ ဆိုကတည်းက ပြောရပြီပေါ့။
ပြောပြီး ဆိုကတည်းက ဒီ ထုတ်ကုန် ကို ကြော်ငြာပေးသလို ဖြစ်နေပြီ။
မေးတဲ့သူတိုင်း ပြောရသလို၊ ကြာလာတော့ မမေးပဲနဲ့တောင် ပြောပြချင်လာတယ်။
ပြောပါများတော့ ဖြန့်သလို ဖြစ်တာပေါ့။ ဖြန့်တဲ့သူတွေများတော့
ဖြန့်ဝေနေတဲ့အိုင်ဒီယာ၊ အကြောင်းအရာတစ်ခုက ပြန့်တာပေါ့။
ကုန်ပစ္စည်းတစ်ခု၊ အိုင်ဒီယာ၊ အကြောင်းအရာတစ်ခုက ပြန့်သွားပြီဆိုတော့ ပေါက် တာပေါ့။
ပေါက်တော့ ဘာဖြစ်တုန်းဆို ... ဂွဒ် တာပေါ့၊ ရောင်းကောင်းလာတာကိုး။ ။
ဒီလို ..ဂွဒ် ချင်လို့ပဲ စီးပွားရေးလုပ်ငန်းရှင်တွေက ငွေတွေသိန်းချီအကုန်ခံပြီးကြော်ငြာနေကြတာကို။ အခုဟာက .. ငွေမကုန်ပဲ .. ဂွဒ်တာလေ။ ။
ဒါကြောင့် ... ထုတ်ကုန်ပစ္စည်း ထုတ်မယ် ဆိုရင်
သမားရိုးကျအမြင်ကို ကန့်လန့်တိုက်ကြည့်။
လုပ်ရိုးလုပ်စဉ်တွေကို မေးခွန်းထုတ်ကြည့်။
ခွေးက လူကို ကိုက်တာက သမားရိုးကျ ပဲ။
လူက ခွေးကို အပြိုင် ကျဲပြီး မိုက်ခဲလုပ်ပြီး ကုတ်ပြန်ကိုက်တာက တော့ ...
ဟာ..မဖြစ်နိုင်ဘူး... အကို ။ ဘာဖြစ်လို့ ကိုက်တာတုန်း၊ သေချာပြောပြစမ်းပါကွာ.. ။ ။
မေးစရာဖြစ်လာပြီ။
မေးစရာဖြစ်တော့ ...
ဖြေစရာ ဖြစ်လာပြီ။
ဖြေစရာဖြစ်တော့...
ပြောစရာဖြစ်လာပြီ။
ပြောစရာဖြစ်တော့..
ဖြန့်စရာ ဖြစ်လာပြီ။
ဖြန့်စရာဖြစ်တော့ ..
ပြန့်စရာဖြစ်လာပြီ။
ပြန့်ပြီဆိုရင်တော့ ...
ပေါက်ပြီပေါ့။ ။
ပေါက် တယ် ဆိုတာ လုပ်ငန်းရှင်တိုင်း အချိန်အများကြီးပေးပြီး ကြိုးစားနေကြတဲ့အရာပဲလေ။ နေ့လဲ စဉ်းစားနေရတယ်။ ညလဲ စဉ်းစားနေရတယ်။
အမှန်က .. ရိုးရိုးရှင်းရှင်းလေးပဲ။
"သမားရိုးကျ တွေ ကို ကန့်လန့်တိုက်ကြည့်"
ရလဒ်က ...
အရူူးပဲ ..လို့ဝိုင်းပြောကြလိမ့်မယ်။
အရူးပဲ လို့ပြောတဲ့သူတွေလဲ နောက်ပိုင်း မှာ ရူးလာကြလိမ့်မယ်။ အနည်းဆုံးတော့ ကိုယ့် ကို ရူးသွပ်သူ တွေ ဖြစ်လာကြလိမ့်မယ်။ ဒါကြောင့် အင်္ဂလိပ်လို Fans လို့ခေါ်တာ။ Fanatic ဆိုတာအရူးအမူး ရူးသွပ်သူပဲလေ။
အရူးအမူး ပရိတ်သတ်တွေ လိုချင်ရင် .. ကိုယ်လဲ အရူးအမူး ဖြစ်နေဖို့လိုတယ်။
အရူးအမူး ဖောက်သည်တွေ လိုချင် ရင် ကိုယ်လဲ အရူးအမူး ဖြစ်နေဖို့လိုတယ်။
ရူးဖို့လိုတယ်
*********
ကိုယ် ကိုယ်တိုင် ..ကိုယ့် ကုန်ပစ္စည်းအပေါ်မှာ အရူးအမူး မဖြစ်ပဲနဲ့ အရူးအမူး Consumer မရှိနိုင်ဘူး။
ကိုယ် ကိုယ်တိုင် .. ကိုယ့်အိုင်ဒီယာ အပေါ်မှာ အရူးအမူး မဖြစ်ပဲ နဲ့ အရူးအမူး Follower မရှိနိုင်ဘူး။
ကိုယ် ကိုယ်တိုင် .. ကိုယ့် ဝန်ထမ်းတွေအပေါ်မှာ အရူးအမူး မဖြစ်ပဲ နဲ့ အရူးအမူး Employee မရှိနိုင်ဘူး။
ကိုယ် ကိုယ်တိုင် ... ကိုယ့် လုပ်ငန်းအပေါ်မှာ အရူးအမူး မဖြစ်ပဲနဲ့ အရူးအမူး Customer မရှိနိုင်ဘူး။
ကိုယ့် စီးပွားရေးလုပ်ငန်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုကို .. ကိုယ်ရူးနေတာတွေကို ချပြဖို့အခွင့်ကောင်းတစ်ခုလို့သဘောထားပြီး၊ ရူသွပ်နေတဲ့ အိုင်ဒီယာတွေ၊ လုပ်ရည်ကိုင်ရည်တွေကို သမားရိုးကျ ကနေ ခွဲထွက်ပြီး အရူးအမူးချပြလိုက်စမ်းပါ။
စားသုံးသူဖောက်သည် ဆိုတာ ... သင့်နောက်ကျောမှာ မားမားကြီး ရပ်ပြီး သင့်ကို အားပေးနေကြလိမ့်မယ်။ ။
---
---
---
---
---
---credit sayarmarthin