01/03/2026
"မန်ချက်စတာယူနိုက်တက်နိုင်မှာကလွဲပြီး ဒီပွဲကို အခြားရလဒ်မျိုး ကျွန်တော်မမြင်မိပါဘူး ။ ဒါက သူတို့ကစားပုံကောင်းနေတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး ၊ ဒါပေမယ့် သူတို့ရလဒ်တွေတော့ ကောင်းမွန်နေတာအမှန်ပါပဲ ။ ခရစ္စတယ်ပဲလေ့စ်က လွန်ခဲ့တဲ့ ၅ လလောက်တုန်းကအသင်းမျိုး မဟုတ်တော့ပါဘူး ၊ မန်ယူလည်း ဒီလိုပါပဲ လွန်ခဲ့တဲ့ ၄-၅ လလောက်တုန်းကလို ဆိုးရွားနေတဲ့အနေအထားမျိုးမဟုတ်တော့ပါဘူး ။ ဒါက သိသာတဲ့ပြောင်းလဲမှုတခုပါ"
"မန်ယူအသင်းရဲ့ လက်ရှိအားသာချက်တခုက တပတ်ကို တပွဲတည်းကစားရတာပါပဲ ။ ပဲလေ့စ်က ကြာသပတေးနေ့ညမှာ ကွန်းဖရင့်စ်လိဂ်ပွဲစဉ်ကစားထားရပါတယ် ။ ဒီတပွဲတော့ မန်ယူတို့ သက်တောင့်သက်သာအနိုင်ရရှိသွားမှာပါ"
Paul Merson