05/09/2022
Sunflower ဟာ နေရှိရာဖက်ကိုမျက်နှာမူပြီး ပွင့်တဲ့အတွက်ကြောင့် နေကြာပန်းလို့ အမည်မှည့်ထားတာပါ။
Sunflower ရဲ့ သိပ္ပံနာမည်က"Helianthus" လို့ခေါ်ပါတယ်။
Helios = နေ
Anthos = ပန်း လို့အဓိပ္ပာယ်ရပါတယ်။
ရှေ့ဂရိလူမျိုးတွေရဲ့ပုံပြင်ဒဏ္ဍာရီဖြစ်တဲ့ "Apollo" နဲ့ "Clytie" က ဘာကြောင့်နေကြာပန်းက နေရှိတဲ့အရပ်ကိုသာ မျက်နှာမူထားလဲ ဆိုတဲ့အကြောင်းပြချက်ဖြစ်ပါတယ်။
ဂရိရဲ့ပုံပြင်မှာတော့ Clytie က Apolloကို မေတ္တာရှိနေခဲ့တာပါ။
နေနတ်ဘုရား Apollo ကClytie နဲ့အစမှာကြိုက်သွားခဲ့တယ်။
အဲ့ဒီနောက်မှာတော့Apollo က Clytie ရဲ့ညီအမဖြစ်တဲ့leucothoe အလှမှာနစ်မြောသွားပြီး ချစ်ခင်နှစ်သက်သွားခဲ့ပါတယ်။တနေ့ leco သူရဲ့နန်းတော်မှာရှိနေတဲ့ချိန် Apolloဟာ သူမရဲ့မိခင်ပုံစံဖန်းဆင်းပြီး သွားတွေ့ကာ lecoကိုသားမယားပြုကျင့်ခဲ့ပါတယ်။
ဒါကိုသိသွားတဲ့ Clytieက မနာလိုဝန်တိုဖြစ်ပြီး သူမတို့ရဲ့ဖခင် ရေနတ်ဘုရား ကိုသွားတိုင်လိုက်တဲ့အခါ ဖခင်ဖြစ်သူဟာ စိတ်ဆိုးပြီး Leucoကိုအရှင်လတ်လတ်မြေမြုပ်သတ်ခဲ့ပါတယ်တဲ့။
Clytie က Apollo သူမဆီစိတ်ပြန်လည်လာမယ်ထင်ခဲ့ပေမဲ့ Apolloဟာ စိတ်ဆိုးပြီး Clytie ကိုပန်းအဖြစ်ပြောင်းခဲ့ပါတယ်။
အဲ့ဒီပန်းလေးကတော့ Sunflower လို့ခေါ်တဲ့ နေရှိရာဘက်ကိုသာအမြဲငေးမောကြည့်နေတတ်တဲ့ပန်းလေးဖြစ်သွားခဲ့တယ်
Clytieဟာ ပန်းဖြစ်သွားပေမယ့်လဲ Apollo အပေါ်မှာ ချစ်ခြင်းမေတ္တာရှိနေတုန်းပါ။ ဒီလ်ိုနဲ့ သူမချစ်တဲ့ Apolloကို ငေးမောကြည့်ရှုနေရင်း တနေ့တာကုန်ဆုံးစေခဲ့တာပေါ့။
🌻 Sunflower ကို 3rd year wedding anniversaries မှာအသုံးပြုလေ့ရှိပြီးတော့-
"မြတ်နိုးခြင်း" "သစ္စာရှိမှု" နဲ့ "ခွန်အား"ဆိုတဲ့ အဓိပ္ပာယ်နဲ့ အတိတ်နိမိတ်ဆောင်ပြီး ပေးခြင်းဖြစ်ပါတယ်။
🌻 Sunflowers တွေက နွေရာသီမှာပွင့်ဖူးလေ့ရှိပြီးတော့ အပူဒဏ်နဲ့မိုးခေါင်မှုဒဏ်ကို ခံနိုင်ရည်ရှိတဲ့အတွက်ကြောင့် အပင်ပေါက်လွယ်ပါတယ်။
🐹crd