17/01/2024
ကျွန်တော်တို့မှာ ပြီးပြည့်စုံအနာဂတ်တွေ စောင့်ကြိုနေတဲ့ အခွင့်အလမ်းကောင်းတွေဟာ အမြဲတမ်းရှိနေပါတယ်။ဒါပေမယ့် အဲဒီအရာတွေကို မမြင်နိုင်မတွေ့နိုင်အောင် ကျွန်တော်တို့ကို သော့ခတ်ထားတဲ့အရာ ရှိပါတယ်။သော့ခတ်ထားတဲ့သူက တခြားအရာ မဟုတ်ပါဘူး။ကျွန်တော်တို့ စိတ်ပါပဲ။
သော့ခတ်ထားတယ်လို့ ထင်နေတဲ့ ကျွန်တောတို့စိတ်ကို ကိုယ်တိုင်ပဲ ဖွင့်လို့ရတဲ့ သော့တစ်ချောင်းဟာ လူတိုင်းစီမှာ ရှိပြီးသားပါ။
ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးအရာဟာ စိတ်ပဲမဟုတ်လား။စိတ်ကသာ တကယ်လုပ်ချင်တယ်၊တကယ်ဖြစ်ချင်တယ်ဆိုရင် မဖြစ်နိုင်တဲ့အရာဆိုတာ မရှိပါဘူး။စိတ်ထက်တန်ခိုးအင်အားကြီးတဲ့ အရာဆိုတာ မရှိပါပါဘူး။
အဲဒီစိတ်ကပဲ မဖြစ်နိုင်ပါဘူး၊မလုပ်နိုင်ပါဘူး၊မတတ်နိုင်ပါဘူးလို့ စိတ်ကတွေးလိုက်ပြီဆိုတာနဲ့ ဗေဒင်ဆရာ သွားမေးမနေပါနဲ့တော့။ပိုက်ဆံကုန်၊အချိန်ကုန်တာပဲ အဖတ်တင် ပါလိမ့်မယ်။အဲလိုတွေးလိုက်တာဟာ ကိုယ့်စိတ်ကို သော့ခတ်လိုက်တာပါပဲ။စိတ်ကို သော့ခတ်လိုက်တာနဲ့တပြိုင်နက်ထဲ စောင့်ကြိုနေတဲ့ အခွင့်အလမ်းကောင်းတွေ၊အောင်မြင်မှုတွေကို မမြင်နိုင်မတွေ့နိုင်တော့ဘဲ
ဆုံ-းရှုံ၊းလိုက်ရတာပါပဲ။
စိတ်တံခါးကို ဖွင့်ထားသူအဖို့တော့ လိုချင်တဲ့အရာတွေကို ရှင်းရှင်းဘွင်းဘွင်း နဲ့ တိုးလျှိုပေါ္က် အထင်းသာမြင်နေရမှာပါ။ဆရာဝန်ဖြစ်ချင်လား။အင်ဂျီနီယာကြီးဖြစ်ချင်လား။အောင်မြင်တဲ့ စီးပွါးရေသမားကြီးဖြစ်ချင်လား။အဆိုတော်တစ်ယောက်ဖြစ်ချင်လား။ဖြစ်ချင်တာတွေ အာလုံး ကျွန်တော်တို့မှာ ဖြစ်ခွင့်ရှိပါတယ်။စိတ်က အဓိကပါပဲ။
ဒါကြောင့် ကိုယ့်စိတ်ကို သော့မခတ်မိပါစေနဲ့။
ကျွန်တော်တို့စိတ်ကို ကိုယ်ကိုတိုင်ကလွဲရင် ဘယ်သူကမှ သော့ခတ်ထားလို့ မရပါဘူး။တကယ်ပါ ဘယ်သူကမှ ကျွန်တော်တို့ကို သော့မခတ်ထားပါဘူး။
(လေးစားစွာဖြင့်crdပေးပါသည်)🙏📖
---------------------------------------------------
စာအုပ်တန်ဖိုး-3000ကျပ်
စာအုပ်ကို သဘောကျ ဖတ်ရှုလို၍ မှာယူလိုပါက
Page cbတွင် ဆက်သွယ် မှာယူနိုင်ပါတယ်ရှင်🌿
#သင့်ကိုသော့ခတ်မထားပါဘူး
#ချမ်းငြိမ်း(ဟံသာဝတီ)