May Than Oo - Local Clothing

May Than Oo - Local Clothing Local clothing-Brand
09400490586viber
မန္တလေးမြို့ 91B.42.43ကြား

08/06/2026

လီနင်ချည်ခြစ်အညို "Tilda Second Collection"🤎

ဒီနေ့ ညောင်၁၀ပင်အဓိဌာန်ဝင်ကြသူတွေထဲမှာ  ဲ့ First collectionလေးကို ဝတ်ထားတဲ့အမရယ် Second collectionလေးကို ဝတ်ထားကြတဲ့ ချစ...
07/06/2026

ဒီနေ့ ညောင်၁၀ပင်အဓိဌာန်ဝင်ကြသူတွေထဲမှာ ဲ့ First collectionလေးကို ဝတ်ထားတဲ့အမရယ် Second collectionလေးကို ဝတ်ထားကြတဲ့

ချစ်ခင်ရသော customerတွေကို မြင်ရချိန် အဓိဌာန်ဝင်သူတွေအတွက် က ဝတ်စုံလိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်နိုင်လို့ ဝမ်းသာကြည်နူးဂုဏ်ယူမိပါတယ်ရှင်

🙏ဗောဓိဓါတ်ကိန်း အပူငြိမ်းပြီး စိတ်အကြံမြောက်အဓိဌာန်ပေါက်ကြပါစေရှင့် ။ တောင်းဆုအဓိဌာန်မှန်သမျှ ပြည့်ဝကြပါစေလို့ (ထီလ်ဒ)မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🙏📿🌳

🤍Tilda Second Collection🤍 အဖြူရော🤍အညိုရော🤎 တစ်ပြိုင်ထဲထွက်ချလာတော့အထည်တွေerrorမပါအောင် တစ်စုံခြင်းစစ်နေရတာနဲ့မနက်ပိုင်းန...
06/06/2026

🤍Tilda Second Collection🤍
အဖြူရော🤍အညိုရော🤎 တစ်ပြိုင်ထဲထွက်ချလာတော့

အထည်တွေerrorမပါအောင် တစ်စုံခြင်းစစ်နေရတာနဲ့

မနက်ပိုင်းနဲ့ နေ့လည်ပိုင်း deliအပ်တာတွေကို ပုံမရိုက်အားကြဘူး အခုညနေပိုင်းdeliအပ်မှဘဲရိုက်ဖြစ်တော့တယ်🤍🤎

အိမ်မှာကိုယ်တိုင်လာဝယ်ကြတဲ့ ညောင်၁၀ပင်အဖွဲ့က ချစ်ရသော မမတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်🤍🤎

ညောင်၁၀ပင်အဓိဌာန်ဝင်ချင်လို့ဆိုပြီး အများကြီးအားပေးကြတဲ့ ညီမလေးတွေ မမတွေ တီတီတွေ အားပေးသူတစ်ယောက်စီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🤍🤎

05/06/2026

အင်းလေးချည် ၊ ချည်ပေါင်းသားတွေလိုအသားမဟုတ်ဘဲ

ပင့်ခြစ်ချည်ချောသားလေးပါရှင့်🤍❄️🧚‍♀️

BKK brandတွေမှာဆို ဒီလိုအသားကို ပန်းနုရောင်လေးတွေ အပြာနုလေးတွေ ဝမ်းဆက်တွေအများကြီးထွက်တယ် စျေးက ၁သိန်းအထက်တွေကြီးဘဲ

မင်မင်က ပင့်ခြစ်ချည်ချောလေးကိုမှ 6သောင်းကျော် 7သောင်းဝန်းကျင်လေးနဲ့ ထုတ်ပေးထားပါတယ်ရှင့်🤍

05/06/2026

ညောင်၁၀ပင်အဓိဌာန်ဝင်တဲ့ မမတွေ တီတီတွေ ညီမလေးတွေမျှော်နေကြတဲ့ အဖြူဝမ်းဆက်လေးတွေ ပြန်ရပါပြီ😍

100%ချည်အစစ်မှဝတ်ချင်သူတွေအတွက် ပင့်ခြစ်ချည်နဲ့ထုတ်ပေးလိုက်ပါတယ်ရှင်🤍

04/06/2026

အားလုံးမျှော်နေကြတဲ့ အဓိဌာန်ဝတ်စုံအဖြူဝမ်းဆက် လက်စက သဘက်ခါရပါမယ်ရှင့်🤍

29/05/2026

ညောင်၁၀ပင်အဓိဌာန်အဖွဲ့မမတွေ မျှော်နေကြတဲ့
အဖြူဝမ်းဆက် လက်စက အခုလာမယ့် ၆လပိုင်းပထမပတ်ထဲရပါမယ် စောပြီး ရဖို့လည်းမှန်းထားပါတယ်ရှင်🤍

Second collectionလေးက အခုလာမယ့်၆လပိုင်းပထမပတ်ထဲထွက်ပါမယ် အဓိဌာန်ဝင်ဖို့ အဖြူဝမ်းဆက်စောင့်နေတဲ့ ညီမလေးတွေ မမတွေ တီတီတွေ ရ...
29/05/2026

Second collectionလေးက အခုလာမယ့်၆လပိုင်းပထမပတ်ထဲထွက်ပါမယ် အဓိဌာန်ဝင်ဖို့ အဖြူဝမ်းဆက်စောင့်နေတဲ့ ညီမလေးတွေ မမတွေ တီတီတွေ ရပါတော့မယ်ရှင့်🤍❄️🧚‍♀️

👑Third collectionအတွက်လည်းပြင်ဆင်ပြီးပြီ 👑 3rd collection က ြီးထွက်ချလာမှာဖြစ်လို့ စျေးလည်းမြင့်ပါမယ် အမတို့ကို ချုပ်ပုံထိမပြောသေးဘူး သူ့ပိတ်သားကိုမြင်တာနဲ့ wowဖြစ်​မှာသေချာပါတယ်

မြန်မာ Local Brandတွေမှာ ဘယ်သူတစ်ယောက်ကမှမထုတ်သေးတဲ့ပိတ်သား ဘယ်Localကမှမထုတ်သေးတဲ့ပုံစံလာပါမယ်

အရောင်ကတော့အဖြူရောင်ပါ အဓိဌာန်ဝင်တာကအစ meetingကြီးတွေ ပွဲတက်တွေထိပါ ကျော့ပြီးဝတ်သွားလို့ရတဲ့ပိတ်သား Old money Luxuryဆန်တဲ့ချုပ်ပုံကိုရွေးထားပါတယ် မြင်လိုက်တာနဲ့ သူဝတ်ထားတာ စျေးကြီးမှာဘဲဆိုတဲ့ပုံစံမို့ ရင်ခုန်နေပြီ

BTW✌️ပြထားတဲ့ပုံထဲကချုပ်ပုံနဲ့ပိတ်သားမဟုတ်ပါဘူးနော်Luxury vibeလေးပြချင်လို့ B & Wပုံလေးပြထားတာပါ🤍🖤

ညောင်၁၀ပင်အဓိဌာန် အောင်မြင် 🙏🙏🙏☑️ တစ်ချို့နားမလည်တဲ့သူတွေက ညောင်၁၀ပင်အဓိဌာန်ဝင်တာကို ရုက္ခစိုးကို ကိုးကွယ်တယ်ထင်ကြတာ✖️✖️...
24/05/2026

ညောင်၁၀ပင်အဓိဌာန် အောင်မြင် 🙏🙏🙏

☑️ တစ်ချို့နားမလည်တဲ့သူတွေက ညောင်၁၀ပင်အဓိဌာန်ဝင်တာကို ရုက္ခစိုးကို ကိုးကွယ်တယ်ထင်ကြတာ✖️

✖️ ရုက္ခစိုးကိုးကွယ်ရအောင် ကျွန်မတို့က မိတ္ဆာဒိဌိတွေမှမဟုတ်တာ

🙏 မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ရင်ထဲကနေ ယုံကြည်သက်ဝင်တဲ့ ဗုဒ္ဓဘာသာစစ်စစ်တွေပါ🙏

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးမှာ ဖွားဘက်တော်၇ပါးရှိတယ်

1-ယသော်ဓရာမင်းသမီး
(ဘုရားမဖြစ်မှီ သိဒ္ဓတ္ထမင်းသားရဲ့မိဖုရား)

2-အာနန္ဒာမင်းသား
(မြတ်စွာဘုရားဖြစ်ပြီးနောက် အနီးကပ်အလုပ်အကျွေးပြုစုခွင့်ရသော အရှင်အာနန္ဒာ)

3-ကဏ္ဍမြင်း
(တောထွက်ရာမှာ စီးတော်မူခဲ့သောမြင်း)

4-ဆန္ဒကအမတ်
(တောထွက်ရာမှာလိုက်ပါပို့ဆောင်ခဲ့တဲ့ အမတ်)

5-ဗောဓိပင်
(ဘုရားဖြစ်တော့လည်း ဗောဓိပင်အောက်မှာဖြစ်တယ်)

6-ရွှေအိုးကြီး၄လုံး
(ဘုရားအလောင်းတော်မွေးဖွားချိန်တွင် မင်္ဂလာအထိမ်းအမှတ်အဖြစ်ပေါ်လာတယ်)

7-ကာလာဥဒါယီအမတ်
(ဘုရားရှင်ကိုလာပင့်ရင်း ဗုဒ္ဓဘာသာထဲသို့ ဝင်ရောက်ကာ ရဟန်းဖြစ်လာသူ)

🙏ညောင်၁၀ပင်အဓိဌာန်ဆိုတာ မြတ်စွာဘုရားရဲ့ ဖွားဘက်တော်လည်းဖြစ် ဘုရားပွင့်တော်မူရာ နေရာလည်းဖြစ်တဲ့အတွက် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို သက်တော်ထင်ရှားရှိသကဲ့သို့ ရည်မှန်းပြီး သောက်တော်ရေ ၊ ဆီမီး ၊ အမွှေးတိုင်တို့ ကပ်လှူပူဇော်ပြီး အဓိဌာန်ပြု ဆုတောင်းတာပါ

🙏 ရုက္ခစိုး ပါလာရခြင်းက အပင်ရှိရင် သစ်ပင်ကြီးငယ်ကို စောင့်ရှောက်တဲ့ နတ်ရုက္ခစိုးဆိုတာရှိတယ် ဒါကြောင့် ဗောဓိပင်မှာစောင့်ရှောက်တဲ့ ရုက္ခစိုးနတ်မင်းကြီးတွေကို ကွမ်းယာကပ်ပေးတယ် ကျွန်ုပ်တို့နဲ့အတူတူ သာသနာပြုရာမှာ ကူညီပေးဖို့ ကျွန်ုပ်တို့ပြုပြုသမျှကုသိုလ်ကို ထပ်တူရဖို့ ပင့်ဖိတ်တယ် အမျှပေးဝေတယ် - ဒီလောက်ဘဲ

✖️ရုက္ခစိုးကို ကိုးကွယ်ခြင်းမဟုတ်သလို အပင်အောက်သွားပြီး ရုက္ခစိုးကို ကန်တော့ ပူဇော်တာလဲမဟုတ်ပါဘူး

🙏ညောင်၁၀ပင်အဓိဌာန်ဆိုတာ ဗောဓိညောင်ပင်ကို ပရိဘောဂစေတီအဖြစ်မှတ်ယူကာ မြတ်စွာဘုရားကို ဗောဓိညောင်၁၀ပင်မှာ ၁၀ကြိမ်ကန်တော့ ၁၀ကြိမ်အဓိဌာန်ပြုဆုတောင်းပြီး ညောင်၁၀ပင်လုံးမှာစောင့်ရှောက်တဲ့ ရုက္ခစိုး နတ်မင်းကြီးတွေကို အမျှပေးဝေတယ် ဒါပါဘဲရှင်

မသိနားမလည်သူများ အထင်လွဲ အကုသိုလ်မဖြစ်အောင်မျှဝေခြင်းပါ🙏

်ထွက်ပါမယ်

#အဓိဌာန်ဝတ်စုံအဖြူ
#ညောင်၁၀ပင်အဓိဌာန်ဝင်တဲ့မမတွေတီတီတွေ
#ညောင်၁၀ပင်အဓိဌာန်ဝတ်စုံ

Address

Mandalay
MDY

Telephone

+959400490586

Website

Alerts

Be the first to know and let us send you an email when May Than Oo - Local Clothing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share