P & S Collections

P & S Collections Let's your beauty and confidence shine with P & S

17/08/2026

Local brand Quality လေးကိုဘယ်လိုလေးဆုံးဖြတ်လဲ??



#ပွဲတက်
#မြန်မာဝတ်စုံ



16/08/2026

New Collection လေး နှစ်သက်ဖွယ်
ကောင်းလွန်းလို့ပါရှင်😍🤭

အားပေးဖို့readyပဲမလား🫶🏻







#ပွဲတက်
#မြန်မာဝတ်စုံ

✨ "ပွဲသွားတိုင်း ဘယ်ကဝမ်းဆက်လေးလဲလို့ အမေးခံရလွန်းလို့ပါ..." 🤫ဒါကတော့ P&S Collection ရဲ့ ပွဲတက်မြန်မာဝမ်းဆက်လေးတွေကို ဝတ...
15/08/2026

✨ "ပွဲသွားတိုင်း ဘယ်ကဝမ်းဆက်လေးလဲလို့
အမေးခံရလွန်းလို့ပါ..." 🤫

ဒါကတော့ P&S Collection ရဲ့
ပွဲတက်မြန်မာဝမ်းဆက်လေးတွေကို ဝတ်ဆင်ပြီး
ပီတိဖြာနေကြတဲ့ Customer လေးတွေရဲ့
Review စစ်စစ်လေးတွေပဲ ဖြစ်ပါတယ်။

ပွဲလယ်တင့်ပြီး ယုံကြည်မှုအပြည့်နဲ့
ထင်းထွက်နေတဲ့ ပုံလေးတွေမြင်ရတိုင်း P&S အတွက်တော့ အမောပြေဆေးပါပဲ။

"အသားအိပြီး ချုပ်ရိုးချုပ်သားသပ်ရပ်တယ်၊ ဝတ်လိုက်တာနဲ့ ကိုယ်လုံးလေးပေါ်ပြီး
ကျော့ရှင်းသွားတာပဲ" ဆိုပြီး အမြဲတမ်း
ယုံယုံကြည်ကြည်နဲ့ ထပ်ခါထပ်ခါ
အားပေးကြလို့ ရင်ထဲကလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ရှင်။ 💖

လာမယ့် ပွဲအခမ်းအနားတွေမှာ
လူတိုင်းငေးကြည့်ရလောက်အောင် အလှဆုံးနဲ့ ကျက်သရေအရှိဆုံး ဖြစ်ချင်တယ်ဆိုရင်တော့...
P&S Collection ရဲ့ သီးသန့်ချုပ်လုပ်ထားတဲ့
ဒီဇိုင်းသစ်လေးတွေကို အခုပဲ Chat Box မှာ
အမြန်ဆုံး လာရောက်ရွေးချယ်လိုက်တော့နော်။ 💃🛍️





゚viralシ



14/08/2026

ကိုယ့်ကိုယ်ကို အထူးတလည် ချစ်ပြဖို့ မလိုတော့ဘူး... ဒီဒီဇိုင်းလေးနဲ့တင် ရှင်သန်နေတဲ့
ယုံကြည်မှုက အပြည့်အဝပါပဲ။

💖 "No Bra" နဲ့ ဝတ်ဆင်ရတာ အဆင်ပြေလွန်းတဲ့ ဒီဇိုင်းလေးက သင့်ရဲ့ အလှဆုံးအိပ်မက်တစ်ခုကို လက်တွေ့အကောင်အထည်ဖော်ပေးပါလိမ့်မယ်။

* ကိုယ့်ရဲ့နေ့ရက်တိုင်းကို ယုံကြည်မှုအပြည့်နဲ့ ဖြတ်သန်းဖို့ Little P&S Collections ရဲ့
ပြင်သစ်ဇာဒီဇိုင်းလေးကို
အခုပဲ ပိုင်ဆိုင်လိုက်ပါတော့။

Price 🏷️

S,M,L -87000
XL-92000
2XL-97000

ကြာချိန်-7-10ရက်

*️⃣contact-09777430577

#ပြင်သစ်ဇာ
#ဗလင်တီနိုပိုး
#စီးကွင့်
゚viralシ




👗 မြန်မာရိုးရာဝတ်စုံကို အရည်အသွေးကို ကြာရှည်ထိန်းထားပြီး မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းရမလဲ?မြန်မာရိုးရာဝတ်စုံဆိုတာ အဝတ်...
13/08/2026

👗 မြန်မာရိုးရာဝတ်စုံကို အရည်အသွေးကို ကြာရှည်ထိန်းထားပြီး မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းရမလဲ?

မြန်မာရိုးရာဝတ်စုံဆိုတာ အဝတ်အစားတစ်စုံထက်ပိုပါတယ်။ ရိုးရာယဉ်ကျေးမှု၊ အနုပညာလက်ရာနဲ့ ကိုယ့်ရဲ့အရေးကြီးတဲ့ အခိုက်အတန့်တွေကို ကိုယ်စားပြုထားတဲ့ တန်ဖိုးရှိတဲ့ အဝတ်အထည်တစ်စုံလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ပိုးထည်၊ ချည်ထည်၊ ပန်းထိုးလက်ရာတွေပါဝင်တဲ့ ဝတ်စုံတွေက မှန်ကန်တဲ့ ထိန်းသိမ်းနည်းကို လိုအပ်ပါတယ်။
ဒီနေ့မှာတော့ မြန်မာရိုးရာဝတ်စုံကို အရောင်မလျော့၊ အထည်မပျက်ဘဲ နှစ်ပေါင်းများစွာ လှပနေစေဖို့ လိုက်နာသင့်တဲ့ ထိန်းသိမ်းရန်နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။✨️

🧺 လျှော်ဖွပ်နည်း
ရိုးရာဝတ်စုံအများစုက နူးညံ့တဲ့ အထည်အမျိုးအစားတွေနဲ့ ပြုလုပ်ထားတာဖြစ်တဲ့အတွက် လက်ဖြင့် ညင်သာစွာ လျှော်ဖွပ်တာက အကောင်းဆုံးနည်းလမ်းပါ။ အရောင်ပြင်းတဲ့ ဆပ်ပြာတွေကို အသုံးပြုမယ့်အစား နူးညံ့တဲ့ အဝတ်လျှော်ရည်ကို ရွေးချယ်သင့်ပါတယ်။
လျှော်တဲ့အချိန်မှာလည်း အရောင်ကူးနိုင်တဲ့ အဝတ်တွေနဲ့ မရောလျှော်သင့်သလို၊ ပွတ်တိုက်တာ၊ လိမ်ညှစ်တာတွေကိုလည်း ရှောင်ကြဉ်ဖို့ လိုပါတယ်။ အထူးသဖြင့် ပန်းထိုးထားတဲ့ ဝတ်စုံတွေဆိုရင် ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

☀️ အခြောက်ခံနည်း
ဝတ်စုံလျှော်ပြီးတဲ့အခါ နေရောင်ပြင်းပြင်းထဲမှာ တိုက်ရိုက်လှန်းတာက အရောင်မှိန်သွားစေနိုင်ပါတယ်။ ဒါကြောင့် လေဝင်လေထွက်ကောင်းပြီး အရိပ်ရတဲ့နေရာမှာ အခြောက်ခံတာက ပိုသင့်တော်ပါတယ်။
အဝတ်ခြောက်ခံစက် ကို အသုံးပြုတာကလည်း အထည်သားကျုံ့နိုင်တာ၊ ပုံသဏ္ဍာန်ပြောင်းနိုင်တာတွေ ဖြစ်စေနိုင်တာကြောင့် ရှောင်သင့်ပါတယ်။ အခြောက်ခံတဲ့အခါ အဝတ်ကို သေချာဖြန့်ထားပေးရင် မူလပုံစံကို ပိုမိုထိန်းသိမ်းနိုင်ပါတယ်။

👔 မီးပူတိုက်နည်း
မြန်မာရိုးရာဝတ်စုံကို မီးပူတိုက်တဲ့အခါ အပူချိန်အနိမ့် (Low Heat) နဲ့ တိုက်တာက အကောင်းဆုံးဖြစ်ပါတယ်။ အထည်ကို အတွင်းဘက်လှန်ပြီး တိုက်ပေးရင် အရောင်နဲ့ အလှဆင်ထားတဲ့ လက်ရာတွေကို ပိုမိုကာကွယ်ပေးနိုင်ပါတယ်။
ပိုးထည်၊ ပန်းထိုး၊ ချည်ထိုး အဝတ်တွေဆိုရင် အဝတ်ပါးတစ်ထည်ခံပြီး မီးပူတိုက်ပေးတာက အထည်သား မပျက်စီးအောင် ကာကွယ်ပေးနိုင်ပါတယ်။

👗 သိမ်းဆည်းနည်း

ဝတ်စုံကို သိမ်းဆည်းမယ်ဆိုရင် သန့်ရှင်းပြီး အပြည့်အဝခြောက်သွေ့နေဖို့ အရင်ဆုံး သေချာစစ်ဆေးသင့်ပါတယ်။ စိုစွတ်နေတဲ့အခြေအနေမှာ သိမ်းဆည်းလိုက်ရင် မှိုတက်တာ၊ အနံ့အသက်မကောင်းတာတွေ ဖြစ်လာနိုင်ပါတယ်။
လေဝင်လေထွက်ကောင်းတဲ့ နေရာမှာသိမ်းဆည်းတာက အကောင်းဆုံးဖြစ်ပြီး နေရောင်တိုက်ရိုက်ကျတဲ့နေရာနဲ့ စိုထိုင်းဆများတဲ့ နေရာတွေကို ရှောင်သင့်ပါတယ်။ အချိန်အကြာကြီး မဝတ်ဖြစ်တဲ့ ဝတ်စုံတွေကိုလည်း အခါအားလျော်စွာ ထုတ်ပြီး လေခံပေးတာက အထည်အရည်အသွေးကို ထိန်းသိမ်းရာမှာ အထောက်အကူဖြစ်စေပါတယ်။

မြန်မာရိုးရာဝတ်စုံတစ်စုံဟာ လှပတဲ့ ဖက်ရှင်တစ်ခုသာမက ကိုယ့်ရဲ့ယဉ်ကျေးမှုကို ဖော်ပြပေးတဲ့ အဖိုးတန်အမှတ်တရတစ်ခုလည်း ဖြစ်ပါတယ်။ ထို့ကြောင့် မှန်ကန်တဲ့ လျှော်ဖွပ်နည်း၊ အခြောက်ခံနည်း၊ မီးပူတိုက်နည်းနဲ့ သိမ်းဆည်းနည်းတွေကို လိုက်နာပေးမယ်ဆိုရင် ဝတ်စုံရဲ့ အရောင်၊ အထည်သားနဲ့ အလှတရားကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။🌸

P & S Clothing မှ မိန်းကလေးတွေအတွက် မြန်မာရိုးရာဝတ်စုံတွေကို ပိုမိုကြာရှည်လှပစွာ ဝတ်ဆင်နိုင်စေဖို့ ဒီ နည်းလမ်း လေးတွေကို မျှဝေပေးလိုက်ပါတယ်။ နေ့စဉ်ဂရုစိုက်ထိန်းသိမ်းပေးခြင်းက သင့်ရဲ့ အဖိုးတန်ရိုးရာဝတ်စုံတွေကို အမြဲတမ်း လှပသန့်ရှင်းနေစေမှာ ဖြစ်ပါတယ်။💕✨️








12/08/2026

ပွဲလမ်းသဘင်တွေသွားတိုင်း ကိုယ်နဲ့လိုက်ဖက်မယ့်၊ လူအများကြားမှာ တင့်တယ်ပြီး ဂုဏ်ကျက်သရေ ပြည့်စုံတဲ့ဝတ်စုံကို ရှာနေပြီလား?

ဒါဆိုရင်တော့ သင့်အတွက် အဖြေရှာတွေ့ပါပြီ။

&SCollections

✨ "ကိုယ့်ကိုယ်ကိုယ် အထူးခြားဆုံးနဲ့ အလှပဆုံးဖြစ်စေဖို့ ဒီတစ်ခါတော့ အခွင့်အရေးပေးလိုက်ပါ..."တခါတလေ လူကြားထဲမှာ ထူးခြားနေဖ...
11/08/2026

✨ "ကိုယ့်ကိုယ်ကိုယ် အထူးခြားဆုံးနဲ့ အလှပဆုံးဖြစ်စေဖို့ ဒီတစ်ခါတော့ အခွင့်အရေးပေးလိုက်ပါ..."

တခါတလေ လူကြားထဲမှာ ထူးခြားနေဖို့ဆိုတာ
ရိုးရှင်းတဲ့ ရွေးချယ်မှုတစ်ခုတည်းနဲ့တင်
လုံလောက်ပါတယ်။

ရှားပါးfabric လေးဖြစ်တဲ့ Luxury Lace (ဇာ) ရဲ့ နူးညံ့သိမ်မွေ့မှုနဲ့ ခါးလှလှလေးပေါ်လွင်စေတဲ့
ဒီဇိုင်းတို့ တွေ့ဆုံလိုက်တဲ့အခါ...

ပွဲတိုင်းမှာ သင့်ရဲ့ ဂုဏ်ကျက်သရေနဲ့ ဆန်းပြားတဲ့
စတိုင်လ်ကို အပြည့်အဝ ဖော်ပြပေးနိုင်ပါလိမ့်မယ်။

ပစ္စည်းအကန့်အသတ်နဲ့သာ ထုတ်လုပ်ထားတဲ့ Limited Collection မို့လို့ ကိုယ့်ရဲ့
အဖိုးတန်အခိုက်အတရ်တွေအတွက် ထပ်တူမရှိတဲ့ အလှတရားကို ပိုင်ဆိုင်ဖို့ အခုပဲ လက်လှမ်းလိုက်ပါ။

Price 💸💸
S,M,L-97000
XL -102000
2XL - 107000

Waiting time -7 days

Wholesale -09777430577

💌 အသေးစိတ်အချက်အလက်နဲ့ ဈေးနှုန်းလေးတွေသိဖို့ CB ကို အခုပဲ လှမ်းလာခဲ့လိုက်ပါနော်။

&SCollections

10/08/2026

P&S local brandလေးကပေးတဲ့
Confidence လေးကဘာလေးဖြစ်မလဲ??






ကံကောင်းခြင်းတွေ ယူဆောင်လာမယ့် ..2026 August လမှာ ကျက်သရေရှိလှတဲ့ မြန်မာဝတ်စုံလေးတွေကိုမှ မြတ်မြတ်နိုးနိုး ရွေးချယ်ဝတ်ဆင...
09/08/2026

ကံကောင်းခြင်းတွေ ယူဆောင်လာမယ့် ..
2026 August လမှာ ကျက်သရေရှိလှတဲ့
မြန်မာဝတ်စုံလေးတွေကိုမှ မြတ်မြတ်နိုးနိုး ရွေးချယ်ဝတ်ဆင်လိုတဲ့ သဲလေးတို့အတွက် …

မင်မင်တို့ P & S ရဲ့ Best Seller ဖြစ်တဲ့
မြန်မာ ဝတ်စုံ ဒီဇိုင်း (၂)မျိုးကို လက်ဆောင်လေး
ပေးချင်လို့ပါရှင်...🌸

ဒီဇိုင်း (၁)မျိုးကို တစ်ယောက်စီ လက်ဆောင်ပေးဖို့ Winner (၂)ဦး ရွေးချယ်ပေးသွားမှာဖြစ်ပြီး
Winner လေးတွေအနေနဲ့ ကိုယ်ကြိုက်တဲ့ အရောင်လေးကိုပါ ရွေးချယ်လို့ ရဦးမှာပါရှင် …

ဒီ Giveaway လေးမှာ ပါဝင်ချင်တဲ့ သဲလေးတို့အနေနဲ့

(၁) 𝐏 & 𝐒 𝐜𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧𝐬 ရဲ့ 𝐓𝐢𝐤𝐓𝐨𝐤 ,Facebook 𝐂𝐡𝐚𝐧𝐧𝐞𝐥-(𝟐)ခုကို Like & 𝐅𝐨𝐥𝐥𝐨𝐰လုပ်ပါ။

(၂) ယခု 𝐩𝐨𝐬𝐭လေးကို 𝐋𝐢𝐤𝐞 & 𝐒𝐡𝐚𝐫𝐞လုပ်ပါ။
ဒီနှစ်ခုလုံးလုပ်ပြီးရင်တော့ 𝐒𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭 လေးကို 𝐂𝐨𝐦𝐦𝐞𝐧𝐭 𝐁𝐨𝐱 မှာ သူငယ်ချင်းသုံးယောက်ကို 𝐦𝐞𝐧𝐭𝐢𝐨𝐧ခေါ်ပြီးလာမန့်ပေးရုံပါပဲနော်…

Winnerလေးတွေကို မင်မင်တို့က Comment Picker လေးနဲ့ ရွေးချယ်ပေးပြီး ကံထူးရှင် (၂)ဦးကို
September လမှာကြော်ငြာပေးသွားပါမယ်ရှင့်…❤️

Give Awayလေးမှာ ပါဝင်ကံစမ်းရင်း ...
Ready to wear ပွဲတက်မြန်မာဝတ်စုံ / Daily Wear လေးတွေကို ရွေးချယ်ဝတ်ဆင်တော့မယ်ဆိုရင် P & S Collections လေးကိုသာ သတိရလိုက်ပါနော်~

Contact : 09 777 430 577
Address : 56*23 ထောင့်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

&SCollections

🔥 "US က တစ်ယောက်တည်း ၇ ထည်တောင်တဲ့လား!" ဒါကြောင့် ဒီနေ့က အရောင်းရဆုံးနေ့ ဖြစ်နေတာလေ။🛍️🛒Wholesale လေးတွေနဲ့ အခြား လက်လီတွ...
08/08/2026

🔥 "US က တစ်ယောက်တည်း ၇ ထည်တောင်တဲ့လား!" ဒါကြောင့် ဒီနေ့က အရောင်းရဆုံးနေ့ ဖြစ်နေတာလေ။🛍️🛒

Wholesale လေးတွေနဲ့
အခြား လက်လီတွေအများကြီး အော်ဒါတွေ အပြည့်မို့
ဒီမင်တွေ ပျော်မဆုံးပေါ့ရှင့် 🤭😘🫶🏻

ကြေငြာခမသုံးရပဲ organic reach လေးတွေနဲ့
အများကြီးရောင်းရတာဆိုတာကလေ
Customer လေးတွေရဲ့ ချစ်ခင်မှု၊ယုံကြည်မှုနဲ့
ဒီမင်တွေရဲ့ ကြိုးစားမှုတွေထပ်တူကျနေလို့ပါပဲ

လက်လီ၊လက္ကားအများကြီး အားပေးကြလို့
ကျေးဇူးအမြဲတင်ရပါတယ်ရှင် 🙏🙏🙏

အမြဲကြိုးစားနေတဲ့ Local brandလေးမို့လေ ..
အမြဲစောင့်ကြည့်ပြီး အားပေးကြပါဦးနော်
အားပေးကြတဲ့တယောက်စီတိုင်းကိုလည်း
ဒီမင်နှစ်ယောက်ရဲ့ ကြိုးစားမှုတွေနဲ့
ကျေးဇူးအမြဲဆပ်နေမှာပါရှင်❤️❤️








Address

Mandalay

Alerts

Be the first to know and let us send you an email when P & S Collections posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to P & S Collections:

Shortcuts

Share