Khant - Kids Fashion

Khant - Kids Fashion Fashion for your special ones 😍

20/02/2026

Order 📩📩 msger or Viber

🚛 အိမ်ရောက်ငွေချေရ

#မန္တလေး #ကလေးဝတ် #စပန့်ဝမ်းဆက် #ကလေးနွေဝတ်

🌟 3/4 Years Old Cutie လေးတွေအတွက် စပန့်ဝမ်းဆက် လှလှလေး 🌟ပေါ့ပါးပြီး နူးညံ့တဲ့ စပန့်သားလေး 💕ကလေးတွေအတွက် လှုပ်ရှားရလွယ်ကူ...
19/02/2026

🌟 3/4 Years Old Cutie လေးတွေအတွက်
စပန့်ဝမ်းဆက် လှလှလေး 🌟

ပေါ့ပါးပြီး နူးညံ့တဲ့ စပန့်သားလေး 💕
ကလေးတွေအတွက် လှုပ်ရှားရလွယ်ကူပြီး အေးအေးဆေးဆေး ဝတ်လို့ရပါတယ် 👶✨
🐼 Cartoon ပုံလေးတွေကြောင့်
Cute Look ပိုမိုရရှိ
🌬 ပူလည်း မကပ်ဘူး – အေးမြနူးညံ့

📏 Size – 3/4 Years

အိမ်မှာဝတ်လည်း အဆင်ပြေ 👍
Playtime သွားလည်း ချစ်စရာကောင်းနေမယ့် set လေးပါ 💖

📦 Instock
📩 CB မှာ Size / Price မေးလို့ရပါတယ်နော်

#ကလေးဝတ် #စပန့်ဝမ်းဆက် #မန္တလေး #ကလေးနွေဝတ်

19/02/2026

HM အဆင်အလှလေးတွေချည်း ထပ်မံ ရောက်ရှိ 💞💞💞

မီးမီးတို့အတွက် ရှယ် အလှလေး

အဆင်စုံ ဆိုဒ်စုံ ရှိတုန်း ရအောင် ယူထားကြပါ မေမေတို့ရေ 💥💥💥

ဈေး 📩 CB pls

#မန္တလေး
#ကလေးဝတ်
#ကလေးနွေဝတ်





16/02/2026

Ready for summer vibe 💥best seller💥
မေမေတို့ရေ 🤚🤩ကျော်မသွားနဲ့နော်

3-4 နှစ် မီးမီးလေးတို့ အတွက် နွေစာ စစ်စစ် စပန့်ဝမ်းဆက်

💰7500 Ks တည်းနဲ့ ရမယ်နော်

Stock အများကြီး မထားလို့ လက်သွက်မှ ရမယ်ရှင့် 🤗🤗

#မန္တလေး
#ကလေးဝတ်



#စပန့်ဝမ်းဆက်

#ကလေးနွေဝတ်

16/02/2026

3-4 နှစ် သမီးလေး‌အတွက်
ဝတ်လိုက်တာနဲ့ လှစေမယ့်
စပန့် ဝမ်းဆက် 💕

💰 8,500 Ks တည်းနဲ့ ရမယ်နော်

ဈေးလည်းတန် • ဝတ်လည်းလှ 👍

မမှီလိုက်ရင် sold out 🔥

Stock များမရှိလို့ မြန်မြန် order တင်နော်🔥

📩 CB or Messenger မှာ order တင်နိုင်ပါတယ်။

🚚 Ygn Mdy အိမ်ရောက်ငွေချေရ

#မန္တလေး






#ကလေးဝတ်



Hello မီးမီးလေးတို့ရေ 💜🍀Sinsay dress 🍀Price - 15000ကတ္တီပါသား အိအိလေးနဲ့ ဂါဝန်လေးပါ 🤗ပွဲတက်အတွက် အရမ်း အဆင်ပြေမယ့် dress...
04/02/2026

Hello မီးမီးလေးတို့ရေ 💜

🍀Sinsay dress
🍀Price - 15000

ကတ္တီပါသား အိအိလေးနဲ့ ဂါဝန်လေးပါ 🤗

ပွဲတက်အတွက် အရမ်း အဆင်ပြေမယ့် dress လေးပါရှင့် 🥰

မှာယူလိုပါက .....

လိပ်စာ
ဖုန်းနံပါတ်
လိုချင်တဲ့ ဆိုဒ် / ပုံ ပြထားပြီး
FB Messenger or Viber (09402520261) မှာ ပြောထားပေးပါရှင့်

Thanks for choosing us 💜💜💜




 #ဆိုးနေတဲ့ကံကိုပြုပြင်နည်း🙏🙏🙏နေ့စဉ် ၁၅ မိနစ် မျှလောက်သော အချိန်ပေးပါ။                သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ...
04/02/2026

#ဆိုးနေတဲ့ကံကိုပြုပြင်နည်း

🙏🙏🙏နေ့စဉ် ၁၅ မိနစ် မျှလောက်သော အချိန်ပေးပါ။

သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅-မျိုးနဲ့ ပြုပြင် ယူလို့ရပါတယ်။တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ၅မျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ ” နင်နေ ငါသွား ” ဖြစ်သွား ပါလိမ့်မယ်။

အဲဒီကုသိုလ် ၅မျိုးကတော့...

၁။ ဒါန
၂။ သီလ
၃။ ဂုဏ်တော်
၄။ မတျတော
၅။ ဝိပဿနာ

တို့ ဖြစ်ပါတယ်။

အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ် ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ် သွားဖို့ပါပဲ။

ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။

၁။ ဒါန
-------------
ပထမဆုံးကုသိုလ်က ဒါန ပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်၁သောင်းပြုပေးနိုင်မှ။ ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း ဒါန ဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို ပစ်ကျေွးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ ဆန်လက်တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်း၀ိုင်းကို သိပ်ပြီးလည်း မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို ကျေွးနေမယ် ဆိုရင်လည်း ကိုယ့်၀န် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။

၂။ သီလ
------------------
ဒုတိယက သီလ ပါ။ သီလမှာလည်း လောကီ ထဲမှာနေတဲ့ လူတစ်ယောက် အတွက် ငါးပါးသီလလောက် လုံခြုံအောင် စောင့်ထိန်း လိုက်နိုင်တယ် ဆိုရင်ပဲ တော်တော် လုံလောက်နေပါပြီ။ တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိန်း နိုင်ရင်တော့ အကောင်းဆုံးပေါ့။ သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို သူ့သတ္တိ အားလျော်စွာ ပြန်စောင့်ရှောက် ပါလိမ့်မယ်။

၃။ ဂုဏ်တော်
---------------
တတိယက ဂုဏ်တော်ပါ။ ဂုဏ်တော် ၉-ပါးထဲက ကို်ယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။

အရဟံဂုဏ်တော်ကိုပဲ …
အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား၊
အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား၊
လို့ ပွားများရပါတယ်။

အရဟံ ဆိုတဲ့ ပါဠိလေးရယ်။ အရဟံရဲ့ နောက်က အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့အနက်လေးတွေပါ။

ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတိ္တအားလျော်စွာ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။

၄။ မတျတော
-------------------
စတုတ္ထက မေတ္တာပါ။ မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီသန့်အကျယ်ကို ရှိပါတယ်။ စာရေးသူရဲ့ မေတ္တာ အတွေးများ စာအုပ်မှာလည်း ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။

မေတ္တာပွားတဲ့ နေရာမှာ အဓိက အကြံပေးချင် တာတော့ ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။ ပြီးရင် နတ်ကောင်း နတ်မြတ်တွေ၊ ကိုယ်စောင့်နတ်-အိမ်စောင့်နတ် ကစပြီး၊ လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်တွေ အားလုံး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေ ပါစေ… စသည်ဖြင့် ပေါ့လေ။

၅။ ဝိပဿနာ
------------------
နောက်ဆုံးက ၀ိပဿနာပါ။ ၀ိပဿနာ ကတော့ ကိုယ်အားထုတ်ဖူးရာ-ကိုယ်သန်ရာ သန်ရာ ကိုယ့် အာစရိယ ဝါဒအတိုင်း မှတ်ယူလို့ ရပါတယ်။

(မည်သည့် တရားစခန်း မည်သည့် အာစရိယဝါဒမျှ သင်ကြားထားခြင်း မရှိသူများအဖို့ အစပိုင်းတွင် တင်ပလ္လင်ခွေ(ထက်၀ယ်ဖွဲ့ခွေ)ထိုင်၊ ဘယ်လက်ပေါ် ညာလက်ထပ်တင်၊ ခါး-လည်ပင်း-ဦးခေါင်းကို မတ်မတ်ထား၊ အသက်ကို ပုံမှန်ရှူလျှက် ၀င်လေ၀င်လာလျှင် ၀င် လာ သည်ဟု သိပေး၊ ထွက်လေ ထွက်သွားရင် ထွက်သွားသည်ဟု သိပေးခြင်းဖြင့် မိမိစိတ်ကို ထိုထိုနှာသီး၀သို့သာ စူးစိုက်ရောက်ရှိစေရန် ပဏာမ လေ့ကျင့်ကြလျှက် ၇ရက်စခန်း-၁၀ရက်စခန်း စသည်တို့ကို ၀င်ရောက်နိုင်ရန် တိုး၍ ကြိုးစား ကြသင့်ပေသည်။ )

ကုသိုလ်-၅မျိုး တစ်နေ့တာ

ကဲ … စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်၅မျိုးကို စမ်းကြည့်ရအောင်ပါ။

၁။ အိပ်ရာထ
----------------------
မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစု ကိစ္စတွေကို ဘာမှ မလုပ်နဲ့ဦး။ ဘုရားခန်းကို အရင်သွားပါ။

ဘုရားသောက်တော်ရေကိုအရင်ကပ်ပါ။ (ဒါန)
ကပ်ပြီးရင် ၅ပါးသီလ ခံယူပါ။ (သီလ)
အဲဒါပြီးရင် ဂုဏ်တော်ကို ၅-မိနစ် ( ဂုဏ်တော် )
မေတ္တာကို ၅-မိနစ် ပွားပါ။ ( မေတ္တာ )
ပြီးရင် ၀ိပဿနာ ၅-မိနစ် ပွားများပါ။ ( ၀ိပဿနာ )

အင်မတန် နည်းပါးတဲ့ ၁၅မိနစ်အချိန်လောက်တော့ လူတိုင်း လုပ်နိုင်လောက်မယ် ထင်ပါတယ်။ ( ၅မိနစ်စီ ဆိုသည်မှာ အနည်းဆုံး ပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး မိမိတို့၏ ခွန်အားအလိုက် သဒ္ဓါ တရားအလိုက် ၁၀မိနစ်စီ၊ နာရီ၀က်စီ၊ တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု

နေ့တစ်နေ့တာရဲ့ အစကို ကုသိုလ် ၅မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေ ရှိသွားလဲ ။ အိပ်ရာထပြီး နာရီ၀က် ၁နာရီအတွင်းမှာပဲ ကုသိုလ်၅မျိုး ရနေပါပြီ။ အဲဒီ ကုသိုလ် ၅မျိုးပြုပြီးမှ မိသားစုကိစ္စ၊ ကိုယ့်ကိစ္စ ေ၀ယျာ၀စ္စတွေကို ပြုလုပ်ပါ။

၂။ နေ့လည်
---------------
အဲဒီလိုနဲ့ မနက်စာစားပြီးတဲ့ အခါ ဆန်လက်တစ်ဆုတ် စာယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေ အတွက် ပက်ကျေွးလိုက်ပါဦး။

ကျေွးပြီးသွားရင် အဆစ်အနေနဲ့ ” ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်၅မျိုး ကိုလည်း အမျှ ပေးေ၀ပါတယ်။ အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု ” ဆိုပြီး နတ်ကောင်း နတ်မြတ်များနဲ့တကွ ေ၀နေယျ အပေါင်းကို အမျှပေးေ၀လိုက်ပါဦး။

၃။ ညပိုင်း
-----------------
တတ်နိုင်တယ်။ အချိန်ရတယ်။ သဒ္ဓါတရားလဲ ထက်သန်လာတယ် ဆိုရင် ညပိုင်း ကိုးရီးယားကားလေး မလာခင်၊ ဒါမှမဟုတ် ကိုးရီးယားကားလေး ပြီးသွားတဲ့အခါ ကုသိုလ်ငါးမျိုးကို မနက်ကအတိုင်း တစ်ကြိမ် ထပ်လုပ်လိုက်ပါဦး။

နေ့စဉ်ပြုအပ်သည်
------------------------
ဒီအတိုင်းသာ နေ့စဉ်ပြုသွားစမ်းပါ။ ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။

ဒါပေမယ့် ဒီနေ့လုပ်-နက်ဖြန်ဖြစ် ဆိုတဲ့ပုံစံမျိုးတော့ ဘယ်ဖြစ်နိုင်မှာလဲ။ တစ်လတန်သည် တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။ ရက်မပျက်အောင် အဓိဋ္ဌာန်ပြု၍ လုပ်ရပါမယ်။ အကုသိုလ်ဆိုတဲ့ အင်းအားက ကြီးလွန်းနေရင်တော့ ချက်ခြင်းကြီး ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကုသိုလ် အင်အား ကောင်းလာတာနဲ့ အမျှ ကုသိုလ်အင်အားကို ကြည့်ပြီး လန့်ပြေးသွားမှာပါ။

ဒါက ကံဆိုး နေတဲ့သူတွေကို ပြောတာပါ။
-------------------------------------------

ကံကောင်း နေတဲ့သူတွေ အတွက်လည်း အမြဲတမ်း ကံကောင်းနေအောင် ကုသိုလ်၅မျိုး နဲ့ အမြဲပြုစု စောင့်ရှောက်နေသင့်ပါတယ်။

ဒီကုသိုလ်၅မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက် ဒုတိယဘ၀၊ တတိယဘ၀ စသည်တွေမှာလည်း ဆက်ပြီး ကံကောင်းနေဦးမှာပါ။

ဒုက္ခကြံရင် သစ္စာဆို။
-----------------------------
ဒီကုသိုလ် ၅မျိုးကို ကံကောင်းခြင်း၊ ကံဆိုးခြင်းကြောင့် မဟုတ်ဘဲ နေ့စဉ်၀တ်တစ်ခု အနေနဲ့ ပြုရပါမယ်။ အဲဒီလို ပြုနေစဉ် အတွင်းမှာပဲ

ဘ၀ အခက်အခဲ တစ်ခု ကြုံလာမယ်၊ ဒါဆို ကိုယ်ပြုတဲ့ကုသိုလ်၅မျိုးကို နေ့စဉ် အမျှပေးေ၀နေတဲ့ နတ်ကောင်းန တ်မြတ်တွေကို တိုင်တည်ပြီး သစ္စာ ဆိုလို့လည်း ရပါတယ်။

” ကျွန်ှုပ်သည် ကုသိုလ်၅မျိုးကို နေ့စဉ်ပြုပြီး၊ နတ်ကောင်းန တ်မြတ် များကိုလည်း နေ့စဉ် အမျှပေးေ၀ခဲ့ပါတယ်။ ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲများ ပြေပျောက် ပါစေသတည်း။ နတ်ကောင်း နတ်မြတ်တို့က ကူညီမစတော်မူပါ ” စသည်ဖြင့်ပေါ့လေ…..

သံသရာကပင် ကျွတ်နိုင်ရဲ့
-------------------------------------

ကုသိုလ် ၅-မျိုးထဲမှာ ၀ိပဿနာလည်း ပါနေတော့ တရားမှတ်ရင် ပါရမီပါခဲ့ရင် တစ်မဂ် တစ်ဖိုလ်မှသည် လေးမဂ်၊ လေးဖိုလ် အထိ တရားထူးတရားမြတ်တွေ ရသွားပြီး သံသရာ၀ဋ်က ကျွတ်သွားနိုင်ပါသေးတယ်။

ကုသိုလ် ၅မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲ … ဆိုရင် ညအိပ်ရာ၀င်လို့မှ ဒီနေ့ တစ်နေ့တာအတွက် ကုသိုလ် ၅မျိုး မပြုရသေးရင် အိပ်လို့ လုံး၀မပျော်တဲ့ အဆင့် ချက်ခြင်း ထလုပ်လိုက်မှ အိပ်ပျော်တယ် အိပ်လို့ရတယ် ဆိုတဲ့ အဆင့်ထိ ပြုလုပ်ကြရပါတယ် …

ကဲ …. စာဖတ်သူ … ၊ ကံ နဲ့ ပတ်သက်လို့ သေချင်လောက်အောင် ဆိုးနေပါစေ။ ကုသိုလ် ၅မျိုးနဲ့သာ နေ့စဉ် ပြုပြင် လိုက်စမ်းပါ။ မကြာခင် ကံကောင်းလာပါလိမ့်မယ်။

#ဆရာတော်အရှင်ရာဇိန္ဒ
#ရဝေနွယ်_အင်းမ



30/01/2026

Celebrating my 3rd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

Hello မီးမီးလေးတို့ 🥰အသားအေးပြီး ချစ်ဖို့ အရမ်းကောင်းမယ့် HM tee လေးတွေ ရောက်ပါပြီ 🤗🍀 2 to 10 yr🍀 Price - 9500အဆင်စုံ ဆိ...
04/06/2025

Hello မီးမီးလေးတို့ 🥰

အသားအေးပြီး ချစ်ဖို့ အရမ်းကောင်းမယ့်
HM tee လေးတွေ
ရောက်ပါပြီ 🤗

🍀 2 to 10 yr

🍀 Price - 9500

အဆင်စုံ ဆိုဒ်စုံ ရတုန်းလေး
အမြန် ရွေးယူထားကြနော် 💜💜💜

တချို့ ဒီဇိုင်းလေးတွေဆို တဆိုဒ်မှာ
တစ်ထည် စီလောက်ပဲ ပါတယ်နော် ✅

မင်မင်တို့က တောင်ကြီး ကပါရှင် 🤗

Beexprss နဲ့ wepozt delivery ရောက်တဲ့ မြို့တိုင်း အိမ်ရောက်ငွေချေ ရပါတယ်ရှင် 💜💜💜

#တောင်ကြီး
#ကလေးဝတ်




04/06/2025

Address

Mandalay
09

Telephone

+959402520261

Website

Alerts

Be the first to know and let us send you an email when Khant - Kids Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khant - Kids Fashion:

Share