PAL Modish Fashion

PAL Modish Fashion Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PAL Modish Fashion, Fashion Designer, Corner of 69x 34 Street, Mandalay.

15/05/2026
Pattern cutting သေသပ်ပြီး ဝတ်လိုက်ရင် Fit ဖြစ်နေစေဖို့ ဒီဇိုင်နာကိုယ်တိုင် စေတနာထား ဖန်တီးထားတဲ့ နောက်ထပ်လက်ရာလေးတစ်ခုနဲ...
03/05/2026

Pattern cutting သေသပ်ပြီး
ဝတ်လိုက်ရင် Fit ဖြစ်နေစေဖို့
ဒီဇိုင်နာကိုယ်တိုင် စေတနာထား ဖန်တီးထားတဲ့
နောက်ထပ်လက်ရာလေးတစ်ခုနဲ့
မိတ်ဆက်ပေးပါရစေနော် 💛💛💛

BKK ချည်ပေါင်းသား အထူကို သုံးပေးထားတာမို့
အသားကျပြီး ဝတ်ရတာ
အရမ်းသက်တောင့်သက်သာရှိတဲ့အပြင်
ရေရုန်းတာ၊ အရောင်ကျွတ်တာမျိုး လုံးဝမဖြစ်လို့
ရေရှည်ဝတ်ဖို့လည်း အဆင်ပြေဆုံးပဲနော်🥰

ရင် ၃၄ ကနေ ၃၉ ထိ ရတဲ့ Free Size လေးမို့
ကိုယ်ခန္ဓာ အကွာအဟလေးတွေအတွက်
စိတ်ပူစရာမလိုဘဲ ယုံကြည်မှုရှိရှိ ဝတ်ဆင်နိုင်မှာပါ။

✨ Fabric: BKK ချည်ပေါင်းအထူ (ရေမရုန်း၊ အရောင်မကျွတ်)
✨ Size: Free Size (LB 34" to 39")
✨ Color: 6 Colors Available
✨ Price: 49,000 MMK

Smart ကျကျလေးနဲ့ လှနေဖို့
အခုပဲ Order တင်လိုက်ပါရှင်။ 🛍️

📲 Contact Us: 09 402514170, 09 968008448




လမ်းထိပ်က ကော်ဖီဆိုင်လေးမှာ Chill မလား☕️ တောင်ပြာတန်းတွေဆီ ခရီးထွက်မလား... 🏔️ဘယ်နေရာသွားသွား သက်သောင့်သက်သာရှိပြီး စတိုင...
28/04/2026

လမ်းထိပ်က ကော်ဖီဆိုင်လေးမှာ Chill မလား☕️
တောင်ပြာတန်းတွေဆီ ခရီးထွက်မလား... 🏔️
ဘယ်နေရာသွားသွား သက်သောင့်သက်သာရှိပြီး
စတိုင်လ်ကျနေစေမဲ့ Outfit လေးတစ်စုံ ရှာနေရင်
ဒါလေးက အသင့်တော်ဆုံးပါပဲနော်။ 🤗

ရာသီဥတုမရွေး ဝတ်ဆင်လို့ကောင်းတဲ့ ပေါ့ပါးပြီး
လေဝင်လေထွက်ကောင်းတဲ့ Material လေးကိုမှ၊
ဒီဇိုင်နာကိုယ်တိုင် စိတ်တိုင်းကျ Pattern ဆွဲ
ဖန်တီးထားတဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။ 👗✨

ခါးပုံစံလေးနဲ့ အတွန့်ဒီဇိုင်းလေးတွေကြောင့်
ခန္ဓာကိုယ်သွယ်တဲ့သူပဲဖြစ်ဖြစ်၊ ပြည့်တဲ့သူပဲဖြစ်ဖြစ်
ဝတ်လိုက်တာနဲ့ အလှတရားတွေ ပိုမိုတိုးပွားပြီး
ကြွရွသွားစေမဲ့ Outfit လေးမို့ မရှိမဖြစ်
ဆောင်ထားသင့်တယ်နော်❤️

👗Free size
ရင် - (34 to 37)
ခါး - (26 to 31)
တင် - (36 to 40)

Price 55,000 MMK

ကြိုက်မိနေပြီဆိုရင်တော့
အခုပဲ Hi လိုက်တော့နော်။ 💌




ကိုယ်အများဆုံးဝတ်လေ့ရှိတဲ့ Outfit Color လေးတွေက ကိုယ့်ရဲ့ Personality လေးတွေကို အလိုလိုဖော်ပြနေတယ်ဆိုတာ သိကြလားရှင်။ ဒီန...
11/03/2026

ကိုယ်အများဆုံးဝတ်လေ့ရှိတဲ့
Outfit Color လေးတွေက ကိုယ့်ရဲ့ Personality လေးတွေကို အလိုလိုဖော်ပြနေတယ်ဆိုတာ သိကြလားရှင်။ ဒီနေ့တော့ ကျမတို့ PAL ကနေ အရောင်လေးတွေကတစ်ဆင့် ပျိုမေတို့ရဲ့ Personality လေးတွေကို
ပြောပြပေးသွားမယ်နော်။
ကဲ... ကြည့်လိုက်ရအောင်ရှင် 👇

🤍 အဖြူရောင်
အဖြူရောင်လေးတွေကို အမြဲရွေးချယ်တတ်တဲ့သူလေးတွေကတော့ စိတ်ထားဖြူစင်ပြီး ရိုးရှင်းတာကို မြတ်နိုးတဲ့သူလေးတွေပါ။ စနစ်တကျရှိတတ်ပြီး အရာရာကို အကောင်းမြင်တတ်တဲ့ 'Simple & Clean' ဖြစ်တဲ့ကောင်မလေးတွေလို့ မြင်လို့ရပါတယ်။

🖤 အနက်ရောင်
အနက်ရောင်ကိုမှ စွဲစွဲမြဲမြဲဝတ်တတ်တယ်ဆိုရင်တော့ ပျိုမေတို့က Cool ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့သူတွေပါ။ လျှို့ဝှက်ချက်လေးတွေရှိသလိုနဲ့ ဆွဲဆောင်မှုရှိတဲ့ Queen မလေးတွေပေါ့နော်။

❤️ အနီရောင်
အနီရောင်လေးတွေ ဝတ်ရတာ ကြိုက်တဲ့သူလေးတွေကတော့ တက်ကြွတယ်၊ သတ္တိရှိတယ်၊ လူကြားထဲမှာ ထင်ရှားနေတာကို နှစ်သက်တဲ့သူတွေပါ။ စိတ်အားထက်သန်မှုအပြည့်ရှိတဲ့ သူလေးတွေပေါ့ရှင်။

💙 အပြာရောင်
အပြာရောင်ကို နှစ်သက်တဲ့သူလေးတွေကတော့ အေးအေးဆေးဆေးရှိပြီး စိတ်ချရတဲ့သူတွေပါ။ သူငယ်ချင်းတွေအပေါ်မှာလည်း သစ္စာရှိသလို၊ တည်ငြိမ်တဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့သူလေးတွေပါရှင်။

💗 ပန်းရောင်
ပန်းရောင်လေးတွေကတော့ နူးညံ့ပြီး ချစ်စရာကောင်းတဲ့ မင်းသမီးလေးတွေပေါ့။ အရမ်းကို Romantic ဆန်ပြီး တခြားသူတွေအပေါ် ကြင်နာတတ်တဲ့ Sweet Girl လေးတွေပါပဲရှင်။

💛 အဝါရောင်
အဝါရောင်လေးတွေကတော့ အမြဲပြုံးပျော်နေပြီး Positive Energy အပြည့်ရှိတဲ့သူတွေပါ။ နေမင်းကြီးလိုပဲ ဘေးနားကလူတွေကိုပါ ပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့ အားကိုးရတဲ့သူလေးတွေပေါ့နော်။

ပျိုမေတို့ကရော ဘယ်လိုအရောင်လေးတွေကို အကြိုက်ဆုံးလဲ? ✨
ဘယ်လိုအရောင်၊ ဘယ်လိုဒီဇိုင်းပဲဖြစ်ဖြစ် ကိုယ့်ရဲ့ Personality နဲ့ အလိုက်ဖက်ဆုံးဖြစ်အောင် PAL က ဖန်တီးပေးဖို့ အသင့်ရှိနေပါတယ်ရှင်။

✨ PAL - Designer for Girl Outfits ✨
"Designed for the girl who loves to stand out."

👗 မိန်းကလေးတိုင်းရဲ့ အလှပဆုံး စတိုင်လ်တွေအတွက် PAL


နည်းနည်းလေး ကြွယ်ပါရစေ…မန္တလာသူလေးတွေရဲ့ အလှက စာတင်ရလောက်အောင် နန်းဆန်တဲ့အလှမျိုးဆိုတာ အားလုံးသိကြတယ်ဟုတ် ❓ 🤭ဒါကြောင့် မ...
06/03/2026

နည်းနည်းလေး ကြွယ်ပါရစေ…

မန္တလာသူလေးတွေရဲ့ အလှက
စာတင်ရလောက်အောင် နန်းဆန်တဲ့အလှမျိုးဆိုတာ
အားလုံးသိကြတယ်ဟုတ် ❓ 🤭

ဒါကြောင့် မန္တလာသူလေးတွေရဲ့ အလှတရားတွေ အားလုံးဆီကူးစက်သွားစေဖို့ မန္တလာမြေက
ဝါရင့်ဒီဇိုင်နာကိုယ်တိုင် Local Brand လေးတစ်ခုထုတ်ပြီး အားလုံးကို လှအောင် ဖန်တီးပေးနေပြီနော် 😉

PAL ဆိုတဲ့ Local Brand လေးက Local က
အမျိုးသမီးလေးတွေကို သင့်တင့်တဲ့ ဘတ်ဂျက်နဲ့
လှနေအောင်ဖန်တီးပေးထားလို့
အခုထိမဝတ်ကြည့်ဖူးသေးရင်
Page Messenger မှာ လာစမ်းကြည့်လိုက်တော့နော် 🤙

Bkk cotton (​ရေမရုန်း ၊ အ​ရောင်မကျပါ)
Price : 55,000 MMK

Size
M. ရင် 33 to 35
ခါး 26 to 28
တင် 36 to 40

L ရင် 36 to 38
ခါး 28 to 32
တင် 40 to 43


နွေရာသီမှာ ဘယ်လိုဖက်ရှင်တွေဝတ်သင့်လဲ​ ❓ ☀️နွေရာသီဆိုတာ ဖက်ရှင်ကျဖို့အတွက် Skill ပိုပြီးလိုတဲ့ ရာသီဥတုပဲနော် 😎ဘာလို့လဲဆို...
19/02/2026

နွေရာသီမှာ ဘယ်လိုဖက်ရှင်တွေဝတ်သင့်လဲ​ ❓ ☀️

နွေရာသီဆိုတာ ဖက်ရှင်ကျဖို့အတွက်
Skill ပိုပြီးလိုတဲ့ ရာသီဥတုပဲနော် 😎
ဘာလို့လဲဆိုတော့ နွေရာသီမှာဆိုရင် လှနေရုံတစ်ခုတည်းနဲ့မပြီးဘဲ ရာသီဥတုနဲ့ကိုက်ညီပြီး ကိုယ်တိုင်အဆင်ပြေနေမှ ဖက်ရှင်ကျတယ်၊ မိုက်တယ်ဆိုတဲ့ ခံစားချက်ကိုရစေမဲ့ ရာသီဥတုမလို့ပါပဲ ☀️

ဒါကြောင့် နွေရာသီမှာ မိမိကိုယ်တိုင်လည်း
အဆင်ပြေပြီး စတိုင်လည်းကျစေဖို့အတွက်
🟨 ချည်သားလေးတွေကို အဓိကရွေးပေးပါ
🟨 အရောင်ဖျော့ဖျော့၊ နုနုလေးတွေပိုပြီးဝတ်ပေးပါ
🟨 Loose Fit Cutting လေးတွေကို ပိုပြီးဝတ်ပေးဖို့
လိုပါလိမ့်မယ်နော် 😉

ဒါ့အပြင် Accessory တွေအများကြီးနဲ့ရှုပ်နေတာမျိုးမဟုတ်ဘဲ Minimalist ဖြစ်ဖို့လည်းလိုပါသေးတယ် 😎

မန္တလေး အခြေစိုက်ဖြစ်တဲ့ PAL ဆိုတဲ့
Local Desinger Brand လေးဆီမှာတော့
မန္တလေးနွေရာသီနဲ့တောင်မှ အဆင်ပြေစေမယ့် ချည်သား Outfit လေးတွေကို Designer ကိုယ်တိုင် နွေရာသီနဲ့လိုက်တဲ့ Cutting လေးတွေနဲ့
သေချာချုပ်ပေးထားပြီမို့ နွေရာသီအတွက်
ဖက်ရှင်ကျဖို့ Ready ဆိုရင် အခုပဲ
Page Messenger ကိုလာခဲ့လိုက်နော် 😉

Bkk ချည်​ပေါင်းအထူ
Free size
ရင် 34 to 37 ထိ
Price : 52000 MMK

✨ PAL - Designer for Girl Outfits ✨
"Designed for the girl who loves to stand out."

👗 မိန်းကလေးတိုင်းရဲ့ အလှပဆုံး စတိုင်လ်တွေအတွက် PAL


အမျိုးသမီးလေးတွေဆိုတာ အလှအပအနုစိတ်လေးတွေကို သိပ်တန်ဖိုးထားကြပြီး လက်မှုပညာလေးတွေကို သိပ်ပြီးမြတ်နိုးကြတဲ့ လူသားလေးတွေမဟု...
16/02/2026

အမျိုးသမီးလေးတွေဆိုတာ
အလှအပအနုစိတ်လေးတွေကို
သိပ်တန်ဖိုးထားကြပြီး
လက်မှုပညာလေးတွေကို သိပ်ပြီးမြတ်နိုးကြတဲ့
လူသားလေးတွေမဟုတ်လား ❤️

ဒီလိုမျိုး လူသားလေးတွေအတွက် PAL က
ဒီဇိုင်နာရဲ့ အနုပညာရပ်တွေနဲ့ ကျွမ်းကျင်မှုတွေ
ပေါင်းစပ်ပြီး Outfit လေးတွေကို
ချုပ်လုပ်ပေးနေပြီနော် 🤗

PAL မှာဆိုရင် အခုလာမဲ့နွေရာသီအတွက်လည်း
လုံးဝသင့်တောမဲ့ Outfit လေးတွေကို
ကြိုပြီးဝယ်လို့ရနေပြီမို့ အနုပညာနဲ့
လက်မှုပညာကို မြတ်နိုးတယ်ဆိုရင်
PAL ရဲ့ Outfit လေးတွေကို Try ကြည့်ဖို့
အကြံပေးပါရစေရှင် 😉

✨ PAL - Designer for Girl Outfits ✨
"Designed for the girl who loves to stand out."

👗 မိန်းကလေးတိုင်းရဲ့ အလှပဆုံး စတိုင်လ်တွေအတွက် PAL


Summer Collection is here! 👗✨နွေရာသီအတွက် အမိုက်စား Outfit လေးတွေ ရှာနေလား? PAL မှာ ရှိတယ်နော် 😉မန္တလေးက Designer ကိုယ်တ...
10/02/2026

Summer Collection is here! 👗✨

နွေရာသီအတွက် အမိုက်စား Outfit လေးတွေ
ရှာနေလား? PAL မှာ ရှိတယ်နော် 😉
မန္တလေးက Designer ကိုယ်တိုင် ဖန်တီးပေးထားတဲ့
ဒီဇိုင်းလေးတွေဖြစ်လို့ နွေရာသီရဲ့ အပူဒဏ်ကို
အံတုနိုင်ဖို့ သက်တောင့်သက်သာအရှိဆုံး
BKK ချည်ပေါင်းအသား ကိုပဲ သုံးထားပါတယ်။

Cutting အကျကစ လုံးဝ Detail ကျလွန်းလို့
ပျိုမေတို့ အကြိုက်တွေ့မှာ အသေအချာပါပဲ။

✨ Price: 52,000 MMK
✨ Size: Free size
(Chest 33-36" | Waist 28-31" | Hip 36-41")

နွေပူပူမှာ PAL နဲ့အတူ အလှပဆုံး စတိုင်လ်တွေကို ဖန်တီးလိုက်ရအောင်နော် 🤗

အခုဆိုရင် နေ့လယ်ခင်းလေးတွေက တဖြည်းဖြည်းချင်း နွေပီသလာပြီဆိုတော့ နွေရာသီဖက်ရှင်အတွက် ကြိုပြီးစဉ်းစားနေပြီဆိုရင် PAL မှာ န...
04/02/2026

အခုဆိုရင် နေ့လယ်ခင်းလေးတွေက
တဖြည်းဖြည်းချင်း နွေပီသလာပြီဆိုတော့
နွေရာသီဖက်ရှင်အတွက် ကြိုပြီးစဉ်းစားနေပြီဆိုရင် PAL မှာ နွေရာသီအတွက် Outfit
အလန်းလေးတွေရှိတယ်နော် 😉

မန္တလေးက Designer ကိုယ်တိုင်ချုပ်ပေးထားတာမို့
Fabric ကစ မန္တလေးနွေရာသီလိုမျိုး
အပူဒဏ်မှာပါ သက်သောင့်သက်သာဖြစ်မဲ့
Fabric မျိုးနဲ့ ရေလျှော်ရင် မရုန်းမဲ့
Fabric မျိုးတွေရွေးပြီး နွေရာသီအဆင်လေးတွေကို
Cutting ကျကျချုပ်ပေးထားတဲ့ Outfit လေးတွေမို့
နွေစာလေးတွေကို အခုကတည်းက
ကြိုစုထားလိုက်တော့နော် 🤗

​Price : 52,000 MMK
Free size - Bkk ချည်​ပေါင်းအထူ
ရင် 33 to 36
ခါး. 28 to 31
တင်. 36 to 41 ထိ ရပါတယ်။

✨ PAL - Designer for Girl Outfits ✨
"Designed for the girl who loves to stand out."

👗 မိန်းကလေးတိုင်းရဲ့ အလှပဆုံး စတိုင်လ်တွေအတွက် PAL


Address

Corner Of 69x 34 Street
Mandalay

Website

Alerts

Be the first to know and let us send you an email when PAL Modish Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share