TT Online Fashion

TT Online Fashion Hi! Please let us know how we can help?

06/12/2024

အထည်လေးတေပြန်runတော့မှာမို့ မိတ်ဟောင်းမိတ်သစ်ချစ်ကာကာတို့ပြန်လည်အားပေးလို့ရပီနော် အလန်းလေးတေကို မထင်မှတ်ထား‌တဲ့ဈေးလေးတေ ရှယ်တေရောင်းပေးမှာမို့ အပေးကြပါဦးရှင့်🤎

🤍မိန်းကလေးသုံးပစ္စည်းလေး ရောင်းပေးမယ်နော်🤍Inner Perfume လဲသုံးချင်တယ် စျေးအများကြီးလဲ မသုံးချင်ဘူးဆို ဒါလေးရှိတယ်နော် 🤍C...
05/12/2023

🤍မိန်းကလေးသုံးပစ္စည်းလေး ရောင်းပေးမယ်နော်🤍

Inner Perfume လဲသုံးချင်တယ် စျေးအများကြီးလဲ မသုံးချင်ဘူးဆို ဒါလေးရှိတယ်နော် 🤍

C2U Victoria Fabulous 💯 Instock 🤍

-13500ks

6 ဘူးပါ box တစ် box စျေးပါရှင့် 🫶
Victoria's Inner Perfume (Victoria’s fabulous secret perfume)

အနံ့လေးတွေ 6မျိုးလုံး မင်မင်ကတော့ အကုန်ကြိုက်တယ်🤭🫶

သူက alcohol လုံးဝမပါလို့ အသားအရေကို ယားယံခြောက်သွေ့တာမျိုး မဖြစ်စေတဲ့အတွက် all skin type စိတ်ချလက်ချ သုံးလို့ရပါတယ်❤️

မိန်းကလေးတွေ အဖြူဆင်းတာ များတဲ့အချိန်တွေ 🍑Period time မှာ အနံ့ဆိုးတွေထွက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု့ မရှိသလိုတွေ ဖြစ်နေစရာ မလိုတော့ဘူးနော်🌝

အိမ်ထောင်သည် အမျိုးသမီးတွေဆိုလဲ ကိုယ့်ရဲ့ အိမ်ထောင်ဘက်ကို အနားက မခွါအောင်ကို မွှေးရနံ့တွေနဲ့ ဆွဲဆောင်နိုင်တယ်ဆိုပြီး သူက နာမည်ကြီးသေးတာနော် 🤭

ကိုယ်အိပ်မယ့် ခေါင်းအုံးလေးပေါ်ကို ရေမွှေးလေး 1စက် 2စက်လောက်ကိုချပေးပြီး အိပ်ရင် ညဘက်တွေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ် 💜

ကိုယ်မွှေးချင်တဲ့နေရာ လက်/လည်ပင်းစတဲ့ နေရာတွေပေါ်လဲ ဆွတ်လို့ရပါတယ်။

နောက်တစ်ခုက ကိုယ်ဝတ်မယ့် အတွင်းခံပေါ်ကို တစ်စက်‌လောက် ချပေးလိုက်ရင် မကောင်းတဲ့ အနံ့ဆိုးတွေကို ပျောက်ကင်းစေပြီး 24နာရီကြာအောင် မွှေးပျံ့နေစေပါတယ်နော်🤍

အနံ့ဆိုးတွေကို လျှော့ချပေးပီး PH Level ကိုလည်း ထိန်းညှိပေးတယ်💯🤍

Box လှလှလေးနဲ့လာတာမလို့ လက်ဆောင်ပေးမယ်ဆိုလဲ
အရမ်း အဆင်ပြေပါတယ်🤗

- ရှည်လျားတဲ့ ညအတွက် တစ်စက်သာ
✔️Customer တုံ့ပြန်မှု: "အနံ့က ဈေးကြီးတဲ့ရေမွှေးလိုဘဲ luxury ဆန်တယ် "

💯 ပိုးမွှားကင်း၊ ရောင်ရမ်းမှုမရှိ၊ ရောဂါပိုးမ၀င်အောင် pH level ထိန်းညှိပေးတယ်။

💯ငြင်းရက်စရာမရှိတဲ့ အနံ့မျိုးရှိတယ်🦋။အတွင်းခံကို တစ်စက်သာ ချလိုက်ပါ။ရေနည်းနည်းနဲ့ ‌ဆေးရင်‌တောင် အနံ့လေးကမွှေးနေတုန်းဘဲ။

💯 ချိုင်းအနံ့၊ ‌ပေါင်ခြားထဲက အနံ့ဆိုးတွေကို လျှော့ချပေးနိုင်တယ်။
👉 alcohol မပါ၀င်ပါ။ ပုံမှန်ရေမွေးတွေလို အသားအရေကို ယားယံခြောက်သွေ့တာမျိုး မဖြစ်စေပါ။

💎 နေ့စဉ် : ဘောင်းဘီသို့ 1စက်မှ 2စက် ချပါ။ ရေမွေးက စိတ်ပျက်စရာအနံ့ဆိုးတွေကို အမြန်ဆုံးဖယ်ရှားပေးပြီး နူးညံ့မှုကိုပေးစွမ်းတဲ့ စွဲမက်ဖွယ်ရနံ့လေးပါဘဲ။
💎 ရာသီလာနေရင် : tampons ပေါ်ကို 1 စက် 2 စက်ချပါ။ရေမွေးက မကောင်းတဲ့ အနံ့အသက်တွေနဲ့ pH level ကို ထိန်းညှိပေးပါတယ်။
💎 date လုပ်နေတာဆိုရင် : အတွင်းခံ၊ လက်ကောက်၀တ်၊ လည်ပင်းနဲ့ ဂုတ်မှာ 1 စက် 2 စက်ချပါ။


Victoria's Perfume ရနံ့လေးက romantic ဖြစ်စေပြီး လေထုကိုလဲ ချိုမြစေပါတယ်🤍

မန်းလေးမြို့နှင့် ကျန်မြို့ပေါင်း၁၀၀ကျော် အိမ်ရောက်ငွေချေပို့ပေးပါတယ်ရှင်🤗

🤍ဆက်သွယ်မှာယူရန်🤍
☎️09459829797

(ဘေဆိုတာနဲ့ အပေါစားလို့ထင်နေတဲ့သူတွေသိဖို့)📌 ဘေထုပ်အကြောင်း တစေ့တစောင်းVintage clothing (သို့) ဘေထုပ် (Bale)Vintage Clot...
12/11/2022

(ဘေဆိုတာနဲ့ အပေါစားလို့ထင်နေတဲ့သူတွေသိဖို့)
📌 ဘေထုပ်အကြောင်း တစေ့တစောင်း

Vintage clothing (သို့) ဘေထုပ် (Bale)

Vintage Clothings ဆိုတာ မြန်မာပြည် အခေါ် ဘေထုပ်လို့ လူသိများတဲ့ နိုင်ငံခြားဖြစ် second hand clothings (thrift clothings) တနည်းအားဖြင့် တပတ်ရစ် အဝတ်အစားတွေပေါ့ (၂ ပတ် ၃ ပတ် မကလည်း ရစ်နိုင်ပါတယ်)
Bale ဆိုတာ English လို အစီး
ကြီး အထုပ်ကြီးလို့ ခေါ်ပါတယ်။
အဲဒီ အဝတ်အစားတွေဟာ Bale ဆိုတဲ့ အထုပ်ကြီး အစည်းကြီးတွေနဲ့လာတော့ ရွှေမြန်မာတွေ အခေါ် ဘေထုပ်ဖြစ်သွားတာပေါ့နော်...
ဒီ Bale အထုပ်တွေထဲမှာ Brand စုံ အရောင်စုံ ဒီဇိုင်းစုံ ဆိုဒ်စုံ ထုတ်လုပ်တဲ့ နိုင်ငံ အစုံ(made in China, Japan, USA) ကလာတဲ့ အဝတ်အစား အမျိုးးအစား အစုံပါပါတယ်... ပစ္စည်း အ
သန့်တွေ တံဆိပ်တောင် မဖြုတ်ရသေးတဲ့ အသစ်တွေ Store
ဆိုင်တွေက Sale ချလိုက်တဲ့ lot နံပါတ်အလိုက် အသစ်စက်စက်တွေက အစ... ဟောင်းနွမ်းစုတ်ပြတ် ပေါက်ပြဲနေတဲ့ အထည်တွေ ပစ္စည်းတွေ အထိပါပါတယ်...
နာမည်ကြီး Brand တွေရဲ့ quality နဲ့ စျေးကတော့ ဝယ်ဖူးသူတွေ ဝတ်ဖူးသူတွေ ပိုသိပါတယ်။ ဒီနေ့ခေတ်မှာ မဝယ်ဖူး မဝတ်ဖူးတောင် Facebook ပေါ် လိုင်းပေါ်ကနေ brand တော်တော်များများကို မြင်ဖူးကြားဖူးကြမှာပါ...
Branded ဝယ်ဝတ်ချင်ပေမယ့် စျေးနှုန်းမြင်ရင် လက်တွန့်နေတာ
အဲတော့ စျေးအသင့်အတင့်နဲ့
ကွာလတီကောင်းကောင်း Brand တွေ ကံကောင်းရင် Limited Edition တွေ တောင် ရနိုင်ပါသေးတယ်...
Vintage ဝတ်ရတာ...ရှာရတာ
ကြိုက်တဲ့ နိုင်ငြံခားသားတွေ...ခရီးသွားတွေ...ပိုက်ဆံခြွေတာချင်တဲ့ သူတွေ... ဒုနဲ့ဒေး..
(.မြန်မာနိုင်ငံမှာပဲ ဘေထုပ်စျေး
ကွက် ရှိနေတယ်ထင်နေမှာ စိုးလို့..)
ဘေထုပ် vintage wears တွေကို ဆင်းရဲသားတွေ ပိုက်ဆံမတတ်နိုင်တဲ့သူတွေပဲ ဝတ်တယ်လို့ ဘယ်သူပြောလဲ......နိုင်ငံတကာမှာ နာမည်ကြီး Celebrities တွေကိုယ်တိုင် Vintage Wears တွေကို သေချာ ရှာဝတ်ပါတယ်...
ဘေထုပ်ကို ဝတ်ဖူးသူတိုင်းကြိုက်ကြတယ်ဆိုတာက......
✅၁ အချက်.....သူ့ရဲ့ ကွာလတီ( branded တွေလေ အရည်အသွေးမြင့် QC passed တွေကိုး)...တရုတ် နဲ့ ယိုးဒယားက.လာတဲ့ စျေးချုပ်ထည်တွေနဲ့ အကွာကြီးကွာ....

✅၂ အချက်💲 စျေးနှုန်း.....တစ်ခါဝတ်ပြီးရင် အရောင်မှိန် ဆေးသားပြယ် ချုပ်ရိုးပြေ သွားတဲ့ စျေးချုပ်ထည်ထက်တောင် စျေးသက်သာပါသေးတယ်....( ဘေရှယ်ဂေါင်ထည် အသန့် ✔️Limited Edition စျေး တွေကတော့ ချွင်းချက်ပေါ့ဗျာ ဒါပေမယ့် ရောင်းတဲ့သူက ဘယ်တော့မှ အသစ်စျေးမတောင်းသလို ဝယ်သူကလည်း အဟောင်းစျေးဘဲ ပေးတာပါပဲ )

✅၃ အချက်...brand တွေကို ပေါပေါလောလော အထည်များ အယားပြေ ဝတ်နိုင်ခြင်း...brand အသစ်စက်စက်တထည်စျေးဟာ ဘေထုပ်ထဲက အလားတူ brand မျိုးအထည်ရေ ၃/၄ ထည်လောက်ပေါင်း စျေး နဲ့ တူနေမှတော့ အသစ်ကို.... ထည့်မစဉ်းစားတော့တာ အဆန်းလားနော့
တစ်ခုတော့ ရှိတာပေါ့ ဘေထုပ်ထဲမှာ ကိုယ်အရမ်းလိုချင်နေတဲ့ ဒီဇိုင်း ဆိုဒ်ကို မရနိုင်ဘူး ထင်ရင်တော့ အသစ်က စျေးကြီးလည်းဝယ်ရမှာပဲ...ကိုယ်မှ ဘေထဲမှာ ရှာမရနိုင်တာကိုး...

✅၄ အချက်...ဘေထုပ်နှိုက်ခြင်း အနုပညာ..
ဘေထုပ်နှိုက်တဲ့ အခါမှာ ပညာသားပါပါတယ်...မျက်စိလျင်ရမယ်... Fashion ရေစီးကြောင်း ကို သိရမယ် brand နာမည်တွေ made in ဘာညာတွေ သိရမယ် ကိုယ်ပြောခဲ့သလို ဘေထုပ်ဟာ အလန်းတွေ အကောင်းတွေ အဟောင်းတွေ အစုတ်တွေ ရောသဗွန်း ပါတာမို့.... ရွေးတတ်မှ ရမယ် အချိန်ပေးမှ ရမယ်...အိမ်ရောက်လို့ ပြန်ကြည့် brand တော့မိုက်ပါရဲ့..
မရွေးတတ်တဲ့သူတွေ အတွက် ဘေထုပ်တန်းဟာ အဟောင်း အစုတ်တွေပေါ့ ... ရွေးတတ်တဲ့သူတွေ အတွက်တော့ ဘေထုပ်ထဲက ရတဲ့ အထည်ဟာ ရွှေထက် တန်ဖိုးရှိတယ်လို့.....ပိုက်ဆံရှိရင် ရွှေဆိုင်မှာ ရွှေကို အချိန်မရွေးသွားဝယ်လို့ ရပေမယ့် ဘေဆိုင်မှာတော့ အဲလိုမရပါဘူး.... ကိုယ်ကြွေတဲ့ Brand Design ရှာမတွေခဲ့ရင် ခြေတို အချိန်ကုန် တပ်ခေါက်ပြန်လာရမှာပါ....
ဒီလို အချိန်မပေးနိုင် ဘေထုပ်နှိုက်ခြင်း အနုပညာ မတတ်တဲ့သူတွေအတွက် Admin တို့လို ဘေသရဲ၊ ဘေခရေဇီ တွေက သေချာ ဂေါင်ထည်အသန့် ရွေးချယ်ပြီး ပြန်လည်ရောင်းပေးနေတဲ့ page တွေ group တွေရှိပါတယ်....စျေးကတော့ အပုံစျေးနဲ့တော့ မယှဉ်နဲ့ပေါ့ဗျာ.... ပညာရှင်ကြေးတော့ ပေးရတာပါ့...
ကဲ.... ဒီလောက်ဆို ဘေထုပ်ဆိုတာ ဘာ... ဘယ်လို...ဘယ်သူတွေ... ဘာကြောင့်ဝတ်လဲဆိုတာ တစေ့တစောင်း သိလိုက်ပြီမို့ အမြန်ဝယ်လိုက်တော့နော်

Address

Street 60×61/110A (Chanmyathazi)
Mandalay

Alerts

Be the first to know and let us send you an email when TT Online Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share