23/01/2022
⚡vintage အကြောင်းတစေ့တစောင်း ⚡
(ဘေကို ဈေးပေါတယ် ရှက်စရာလို့ထင်မြင်သောလူများဖတ်ရန်မလိုပါ )
🔺Vintage ဆိုရင် မြန်မာအခေါ်ဝေါ် ဘေ(bale) လို့အလွယ်တကူ သတ်မှတ်ကျပါတယ် ။used clothing (thrift clothing) လို့တနည်းအားဖြင့် ခေါ်နိင်ပါသေးတယ် ။ ကိုရွှေမြန်မာတွေကတော့ ဘေလို့ပဲ ခေါ်ကြပါတယ် ။(" vintage is call ဘေ ”လိုတော့မသတ်ကြပါနဲ့ဗျ) ဘေတိုင်းက vintageမဟုတ်ပါဘူး ။ ဘေထုတ်ကဘေထုတ်ပါပဲ ❗❗
🔺Thrift clothing "Bale” ဘေဆိုတာ English အခေါ်အဝေါ်ဖြစ်ပြီး အထုတ်တစ်ခုထုတ်ပိုးထားတယ်လို့ သတ်မှတ်လို့ရပါတယ်။ thrift တွေကို ထိုင်း/အင်ဒို /ဂျပန်/ကိုရီးယားဘက်က လာတဲ့အထည်တော်တော်များပါတယ် ။ Fashion sense ကောင်းရင်ကောင်းသလို ဘေထုတ်တွေထဲ က အရည်သွေးကောင်းတဲ့ Authentic အထည်တွေဘေထုတ်တွေထဲ ဈေးသက်သက်သာသာရနိင်ပါတယ်။
(Vintage နဲ့ ဘေ ကလည်း ကွဲပြားမူရှိပါတယ်)
🔺Vintage က လွယ်လွယ်ပြောရရင်ရှေးဟောင်းပစ္စည်း တစ်ခု လိုပါပဲ 80/90s ပတ်ဝန်းကျင်ကအထည်တွေ ယခု ကာလ တစ်ခုနဲ့ဆို သက်တမ်း၂၀ကျော်လောက်ကအထည်တွေ vintage လို့သတ်မှတ်နိင်ပါတယ် ။ vintage အထည်တိုင်း သူရဲ့ ချုပ်ရိုးချုပ်သား/painting style တွေအပြင် သူရဲ့ ကိုယ်ပိုင် Original Quality သီးသန့်ရှိပါတယ် ။ ဘာလို့လည်းဆိုတော့ သက်တန်း ၂၀
ကျော်တာတောင် အသစ်နီးပါးရှိနေတာကိုးက vintage တစ်ထည်ရဲ့ အားသာချက်တစ်ခုပါပဲ။
(Vintage ကိုတော့ vintage ဈေးနဲ့ပဲရမှာပါ )
Vintage တတစ်ထည်က အပေါက်အစွန်းအထင်း တွေများသောအားဖြင့်ပါတက်ပါတယ် ဒါကိုစုတ်တယ် လို့သတ်မှတ်လို့မရပါဘူး ။ ဟောင်းနွမ်းတာကိုမှာ vintage အထှာဖြစ်ပါတယ် ။တကယ့်တန်ဖိုးထားတဲ့လူအတွက်တော့ vintage tee တစ်ထည်ရွှေထက်ကိုတန်ဖိုးထားကြပါတယ် ။ အဲ့တာကြောင့် Europe နိင်ငံ တချို့ vintageအထည်တွေ ဈေးကြီးပေးဝယ်ကြသလို တန်ဖိုးလည်းထားကြပါတယ် ။
Reporduction လုပ်ထားတဲ့အထည်တွေကလည်းvintage မဟုတ်ပါဘူး( အလွယ်ပြောရရင် vintage အထှာ အပေါက်အပြဲတွေ ကိုဒီဘက်ခေတ်အနေနဲ့ပြန်ထုတ်လုပ်ထားမျိုးတွေ / အရင်ကခုနစ်ကိုဒီဘက်ခေတ်အနေနဲ့ ပြန်ထုတ်လုပ်တာမျိုးတွေ ကို reproductionလုပ်တယ်လို့ခေါ်ပါတယ်)vintage ကို local မှာအနိမ့်ဆုံးပေါက်ဈေး
(30000/40000)လောက်ရှိပါတယ်။ sellerတွေပေါ်မူတည်ပြီးဈေးတော့ကွဲပြားနိင်ပါတယ်။
🔺Resell ဆိုတာကတော့ ဘေထုတ် အထည်တွေထဲကမှာ Branded အထည်တွေ (ဂေါင်ထည်)တွေကိုသီးသန့်ပြန်ရွေးပြီးရောင်းတာကို Resell လို့ခေါ်ပါတယ် ။
ဥပမာ carhartt တစ်ထည်ကို ၅၀၀၀ရဝယ်လိုက်တယ် ဆိုပါတော့ (သူရဲ့ quality / သူရဲ့သမိုင်းတစ်ခုပြီးတော့ branded တစ်ခုတန်ဖိုး ထောင့်စေ့လေ့လာထားတာမို့ )ဒီ barnd ရဲ့ ထုတ်ခဲ့တဲ့ 80/90s ခုနှစ်တွေထုတ်ခဲ့တာတွေ /limitedအနေနဲ့လည်းသိထားတဲ့အချက်ရယ် Resell market နဲ့ international websites ပေါက်ဈေး dollar $100/200ပေါက်ဈေးတွေသိထားလို့ ၅၀၀၀ တန်ပစ္စည်းကို ၁၅၀၀၀ ပြန်ရောင်းတာကို Resell လုပ်တယ်လို့ ခေါ်ပါတယ် (ဒါကိုမှာ၅၀၀၀တန်၁၅၀၀၀ပြန်ရောင်းလို့ ဂျင်းထည့်တယ်လို့ပြောလို့မရပါဘူး)ကျတော်တို့တွေလည်းဘေထုတ်တွေထဲကမှတစ်ထည်ပြီးတစ်ထည်ရှာယူပြီးရောင်းရတာပါ။အထည်ကောင်း တစ်ခုရဖို့မလွယ်ပါဘူး ။ကိုယ်တွေလည်း online က နေကိုယ်ကြိုက်တဲ့အထည်အလုအယှက်ဝယ်ရင်း ကိုယ်ကြိုက်တဲ့အထည် သူများဆီပါသွားလို့ ပြန်ဝယ်ရရင်ဝယ်သူပြောတဲ့ဈေးတိုင်းပြန်ဝယ်ရတာပါ ။ကြိုက်ရောင်းကြိုက်ဝယ်သဘောမျိုးပေါ့ဗျ ။
🔺Trade တယ်ဆိုတာ အထည်တစ်ခုနဲ့တစ်ခုဖလှယ်တဲ့သဘောမျိုးကို tradeတယ်လို့ခေါ်ပါတယ်။
ဥပမာ ကျတော်ဆီမှာThe beatles vintage tee တထည်နဲ့ ခဗျားဆီက Queen vintage tee တစ်ထည်လဲတယ်ဆိုပါတော့ ဒါပေမဲ့ကျတော်ရဲ့ အထည်က colour/ tag/ condition မိုက်လို့ တစ်သောင်း အလိုက်ပေးရမယ်ဆို ပြီး dealလုပ်တယ် ။
ခဗျားအနေနဲ့ သဘောတူတယ် ဒါမျိုး tradeတယ်လို့ခေါ်ပါတယ် ။
Rsell market တွေ Thrift store တွေ Trade market တွေ vintage store တွေပေါများလာတာ ကျတော်တို့အနေနဲ့အဆိုးထဲက အကောင်းလို့ ပြောရမှာဘဲ ။
ကိုယ်ရဲ့ knowledge နဲ့ vintage အထှာ Fashionတွေဖြုတ်နိင်သလို အပိုဝင်ငွေအနေနဲ့လည်းရှာနိင်ပါသေးတယ်။နောက်ဆို လူငယ်အချင်းချင်း တွေ့တဲ့အခါဝတ်ထားတဲ့ Tee တွေ pants လှမ်းရိုးတဲ့အထှာတွေ တစ်ယောက်နဲ့ တစ်ယောက်ကြွယ်တာမျိုးဆိုပိုမိုက် မှာဗျ။ ဘေထုတ်ကရှက်စရာလိုမြင်တဲ့အယူအဆနဲ့အတူ vinatage fashion တွေခေတ်အစားလာတာနဲ့ အမျှအမြင်တွေပြောင်းလဲလာတာကဝမ်းသာစရာတစ်ခုပါပဲဗျ 🌈 အဆိုတော် Macklemore တောင် Thriftဘေထုတ် နိုတ်တဲ့အကြောင်းတောင် သီချင်းစက်ဆိုထားပါသေးတယ် အဲ့သီချင်း ရဲ့ song title ကို"thrift shop”လို့တောင်အမည်ပေးထားပါသေးတယ်။ နားမထောင်ဖူးသေးရင် နားထောင်ဖို့အကြံပေးလိုက်ပရစေ ဗျ ။
နားထောင်ရန် link👇
https://youtu.be/QK8mJJJvaes
(မှတ်ချက်_ စာသားများကိုကိုးကားထားပါသည်)
အောက်မှာ ပြပေးထားတဲ့ photo တွေကျတော်အကြိုက်အဆုံး ဘဲကြီး Sean wotherspoon ရဲ့ Round Two Vintage shop ကပုံတစ်ချို့ဖြစ်ပါတယ်⚠️
Crd
Crd
The Heist physical deluxe edition:http://www.macklemoremerch.comThe Heist digital deluxe on iTunes: http://itunes.apple.com/WebObjects/MZStore.woa/wa/viewAlb...